စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, April 25, 2018

ဘုရားရှင်​အား မီးပူ​ဇော်​ရကျိုး ၆ ပါး

ဘုရားရှင်အား ဆီမီးပူဇော်ရကျိုး (၆)ပါး
------------------------------

၁။ ဖြစ်လေရာဘ၀တိုင်း၌ ဆီမီးတို့ဖြင့် ကောင်းစွာ ၀န်းရံ တောက်ပခြင်း။

၂။ နံရံတစ်ဖက်၊ ကျောက်တောင်တစ်ဖက်၊ တောင်စသည်တို့ကို ကျော်လွန်၍ အလိုရှိရာကို မြင်နိုင်ခြင်း။

၃။ မျက်စိအမြင် ကြည်လင်တောက်ပခြင်း။

၎။ အခြံအရံဖြင့် လူအများအလယ် တောက်ပခြင်း။

၅။ သဒ္ဓါတရား ရှိသူ ဖြစ်ခြင်း။

၆။ ပညာဥာဏ်ကြီးသူ ဖြစ်ခြင်း။(အပါဒါန၊၂၊၂၅၁)

ဆီးမီးလှူရကျိုး (၁၁) ပါး
-------------------
၁။ တာဝတိံသာနတ်ပြည်၌ အမြင့်ယူဇနာခြောက်ဆယ်၊ အကျယ်ယူဇနာသုံးဆယ်ရှိသော ဘုံဗိမာန်ကို ရရှိခြင်း။

၂။ဆီမီးတိုင်များဝန်းရံလျက်နတ်ဘုံရှိပမာထွန်းလင်းတောက်ပခြင်း။

၃။ အထက်အောက် ဖီလာ အရပ်မျက်နှာအားလုံး မြင်နိုင်ခြင်း။

၎။ အခြားပုဂ္ဂိုလ်များ၏ ဖြစ်ရာဘ၀ကို ကြည့်နိုင်နိုင်ခြင်း။

၅။ ရှစ်ဆယ်သော နတ်မင်းကြီးတို့နှင့် တစ်ရာသော စကြာမင်းတို့၏ မိဖုရား ဖြစ်ရခြင်း။

၆။ လူ့ဘ၀၊ နတ်ဘ၀တို့၏ ဆီမီးတစ်သိန်း ၀န်းရံလျက် တောက်ပထွန်လင်းခြင်း။

၇။ မွေးဖွားရာအိမ်တွင် ဆီမီးတစ်သိန်းတို့ တောက်ပခြင်း။

၈။ မိမိနေထိုင်ရာ အရပ်တိုင်းတွင်ဆီမီးများဖြင့် နေ့စဉ် တောက်ပနေခြင်း။

၉။ ဒိဗ္ဗစက္ခုအဘိညာဉ်၊ ဈာန်အဘိညာဉ်တို့ကို ရရှိခြင်း။

၁၀။ ကမ္ဘာတစ်သိန်းတိုင်တိုင် ဒုဂ္ဂတိဘ၀သို့ မလားခြင်း။

၁၁။ ခုနစ်နှစ်အရွယ်နှင့် ရဟန္တာ ဖြစ်နိုင်ခြင်း။

(အပါဒါန၊၂။၂၀၄)

မျိုးဆက်​သစ်​အရှင်​(ဖို​လေးလုံး) စုစည်းတင်​ပြသည်​.....

No comments:

Post a Comment