အကြောင်းအကျိုး
……………………..............
လောကကြီးထဲမှာ
အကြောင်းအကျိုးကင်းပြီး
ဖြစ်တဲ့တရားမရှိဘူးလို့ 
ဘုရားရှင်က ဟောကြားတော်မူထား
ပါတယ်။
မိမိတို့ ဘဝ
မိမိတို့ ခန္ဓာသည်လည်း
နေ့ စဉ်နဲ့အမျှ…
အကြောင်း အကျိုးတို့ ဖြင့် လည်ပတ်
နေပါတယ်။
ရုပ်ကအကြောင်းဖြစ်လိုက်
နာမ်က အကျိုးဖြစ်လိုက်
နာမ်ကအကြောင်းဖြစ်လိုက်
ရုပ်က အကျိုးဖြစ်လိုက်
အကြောင်းသမုဒယ သစ္စာ လုပ်လိုက်
အကျိုးဒုက္ခသစ္စာရလိုက်နဲ့ပါ။
ဘယ်လိုအကြောင်းတွေဖြစ်လာမယ်ဆိုတာ
ဘယ်သူမှ မသိနိုင်ပါဘူး။
ကုသိုလ်ကောင်းမှု့ လုပ်ဖို့ 
ကြံစည်ထားပေမဲ့၊
ကုသိုလ်လုပ်ဖို့ အကြောင်းတရား
တွေမပြည့်စုံတဲ့အခါ ကုသိုလ်လည်း
မလုပ်ဖြစ်ပါဘူး။
ဥပမာ
………
လှူ စရာပစ္စည်း ရှိတယ်
လှူ ချင်တဲ့စိတ်လည်းရှိတယ်
ဒါပေမဲ့ အလှူ ခံမဲ့ ပုဂ္ဂို လ်မရှိရင်
အလှူ မဖြစ်ပါဘူး။
အလှူ ခံတဲ့ပုဂ္ဂိုလ်လည်းရှိ
လှူစရာပစ္စည်းလည်းရှိပြီး
လှူ ချင်တဲ့ စေတနာမရှိရင်လည်း
မလှူ ဖြစ်ပါဘူး။
အကုသိုလ်ကိုလည်း
မလုပ်ဘူးလို့  စိတ်ကဆုံးဖြတ်ထားပေမဲ့
အကြောင်းတရားတွေတိုက်ဆိုင် ပြည့်စုံ
လာရင် လုပ်ဖြစ်သွားတာပါပဲ။
မိမိနှလုံးသားထဲမှာသစ္စာ
တရားတွေကိန်းနေရင်
အကြောင်းအကျိုးကိုသုံးသပ်တတ်ရင်
အကုသိုလ်အလုပ်ဖြစ်ပေမဲ့
အကုသိုလ်မဖြစ်သလို။
သစ္စာမသိ ၊အကြောင်းအကျိုးကို
မသိပဲလုပ်ခဲ့ရင်
ကုသိုလ်လုပ်ပေမဲ့ ကုသိုလ်မဖြစ်ပဲ
အကုသိုလ် ဖြစ်တတ်ပါတယ်။
မိမိကိုယ်ကိုယ် ပြန်သုံးသပ်ကြည့်ပါ။
အတိတ်က မိမိတို့ ပြု ခဲ့တဲ့
အကြောင်းကောင်းခဲ့လို့ 
ယက္ခု ပစ္စု ပ္ပန်မှာ အကျိုးပေးတွေ
ကောင်းနေကြရတယ်။
မိမိတို့ အတိတ်က ပြုလုပ်ခဲ့တဲ့
အကြောင်းတွေ မကောင်းတဲ့အခါ
မကောင်းတဲ့ အကျိုးပေးတွေ ခံကြရ
ပါတယ်။
ဒါတွေဟာ ကိုယ်စိုက်ခဲ့တဲ့
အသီးကို ကိုယ်ပြန်စားရတာပါ။
အကြောင်းအကျိုးကို
မဆင်ခြင်တတ်တဲ့ ပုဂ္ဂိုလ်တွေမှာ
ကောင်းရင် ကိုယ့်ကြောင့်
မကောင်းရင်သူ့ ကြောင့် ဆိုတာတွေ
ဖြစ်လာတတ်ပါတယ်။
အကြောင်းအကျိုးကိုဆင်ခြင်တဲ့အခါ
အပြင်ဗဟိဒ္ဓ မှာလည်းဆင်ခြင်ပါ
မိမိခန္ဓာမှာလည်း ဆင်ခြင်ပါ။
သွားချင်တဲ့နာမ်က အကြောင်း
သွားတဲ့ရုပ်က အကျိုး
နာမ်အကြောင်း ရုပ်အကျိုး။
စားချင်တဲ့နာမ်(စိတ်)က အကြောင်း
စားနေတဲ့ရုပ်က အကျိုး
နာမ်အကြောင်း ရုပ်အကျိုး။
အိပ်ချင်တဲ့နာမ်(စိတ်)ကအကြောင်း
အိပ်တဲ့ရုပ်က အကျိုး
နာမ်အကြောင်းရုပ်အကျိုး။
အိပ်ယာထဲရောက်တော့
ရုပ်က ဝင်လေထွက်လေကို
ရှုနေတယ်။
နာမ်(စိတ်)ကမှတ်နေတယ်
အဲ့ဒီအခါ…
ရှုနေတဲ့ရုပ်က အကြောင်း
သိနေတဲ့နမ်က အကျိုး
ရုပ်အကြောင်း နာမ်အကျိုး
တစ်လှည့်စီပေါ်နေပါတယ်။
အကြောင်းဖြစ်လိုက် အကျိုးဖြစ်လိုက်
အကြောင်းပျက်ရင် အကျိုးလည်းပျက်
တာကိုမိမိဉာဏ်ကလေးနဲ့
အလေ့ အကျင့်လုပ်ပြီးရှု့ပေးပါ။
အကြောင်းအကျိုးကိုသုံးသပ်တတ်တဲ့
ပုဂ္ဂို လ်မှာ ကိလေသာလည်းပါး
အတ္တဒိဋ္ဌိ မိစ္ဆာဒိဋ္ဌိလည်း လည်း
စက်ကြယ်လာပါတယ်။
အကြောင်းအကျိုးကိုသုံးသပ်တတ်တဲ့
ဉာဏ်ကို ပစ္စယပရိဂဟ ဉာဏ်လို့ ခေါ်ပါတယ်။
ရုပ်နာမ်ကိုသိတော့
နာမ်ရူပ ပရိစ္ဆေဒဉာဏ်ကိုရပါတယ်။
ရုပ်နာမ်ရဲ့အကြောင်းအကျိုးဆက်စပ်ပုံကိုသိ
လာတဲ့အခါ
ပစ္စယ ပရိဂဟ ဉာဏ်ကိုရတော့။
ပထမဦးဆုံးလှေကားဖြစ်တဲ့
ဉာဏ်နှစ်ဉာဏ်ရပြီလို့ မှတ်ပါ။
ဒါတွေဟာမိမိက ကျင့်ယူ လုပ်ယူရမဲ့
အလုပ်တွေပါ…
မိမိအလုပ်ကိုမိမိ လုပ်နေရင်
ဓမ္မကလည်း ဓမ္မအလုပ်ကို
လုပ်သွားပါလိမ့်မယ်။
Credit.
No comments:
Post a Comment