စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, January 16, 2017

ကုသိုလ်ရအောင်နေနည်း

ကုသိုလ်ရအောင် နေနည်း
*******************
   ကုသိုလ်တစ်ခုခုဖြစ်ဖို့ ရာ
ဟောဒီအချက်(၄)ချက်နဲ့ ပြည့်စုံရမယ်တဲ့။
(၁) မိမိစိတ်ကို အမြဲတမ်းကုသိုလ်စိတ် ဖြစ်စေရမယ်
     ဆိုပြီးတော့ သန္နိဋ္ဌာန်ချထားလိုက်ပါ။
(၂) စိတ်ကို ကောင်းတဲ့ဘက်ကိုအမြဲတမ်း ဦးညွှတ်စေရမယ်။
(၃) ကုသိုလ်စိတ်ကို အမြဲတမ်း လေ့ကျင့်ပေးရမယ်။
(၄) အဲဒီအချက်တွေနဲ့ ယောနိသောမနသိကာရ ထားနိုင်
     ရမယ်။ အဲဒီအချက်တွေနဲ့ ပြည့်စုံရင် စိတ်ဟာ
     '' အမြဲတမ်း ကုသိုလ်စိတ် '' ဖြစ်နေရမယ်။

     ကုသိုလ်တွေများလာခြင်းအားဖြင့် ကောင်းကျိုးချမ်းသာ
တွေရလာမယ်။ ဒီဘဝမှာလည်း ကောင်းကျိုးချမ်းသာ ရရှိ
မယ်။နောင်ဘဝမှာလည်း ကောင်းတဲ့အကျိုးကိုခံစားရမယ်။
နှစ်ဘက်စလုံး ကောင်းမွန်တဲ့တရားဖြစ်လို့ ဒီလိုကုသိုလ်မျိုး
များများရအောင် ကျင့်ယူရမယ်။

ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ
Credit to original uploader.

No comments:

Post a Comment