" နှစ်ဖက်မြင်မှ အသက်ဝင်မယ် "
နေရာတကာ ကိုယ်နဲ့နှိုင်းပြီး
သူတစ်ပါးကို အပြစ်မြင်၊
အပြစ်တင်တတ်တဲ့သူတွေဟာ
အရာရာကို ကိုယ့်ဘက်
တစ်ဖက်တည်းကပဲ ကြည့်တဲ့သူတွေ၊
သူ့ဘက်ကို လုံးဝ
ထည့်မစဉ်းစားပေးတဲ့သူတွေပါပဲ။
နှစ်ဖက်မြင်အသိဉာဏ်
မရှိတဲ့သူတွေပေါ့။
`သူဟာ ကိုယ်မဟုတ်ဘူး´ဆိုတာကို
နားလည်သဘောပေါက်ရင်
သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို
ကိုယ့်အမြင်နဲ့ လိုက်တိုင်းပြီး
မကျေမနပ်ဖြစ်နေတာမျိုး၊
နေရာတကာ
ဝင်ရောက်စွက်ဖက်တာမျိုးဖြစ်မှာ
မဟုတ်တော့ပါဘူး။
နေတတ်ရင်
ကျေနပ်စရာဖြစ်ပေမယ့်
မနေတတ်ရင်တော့
ကျေနပ်စရာအခြေအနေမျိုး
ရောက်နေတာတောင်မှ
ကျေနပ်မှု ဘယ်တော့မှ
ရမှာ မဟုတ်ပါဘူး။
နှစ်ဖက်မြင်အသိဉာဏ်မရှိရင်
မနေတတ်ပါဘူး။
မနေတတ်ရင်
မကျေနပ်တဲ့စိတ်
အမြဲဖြစ်နေမှာပါပဲ။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
No comments:
Post a Comment