#ဘုန်းကြီးလောကအကြောင်း_နဲနဲတွေးကြည့်မိတယ်
အချို့အကြီးတန်းအောင်ပြီး ဓမ္မာစရိယတန်းကို
မပြီးနိုင်တဲ့အခါ လူထွက်ဖို့ပဲ ကြံနေကြတော့တယ်။
အကြီးတန်းဆိုတာ ရွာတွေမှာ ဘယ်လောက်
တန်ဖိုးရှိလှတယ်ဆိုတာ တွေးစေချင်ပါတယ်။
တကယ်တော့ သာသနာတော်မှာအလုပ်က
စာသင်တိုက်မှာ စာချဖို့ပဲရှိတာမှ မဟုတ်တာ။
ကိုယ်က စာပေဘက်မှာ မအောင်မြင်နိုင်ရင်
မိုးကုတ်ရိပ်သာတို့ သင်တန်းတက်ပြီး
ရွာတွေဘက်မှာ တရားဟောပေးကြပါ။
ကလေးတွေကို စာသင်ပြီး ကိုရင်တွေမွေးပြီး
စာသင်တိုက်သို့ ပို့ပေးကြပါ။
စာပေတွေ များများဖတ်ပြီး ကိုယ့်ရပ်ရွာ
တိုးတက်အောင် တရားဟောပေးကြပါ။
လောကအကျိုး သာသနာ့အကျိုးကို
ထိထိရောက်ရောက် ဆောင်ရွက်ဖို့ဆိုရင်
ဘွဲ့ရဖို့ထက် စာဖတ်အားကောင်းဖို့ နဲ့
စာရိတ္တကောင်းဖို့က ပိုပြီးအရေးကြီးပါတယ်။
ဘွဲ့ဆိုတာ ပြောလောက်အောင်အရေးမကြီးပါဘူး။
အခုဖြစ်နေတာက ငယ်ဖြူတွေက
အကြီးတန်းအောင်လို့ စာချတန်းမပြီးနိုင်တဲ့အခါ
လူထွက်ကြတယ်။ တောထွက်တွေက
ဘုန်းကြီးဘဝမှာ မြဲနေကြတယ်။ ဒီတော့ နေရာတကာ တောထွက်တွေ များများလာတယ်။ အင်မတန်
ရင်နာစရာကောင်းလှပါတယ်။ သာသနာကို
တကယ်ချစ်ခင်ကြရင် လူမထွက်ကြပါနဲ့ဘုရား……။
အကြီးတန်းအရည်အချင်းနဲ့ ကျောင်းထိုင်ရင်လဲ
ကဲ့ရဲ့စရာမဟုတ်ပါဘူး။ ဒါဟာ တောထွက်တွေရန်က
ကာကွယ်နည်းပါပဲ။
နောက်တစ်ခု ထေရ်ကြီး ဝါကြီးဆရာတော်တွေကို
အကြံပေးလျှောက်ထားချင်တာက ရွာဘက်တွေမှာ
ကျောင်းထိုင်ဘုန်းကြီး စီစဉ်ပေးကြပါဘုရား။
ကိုယ့်တပည့်ဟာ သုံးနှစ်လောက်နဲ့ စာချတန်းကို
တစ်ကျမ်းမှမစွဲရင် ရွာဘက်တွေမှာ ကျောင်းထိုင်
ခိုင်းပေးကြပါ။
ဘာလို့လဲဆိုရင် မြို့တွေမှာ စာချတန်းဘဝနဲ့
ယောင်ပေပေ လုပ်နေကြရင်းနဲ့ အလုပ်အကိုင်
မရှိကြတော့ စိတ်တွေလေ ကိုယ့်ကိုယ်လဲ
ဘာမှန်းမသိ၊ ကိုယ့်တန်ဖိုးလဲ နားမလည်ပဲ
လူထွက်ကုန်ကြတော့တယ်။
အကယ်၍ အဲဒီအချိန်မှာ ကျောင်းထိုင် (သို့မဟုတ်)
အခန်းနေအဖြစ်နဲ့ လူကြီးအလုပ်တွေ လုပ်နေရမယ်
ဆိုရင် လူထွက်ဖို့အကြောင်း နည်းသွားကြပါလိမ့်မယ်။
သကျအလင်္ကာ
credit ရဟန်းတစ်ပါး၏မှတ်စု
ခုဖေတ်အချိန်အခါမှာ ညဖစ်လေ့ဖြစ်စဉ်နဲ့တစ်ထပ်တည်းကျပါပေတယ်။ credit ပေးပီး ပြန်လည် ဖေါ်ပြခွင့်ပြုစေလိုပါတယ်။
ReplyDelete