စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, January 31, 2017

ဘုရားကို နားဆူစေသူများ

" ဘုရားကို နားဆူစေသူများ "
✅✅✅✅✅✅✅✅

ဘုရားကို လာတဲ့ သူတွေထဲမှာ
သုတေသနလုပ်သင့်တာ ရှိတယ်။

ဘုရားကိုလာပြီး တိတ်တိတ်ဆိတ်ဆိတ်
ဘုရားအာရုံပြုပြီးနေတဲ့ သူ ဘယ်နှစ်ယောက်ရှိလဲ။

ဘုရားကိုလာပြီး ဘုရားရှေ့ ဦးလေးသုံးကြိမ်ချပြီး
ထွေရာလေးပါး စကားတွေပြောနေတဲ့သူတွေ
ဘယ်နှစ်ယောက်ရှိလဲ။

ဘုရားကိုလာပြီး ဘုရားမှ ကောင်းကောင်း မရှိခိုးပဲ
ဆူဆူညံညံလုပ်ပြီး ပြန်သွားတဲ့သူတွေ
ဘယ်နှစ်ယောက်ရှိလဲ .....  ဒါလေးကို သုတေသနလုပ်သင့်တယ်။

ဘုန်းကြီးတို့ ဘာသာဝင်လူမျိုးတွေက
ဗုဒ္ဓဘာသာဝင်ဖြစ်ရက်နဲ့ ဘုရားစကား နားမထောင်ကြဘူး၊

- လုပ်တော့ ဘာသာရေးပွဲ ဖွင့်တော့ ကာမသီချင်း၊

- ဖွင့်တဲ့ နေရာက ဘုရားပေါ် ဖွင့်တဲ့ သီချင်းက
နားကြားလို့ မသင့်တဲ့ သီချင်းတွေ
ဒါတွေကိုမှ သိလောက်တဲ့ စည်းကမ်း မရှိကြတာ အလွန်ခက်တယ်။

- တရားဖွင့်ပြီးလည်း တရားမနာတာ အဓိပ္ပာယ်မရှိဘူး....
နာတဲ့ သူ မရှိရင် မဖွင့်နဲ့.........။     ။

(ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ )

မေတ္တာဖြင့်ဓမ္မဒါနမျှဝေပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
Credit.  Ko Lin.  acc
❄✅❄✅❄✅🌼သစ္စာရှင်>>>>ပြန်လည်တင်ဆက်သည်

1 comment:

  1. သာဓု
    သာဓု
    သာဓုပါဘုရား

    ReplyDelete