စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, April 29, 2018

ဘဝဆိုတာ ဆီးနှင်းတစ်​​ပေါက်

ဘ၀ဆိုတာဆီးနှင်းတစ်ပေါက်"
•••••••••••••••••••••••••••••••••
"အပ္ပမာယု မနုဿာနံ၊
ဟီဠေယျ နံ သုပေါရိသော။
စရေယျာဒိတ္တသီသောဝ၊
နတ္ထိ မစ္စုဿ နာဂမော။"

လူသားတွေရဲ့ အသက်ဟာ အင်မတန်တိုတောင်းတယ်။ လူသားတွေရဲ့ အသက် တိုတောင်းတဲ့အကြောင်းကို ပိုပြီးတော့ လေးနက်အောင်ဆိုပြီး မြတ်စွာဘုရားက "အရက ဆရာကြီး"ရဲ့ အဆုံးအမကို နမူနာပြုပြီးတော့ ဆုံးမခဲ့တယ်။

✿တစ်ခါတုန်းက အရကလို့ခေါ်တဲ့ ဆရာကြီးတစ်ယောက်ရှိတယ်။ သူက မိမိရဲ့ တပည့်ရာပေါင်းများစွာကို မကြာခဏ အခုလို ဆုံးမလေ့ရှိတယ်။

“တပည့်တို့၊ လူတွေရဲ့အသက်ဟာ အင်မတန် တိုတောင်းတယ်၊ အသက်ရှင်သန်နေရပြန်တော့လည်း အင်မတန် ပင်ပန်းဆင်းရဲတယ်။ ဒါကို ဉာဏ်နဲ့ ဆင်ခြင်ပြီးတော့ မသေခင်အချိန်ကာလလေးအတွင်းမှာ ကုသိုလ်ကောင်းမူကိုပြုပါ၊ မြတ်သောအကျင့်ကို ကျင့်ပါ” လို့ အဲဒီလို မကြာခဏ ဆုံးမလေ့ရှိပါတယ်။

လူ့သက်တမ်းတိုတဲ့အကြောင်းကိုလည်း ဥပမာခုနှစ်မျိုးနဲ့ ဆုံးမလေ့ရှိတယ်။
(၁) ဆီးနှင်း
(၂) ရေပွက်
(၃) ရေပေါ်မျဉ်း
(၄) တောင်ကျမြစ်
(၅) တံတွေး
(၆) အသားတစ်
(၇) သားသတ်များ
အဲဒီ ဥပမာခုနှစ်မျိုးနဲ့ လူ့သက်တမ်း တိုတောင်းလှတဲ့အကြောင်းကို ပေါ်လွင်အောင် ရှင်းပြလေ့ရှိတယ်။

#ဆက်လက်ဖော်ပြပါမည်။
သစ္စာရှင်>>>မြတ်ဗုဒ္ဓ၏သာသနာpage

No comments:

Post a Comment