🔺❝ ကိုယ့်ဟာ ကိုယ်ပဲလုပ်တာ ❞
ရုပ်လှအောင် လုပ်တာလည်း
ကိုယ့်ဟာကိုယ်ပဲ လုပ်တာ။
အရုပ်ဆိုးအောင် လုပ်တာလည်း
ကိုယ်ဟာကိုယ်ပဲ လုပ်တာ။
ချမ်းသာအောင် လုပ်တာလည်း
ကိုယ့်ဟာကိုယ်ပဲ လုပ်တာ။
ဆင်းရဲအောင် လုပ်တာလည်း
ကိုယ့်ဟာကိုယ်ပဲ လုပ်တာ။
ဉာဏ်ကောင်းအောင် လုပ်တာလည်း
ကိုယ့်ဟာကိုယ်ပဲ လုပ်တာ။
ဉာဏ်လေးအောင် လုပ်တာလည်း
ကိုယ့်ဟာကိုယ်ပဲ လုပ်တာ။
အပါယ်ကျအောင် လုပ်တာလည်း
ကိုယ့်ဟာကိုယ်ပဲ လုပ်တာ။
ကိုယ့်တရားခံဟာ "ကိုယ်"ပဲ။
"ကိုယ်ပိုင်တရားပြည့်စုံဖို့လို"
ဘဝကူးအခက်အခဲကို ကိုယ်လုပ်ခဲ့တဲ့
ကောင်းမှုကုသိုလ်တရားက လွဲလို့
ဘယ်သူမှ ဖြေရှင်းမပေးနိုင်ဘူး။
ကိုယ့်အခက်အခဲကို ကိုယ့်ဟာကိုယ်ပဲ ဖြေရှင်းရမှာဖြစ်လို့ ကိုယ်ပိုင်တရားစွမ်းအား ပြည့်စုံအောင်
ကြိုးစားအားထုတ်ဖို့လိုတယ်။
"ကိုယ့်အကြောင်း ကိုယ်သိဖို့လို"
လောကသိစရာတွေ အားလုံးထဲမှာ
ကိုယ့်အကြောင်း ကိုယ်သိဖို့က အရေးအကြီးဆုံး။
ကိုယ့်အကြောင်း ကိုယ်သိမှ
ကိုယ့်အလုပ် ကိုယ်လုပ်ဖြစ်မှာ။
ကိုယ့်အကြောင်း ကိုယ်သိမှ
ကိုယ့်လမ်း ကိုယ်သွားတတ်မှာ။
ပညာသင်ယူနေကြတာဟာ
ကိုယ့်အကြောင်း ကိုယ်သိဖို့ပဲ။
"ကိုယ့်ကိုယ်ကို ကယ်တင်ရမှာ"
ကိုယ့်ကို ကယ်တင်မယ့်အရာမှာ
ကုသိုလ်ကောင်းမှုတရားကလွဲလို့
အခြားဘာဆိုဘာမျှ မရှိ။
ကောင်းမှုတရားကို အချိန်မှီ
ပြုလုပ်ကြိုးစားဖို့ လိုတယ်။
ကောင်းမှုဆိုတာ
ကိုယ့်စိတ် နိုင်သလောက်သာ ရရှိနိုင်တဲ့
အရာမျိုး ဖြစ်တယ်။
ကောင်းမှုတိုးအောင် နေ့စဉ်စွမ်းအားသတ္တိ
တွေ ဖြည့်ဖြည့်ပေးနေမှ အသေတတ်မယ်။
အသေရဲမယ်။
"ကိုယ့်ဟာကိုယ် ကယ်ဆယ်ရေးလုပ်တာ"
ကောင်းမှုကုသိုလ်တွေ ပြုလုပ်တယ်ဆိုတာ
ကိုယ့်ဟာကိုယ် ကယ်ဆယ်ရေးလုပ်တာ။
အကောင်းတရားတွေ ရအောင်
ဆယ်ယူနေတာလည်း ဖြစ်တယ်။
ဆင်းရဲဒုက္ခ အပူမျိုးစုံကင်းလွတ်အောင်
ကယ်တင်နေတာလည်း ဖြစ်တယ်။
ကယ်ဆယ်ရေးမလုပ်ရင်
အဆိုးတွေထဲ မြုပ်သွားမှာ မျောပါသွားမှာ။
ကိုယ့်ကို အာမခံတာဝန်ယူပြီး
တကယ် ကယ်တင်မှာက ကောင်းမှုကုသိုလ်တစ်မျိုးပဲရှိတယ်။
ကောင်းမှုကုသိုလ်ဆိုတာ -
မိဘအရင်းတောင် ဖြေရှင်းမပေးနိုင်တဲ့ အရာအားလုံးကို
သူက အကုန်ဖြေရှင်းပေးနိုင်တယ်။
【ယောဆရာတော်ဘုရားကြီး】
❁ အပ္ပမာဒေန သမ္မာဒေထ ❁
✠ ရွှင်လန်း ✠ ချမ်းမြေ့ ✠ ပါစေ ✠
Credit:ယောဆရာတော်page
No comments:
Post a Comment