စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, April 19, 2018

ဘဝတိုင်း မရနိုင်

➢ ဘ၀တိုင်း မရနိုင်
▬▬▬▬▬▬▬
❂ တရားကျင့်ဖို့ ဆိုတာ
ဘ၀တိုင်းမှာ ရဖို့မလွယ်ပါဘူး။

❂ လွတ်လွတ်လပ်လပ်နဲ့
ကုသိုလ်ကောင်းမှုတွေကို ပြုနိုင်တယ်

❂ စိတ်သွားတိုင်း ကိုယ်ပါနေတယ် ဆိုတာ
ကျင့်မယ်ဆို ကျင့်သလောက် ခရီးရောက်နိုင်တာပါ။

❂အသိဉာဏ် အဆင့်အတန်းလည်း
ပြည့်မီပါတယ် ဆိုတဲ့ အခြေအနေမျိုးကိုမှ အခွင့်အရေးမယူတတ်ဘူးဆိုရင်
တစ်သံသရာလုံး ဆုံးရှုံးသွားလိမ့်မယ်။

❂ လူတိုင်းလူတိုင်းမှာ တန်းတူအခွင့်အရေးရှိပါတယ်။

❂ ဘယ်သူမဆို တရားကျင့်လို့ ရပါတယ်။

❂ သို့သော် လူတိုင်းတရားကျင့်ရဲ့လား။

❂ ကျင့်ချင်တဲ့စိတ်မျိုးရောဖြစ်ရဲ့လားဆိုတာ
သိကြပါလိမ့်မယ်။

❂ တရားကျင့်တယ်ဆိုတာ
အမှန်တကယ် စဉ်းစားကြည့်ရင်
ကိုယ့်ဘ၀အတွက် အတော်ဝမ်းသာစရာ အဖြစ်မျိုးပါ။

❂ ဘ၀တိုင်း ဘ၀တိုင်းလည်းပဲ မဖြစ်နိုင်ပါဘူး။
လူတိုင်းလူတိုင်းလည်းပဲ မကျင့်ဖြစ်ပါဘူး။

❂ တရားမကျင့်လိုက်ရပဲနဲ့
သေဆုံးကွယ်လွန်သွားကြတဲ့လူတွေ လောကမှာ
အများကြီးရှိပါတယ်။

❂ ယောအတွင်းဝန် ဦးဖိုးလှိုင်ဟာ
ဝိပဿနာ တရားဟောပြတဲ့ လယ်တီဆရာတော် ဘုရားကြီးကို လျှောက်ပါတယ်။
✅ မင်းတုန်းမင်းတရားကြီးဟာ
ကုသိုလ်ကောင်းမှုတွေ အများကြီး လုပ်ပါတယ်
✅ပဉ္စမသံဂါယနာလည်း တင်ခဲ့တယ် …
✅ပိဋကတ်တော်တွေကို မန္တလေးတောင်ခြေမှာ ကျောက်ထက်အက္ခရာ တင်သွားတယ်၊
✅ကျောင်းကန်ဇရပ်တွေလည်း
ဆောက်လုပ်လှူဒါန်းခဲ့ပါတယ် …
✅ဥပုသ်သီတင်းလည်း ဆောက်တည်ခဲ့ပါတယ် …
► ဒါပေမယ့် အရှင်ဘုရားတို့ ဟောကြားတဲ့
ဝိပဿနာတရား မနာလိုက်ရဘူး၊ မကျင့်လိုက်ရဘူး ဒီအတွက် ၀မ်းနည်းမိပါတယ်" လို့ လျှောက်ပါတယ်။

❂ ဒါန, သီလဆိုတာ လူတိုင်းပြုဖြစ်တာ များတယ်။

❂ ဘာဝနာ တရားကျင့်ဖို့ဆိုတဲ့
အခွင့်အရေးကျတော့ ရဖို့ခက်ပါတယ်။

【ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရ】

❁ အပ္ပမာဒေန သမ္မာဒေထ ❁
✦ရွှင်လန်း✦အေးချမ်း✦ပါစေ✦

Credit...

No comments:

Post a Comment