#ဒါနအကြောင်း
🌻🌿🌻🌿🌻🌿🌻
စွန့်ကြဲ ပေးကမ်းလှူဒါန်းမှု့ကို " ဒါန "ဟု
ခေါ်သည်။
ဤဒါနသည်.. စေတနာဒါန , ဝတ္ထုဒါန ဟု
နှစ်မျိုးရှိသည်။
ဆွမ်း , သင်္ကန်း , ကျောင်း ..စသော လှူ ဖွယ်
ဝတ္ထုများကို " ဝတ္ထုဒါန" ဟုခေါ်သည်။
ထိုဝတ္ထုကို စွန့်ကြဲပေးကမ်း လှူဒါန်းနေသောအခါ
ကိုယ်အတွင်း၌ စိတ်စေတနာ တို့ကို ဖြစ်စေသည်။
ထိုစေတနာကို " စေတနာဒါန" ဟု ခေါ်၏။
နောက်ဘဝ သံသရာဝယ် အကျိုးပေးရာ၌
ဝတ္ထုဒါန (ကျောင်း , ဆွမ်း , သင်္ကန်း) က
အကျိုူးပေးကြသည် မဟုတ်။
အတွင်းသန္တာန်၌ ဖြစ်သော စေတနာဒါနများကသာ
အကျိုးးပေးကြသည်။
လှူ ဖွယ် ဝတ္ထု ဒါနအစုစုမှာ စေတနာဖြစ်ဖို့ ရာ
အာရုံတွေသာဖြစ်သည်။
ထို့ကြောင့် လှူ ဖွယ်ဝတ္ထုက မွန်မြတ်လျှင်
စေတနာလည်း မွန်မွန်မြတ်မြတ် ဖြစ်တတ်သည်။
အလှူရှင်အနေနှင့် ပစ္စည်းများများကို များများလှူတာ
နှင့် နည်းနည်းလှူတာ အားထုတ်မှု လုံလချင်းမတူ။
နည်းနည်းလှူ ဖို့ အားထုတ်ရာ၌ကား
အလှူ ဝတ္ထုများ ဝယ်ရာ၌ တခဏနှင့် ပြီး၏။
များများလှူ ဖို့ အားထုတ်ရာ၌
ဝယ်ရခြမ်းရတာ ကြီးကြယ်သလောက် အချိန်ကြာသည်။ ဒီတော့ များများလှူတဲ့သူက
မလှူ မီ ပစ္စည်းများ ရှာဖွေစုဆောင်းနေခိုက်မှာ
#ပုဗ္ဗစေတနာ တွေ အတော်များစွာ ဖြစ်နေပြီ။
ထို့ ကြောင့် ...
နည်းနည်းအလှူ နှင့် များများအလှူ .. ၂ မျိုး၌
ပုဗ္ဗစေတနာချင်း ယှဉ်ပြိုင်ကြည့်လျှင်
များများအလှူ က သာလွန်သည်။
အလှူပေးနေတုန်းလည်း အများကြီးလှူနေရသူမှာ
အာရုံက ကြီးကျယ်ခမ်းနားသလောက်
စေတနာလည်း ခမ်းနားကြီးကျယ် နိုင်သည်။
ထို့ကြောင့် လှူနေတုန်း #မုဉ္စစေတနာ အခိုက်မှာ
လည်း အကြီးအကျယ် အများအပြား သားသား
နားနား အလှူ၌သာ စေတနာ ထက်သန်ပုံ
သာလွန်ဖွယ်ရှိပေသည်။
လှူဒါန်းပြီးနောက် .. ဝမ်းမြောက်ဝမ်းသာ
#အပရစေတနာ ဖြစ်ဖို့ရန်လည်း
ကြီးကျယ်ခမ်းနားသော အလှူကို အာရုံပြုရသော
စိတ်စေတနာက သာ၍ ထက်သန်တတ်လေသည်။
ဤကား လူတိုင်းလိုလို ဖြစ်တတ်တဲ့သဘောပါ။
သတိထားဖို့က
အချို့ လှူရတာကြီးကျယ်သလောက်
ဝမ်းမြောက်မှု့ မရှိသည့်အတွက်
စေတနာလည်း သိပ်မထက်လှ။
အချို့ ကျတော့ သေးသေးလှူပေမဲ့
စေတနာ ကြီးကြီးထားတတ်သဖြင့် ပိုရသည်။
ဒုဋ္ဌဂါမဏိ အဘယမင်းသည် စုတေခါနီး၌
မဟာစေတီတော်ကြီးကို တည်ရသော
ဒါနမှုထက် ...
စစ်ရှုံးစဉ်က တောထဲမှာ ဆွမ်းတနပ်စာ လှူဖူးသော
ကုသိုလ်ကို ဝမ်းမြောက်မှု့ကြောင့် တုသိတာ
နတ်ပြည် ရောက်ရသည်။
ဒါကြောင့် အလှူဝတ္ထုထက် စေတနာ ထက်သန်မှု
ကသာ အရေးကြီးကြောင်း သတိပြုကြပါ။
လှူတဲ့နေရာမှာလည်း ..
အလှူခံတဲ့ပုဂ္ဂိုလ်က ရာဂ , ဒေါသ , မောဟ
နည်းလေလေ လှူရသူမှာ အကျိုးများသည်။
ဒါကြောင့် ... ဗုဒ္ဓဘာသာအများစုဟာ
ရဟန္တာ ဆိုတာနဲ့ ရောက်ပြီးသား လှူပြီးသား ၊
စေတီ ကျောင်း အမြန်ပြေးဆောက်ကြတာ။
#သံဃိကဒါန
ဒါအရေးကြီးပါသည်။
ရဟန္တာနှင့် အောက်တန်းစား ပုထုဇဉ်ရဟန်းအထိ
ပါတယ်။
သံဃာအဖွဲ့ ခွဲပြီးလှူပါက သံဃိကဒါန အစစ်မဖြစ်ပါ။
ဆွမ်းပဲလောင်းလောင်း , ဆွမ်းပဲကပ်ကပ်
ငါ့ဘုန်းကြီး , ငါ့ဦးပဉ္စင်း စသောအစွဲကို
ချွတ်သင့်သည်။
ဘုရားရှင်ကို ကြည်ညိုလှသဖြင့်
ဘုရားရှင်တည်ထောင်တော်မူသော သာသနာကို
လည်းကောင်း ,
သာသနာဝန်ထမ်း ရဟန်းကောင်းများ
ပေါ်ထွက်ပြီး သာသနာတော်ကြီးပွားရေးကို
မြော်တွေးမိသူဆိုရင် ..
သံဃဿဒေမ သံဃာအားလှူပါ၏ .. ဟု
နှုတ်က ရွတ် , စိတ်ကလည်း ညွတ်သည်။
ဒါမှ သံဃိကဒါန ဖြစ်သည်။
ပုဂ္ဂိုလ်စွဲ ကျောင်းတိုက်စွဲ လှူရင် ..
ပုဂ္ဂလိက ( ပုဂ္ဂိုလ် အများဆိုင်သော ) ဒါနသာ
ဖြစ်သည်။
ရှင်းရှင်းပြောရရင် ဒိဋ္ဌိစွဲတွေနဲ့ လှူရင်
ပုဂ္ဂလိကဒါနပဲ ရမယ်။
နိဂုံးချုပ်ရင် ... အိမ်ကဘုရားကို ပူဇော်ကြတယ်။
ပန်း ရေချမ်း ကပ်တယ်။
အကျိုးရမှုက ပူဇော်သူများ၏ စေတနာသာ
အဓိကဖြစ်သည်။
တန်ခိုးကြီးဘုရား နဲ့ အိမ်ကဘုရား တောင်
စေတနာထားတာချင်း မတူကြဘူး။
အိမ်က ဘုရားက ပန်းလှူထားတာ ညိုးနေပြီ။
မလဲအားသေးဘူး
ဒီနေ့ ကျိုက်ထီးရိုးသွားမလို့ ဆိုဘဲ။
တရားထူးပေါက်အောင်
ဒီဘဝမှာတင် ခန္ဓာဇာတ်သိမ်းဖို့
တရားအားထုတ်နေသူများဆိုရင် ဒါနပြုဖို့ မလိုပါ။
တရားမှ အားမထုတ်နိုင်သေးသူများကတော့ ...
ဒါန ဟာ အရေးကြီးပါတယ်။
အချိန်ပြည့် တရားအားထုတ်သူကို ဆိုလိုသည်။
တနေ့ - တစ်နာရီ , နှစ်နာရီ လောက်အားထုတ်
သူ မပါ။
(အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာ)
credit; ဓမ္မအသိဖြင့် အကျိုးရှိနေမည်။
No comments:
Post a Comment