ဝိပဿနာ ဉာဏ် ( ၁၀) ပါး အဓိပ္ပာယ်
-----------------------------------------------
၁ ။ သမ္မသနဉာဏ် = ခန္ဓာ အစရှိသည်တို့ကို အပေါင်းအစည်အားဖြင့် သုံးသပ်သော အစွမ်းဖြင့်ဖြစ်သော ဉာဏ်သည် သမ္မသနဉာဏ် မည်ပါသည်။
၂ ။ ဥဒယဗ္ဗယဉာဏ် = ဖြစ်ချင်း ပျက်ခြင်း ကို အဖန်တလဲလဲရှုသော အစွမ်းအားဖြင့်ဖြစ်သော ဉာဏ်သည် ဥဒယဗ္ဗယဉာဏ် မည်ပါသည်။
၃ ။ ဘင်္ဂဉာဏ် = ဖြစ်ချင်ကိုလွတ်၍ ပျက်ခြင်း၌ဖြစ်သော ဉာဏ်သည် ဘင်္ဂဉာဏ် မည်၏ ။
၎ ။ ဘယဉာဏ် = သခါင်္ရ တို့ကို ဘေးအာဖြင့် အဖန်တလဲလဲရှုသော အစွမ်းဖြင့်ဖြစ်သော ဉာဏ်သည် ဘယဉာဏ်မည်၏ ။
၅ ။ အာဒီနဝဉာဏ် = မြင်အပ်သောဘေးရှိသော သခါင်္ရ တို့ကို အပြစ်အားဖြင့်ရှုသော အစွမ်းဖြင့်ဖြစ်သော ဉာဏ်သည် အာဒီနဝဉာဏ် မည်၏ ။
၆ ။ နိဗ္ဗိဒါဉာဏ် = မြင်အပ်သော အပြစ်ရှိသော သခါင်္ရ တို့၏ ငြီးငွေ့သော အစွမ်ဖြင့်ဖြစ်သော ဉာဏ်သည် နိဗ္ဗိဒါဉာဏ်မည်၏ ။
၇ ။ မုစ္စတုကမျတာဉာဏ် = ငြီးငွေ့၍ သခါင်္ရ တို့မှ လွတ်ခြင်းဌာ အလိုရှိသည်၏ အစွမ်းဖြင့်ဖြစ်သော ဉာဏ်သည် မုစ္စတုကမျတာဉာဏ်မည်၏ ။
၈ ။ ပဋိ သခါင်္ရ ဉာဏ် = လွတ်ခြင်း၏ အကြောင်း၏ ပြည့်စုံခြင်းဌာ တဖန် သခါင်္ရ တို့ကို သိမ်ဆည်းသည်၏ အစွမ်းဖြင့်ဖြစ်သော ဉာဏ်သည် ပဋိ သခါင်္ရ ဉာဏ်မည်၏ ။
၉ ။ သခါင်္ရုပေက္ခာဉာဏ် = သခါင်္ရ တရားတို့၌ ကြောက်ခြင်း နှစ်သက်ခြင်းတို့ ကြဉ်သော အစွမ်းဖြင့် လျစ်လျူရှု၍ ဖြစ်သော ဉာဏ်သည် သခါင်္ရုပေက္ခာဉာဏ် မည်၏ ။
၁၀ ။ အနုလောမဉာဏ် = ရှေ့ဉာဏ်ကိုးပါးတို့၏ ကိစ္စ ပြီးစီးခြင်းအထက်၌ သုံးဆယ့်ခုနှစ်ပါးသော ဗောဓိပက္ခိယတရားနှင့် လျော်သောဉာဏ်သည် အနုလောမဉာဏ် မည်၏ ။
ခန္ဓာ ဉာဏ်ရောက်တရား
KLT
No comments:
Post a Comment