📗ဘယ်သောအခါမှ မုန်း၍လည်း
ကျိန်စာမတိုက်ပါနှင့် ချစ်ခင်၍လည်း
နောက်ဘဝပြန်တွေ့ပါရစေ ဆုမတောင်းကြပါနဲ့
ကံ ကံ၏အကျိုးရယ် သံသရာဆိုတာကိုရယ်
ယုံကြည်သက်ဝင်ကြပါစေ...
ကံ မှန်ပါက အကျိုးပေးသန်၏
ပြုသူအသစ် ဖြစ်သူအဟောင်းပါ
{ ကံ ကံ၏ အကျိုးပေးတွေပါ }
ပဋာစာရီ
လင်ကို မြွေကိုက်
သားကြီး ရေနစ်
သားငယ် စွန်ချီ
မိဘ နှစ်ပါးနှင့်
အကိုကြီး
လေပြင်း မုန်တိုင်းကြောင့်
ဆုံးရှုံး
အဝတ်အစားမဲ့
ရူးခဲ့ကြရတယ်....
🙏မြတ်ဗုဒ္ဓ နှင့်တွေ့တော့
iချစ်သမီး
ဒီပွဲဟာ ငိုရမယ့်
ပွဲ မဟုတ်ဘူး
လက်ခုပ်လက်ဝါး တီးပြီး
ရယ်မော ရမယ့် ပွဲ တဲ့
ဘာလို့လည်း ဆိုတော့....
📗အတိတ် ဘဝ တစ်ခုတုန်း က
ခုသေဆုံး သွားကြတဲ့
ဆွေမျိုး ရင်းချာ
၆ ဦးဟာ ချစ်သမီးရဲ့
အိမ်ကို ဓားပြတိုက်
မီးရှို့ လူသက် လုပ်ကြတော့
ချစ်သမီးကပဲ
စိတ်ဆိုး လွန်းလို့
📗ဒင်းတို့ ၆ ဦးလုံး
ငါ့ မျက်စေ့ ရှေ့မှာ
အသေဆိုးနဲ့ သေတာကို
တပ်အပ် မြင်ရပါစေသား လို့
ဆုတောင်းခဲ့ဖူး သတဲ့....
📗ခု အဲ့ဒိ ဆုတောင်း
ပြည့်ပြီလေ တဲ့...
📗ပြုသူ အသစ်
ဖြစ်သူ အဟောင်း
ကံမှန်ရင် အကျိုးပေး
သန်လွန်း ပါတယ်
📗သံသရာ ဟာ
ဉာဏ်နဲ့ မဖြတ်ရင်
မပြတ်ပါဘူး
ပဋာစာရီ ရူးသွပ်နေချိန်
📗မြတ်ဗုဒ္ဓ နှင့်
ဘာ့ကြောင့် ကြုံဆုံခွင့်
ရခဲ့ပါသလည်း...?
📗အတိတ်က တစ်ကြိမ် တစ်ခါ
ဝိပဿနာတရား အားထုတ်ခဲ့
ဖူးလို့ပါပဲ...
📗အဲ့ဒါကြောင့်...
ဓမ္မမိတ်ဆွေတို့ ကျုပ်တို့တွေ ဟာ
ပဋာစာရီ လောက်လည်း
အခြေနေ မဆိုးခဲ့ကြပါဘူး
📗ကံကောင်းသူများ
တရားနာယူခွင့် ရကြသည်
📗ကံ အလွန် ကောင်းသူများ
တရား အားထုတ်ခွင့် ရကြသည်
📗ကံဆိုးသူများ
တရားကို ရှောင်ကြသည်
📗ဓမ္မမိတ်ဆွေများ .....
📗ကံ ကောင်းသူလား???
📗ကံ ဆိုးသူလား???
သဗ်ဗေ သတ်တာ ကမ်မသကာ
သဗ္ဗေ သင်္ခါရ အနိစ္စ ပါ တကား။
Copy အရှင်ရာဇိန္ဒ မလှိုင်
No comments:
Post a Comment