စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, April 23, 2020

တချိန်ချိန်မှာတော့ ခွဲရမှာပါ..

"တစ်ချိန်ချိန်မှာတော့....  ခွဲရမှာပါ"
          ══════════
❖မနက်က ဒကာတစ်ယောက်က လျှောက်တယ်။ 
   သူက မိသားစုနဲ့ ခွဲရနိုင်တဲ့ 
   အခြေအနေမျိုး ကြုံနေရတယ်လို့ ဆိုတယ်။
   ဆေးရုံတက်နေချိန်မှာဆို ရှင်ကွဲ ကွဲနေရတယ်။
   ဆေးရုံက ပြန်မလာနိုင်တော့ရင် 
   သေကွဲ ကွဲရတော့မယ့် အခြေအနေလို့ဆိုတယ်။ 
   သုံးနှစ်အရွယ် သမီးငယ်လေးက 
   သူ ဆေးရုံဆေးခန်း သွားရခါနီးတိုင်းငိုတယ်တဲ့ ...။
   ဒါကြောင့် သူ့ကို စိတ်အားရှိစေမယ့် 
   တရားဓမ္မ ဟောကြားပေးပါလို့လျှောက်တယ် ...။

❖ဟိုတုန်းက -

  အရူးတစ်ယောက်က 
  ရေအိုင်စပ်ထိုင်နေတုန်း ရေအိုင်ထဲကို 
  တောဘဲအုပ်ကြီး ကျလာတယ်။ 
  သူ့က တောဘဲအုပ်ကြီးကို သူ့ဘဲတွေလို့ 
  သတ်မှတ်ပြီး တုတ်တစ်ချောင်းကိုင်ပြီး 
  ဘဲကျောင်းနေတယ် ...။
  ငါ့ဘဲတွေလို့ စိတ်ကူးယဉ်ကောင်းနေတုန်း 
  ညနေအချိန် ရောက်လာတယ်။ 

❖ ညနေရောက်တော့ ..
    ဘဲတွေက ကောင်းကင်ပျံတက်ပြီး 
    အိပ်တန်းဆီ ပြန်ကြတယ်။ 
    အဲဒီအခါမှာ သူက တုတ်တစ်ချောင်းကိုင်ပြီး
   “ငါ့ဘဲတွေ ငါ့ဘဲတွေ ဘယ်သွားကြတာလဲ” 
    လို့ အော်ရင်းနဲ့... ဘဲအုပ်ကြီးနောက်ကို 
    ပြေးလိုက်သွားတယ်။ 

  တကယ်က သူ့ဘဲတွေမှ မဟုတ်ဘဲ။ 
  လူကောင်းဆိုရင်လည်း တောဘဲအုပ်ကို 
  ကိုယ့်ဘဲအုပ်လို့ ထင်ပါ့မလား ? 
  မထင်ပါဘူးနော် ...။

❖ဘဝတစ်ခုမှာ တွေ့ဆုံ ကြုံကြိုက်ရတဲ့ 
   သားသမီး ဇနီးခင်ပွန်းကို 
   လူတွေက... ကိုယ့်အပိုင်လို့ ထင်နေကြတယ်။ 
   တကယ်က ဘယ်သူကမှ ဘယ်သူ့ကိုမှ 
   မပိုင်ပါဘူး။ 
   ကိုယ့်ခန္ဓာကိုယ်တောင် ကိုယ်မပိုင်ပါဘူးနော်။ 

❖အကြောင်းသင့်တုန်းလေးမို့ 
   ပေါင်းဆုံနေကြရတာ ဖြစ်တယ်။ 
   အကြောင်းမသင့်တဲ့တနေ့ ခွဲကြရမှာဘဲ။ 

❖ ဒါက ကိုယ့်တစ်ယောက်ထဲဘဲ 
    ဖြစ်နေတာလားဆိုတော့ မဟုတ်ဘူး။ 
    သုံးဆယ့်တစ်ဘုံလုံး ဖြစ်နေကြတာ။  
    ကိုယ့်တစ်ယောက်ထဲ မဟုတ်ပါဘူး။
    ဒါက သတ္တဝါတွေအတွက် ..
    ဖြစ်ရိုးဖြစ်စဉ်တစ်ခုမျှသာ ဖြစ်တယ်။ 

❖ သို့သော်လည်း ကိုယ့်ဘဲအုပ်ကြီးလို့ 
    စိတ်ကူးယဉ်ကောင်းနေတုန်းမှာ 
    ရုတ်တရက်ခွဲရတော့ ..
    အတော်ခံစားကြရတယ်နော်။ 

❖ သတင်းစာ နောက်ကျောဘက်ကို 
    ဖတ်မိတဲ့အခါ ဘာခံစားရလဲ ?
    ဘာမှမခံစားရဘူး။
    ကိုယ်ဆိုင်တယ် ကိုယ်ပိုင်တယ်လို့ 
    သတ်မှတ်မထားလို့နော် ...။
    ကိုယ်ပိုင်တယ် ကိုယ်ဆိုင်တယ်လို့ 
    သတ်မှတ်ထားရင် ခံစားကြရတယ်။ 

❖ ဒီတော့ သားသမီး ဇနီးခင်ပွန်းတွေကို 
    ကိုယ်ပိုင်တယ် ကိုယ်ဆိုင်တယ်ဆိုတဲ့ 
    အထင်အမြင်မှားမှုကို ..
    သတိလေးနဲ့ လျော့ချရမယ်။ 
    ကိုယ်မထားခဲ့လဲ ..
    သူတို့က ကိုယ့်ကို ထားခဲ့မှာဘဲ။
    ဒီသဘာဝကို နားလည်လက်ခံနိုင်ရမယ်။

❖ ကိုယ်တကယ်ပိုင်တာ 
    ကိုယ်တကယ်ဆိုင်တာက 
    ကိုယ်ပြုထားတဲ့ ...
    ကုသိုလ်ကံ အကုသိုလ်ကံတွေပဲဖြစ်တယ်။ 
    ကိုယ့်ဘဝရဲ့ အဖော်အမွန်အစစ်ဆိုတာ
    ကိုယ်ပြုထားတဲ့ ..
    ကုသိုလ်ကံ အကုသိုလ်ကံတွေသာဖြစ်တယ်။ 

❖ သားသမီး ဇနီးခင်ပွန်းဆိုတာက 
    သုဿာန် ဟိုဘက်အထိ လိုက်လို့မရဘူး။ 
    ကိုယ်ပြုထားတဲ့ ကံတွေကတော့ 
    ကိုယ်သွားရာကို နိဗ္ဗာန်မရမချင်း 
    အရိပ်လို လိုက်ပါနေကြမှာဖြစ်တယ်။

❖ လူဆိုတာ အကြောင်းဆုံလို့ 
    ပေါင်းဆုံရတဲ့အခါမှာ -
    အကောင်းဆုံးပေါင်းဆုံခဲ့ကြသလို 
    အကြောင်းမဆုံတော့လို့ ..
    ခွဲကြရတော့မယ်ဆိုရင်လည်း
    အကောင်းဆုံး ခွဲနိုင်ဖို့လိုတယ်။ 

❖ ကိုယ်က သားသမီးဇနီးခင်ပွန်းကို 
    စွဲလမ်းတပ်မက်စိတ်နဲ့ သေတယ်ဆိုရင် 
    မကောင်းတဲ့ဘုံဘဝကို လားရောက်ရမယ်။ 
    ကိုယ့်ရဲ့ စွဲလန်းတပ်မက်စိတ်က 
    သူတို့ကို ကောင်းကျိုးတစုံတရာ 
    ပြုနိုင်သလားဆိုတော့... မပြုနိုင်ဘူး။  

❖ ကိုယ့်အတွက် ..
    ကောင်းကျိုးပြုသလားဆိုတော့လည်း
    မပြုပါဘူး။ နှစ်ဖက်ရှုံး၊ ရှုံးစေတယ်နော် ...။

❖ ဒါကြောင့် နှစ်ဖက်ရှုံး၊ မရှုံးရအောင် 
    ဒီအချိန်ကစလို့ မိသားစုကို 
    ငါတကယ်မပိုင် ငါတကယ်မဆိုင်ဘူးလို့ 
    နားလည်လက်ခံပါ။
    ဒီအခြေအနေက ..
    ငါ့တစ်ယောက်ထဲ ကြုံနေရတာ 
    မဟုတ်ဘူးဆိုတာကိုလည်း 
    နားလည်လက်ခံပါ ...။

❖ မိသားစုကို ချစ်သလို ငါ့ကိုယ်ငါလည်း 
    ချစ်မှတော်မယ်လို့ တွေးပြီး 
    ဒါန သီလ ဘာဝနာအမှုတို့ကို 
    စွမ်းအားရှိသလောက် ပြုလုပ်အားထုတ်ပါ။ 

❖ တစ်ချိန်ချိန်တော့ ..
    ကိုယ်မခွဲရင် သူတို့က ခွဲခဲ့မှာဘဲနော်။

✿ (ပါချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ) ✿

#Credit

ပြုသူအသစ် ဖြစ်သူအဟောင်း

🔮 ပြုသူအသစ် ဖြစ်သူအဟောင်း 🔮
🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐

မှန်ရှေ့မှာ ရပ်လိုက်ရင် မှန်ထဲမှာ 
ကိုယ့်ပုံရိပ်လေး ပေါ်လာတယ်။ 
ကိုယ်က ပြုံးပြရင် မှန်ထဲမှ ပုံရိပ်ကလည်း ပြုံးပြတယ်။ ကိုယ်က မဲ့ပြရင် မှန်ထဲက ပုံရိပ်ကလည်း မဲ့ပြတယ်။

ဘဝဆိုတာလည်း ဒီတိုင်းပဲ။ 
ကောင်းတာလုပ်ရင် ပုံရိပ်လှမယ်။ 
မကောင်းတာ လုပ်ရင် ပုံရိပ် မလှဘူး။ 
ဒါကြောင့် ကိုယ်လုပ်တဲ့ အလုပ်မှန်သမျှ 
သူတပါး မျက်ရည်မပါဖို့ အရေးကြီးပါတယ်။ 
ဒါမှ ပုံရိပ်လှမှာ မဟုတ်လား။

ယနေ့ တွေ့ကြုံနေရသော ကောင်းကျိုး ဆိုးကျိုး 
မှန်သမျှ သည် မနေ့က အတွေးအမြင် 
မနေ့က စိတ်ထားကြောင့် ဖြစ်ပေါ်လာကြတယ်။

ယနေ့ အတွေးအမြင် ယနေ့စိတ်ထားသည် 
မနက်ဖြန် မိမိတို့ဘဝကို တည်ဆောက်ကြပါလိမ့်မယ်။

ရဇ္ဇုမာလာ
💫💫💫💫

ဘုရားလက်ထက်က အမျိုးသမီးတစ်ယောက် ရှိတယ်။ သူ့ဇာတိက ဂယာမြို့ ၊ သူ့အလုပ်က အစေခံ။ 
နာမည်က ရဇ္ဇုမာလာတဲ့။

အိမ်ရှင် ပုဏ္ဏားကြီးက သဘောကောင်းပေမဲ့ 
ပုဏ္ဏားကြီးရဲ့ ချွေးမက ဒေါသကြီးပြီး အနိုင်ကျင့်တယ်။ ဒီတော့ ရဇ္ဇုမာလာကို ခိုင်းစရာရှိရင် 
မညှာတမ်း ခိုင်းတယ်။ ဆူတယ်၊ ငေါက်တယ်။ 
ဆဲတယ်၊ ဆိုတယ်၊ ရိုက်တယ်၊ နှက်တယ်။ 
တခါတရံ ဆံပင်ဆွဲပြီး ပါးချတယ်။ 

ဒါနဲ့ ကျွန်မလေးက 
"ငါ့ကို သခင်မက ရိုက်ရင် ဆံပင်ဆွဲပြီး ရိုက်တယ်၊ 
ဒီတော့ ဆံပင်ဆွဲလို့ မရအောင် ကတုံး တုံးမယ်" ဆိုပြီး ကတုံး တုံးလိုက်တယ်။

သူ့သခင်မက " ငါ့ကို ရွဲ့ရကောင်းလား" ဆိုပြီး 
ကတုံးကို ကြိုးနှင့် သိုင်းပြီး ချည်လိုက်တယ်။ 
ရိုက်တဲ့အခါ ကတုံးချည်ထားတဲ့ ကြိုးကိုင်ပြီး 
ရိုက်တယ်။ အဲဒီအချိန်က စပြီး 
" ရဇ္ဇုမာလာ" လို့ နာမည်တွင်သွားတယ်။ 
( ရဇ္ဇုဆိုတာ ကြိုး၊ မာလာဆိုတာ ပန်း)။ 

 ကျွန် မလေးဟာ နေ့တိုင်း အရိုက်ခံနေရတော့ 
စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်လာတယ်။ 
" ငါ့ဘဝဟာ သေမထူး နေမထူးဘဲ၊ 
ဒီတော့ ငါ သေတာက ကောင်းတယ်" လို့ 
တွေးမိတယ်။ ဒါနဲ့ သေကြောင်းကြံဖို့အတွက် 
ရေခပ်သွားမယ်ဆိုပြီး  တောထဲ ထွက်လာတယ်။

ဓမ္မစကား
💫💫💫💫

အဲဒီအချိန်မှာ မြတ်စွာဘုရားက တောထဲက 
သစ်ပင်အောက်မှာ တရားလေး နှလုံးသွင်းနေတယ်။ 

ရဇ္ဇုမာလာဟာ  တောထဲရောက်တော့ ကြိုးဆွဲချ 
သေမယ်ဆိုပြီး သစ်ပင်ပေါ် တက်လိုက်တယ်။ 
သစ်ပင်ပေါ် ရောက်တော့ အနီးအနား ဝန်းကျင်ကို  
ကြည့်လိုက်တဲ့အခါ မြတ်စွာဘုရားကို မြင်သွားတယ်။ 

အဲဒီအချိန်မှာ မြတ်စွာဘုရားက 
"ချစ်သမီး ရဇ္ဇုမာလာ"လို့ ခေါ်လိုက်တယ်။ 
ဘုရားအသံကို ကြားရတော့ ပီတိဖြစ်ပြီး 
သစ်ပင်ပေါ်က ပြန်ဆင်း လာတယ်။ 
ဝမ်းသာအားရဖြစ်ပြီး ဘုရားထံ သွားတယ်။ 

ဘုရားထံ ရောက်တဲ့အခါ မြတ်စွာဘုရားက 
သူ့ကို သစ္စာလေးပါး တရားကို ဟောလိုက်တယ်။ တရားလည်း ဆုံးရော သောတာပန် ဖြစ်သွားတယ်။ ဒါကြောင့် ဓမ္မဆိုတာ  စိတ်ခွန်အားပဲ။

အဲဒီနောက် ကျွန် မလေးဟာ ရေခပ်ပြီး 
အိမ်ပြန်လာတယ်။ 
မျက်နှာလေးကလည်း ကြည်လင်နေတယ်။ 
အခါတိုင်းတော့ စိတ်ညစ်နေသည့်အတွက် 
မျက်နှာလေးက ညှိုးငယ်နေတယ်။ အခုတော့ တရားနာရလို့ မျက်နှာလေးက ကြည်လင်နေတယ်။

 ဒီတော့ အိမ်ရှင် ပုဏ္ဏားကြီးက မေးတယ်။ 
"ကောင်မလေး ရေခပ်သွားတာ ကြာလှချည်လား၊ 
မျက်နှာကလဲ ပြုံးလို့ ရွှင်လို့ 
ဘာတွေ ကြည်နူးနေတာလဲ" လို့ မေးလိုက်တယ်။ 
ကျွန် မလေးကလည်း ဖြစ်စဉ်အကုန်လုံး 
တစ်ခုချင်း ပြောပြလိုက်တယ်။ 
ဒါနဲ့ ပုဏ္ဏားကြီးဟာ ချွေးမဖြစ်သူကို
ပြင်းပြင်းထန်ထန်  ဆုံးမလိုက်တယ်။

ဝဋ်ဆိုတာ လည်တတ်တယ်
💫💫💫💫💫💫💫💫💫

တစ်ရက်၊ ပုဏ္ဏားကြီးဟာ မြတ်စွာဘုရားကို 
အိမ်မှာ ပင့်ပြီး ဆွမ်းကပ်တယ်။ 
ဆွမ်းဘုဉ်းပေးပြီးတဲ့အခါ မြတ်စွာဘုရားက 
ပုဏ္ဏားကြီးရဲ့ ချွေးမ နဲ့ ကျွန်မလေးတို့ရဲ့ အတိတ်က 
ဖြစ်ရပ်ကို ဟောကြားလိုက်တယ်။

ကဿပဘုရားလက်ထက်က ချွေးမဟာ ကျွန် မဖြစ်ပြီး ဒီကျွန် မလေးက အလုပ်ရှင်ဖြစ်တဲ့အကြောင်း၊ 
အလုပ်ရှင်က ကျွန် မလေးကို 
အမျိုးမျိုး နှိပ်စက်ခဲ့ကြောင်း၊ 
ကျွန် မလေးရဲ့ စိတ်ထဲမှာ နာကျည်းသွားကြောင်း၊ 
ပြန်နှိပ်စက်ရပါလို၏လို့ စိတ်ထဲမှာ ရန်ငြိုး ဖွဲ့ခဲ့ကြောင်း၊ ဒါကြောင့် အဲဒီကျွန် မလေးက ချွေးမဖြစ်ပြီး 
အလုပ်ရှင်က ကျွန် မလေး ဖြစ်လာကြောင်း 
ဟောကြားတော် မူလိုက်တယ်။

သူများကို ဒုက္ခ ပေးရင် အဲဒီဒုက္ခ အတိုးနှင့်တကွ 
ပြန်ရတယ်။ အဲဒါကို ဝဋ်လည်တယ်လို့ ခေါ်တယ်။ 
ဒါကြောင့် သူများကို ဘယ်တော့မှ ဒုက္ခမပေးကြနဲ့။ 
ဝဋ်ဆိုတာ လည်တတ်တယ်လေ။

သီရိဂေဟာ
💫💫💫💫💫

ပုဏ္ဏားကြီးဟာ ဘုရားတရား နာလိုက်ရသည့်အတွက် ပီတိ ဖြစ်သွားတယ်။ ကျွန် မလေးကို လည်း သနားပြီး သမီးအဖြစ် မွေးစားလိုက်တယ်။ 

ချွေးမဖြစ်သူကလည်း တရားနာလိုက်တော့ 
စိတ်မကောင်း ဖြစ်သွားတယ်။ 
"ပြုသူအသစ် ဖြစ်သူအဟောင်းဆိုတာ မှန်လိုက်တာ၊ ငါမှားပြီ၊ ဒီနေ့ကစပြီး 
ဘယ်သူ့ကိုမှ အနိုင်မယူတော့ဘူး" ဆိုပြီး 
ကျွန် မလေးကို ညီမတစ်ယောက်လို ရင်းရင်းနှီးနှီး 
ဆက်ဆံတယ်တဲ့။ 

အဲဒီအချိန်က စပြီး ပုဏ္ဏားကြီးတို့အိမ်မှာ 
ဆဲသံဆိုသံတွေ မကြားရတော့ဘူး။ 
သီရိဂေဟာအိမ်လေး ဖြစ်သွား တယ်ပေါ့။ 
သီရိဂေဟာဆိုတာ ကျက်သရေ မင်္ဂလာရှိတဲ့ အိမ်ပါပဲ။ 

အချိန်ရှိခိုက် လုံ့လစိုက်
💫💫💫💫💫💫💫💫

ဘဝဆိုတာ မကြာပါဘူး။ အသက် ၅၀- ဆိုရင် 
ရက်ပေါင်း ၁၈၀၀၀- ကျော်ပဲ နေခွင့်ရတယ်။ 
အသက် ၈၀-ကျော်ဆိုရင် ရက်ပေါင်း ၃၀၀၀၀ - ခန့်ပဲ 
နေခွင့်ရပါတယ်။ 

ဒီလိုခဏတဖြုတ်နေရတဲ့ အခိုက်အတန့်မှာ 
လောဘဒေါသ အတ္တမာနတွေနှင့် 
ဘာကြောင့် အနိုင်ယူချင်ရသလဲ။ 
စဉ်းစားကြည့်လေ အဓိပ္ပါယ် မရှိလေပဲ။

ဒါကြောင့် "နည်းလာရင် နီးလာပြီ" ဆိုတဲ့အတိုင်း 
နေဖို့ အချိန် နည်းလေလေ သေဖို့ နီးလေလေပဲ။ 
ဒါကို မကြာမကြာ ဆင်ခြင်ရမယ်။ 
ဆင်ခြင်မှ အချိန်ရဲ့ တန်ဖိုးကို သိတာ။

သေဖို့ နီးလာသည့်အတွက် 
လောဘ ဒေါသ အတ္တမာနတွေ နည်းနည်းလာရမယ်။ ဒါမှ ဘဝက အဓိပ္ပါယ်ရှိတာ။ 
ဒါကြောင့် "နီးလာရင် နည်းအောင်နေ" ဆိုတဲ့အတိုင်း တဖြေးဖြေးနှင့် သေဖို့ နီးလာသောကြောင့် 
အကုသိုလ် တရားဆိုးတွေကို 
နည်းသထက် နည်းအောင် ကြိုးစားရမှာ ပါတကား။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ 
အေးငြိမ်းချမ်းသာ ရှိပါစေ"

🙏🙏🙏 သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ 🙏🙏🙏

Monday, April 20, 2020

သံသယဆူးတော့ မစူးစေလိုပါ

*************************

 “ဒကာကြီး - တက္ကစီ အားလားမသိဘူး” 

 “အားပါတယ်ဘုရား၊ ဘယ်သွားမလို့လဲ”   

 “လှိုင်သာယာအဝေးပြေးသွားချင်လို့၊ ဘယ်လောက်လဲ” 

 “ဆရာလေး ကြည့်စွန့်ပါဘုရား”

 “အယ် - အရင်ကသွားနေတာတော့ ငါးထောင်ပဲ၊ ရမလား”

 “ရပါတယ်ဘုရား၊ တက်ပါ”

 “တပည့်တော်က ဘုန်းကြီးတွေ၊ ဆရာလေးတွေဆို ဈေးပြောမနေဘူး။ စွန့်သလောက်ပဲ ယူတယ်ဘုရာ့”

“ကောင်းတာပေါ့ ဒကာကြီးရဲ့၊ ကုသိုလ်လဲရ ၀မ်းလဲဝပေါ့” 

 "မှန်ပါ့ဘုရား”  

“နောက်ခန်းက ပစ္စည်းတွေပြည့်နေလို့ ရှေ့ခန်းမှာထိုင်တာ၊ ဒကာကြီးကို အားနာတယ်၊ တစ်ညလုံး မန္တလေးကနေ ကားစီးလာတာဆိုတော့ ဆရာလေးကိုယ်က ချွေးနံ့ နံနေမလားမသိဘူး”

 “အာ - မနံပါဘူးဘုရာ့၊ ရပါတယ်၊ ဆရာလေးကသာ ချွေးနံ့နံမှာစိုးနေတာ၊ ဟိုတစ်ခါ တပည့်တော်လိုက်ပို့ တဲ့ဆရာလေးတွေဆို ကားပေါ်တက်လာတာ ဥစ္စာစောင့်တွေမှတ်လို့၊ မွှေးကြိုင်နေတာ”

 “မဟုတ်ဘူးဒကာကြီးရဲ့၊ တချို့က အ၀တ်ထဲထည့်တဲ့ အမွှေးထုပ်လေးတွေရှိတယ်လေ၊ အဲ့ဒါလေးတွေက တော်တော်လေးမွှေးတယ်၊ စ ထည့်ကာစဆို ခေါင်းတောင်ကိုက်တယ်၊ အမွှေးနံ့က”

 “ဘာပဲဖြစ်ဖြစ်ပေါ့ဘုရား၊ ဘုရားက မလုပ်ရဘူးလို့ တားမြစ်ခဲ့တယ်မဟုတ်လား၊ တချို့ ဦးဇင်းတွေဆို ရှိသေးတယ်၊ ရှေ့က လျှောက်သွားရင် နောက်က မွှေးကျန်ခဲ့တာ၊ သာသနာ့ဘောင်မှာနေပြီး ၀ိနည်းနဲ့အညီ မနေကြဘူး။ အဲ့လိုမျိုးဆို တပည့်တော်က သိပ် မကြည်ညိုချင်ဘူး၊ တကယ်”

 “ဒကာကြီးမသိလို့၊ ဦးဇင်းတွေရဲ့သင်္ကန်းက ဆေးဆိုးသင်္ကန်းတွေဆိုတော့ အရမ်းနံတယ်။ မိုးတွင်းဆို ပိုဆိုးတယ်။ သင်္ကန်းတွေကထူတော့ လျှော်ပြီးရင်လဲ တော်တော်နဲ့ မခြောက်ဘူး၊ အရမ်းသန့်သန့်ပြန့်ပြန့်နေတာတောင် တစ်ခါတစ်လေ တော်တော်နံတယ်၊ နောက် လူရဲ့ခန္ဓာကိုယ်ကလဲ နံတယ်ဒကာကြီးရဲ့၊ အဲ့ဒိတော့ သူတို့လဲ ဒကာ ဒကာမနားကပ်ရတာ ဘယ်အဆင်ပြေပါ့မလဲ၊

 ဆရာလေးဆို မိုးတွင်းဘက်  တချို့ ဦးဇင်းတွေ ကိုယ့်ဘေးနားက ဖြတ်သွားရင် အသက်အောင့်ထားတာ၊ နံလို့”

“ဒါတော့ဒါပေါ့၊ ဒါပေမယ့် တပည့်တော်က သာသနာကို တအားကြည်ညိုတာ၊ ကြည်ညိုလို့လဲ အဘိဓမ္မာတောင် သုံးဆင့်အောင်ပြီးပြီ။ ဒီနှစ် ၀ိသုဒ်္ဓိမဂ်တက်နေတယ်၊ မအားတဲ့ကြားကနော်၊ ၀ိနည်းဆိုလဲ လိုက်ဖတ်ထားတယ်၊ ဘယ်လိုဆို ရဟန်းသံဃာနဲ့ အပ်စပ်လဲ၊ ဘယ်လိုဆို မအပ်စပ်ဘူးလဲ သိရအောင်၊ အဲ့လိုလေ့လာထားတော့ ဒီလို ရဟန်းတွေနဲ့ တွေ့ရလေ၊ မကြည်ညိုတော့လေ ဖြစ်နေတာ၊ တချို့ဆို ရည်းစားတောင် ထားချင်နေကြသေးတာ၊ တော်တော်စိတ်ကုန်ဖို့ကောင်းတယ် သာသနာက၊ စာပေတော့ သေချာမလုပ်ဘူး၊ လူတွေတောင် သူတို့ထက် တတ်တယ်”

 “ဒီမယ်ဒကာကြီး၊ ဒကာကြီး ခုတွေ့နေတဲ့ရဟန်းတွေက သမုတိရဟန်းတွေနော်၊ ပရမတ္ထရဟန်းတွေမဟုတ်ဘူး။ 
သူတို့လည်း ပုထုဇဉ်ပဲရှိသေးတယ်လေ၊ နောက် စာသင်သားတွေ၊ ဒကာကြီးတို့က အဘိဓမ္မာလေး မတောက်တခေါက်တတ်ရင် ရဟန်းတွေနဲ့ ခြေရာချင်း တိုင်းချင်ကြတယ်။  

ဒကာကြီးတို့သင်ထားတဲ့ အဘိဓမ္မာက အပေါ်ယံလေးပါ၊ ဦးဇင်းတွေ ဆရာလေးတွေက မြန်မာလို နှုတ်တက်တောင် မဟုတ်ဘူး၊ ပါဠိလိုပါသင်ထားရတာ၊  အဘိဓမ္မာသင်တယ်ဆိုပြီး သဂြိုင်္ဟ်လေးလောက်သင်တာမဟုတ်ဘူး။ အဲ့ဒိကနေခွဲထွက်တဲ့ ယမိုက်၊ ည၀ါ၊ ပဋ္ဌာန်း၊ နောက် စာချတန်းရောက်ရင်လဲ ဓမ္မသင်္ဂဏီကို အကျယ်သင်ရတယ်၊ ပါဠိ၊ ဋီကာ၊ အဋ္ဌကထာ အပြင် ပါဠိစာအရေးအသားတွေကို ဘယ်လိုပုံစံနဲ့ ရေးထားလဲသိရဖို့ သဒ္ဒါကျမ်းတွေလဲ သင်ရတယ်၊ အသုံးအနှုန်းတွေနားလည်ဖို့ အဘိဓာန်ကိုလဲ သင်ရတယ်၊ ကဗျာလင်္ကာရေးဖွဲ့တတ်ဖို့ ဆန်းကျမ်းတို့ အလင်္ကာကျမ်းတို့ကိုလဲ သင်ရတယ်၊ ဘုရားရှင်ရဲ့ လေးဆယ့်ငါးဝါဟောထားတဲ့ တရားတော်တွေကို သိရဖို့ ဓမ္မပဒတွေ ဇာတ်တွေလဲ သင်ရတယ်။ ကြည်ညိုတတ်မယ်ဆို ကြည်ညိုချင်စရာတွေ တစ်ပုံကြီးပါ”

 “တပည့်တော်က မကြည်ညိုလို့ပြောတာ မဟုတ်ပါဘူး။ ကိုယ်ကြည်ညိုတဲ့သူတွေကို အကြည်ညိုခံပုဂ်္ဂိုလ်တွေဖြစ်တဲ့အတိုင်း ကြည်ညိုအောင်နေစေချင်တာ၊ ၀ိနည်းနဲ့အညီ နေစေချင်တာပါ၊ ၀ိနည်းဆိုတာ သာသနာရဲ့အသက်မဟုတ်လား”

 “ဟုတ်တယ်လေ၊ ဟုတ်လို့လဲ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ထောင်ကျော် သုံးထောင်က ထားခဲ့တဲ့ ဘုရားရှင်ရဲ့စကားတော်တွေ စည်းကမ်းတွေကို ခုထိ လိုက်နာနေတာပေါ့၊ ဒကာကြီး လိုက်ကြည့်စမ်းပါ၊

 ဘယ်ဘာသာမှာဖြစ်ဖြစ် ဘယ်လိုအသိုင်းအ၀ိုင်း အဖွဲ့အစည်းမှာဖြစ်ဖြစ် ရှေ့ကခေါင်းဆောင် ချမှတ်ခဲ့တဲ့ စည်းကမ်းတွေ စကားတွေကို မပြင်မဆင်ဘဲ တစ်သွေမတိမ်းလိုက်နာတာ ရှိသလားလို့၊ 

တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့ စစ်တပ်မှာတောင် အခြေနေနဲ့ အချိန်ခါ ကြည့်ပြီး ပြောင်းလဲသင့် ပြောင်းလဲရသေးတယ်။ ဆရာလေးတို့ ထေရ၀ါဒဗုဒ္ဓဘာသာရဟန်းတော်တွေဟာ ဘယ်လိုအခြေနေ ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် မြတ်စွာဘုရားရဲ့စကားကို မနှုတ်ပယ်သလို ဖြည့်လဲ မဖြည့်စွက်ဘူး။ ပုထုဇဉ်သဘာဝ တစ်ခါတစ်လေ အမှားလေးတော့ ရှိမှာပေါ့၊ ဒါကိုတော့ နားလည်ပေးရမယ်လေ”

 “ကျန်တာ နားလည်ပေးလို့ရတယ်ဘုရား၊ ဘုန်းကြီးတွေ သီလရှင်တွေဖြစ်ပြီး အချစ် အချစ် လုပ်နေတာ ကိလေသာတွေပေါနေတာ အဲ့ဒါကိုတော့ တပည့်တော် နားလည်ပေးလို့မရဘူး။ ဒါဖြစ်သင့်သလား စဉ်းစားကြည့်ပါဦး”

 “ဒကာကြီးက ဒီတစ်ဘ၀အမြင်ပဲ ကြည့်တာကိုး၊ သံသရာတစ်လျှောက်မှာ ကျင်လည်ခဲ့ကြတာ တဏှာတွေ အပြည့်အ၀နဲ့လေ၊ ဘ၀အဆက်ဆက်ကပါလာတဲ့ အထုံရေစက်ကို ဒီဘ၀ ဒီသာသနာနဲ့ တွေ့ခွင့်ရလို့ ပယ်သတ်နိုင်ဖို့ကြိုးစားနေကြရတာ၊ ဘယ်လောက်ခက်ခဲတဲ့ အလုပ်လဲ၊ 

ဥပမာ အသက် ၂၀ ထဲက အရက်စွဲခဲ့တဲ့ လူတစ်ယောက်ဆိုကြပါစို့။ သူ့အသက် ၆၀ ရှိမှ သံဝေဂရပြီး အရက်ြဖတ်ဖို့ ကြိုးစားတယ်၊ သူဘယ်လိုဖြတ်မလဲ၊ နှစ်ပေါင်းလေးဆယ်လောက် သောက်လာတဲ့အရက်ကို ချက်ချင်းကြီး ဖြတ်လို့ ရပါ့မလား။ သံဝေဂရလို့ မကောင်းမှန်းသိလို့သာ ဖြတ်ရတယ် - ဒီအရက်ကို လှည့်မကြည့်ချင်လောက်အောင် သူမုန်းပါ့မလား၊

 ခုလည်း ဒီလိုပဲ - သံသရာအဆက်ဆက်က ရင်းနှီးခဲ့တဲ့ ဒီကာမ တဏှာကို မကောင်းတဲ့အလုပ်၊ ပူပန်ကြောင်းတရား၊ ညစ်ညူးကြောင်းတရားတွေပဲဆိုပြီး တရားတော်နဲ့ ကြိုးစား ဖြတ်နေကြရတာ၊ တစ်ခါတစ်လေတော့လဲ ငယ်ရွယ်စဉ်အချိန်မှာ ဖြစ်တတ်ပါတယ်။ ဒကာကြီးလဲ ငယ်ရာက ကြီးလာတာပဲ၊ ပိုပြီး နားလည်မှာပါ”

 “နားလည်ပါတယ်၊ နားလည်လို့လဲ စိုးရိမ်မိတာပါ၊ မဖြစ်သင့်တာတွေ ဖြစ်မှာ စိုးတာပါဆရာလေးရယ်”

 “အင်း - တချို့လူတွေဆို ကိုယ်ကိုတိုင် ကိလေသာတောထဲတိုးနေတိုင်း ဦးဇင်းတွေ ဆရာလေးတွေကိုလဲ အဲ့ဒိလို တိုးနေတယ်ထင်ပြီး စွပ်စွဲကြတယ်၊ ဆရာလေးတွေ ဦးဇင်းတွေ စကားပြောတာ မတွေ့နဲ့၊ တွေ့တာနဲ့ သူတို့က ဘာတွေလဲ ဆိုပြီး သမုတ်ကြတယ်။ ကိုယ်ကိုတိုင် မိန်းကလေးဖြစ်နေပြီး ဆရာလေးတွေကို မိန်းမချင်းလဲ ကိုယ်ချင်းမစာ၊ သားသမီးချင်းလဲ ကိုယ်ချင်းမစာနဲ့ စွပ်စွဲ အပုပ်ချတဲ့ ဒကာမတွေလဲ အများကြီးဒကာကြီး။ ဗုဒ္ဓဘာသာမဟုတ်တဲ့သူ၊ ဘာသာရေးကို မသိတဲ့သူက ပြောတာဆိုရင်တောင် ခွင့်လွှတ်လို့ရသေးပေမယ့်....

 အဘိဓမ္မာတွေသင်ဖူးတယ်၊ ၀ိသုဒ်္ဓိမဂ်တွေ တက်နေတယ်ဆိုတဲ့ လူတွေရဲ့ စွပ်စွဲချက်တွေက ပိုပြီး ကြောက်စရာကောင်းနေတယ်။ 

ဝစီကံ အကုသိုလ်တွေကို သူတို့ မကြောက်ကြဘူး။ သူတို့ စွပ်စွဲနေတဲ့ အချိန်၊ အတင်းပြောနေတဲ့အချိန်မှာ ဟို ရဟန်းတွေ သီလရှင်တွေက စာကျက်
စာအံနေမယ်၊ ဘုရားဝတ်တက် နေမယ်၊ ပရိတ်ပဋ္ဌာန်းရွတ်နေမယ်ဆို သူတို့အတွက် အကုသိုလ်တွေက ကြီးလွန်းလှပါတယ်၊ ဒါကြောင့် ဒကာကြီးကို ဆရာလေးကတော့ အမြင်ကျယ်ကျယ်နဲ့ ကောင်းတဲ့ဘက်ကပဲ ကြည့်ပေးစေချင်တယ်”

  “ကြည့်ပါတယ်။ ကြည့်ပေးပါတယ်။ ဒါပေမယ့် ဆရာလေးရယ် ဘယ်လိုပြောမလဲ၊ ဒါတွေလုပ်နိုင်လို့ ဒီလိုနေနိုင်လို့ သာသနာ့ဘောင်ထဲ ရောက်လာပြီးမှ မနေနိုင်ပါဘူးဆိုရင် မနေနဲ့လေ၊ လူထွက်ပေါ့၊ မဟုတ်ဘူးလား၊ ငကန်းသေ ငဆွေပေါ်မှာပဲ၊ ဒီလူသွားရင် နောက်လူ လာမှာပဲလေ ၊ ဘယ်သူက သူတို့ကို အတင်းနေခိုင်းလို့လဲ”

 “ကောင်းပြီ - ဒကာကြီးက သာသနာကို ကြည်ညိုလဲ ကြည်ညိုတတ်တယ်၊ ဗုဒ္ဓစာပေတွေလဲ  လေ့လာထားတယ်ဆိုတော့ ဒကာကြီးက ရှစ်ပါးသီလ ထိန်းမှာပေါ့နော်”

 “ဟာ - ဆရာလေးကလဲ၊ ရှစ်ပါးသီလတော့ ဘယ်ထိန်းနိုင်ပါ့မလဲ၊ ငါးပါးသီလပေါ့၊ ဒါတောင် တစ်ခါတစ်လေ စီးပွားရေးလုပ်နေတာဆိုတော့ မုသာဝါဒက သိပ်မလွတ်ချင်ဘူး။ ပင်ပန်းတဲ့အခါ သူငယ်ချင်းတွေနဲ့ဆုံတဲ့အခါလဲ သုရာမေရယလေးက ပါချင်သေး၊ ဟား ဟား လူတွေဆိုတော့ ဆရာလေးရေ ငါးပါးတောင် မနဲထိန်းရနေရတယ်၊ ရှစ်ပါးဆိုရင်တော့ ဟား ဟား”

 “အင်း ရဟန်းတွေကလေ နေ့တိုင်း ၂၂၇သွယ်သော သိက္ခာပုဒ်တွေကို ထိန်းရတယ်၊ ခုဒ္ဒါနု ခုဒ္ဒက အသေးငယ်ဆုံးသော သိက္ခာပုဒ်လေးတွေကို ပယ်ချင်ရင်ပယ်လို့ ဘုရားရှင် မိန့်ခဲ့တာတောင်မှ မပယ်ဘဲ နှစ်ပေါင်းထောင်ချီအောင် ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်၊ ဆရာလေးတွေကလဲ ရှစ်ပါးသီလကို နေ့စဉ်ထိန်းရတယ်။ 

သိက္ခာပုဒ်တွေ သီလတွေကို နေ့စဉ်စောင့်ထိန်းရုံတင်မဟုတ်ဘဲ ဘုရားစကားတော်တွေ အဆုံးအမတွေကို မပျောက်ပျက်အောင်လဲ လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ကြရတယ်၊ သူတို့တာဝန် တွေက ပေါ့သေးသေးမဟုတ်ဘူး။ 

ဒကာ ဒကာမ လှူတာ တန်းတာတွေကို အဆင်သင့်အေးအေးဆေးဆေး စားပြီး နှပ်နေတယ်လို့ မထင်နဲ့၊ အဲ့လို အချောင်နေ အချောင်စားရင်လဲ သံတွေခဲကို စားနေရသလိုပဲ နောင်ဘ၀ ခန္ဓာနဲ့ ပြန်ဆပ်ရမယ်လို့ ဘုရားရှင်က မိန့်ခဲ့တာ၊ သူတို့မှာ သူတို့စားတာနဲ့ တန်အောင်ပြန်ပေးဆပ်ရတယ်၊ သာသနာအတွက် လုပ်ရတယ်၊ 

ဒါနဲ့ စကားမစပ် မေးရဦးမယ်၊ ဒကာကြီးတို့ ငယ်ငယ်က ရုပ်သေးပွဲတွေ ကြည့်ဖူးသလား”

 “ဟာ ကြည့်ဖူးတာပေါ့၊ ငယ်ငယ်က ရုပ်သေးပွဲ ကြည့်ရမယ်ဆို ထမင်းမစား ဟင်းမစားနဲ့ကို ကြည့်တာ”

 “ဘယ်နားကနေကြည့်လဲ ဟိုလေ - ဥပမာ ဇာတ်စင်နားကလား၊ အဝေးကြီးကနေလား”

 “တစ်ခါတစ်လေလဲ တိုးရင်းတိုးရင်းနဲ့ ဇာတ်စင်အောက်နားရောက်သွားပြီး ရှေ့ဆုံးကနေ ကြည့်ရတယ်။ တစ်ခါတစ်လေကျတော့ ရောက်တာ နောက်ကျသွားရင် နေရာမရတော့ ဟိုးနောက်ဆုံး အဖေ့ပုခုံးပေါ်ကနေကြည့်ရတယ်။ ဟိုးတုန်းကတော့ ဗလာပွဲတွေကိုး၊ ဘုရားပွဲရှိပြီဆို ရွာနီးချုပ်စပ်က အကုန်လာကြတာဆိုတော့ နေရာကောင်းကောင်းလိုချင်ရင် နေ့လည်ဘက်ထဲက ဂုံနီအိတ်လေးတွေသွားခင်း ထားတာပဲ၊ အဲ့ဒါဆို ကိုယ်လိုချင်တဲ့နေရာ မနီးမဝေးကရတော့ အဆင့်ကို ပြေနေတာ၊ ခုတော့ ရုပ်သေးပွဲတွေလည်း မရှိတော့ပါဘူး”

 “ဇာတ်စင်အောက်နီးနီးနားနားက ကြည့်ရတာ ပိုအဆင်မပြေဘူးလား”

“ဘယ်ကအဆင်ပြေရမလဲ ဆရာလေးကလဲ။ နီးလွန်းအားကြီးတော့ မော့ပြီးတော့လဲ ကြည့်ရသေးတယ်၊ အရုပ်မှာ တပ်ထားတဲ့ ကြိုးတွေကလဲ ရှုပ်ရှက်ခတ်နေ၊ ကြိုးဆွဲဆရာကိုလဲ မြင်နေရတော့ ဘာကြည့်လို့ ကြည့်ရမှန်းမသိဘူး။ အရုပ်ကြည့်ရမလိုလို ကြိုးဆွဲဆရာ ကြည့်ရမလိုလိုနဲ့”

 “ဒါဆို အဝေးကြီးကနေကြည့်တော့ ပို အဆင်ပြေမှာပေါ့၊ ကြိုးတွေ မမြင်ရတော့ဘူးလေ”

 “ဟာ ဆရာလေးကလဲ - အရုပ်လေးတွေက သေးသေးလေးတွေလေ၊ ဝေးလွန်းအားကြီးတော့လဲ ဘာမြင်ရမလဲ၊ မှုံတိမှုံဝါးနဲ့။ နေရာဦးနိုင်လို့ အလယ်ခေါင်မှာ ရရင်တော့ ဘာပြောကောင်းမလဲ မိုးအလင်းပြ မိုးလင်းတဲ့အထိ ကြည့်တာ၊ အဲ့လောက်ထိ တပည့်တော်က ရုပ်သေးပွဲကြိုက်တာ”

 “အင်း ဒကာ ဒကာမတွေလဲ ရဟန်းသံဃာတွေ ဆရာလေးတွေနဲ့ ဆက်ဆံမယ်ဆိုရင် ရုပ်သေးပွဲ ကြည့်သလို ဆက်ဆံရတယ်လို့ ဆရာလေး ကြားဖူးတယ်”

 “ဘယ်လို - ဘယ်လို ဆရာလေး”

 “ဒီလိုလေ ဒကာကြီး၊ သာသနာကို ကြည်ညိုလွန်းလို့သာ သာသနာ့ဘောင်ရောက်လာကြပေမယ့် ပုထုဇဉ်ပီပီ သူတို့မှာ အမှားလေးတွေရှိနိုင်ကြတယ်။ ရဟန်းသံဃာတွေနဲ့ နီးနီးစပ်စပ် ရင်းရင်းနှီးနှီးရှိလွန်းတဲ့အခါ အဲ့ဒိသေးငယ်တဲ့ အမှားလေးတွေကိုမြင်တဲ့  ဒကာ ဒကာမတွေရဲ့ မျက်စိထဲမှာ သူတို့ရဲ့ ကြီးမားတဲ့တာဝန်တွေကိုဖုံးကွယ်လိုက်ပြီး မပြစ်မှားသင့်တာတွေကို ပြစ်မှားလာကြတယ်၊ အရောဝင်လွန်းလို့ အရိုသေတန်တဲ့ သဘောပေါ့၊ ဇာတ်စင်အောက် အနီးကပ်ဆုံးနေရာက ကြည့်လို့ ကြိုးတွေကော၊ ကြိုးကိုင်တဲ့လက်ကောမြင်ပြီး အရုပ်ကို မမြင်တတ်၊ မကြည့်တတ်တော့သလိုပေါ့၊

 သာသနာမှာ အဓိကထားပြီး လုပ်ဆောင်နေရတဲ့ သိက္ခာသုံးရပ်ဆိုတဲ့ ရုပ်သေးရုပ်ထက် ညစာစားတာလေး ပျော်ပျော်ရွှင်ရွှင်နေတတ်တာလေးစတဲ့ ကြိုးတွေကို မြင်ပြီး ခေါင်းရှုပ်ရသလိုပဲပေါ့”

 “ဒါဆို အဝေးကြီးက ကြည့်တာကကော၊ အဲ့ဒါက ဘယ်လိုမျိုးလဲ ဆရာလေး”

 “သာသာနာတော်နဲ့  ဝေးလွန်းတော့လဲ ဘယ်လိုပြောရမလဲ၊ မိဘက ဗုဒ္ဓဘာသာမို့သာ ကိုယ်က ဗုဒ္ဓဘာသာဖြစ်လာတယ်၊ ဘုရားဂုဏ် ဘယ်နှစ်ပါးမှန်းမသိ၊ တရားဆိုတာ ဘာမှန်းမသိ၊ သံဃာတော်တွေ ဘယ်လို ကျင့်ကြံတယ်၊ အားထုတ်တယ်၊ ဘာလုပ်တယ်ဆိုတာ မသိတော့ ကြည်ညိုရမှန်း၊ လေးစားရမှန်းမသိဘူးပေါ့၊

 မသိတော့ မပြောသင့်တာတွေပြော၊ မလုပ်သင့်တာတွေလုပ်၊ ခုခေတ်ဆို ဖေ့စ်ဘွတ်တွေမှာ ပိုပြီး မြင်နိုင်တယ်၊ ကိုယ့်စိတ်နဲ့ မကိုက်ရင် ရဟန်းသံဃာသော ဘာသော နားမလည်ဘူး။ ဆဲချင်ရင် ဆဲလိုက်တာပဲ၊ သီလရှင်မှန်းသိရက်နဲ့လဲ ကြောင်ချင်ရင် ကြောင်နေကြတာပဲ၊ ကြောင်လို့မရရင် ဆဲတော့တာပဲ။ တော်တော်ကြောက်ဖို့ကောင်းတယ်၊

 ဗုဒ္ဓဘာသာအမည်ခံပြီး၊ အဲ့လို လူမျိုးတွေကို တွေ့ရင် ဗုဒ္ဓကို အားနာမိတယ်။ အဲ့ဒါကြောင့် ရဟန်းသံဃာတွေနဲ့ ဆက်ဆံမယ်ဆိုရင် မနီးမဝေးလေးကနေ လိုအပ်တာလေး ထောက်ပံ့၊ တတ်နိုင်တာလေးလှူ၊ သူတို့ အနေမတတ်တာ သူတို့ အကြောင်းလေ၊ ကိုယ်က အကုသိုလ် မဖြစ်စေနဲ့ပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် ရဟန်းမှန်သမျှ သီလရှိပါတယ်။

 သူတို့ကြောင့်သာ ဒကာကြီးတို့ တရားတော်တွေကို နာကြားခွင့်ရနေတာ၊ သိခွင့်ရနေတာလေ၊ သူတို့ကျင့်ကြံမှုရဲ့ အပုံတစ်ရာ ပုံလို့ တစ်ပုံလောက်တောင် ဒကာကြီးတို့ မလုပ်နိုင်ပါဘူး။ စွန့်လဲ မစွန့်နိုင်ပါဘူး။ 

အဲ့ဒါကြောင့် နှမ်းစေ့လောက်ရှိတဲ့ အပြစ်လေးကို ကြည့်မယ့်အစား မြင့်မိုရ်တောင်လောက်ရှိတဲ့ ဂုဏ်ကို မြင်အောင် ကြည့်ပါလို့ ပြောချင်တာပါ၊ ဒကာကြီးလည်း ပညာတတ်တစ်ယောက်ပဲ၊ နားလည်နိုင်မှာပါ"

 “မှန်ပါ့ မှန်ပါ့ဘုရား၊ ကျေးဇူးတင်ပါတယ် ဆရာလေး၊ ကျေးဇူးပါဘုရား၊ တပည့်တော် ခုမှ သာသနာတော်နဲ့ ဘယ်လို ဆက်ဆံရမလဲဆိုတာ ကောင်းကောင်းနားလည်သွားပါပြီ ကျေးဇူးပါဘုရား”

 “ရပါတယ် ဒကာကြီး၊ လူပုဂ်္ဂိုလ်တစ်ယောက်အနေနဲ့ ဘုရားရှင်ရဲ့ တရားတော်တွေကို စိတ်ဝင်တစား သင်အံလေ့လာတယ်ဆိုတာကို သိရလို့ ၀မ်းသာပါတယ်။ 

ဆက်ပြီးတော့ လေ့လဲ လေ့လာ၊ သိအောင်လဲ လုပ်၊ သိတဲ့အတိုင်းလဲ ကျင့်ပေါ့၊ ကံကောင်းလို့ သာသနာတော်နဲ့တွေ့ပြီး သာသနာကို ကြည်ညိုခွင့်ရတာလေ၊ အရတော်တာကို ရတာမလျော် စေနဲ့ပေါ့။

အင်း စကားပြောလို့လဲ
 ကောင်းတယ်။ ကားဂိတ်လဲ ရောက်ပြီ၊ သွားတော့မယ်နော် ဒကာကြီး”

 “မှန်ပါ့ဘုရား မှန်ပါ့၊ ဂရုစိုက်သွားပါဘုရား”

 လက်အုပ်လေးတချီချီနဲ့ ပြုံးပြီးငေးကြည့်နေမယ်ဆိုတာ လှည်ြ့ကည့်စရာမလိုဘဲနဲ့ ကျွန်မသိနေခဲ့ပါတယ်။

 မြတ်စွာဘုရားရှင်က မာန် မာနကျအောင် တရားတော်တွေကို ဟောခဲ့ပေမယ့် တရားတော်တွေကို သင်ယူနေတဲ့သူတွေကတော့ ဂုဏ်တုဂုဏ်ပြိုင်လုပ်နေကြတာကို တွေ့နေရတယ်။

 “နင်က အဘိဓမ္မာလောက်တတ်တာ၊ ငါက ယမိုက် ပဋ္ဌာန်းပြီးပြီ၊ ၀ိသုဒ်္ဓိမဂ်လဲ ပြီးပြီ၊ 

 ဒီဘုန်းကြီးတွေတတ်သလောက် ဒို့လည်း တတ်ပါတယ်၊ သူတို့ သိသလောက် ဒို့လည်းသိပါတယ်”ဆိုပြီး ....
တချို့ ဒကာ ဒကာမတွေက နှိုင်းယှဉ်ကြတယ်၊

 ဒီလို စာသင်နည်းတွေကို မြတ်စွာဘုရားကတော့အလဂဒ္ဒူပမာ -
မြွေဖမ်းတဲ့စာသင်နည်းလို့ ဟောခဲ့တယ်။ မြွေလိုချင်လို့ မြွေဖမ်းသွားတဲ့သူက မြွေဟောက်ကြီးကို မြင်တော့ ၀မ်းသာအားရ ခါးကနေဖမ်းတယ်၊ အမြီးကနေ ဖမ်းတယ်၊ အဲ့ဒိတော့ မြွေကိုက်တာ ခံရတာပေါ့။ 

ခုလဲ အနည်းအကျဉ်း စာသိလေးသိရင် ငါသိ ငါတတ် လုပ်နေသမျှ ကုသလော အကုသလဿ ဖြစ်နေတာကို  မသိရှာကြတော့ဘူးပေါ့။

   အော် သူတို့ခင်ဗျာ ဒီလောက်ခက်တဲ့  စာပေတွေကို ခက်ခက်ခဲခဲ လေ့လာ ကျက်မှတ်နေရတာပါလား ဆိုတဲ့ ကိုယ်ချင်းစာတတ်တဲ့သူက အနဲအကျဉ်းလေးပဲ ရှိတာမို့ ကားမောင်းတဲ့ ဒကာကြီး အမှန်ကို မြင်သလို ကျန်တဲ့ ဒကာ ဒကာမတွေလဲ သာသနာအပေါ်မှာ လိုအပ်ချက်တွေကို ဖြည့်တွေးပေးလို့ အမှန်ကို မြင်နိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးရင်း....

 ရှေ့ဆက်လျှောက်ရမယ့် လမ်းက အဝေးကြီးရှိသေးတာမို့ ကျောခိုင်းသင့်တဲ့ အရာတွေကို ကျောခိုင်းလို့ ကျွန်မ ကိုယ့်လမ်းကို ဆက်လျှောက်ခဲ့ပါတော့တယ်။

Credit.... 
ဒေါင်းဖြူသွေးး

ကုသိုလ်ပြုတိုင်း နတ်တွေကို အမျှဝေပါ

ကုသိုလ်ပြုတိုင်း
************
     နတ်တွေကို အမျှပေးဝေပါ
*******************

        ကုသိုလ်ကောင်းမှုတွေပြုပြီး နတ်တွေကို
     အမျှပေးဝေရင် နတ်တွေက လူတွေကို
     ပြန်စောင့်ရှောက်တယ်ဆိုတာ
     `မဟာပရိနိဗ္ဗာနသုတ်´ မှာလည်း မြတ်စွာဘုရားက
     ဂါထာလေးတွေနဲ့ သေချာဟောပြထားတာပါ။
     နတ်တွေကို အမျှဝေရင် ကိုယ့်အတွက်
     ကောင်းကျိုးဖြစ်စေတာတော့ အမှန်ပါပဲ။
     ကိုယ်က သူတို့ကို မမြင်ရ မကြားရပေမယ့်
     နတ်တွေကတော့ ကိုယ်ပြုနေတာတွေ
     ကိုယ်ပြောနေတာတွေကို မြင်နေ ကြားနေတာပါ။

        သေးသေးဖွဲဖွဲ ကုသိုလ်လေးတွေကအစ
     နတ်တွေကို အမျှပေးဝေရမှာပါပဲ။
     သေးပေမယ့် သာဓုခေါ်ရတဲ့နတ်မှာတော့
     ကောင်းကျိုးကြီးကြီး ရသွားတော့တာပါ။
     ကိုယ်အမျှပေးဝေလို့ စည်းစိမ်တိုးသွားတဲ့နတ်တွေက
     ကိုယ့်ကို ပစ်မထားပါဘူး။ အခွင့်သင့်တဲ့တစ်နေ့မှာ
     ပြန်ကူညီမှာပါ။

        ဒီတော့ ဘယ်ကုသိုလ်ပြုပြု နတ်တွေကို
     အမျှပေးဝေတာတော့ အကောင်းဆုံးပါပဲ။
     ဘုရားပန်းကပ်တာဖြစ်ဖြစ်၊ ဆီးမီးပူဇော်တာပဲဖြစ်ဖြစ်
     အမျှဝေလို့ရပါတယ်။ နောက်ဆုံး ကိုယ့်မိတ်ဆွေကို
     ကော်ဖီတိုက်တာလေးကိုလည်း အမျှဝေလို့ရတာပါပဲ။
     ကုသိုလ်ပြုလို့လည်း ကောင်းကျိုးတွေဖြစ်၊
     နတ်တွေကို အမျှဝေလို့လည်း ကောင်းကျိုးတွေဖြစ်နဲ့
     ကောင်းကျိုးတွေ ဆင့်နေတော့တာပါ။

        `ကုသိုလ်မပြတ် ဖြစ်ပါစေ´ ဆိုတဲ့
     မဟာစည်ဆရာတော်ဘုရားကြီးရဲ့ သြဝါဒအတိုင်း
     ကုသိုလ်တွေ မပြတ်ဖြစ်နေရင် အကုသိုလ်ဖြစ်ခွင့်လည်း
     နည်းနေတော့တာပါ။ ကုသိုလ်ပြတ်ချိန်ကို
     အကုသိုလ်က ချောင်ထဲက ချောင်းနေတာပါ။
     ကုသိုလ်ပြတ်မှ သူကဝင်လို့ရမှာပါ။
     ဒါကြောင့် ကုသိုလ်မပြတ်ဖြစ်နေရင် အကုသိုလ်ကို
     တားထားရာလည်း ရောက်ပါတယ်။

        ဘာပဲပြောပြော ကုသိုလ်တွေ မပြတ်စေဘဲ
     ပြုတဲ့ကုသိုလ်တိုင်းကို နတ်တွေကို
     အမျှပေးဝေ လိုက်ဖို့ပါပဲလေ။

     ဆရာတော် အရှင်ရာဇိန္ဒ
     (ရဝေနွယ် -အင်းမ)

Phyo thu
Credit. To. ရွတ်ဆိုပွားများ ဂါထာတော်များ

Thursday, April 16, 2020

စိတ်ဖိစီးမှုကိုဘယ်လိုလျော့ချမလဲ

🔅1️⃣3️⃣6️⃣#မကောင်းသူကိုကဲ့ရဲ့လျှင်အပြစ်ဖြစ်ပါသလား🔅
➖➖➖➖➖➖➖➖➖➖➖➖

     ဝိနည်းပိဋကတ် စာမျက်နှာ အတော်များများ၌ တွေ့ရမည်မှာ ဥဇ္စျာယျန္တိ ခိယန္တိ (ကဲ့ရဲ့ကြကုန်၏) ဟူသော စကားပင်ဖြစ်၏။

          ကဲ့ရဲ့ပြစ်တင်မှု ဟူသည် လူ့စရိုက်အားလျော်စွာ အမျိုးမျိုးရှိတတ်၏။ မည်သို့ပင် ကွဲပြားပါစေ အချုပ်အားဖြင့် ဆိုရလျှင် သုံးမျိုးသာ ရှိ၏။

၁။ ကြိယာစိတ်ဖြင့် ကဲ့ရဲ့ခြင်း 

၂။ကုသိုလ်စိတ်ဖြင့် ကဲ့ရဲ့ခြင်း၊

၃။ ဒေါသစိတ်ဖြင့် ကဲ့ရဲ့ခြင်း ၊

               ဘုရားရဟန္တာများက ကဲ့ရဲ့လျှင် ကြိယာစိတ်ဖြင့် ကဲ့ရဲ့တော်မူကြ၍ ပုထုဇဉ်တို့က ကဲ့ရဲ့လျှင် ကုသိုလ်စိတ်၊ အကုသိုလ်စိတ် နှစ်မျိုးဖြင့် ကဲ့ရဲ့တတ်ကြ၏။ 

        ⛔ကဲ့ရဲ့တိုင်း အကုသိုလ်ဖြစ်၏ ဟု မမှတ်ထိုက်။ ကဲ့ရဲ့သူ၏ စိတ်နေစိတ်ထားအား လျော်စွာ ကုသိုလ်၊ အကုသိုလ် ဟူ၍ နှစ်မျိုးရှိသည်ကို သတိ ပြုသင့်၏။⛔

        လောက၌ မကောင်းမှုနှင့် မကောင်းသူကို ကဲ့ရဲ့သော အလုပ်ဟူသည် လုပ်သင့်သော အလုပ်ဟုပင် ဆိုထိုက် ၏။

          ကဲ့ရဲ့ပြစ်တင်သူ ရှိမှသာ လျှင် လောက၌ မကောင်းမှုတို့ကို ပေါ်ပေါ်ထင်ထင် လုပ်ဝံ့မည် မဟုတ်။ 

               ပြောမည့်သူမရှိလျှင် လောက၌ ဒုစရိုက်များနှင့် ၊
ဒုစရိုက်သမားများ ပေါများလာရုံသည်သာမက ပေါ်ပေါ်ထင်ထင် လုပ်ဝံ့လာကြ
ပေလိမ့်မည်။

   ထို့ကြောင့် ထိုသို့ မကောင်း မှုနှင့် မကောင်းသူကို ကဲ့ရဲသောအလုပ်ကို ဘုရားရဟန္တာ တို့ပင် ပြုလုပ်တော်မူလေ့ရှိသည်ကို ထိုထိုသုတ္တန်နှင့် ဝိနည်းတော်များ၌ များစွာ တွေ့နိုင်၏။

  သဂါထာဝဂ္ဂပါဠိတော်၊သုသိ  မ သုတ်တော်၊ ၆၂ ၌ -

         အရှင်အာနန္ဒသဘောကျ ကြည်ညို အားကျသော အရှင်သာရိပုတ္တ၏ဂုဏ်များထဲတွင်" #ပါပဂရဟီ” ဟူသော ဂုဏ်နှင့် “#စောဒက' ဟူသော ဂုဏ် နှစ်
ခု ပါဝင်၏။

- #ပါပဂရဟီ ဟူသည် -  

      မကောင်းမှုနှင့် မကောင်းမှု ပြုသူတို့ကို ကဲ့ရဲ့ရှုတ်ချ
မှုကို ဆိုလိုကြောင်း သဂါထာဝဂ္ဂ အဋ္ဌကထာ၊ ၁၁၄ ၌ဖွင့်ဆိုထားလေ၏။

     လူယုတ်မာ ရဟန်းယုတ်မာတို့ကို မမြင်လို၊ ထိုယုတ်မာသူတို့၏ စကားကို မကြားလို၊ ဖြစ်နိုင်လျှင် စကြာဝဠာတစ်ခုထဲ၌ပင် အတူမနေလိုသူများဟာလည်း "ပါပဂရဟီ” ယုတ်မာမူနှင့် ယုတ်မာသူတို့ကို ကဲ့ရဲ့သူ ဖြစ်ကြောင်း ဖွင့်ဆိုထားသေး၏။

         “#စောဒက " ဟူသည် အမြင်မတော်သည်တို့ကို မြင်ရကြားရလျှင်  “ရဟန်းဟူသည် ဤသို့ ဝတ်ရမည်။ ဤသို့ နေရမည်။ ဤသို့ သွားရမည်၊ ဤသို့ မနေသင့်' စသည်ဖြင့် ပြောဆို ဆုံးမဲ့ခြင်းပင် ဖြစ်၏။

             အရှင်သာရိပုတ္တသည် ထိုသို့သော သူ ဖြစ်၏။ အရှင်သာရိပုတ္တ သာမကအရှင်စက္ခုပါလသည်လည်း မကောင်းမှု နှင့် မကောင်းသူကို ကဲ့ရဲ့သူဖြစ်ကြောင်း ဓမ္မပဒဋ္ဌကထာတွင် ပါပဂရဟီ အယံ ပါလော ဟူ၍ မိန့်တော်မူ၏။

           ဝိနည်းတော်တွင်လည်း ရဟန်း တို့နှင့် မသင့်လျော်သော အမှုတို့ကို တွေ့ကြ မြင်ကြရလျှင် ရှေးဦးစွာ လူတို့က ကဲ့ရဲ့ ပြစ်တင်ကြ၏။ လူတို့ထံမှ သတင်း ကြားရ၍ သီလကို ချစ်မြတ်သော ရဟန်းတို့ကလည်း ကဲ့ရဲ့တော်မူကြ၏။

  ရဟန်းတို့၏ လျှောက်ထား ချက်အရ မေးမြန်းစစ်ဆေး၍ ဘုရားရှင်သည်လည်း ကဲ့ရဲ့ တော်မူ၏။

      ဤကားဝိနည်းပါဠိတော်၌ တွေ့ရသော ကဲ့ရဲ့ပြစ်တင်မှု အဆင့်ဆင့် ဖြစ်၏။

     ❤️ အချုပ်အားဖြင့် ဆိုရလျှင်မကောင်းမှုနှင့် မကောင်းသူကို ကဲ့ရဲ့မှုသည်လိုအပ်၏။ ❤️

        သို့သော် လောက၌ အဓမ္မ အဝိနယ မထွန်းကားရေးအတွက် ကဲ့ရဲ့မှုမျိုး ဖြစ်သင့်၏။ သို့မှသာ ကုသိုလ်စိတ်ဖြင့် ကဲ့ရဲ့ရာ ရောက်ပေမည်။

🌺#သာသနာပြုရန်လမ်းကြောင်းမှန်အရှင်အဘယာလင်္ကာရ🌺

မကောင်းသူကိုကဲ့ရဲ့လျှင် အပြစ်ဖြစ်ပါသလား

🔅1️⃣3️⃣6️⃣#မကောင်းသူကိုကဲ့ရဲ့လျှင်အပြစ်ဖြစ်ပါသလား🔅
➖➖➖➖➖➖➖➖➖➖➖➖

     ဝိနည်းပိဋကတ် စာမျက်နှာ အတော်များများ၌ တွေ့ရမည်မှာ ဥဇ္စျာယျန္တိ ခိယန္တိ (ကဲ့ရဲ့ကြကုန်၏) ဟူသော စကားပင်ဖြစ်၏။

          ကဲ့ရဲ့ပြစ်တင်မှု ဟူသည် လူ့စရိုက်အားလျော်စွာ အမျိုးမျိုးရှိတတ်၏။ မည်သို့ပင် ကွဲပြားပါစေ အချုပ်အားဖြင့် ဆိုရလျှင် သုံးမျိုးသာ ရှိ၏။

၁။ ကြိယာစိတ်ဖြင့် ကဲ့ရဲ့ခြင်း 

၂။ကုသိုလ်စိတ်ဖြင့် ကဲ့ရဲ့ခြင်း၊

၃။ ဒေါသစိတ်ဖြင့် ကဲ့ရဲ့ခြင်း ၊

               ဘုရားရဟန္တာများက ကဲ့ရဲ့လျှင် ကြိယာစိတ်ဖြင့် ကဲ့ရဲ့တော်မူကြ၍ ပုထုဇဉ်တို့က ကဲ့ရဲ့လျှင် ကုသိုလ်စိတ်၊ အကုသိုလ်စိတ် နှစ်မျိုးဖြင့် ကဲ့ရဲ့တတ်ကြ၏။ 

        ⛔ကဲ့ရဲ့တိုင်း အကုသိုလ်ဖြစ်၏ ဟု မမှတ်ထိုက်။ ကဲ့ရဲ့သူ၏ စိတ်နေစိတ်ထားအား လျော်စွာ ကုသိုလ်၊ အကုသိုလ် ဟူ၍ နှစ်မျိုးရှိသည်ကို သတိ ပြုသင့်၏။⛔

        လောက၌ မကောင်းမှုနှင့် မကောင်းသူကို ကဲ့ရဲ့သော အလုပ်ဟူသည် လုပ်သင့်သော အလုပ်ဟုပင် ဆိုထိုက် ၏။

          ကဲ့ရဲ့ပြစ်တင်သူ ရှိမှသာ လျှင် လောက၌ မကောင်းမှုတို့ကို ပေါ်ပေါ်ထင်ထင် လုပ်ဝံ့မည် မဟုတ်။ 

               ပြောမည့်သူမရှိလျှင် လောက၌ ဒုစရိုက်များနှင့် ၊
ဒုစရိုက်သမားများ ပေါများလာရုံသည်သာမက ပေါ်ပေါ်ထင်ထင် လုပ်ဝံ့လာကြ
ပေလိမ့်မည်။

   ထို့ကြောင့် ထိုသို့ မကောင်း မှုနှင့် မကောင်းသူကို ကဲ့ရဲသောအလုပ်ကို ဘုရားရဟန္တာ တို့ပင် ပြုလုပ်တော်မူလေ့ရှိသည်ကို ထိုထိုသုတ္တန်နှင့် ဝိနည်းတော်များ၌ များစွာ တွေ့နိုင်၏။

  သဂါထာဝဂ္ဂပါဠိတော်၊သုသိ  မ သုတ်တော်၊ ၆၂ ၌ -

         အရှင်အာနန္ဒသဘောကျ ကြည်ညို အားကျသော အရှင်သာရိပုတ္တ၏ဂုဏ်များထဲတွင်" #ပါပဂရဟီ” ဟူသော ဂုဏ်နှင့် “#စောဒက' ဟူသော ဂုဏ် နှစ်
ခု ပါဝင်၏။

- #ပါပဂရဟီ ဟူသည် -  

      မကောင်းမှုနှင့် မကောင်းမှု ပြုသူတို့ကို ကဲ့ရဲ့ရှုတ်ချ
မှုကို ဆိုလိုကြောင်း သဂါထာဝဂ္ဂ အဋ္ဌကထာ၊ ၁၁၄ ၌ဖွင့်ဆိုထားလေ၏။

     လူယုတ်မာ ရဟန်းယုတ်မာတို့ကို မမြင်လို၊ ထိုယုတ်မာသူတို့၏ စကားကို မကြားလို၊ ဖြစ်နိုင်လျှင် စကြာဝဠာတစ်ခုထဲ၌ပင် အတူမနေလိုသူများဟာလည်း "ပါပဂရဟီ” ယုတ်မာမူနှင့် ယုတ်မာသူတို့ကို ကဲ့ရဲ့သူ ဖြစ်ကြောင်း ဖွင့်ဆိုထားသေး၏။

         “#စောဒက " ဟူသည် အမြင်မတော်သည်တို့ကို မြင်ရကြားရလျှင်  “ရဟန်းဟူသည် ဤသို့ ဝတ်ရမည်။ ဤသို့ နေရမည်။ ဤသို့ သွားရမည်၊ ဤသို့ မနေသင့်' စသည်ဖြင့် ပြောဆို ဆုံးမဲ့ခြင်းပင် ဖြစ်၏။

             အရှင်သာရိပုတ္တသည် ထိုသို့သော သူ ဖြစ်၏။ အရှင်သာရိပုတ္တ သာမကအရှင်စက္ခုပါလသည်လည်း မကောင်းမှု နှင့် မကောင်းသူကို ကဲ့ရဲ့သူဖြစ်ကြောင်း ဓမ္မပဒဋ္ဌကထာတွင် ပါပဂရဟီ အယံ ပါလော ဟူ၍ မိန့်တော်မူ၏။

           ဝိနည်းတော်တွင်လည်း ရဟန်း တို့နှင့် မသင့်လျော်သော အမှုတို့ကို တွေ့ကြ မြင်ကြရလျှင် ရှေးဦးစွာ လူတို့က ကဲ့ရဲ့ ပြစ်တင်ကြ၏။ လူတို့ထံမှ သတင်း ကြားရ၍ သီလကို ချစ်မြတ်သော ရဟန်းတို့ကလည်း ကဲ့ရဲ့တော်မူကြ၏။

  ရဟန်းတို့၏ လျှောက်ထား ချက်အရ မေးမြန်းစစ်ဆေး၍ ဘုရားရှင်သည်လည်း ကဲ့ရဲ့ တော်မူ၏။

      ဤကားဝိနည်းပါဠိတော်၌ တွေ့ရသော ကဲ့ရဲ့ပြစ်တင်မှု အဆင့်ဆင့် ဖြစ်၏။

     ❤️ အချုပ်အားဖြင့် ဆိုရလျှင်မကောင်းမှုနှင့် မကောင်းသူကို ကဲ့ရဲ့မှုသည်လိုအပ်၏။ ❤️

        သို့သော် လောက၌ အဓမ္မ အဝိနယ မထွန်းကားရေးအတွက် ကဲ့ရဲ့မှုမျိုး ဖြစ်သင့်၏။ သို့မှသာ ကုသိုလ်စိတ်ဖြင့် ကဲ့ရဲ့ရာ ရောက်ပေမည်။

🌺#သာသနာပြုရန်လမ်းကြောင်းမှန်အရှင်အဘယာလင်္ကာရ🌺

Thursday, April 9, 2020

ကွယ်စေချင်ရင် ကာရတယ်

" ကွယ်စေချင်ရင် ကာရတယ် "
🙏🙏🙏🙏🙏🙏🙏🙏🙏🙏

မြတ်စွာဘုရားသာသနာမှာ ယူတတ်သုံးတတ် သူတွေအတွက် မဟာဖြေဆေးတော်ကြီး ရှိပါတယ်။

အဲဒီ ဆေးတော်ကြီးကို ရဖို့ဆိုရင် ပိုက်ဆံမကုန်ပါဘူး။ သဒ္ဓါတရားစစ်စစ်နဲ့ တူးဖော်လို့ ရပါတယ်။

အဲဒီ ဆေးတော်ကြီး အစွမ်းထက်ဖို့ဆိုရင် ပင်ပင်ပန်းပန်း သိဒ္ဓိတင်နေစရာ မလိုပါဘူး။ ကိုယ်ကျင့် ငါးပါးသီလ လုံလုံခြုံရုံနဲ့ အစွမ်းထက်ပါတယ်။

အဲဒီ ဆေးတော်ကြီး လက်ထဲရောက်ဖို့ဆိုရင် အဝေးကြီးမှာ ရှာနေစရာ မလိုပါဘူး အိမ်ကဘုရားစင်ရှေ့မှာ ခန္တာကိုယ် သန့်သန့်ရှင်းရှင်း ထားပြီး သမာဓိလေးတည်ငြိမ်အောင် ထားကာ သစ္စာပြုပြီး ယူလို့ရပါတယ်။

သဒ္ဓါတရားစစ် ကိုယ်ကျင့်သီလလုံ ယုံကြည်မှုလဲ ထားမယ်ဆိုရင် မိမိလက်က ဆေးဖြစ်ပါတယ်။ သောက် မည့်ရေက ဆေးဖြစ်ပါတယ်။ ရောက် မည့်ဘေးက ဝေးလွင့်ကွာတယ်။ စားမည့်အစာက ဆေးဖြစ်ပါတယ်။

ဓမ္မနည်းနဲ့ ကုသခဲ့လို့ ရောဂါ ပျောက်ကင်းသူတွေ ဓမ္မနည်းကို အသုံးချခဲ့လို့ အန္တရာယ်ကင်းတဲ့သူတွေ ဓမ္မဆေးကို သောက်ခဲ့လို့ အရူးပျောက်ဖူးသူတွေ မြတ်စွာဘုရားသာသနာတော်မှာ အများကြီး သက်သေ အထင်အရှား ရှိပါတယ်။

အရှင်အာနန္ဒာ၏ ပရိတ်တရားတော်ကြောင့် ဝေသာလီပြည်ကြီး တစ်ခုလုံး ကပ်ရောဂါဘေးကြီးမှ ဝေးကွာခဲ့ဖူးပါတယ်။

နမော ဗုဒ္ဓဿလေး တစ်ပုဒ်ကြောင့် လူမမယ် ကလေးငယ်လေး တစ်ဦး ဘီလူးဘေးမှ ကင်းဝေးဖူးခဲ့ပါတယ်။

ဒါတွေက ဘုရားလက်ထက်လေ ခုဘယ်လိုဖြစ်နိုင်မှာတုန်းလို့ စောဒကတက်စရာ ရှိပါတယ်။

မြန်မာနိုင်ငံမှာ ကပ်ရောဂါကြီး ဖြစ်စဉ်က လယ်တီဆရာတော်ဘုရားကြီး ဦးဆောင်တဲ့ သံဃာတော် အရှင်သူမြတ်များ တားဆီးပေးဖူးခဲ့လို့ ပျောက်ကင်းခဲ့တဲ့ သာဓက တွေ..... 

အရှိန်ပြင်းပြင်း ဒေါသတကြီးနဲ့ ရန်မူတိုက်ခိုက်နေတဲ့ နွားနှစ်ကောင်ကို ဝေဘူဆရာတော်ဘုရားကြီးမှ မေတ္တာအစွမ်းနဲ့ ရပ်တန့်စေခဲ့ဖူးတဲ့ သာဓကတွေ.....

ပရိတ်ရေကို ပွက်ပွက်ဆူစေခဲ့ဖူးတဲ့ တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီးရဲ့ သာဓကတွေ.......

အောင်ခြင်းရှစ်ပါးကို အဆောင်အဖြစ် ဦးထုပ်ခမောက် မှာ ရေးထိုးပြီး ရန်သူ၏ တပ်တွေကို အကြိမ်ကြိမ် ထွက်ပြေးစေခဲ့ဖူးတဲ့ ပခုက္ကူခံတပ် ဗိုလ်ကြီးရဲ့ သာ ဓကတွေ.....

မဟာစည်ဆရာတော်ဘုရားကြီး ဩဝါဒနှင့်အညီ တရားဓမ္မထိုင်ရင်း ဆရာဝန်လက်လျော့လိုက်ရတဲ့ ရောဂါကြီးကို သက်သာသွားစေတဲ့ သာဓကတွေ စသဖြင့် အများကြီး ရှိခဲ့ဖူးပါတယ်။

နောက်ပြီး မမြင်နိုင်တဲ့ စွမ်းအားရှင်တွေဟာ သာသနာတော်ကို ချစ်မြတ်နိုးပြီး ရတနာသုံးပါးကို အမြဲမပြတ် ဆည်းကပ်တတ်တဲ့ ပုဂ္ဂိုလ်ကို စောင့်ရှောက်တတ်ဖူးတယ် ဆိုတာလဲ လက်တွေ့ သာဓကတွေ စသဖြင့် အများကြီး ရှိခဲ့ဖူးပါတယ်။

မြတ်စွာဘုရား သာသနာတော်မှာ အရိယာသူတော်စင်တွေ အမြဲရှိပါတယ်။

ဓမ္မဓာတ် ရင်ထဲကိန်းနေသူမှာ အန္တရာယ်နဲ့ ကြုံခဲ့ရင် အရိယာသူတော်စင်တွေဟာ ပြစ်မထားတတ်ကြပါဘူး။

လိုက်နိုင်မှ ခေါ်လို့ရ၊ စားနိုင်မှ ကျွေးလို့ရ ဆိုသလို ဓမ္မဓာတ် ရင်ထဲ ကိန်းမှသာလျှင် ကယ်လို့ရပါတယ်။

လူခြင်းတူသော်လည်း အကျင့်စရိုက်ခြင်း ကွဲပြားနေခဲ့သော် ကယ်လို့ မရနိုင်ပါဘူး။

ဓမ္မမှာ စွမ်းအားတွေ အများကြီး ရှိပါတယ်။ အဲဒီ စွမ်းအားတွေကို သီလနဲ့ ထုပ်ယူသုံးစွဲရပါမယ်။

အိမ်မှာပဲနေနေ တောမှာပဲနေနေ မိတ်ဆွေကြားထဲမှာပဲနေနေ ရန်သူကြားထဲမှာပဲရောက်ရောက် ဓမ္မဟာ နေရာတိုင်းမှာ ရှိနေပါတယ်။

ကပ်ရောဂါ မဆိုထားနဲ့ အပါယ်ငရဲရောဂါကိုတောင်မှ ပျောက်ကင်းနိုင်တဲ့ စွမ်းအား ဓမ္မမှာရှိပါတယ်။

ယုံကြည်မှု မရှိ၍ သော်လည်းကောင်း၊ဝတ္တရားတစ်ခုလို သဘောထား၍ သော်လည်းကောင်း၊ ခုတုံးသဖွယ် အသုံးချနေလို့ သော်လည်းကောင်း၊ သီလ မစောင့်ထိမ်း၍ သော်လည်းကောင်း၊ ဓမ္မက အစွမ်းမပြနိုင်ခြင်း ဖြစ်နေတာပါ။

ဒီအရာတွေ ရှောင်ရှားပြီး အသုံးချမယ်ဆိုရင် သေချာပေါက် အစွမ်းထက်ပါတယ်။

ဗုဒ္ဓဘာသာမှာ ဘေးဥပါတ်အန္တရာယ် ရောဂါဆိုးကြီးတွေကို ကွယ်ပါ့စေချင်ရင် လုပ်ထုံးလုပ်နည်းတွေ အများကြီး ရှိပါတယ်။

သရဏဂုံ သုံးပါးနဲ့ ကာထားရင်လဲ အန္တရာယ်တွေဟာ ကွယ်ပါတယ်။

ကိုယ်ကျင့်ငါးပါးသီလ လုံလုံခြုံခြုံထားပြီး ကာထားရင်လဲ အန္တရာယ်တွေဟာ ကွယ်ပါတယ်။

နေ့စဉ် အာစိဏ္ဏကံနဲ့ ဂုဏ်တော်ပွားပြီး ကာထားရင်လဲ အန္တရာယ်တွေဟာ ကွယ်ပါတယ်။

ဝိပဿနာဓမ္မတွေကို ကျင့်သုံးပြီး သစ္စာတရားနဲ့ ကာထားရင်လဲ အန္တရာယ်တွေဟာ ကွယ်ပါတယ်။

မိမိတို့ဟာ အကောင်းဆုံး ကာတတ်ဖို့ပဲ လိုပါတယ်။ အကောင်းဆုံးကာထားရင် အဆိုးဆုံးတွေဟာ ဝင်မလာနိုင်ပါဘူး။

ဘာမှ မကာထားရင်တော့ အမျိုးစုံ ဝင်လာပြီး စည်းရိုး ကြိုးပျက်သွားပါလိမ့်မယ်။

ဒါ့ကြောင့် မိမိတို့ ကြိုက်နှစ်သက်ရာ တစ်ခုခုနဲ့ ကပ်ရောဂါတွေ ကွယ်စေချင်ရင် အကောင်းဆုံး ကာထားကြပါလို့ ဗုဒ္ဓဘာသာ သူတော်စင်အားလုံးတို့အား တိုက်တွန်းနှိုးဆော် လိုက်ရပါတယ်။

အားလုံး အကောင်းဆုံးကာပြီး အဆိုးဆုံးတွေ ကွယ်ပါစေသတည်း။

ဓမ္မရံသီအရှင်ကဝိန္ဒ(မိုးကုတ်)
5.4.2020

Credit to original uploader.

Tuesday, April 7, 2020

ဘယ်လိုအိပ်နေတာလဲ

"ဘယ်လိုအိပ်နေတာလဲ?"
 <><><><><>

၁။ ။'ပြိတ္တာအိပ်နည်း'
လိုချင်တာ ရချင်တာတွေကိုတွေး
ရလာမည့်အရာ မရသေးတာတွေကို တွေးပြီး အိပ်တဲ့သူဟာ
လောဘနဲ့အိပ်တာမို့ 'ပြိတ္တာအိပ်နည်း'..

၂။ ။'ငရဲသားအိပ်နည်ူ'
စိတ်ဆိုးစရာ မကျေနပ်စရာ အလိုမကျတာတွေကိုတွေးပြီး အိပ်တဲ့သူဟာ ဒေါသနဲ့အိပ်တာမို့ 'ငရဲသားအိပ်နည်း'..

၃။ ။'တိရစ္ဆာန်အိပ်နည်း'
ခေါင်းအုံးနဲ့ ခေါင်းနဲ့ထိပြီဆိုတာနဲ့ အိပ်ချလိုက်တာ
စိတ်ထဲ ဘာဂုဏ်တော်မှသတိမရ ဘာဝနာလည်းမပွား
သတိလည်းမထားပဲ အိပ်ပျော်တဲ့သူဟာ
မောဟနဲ့အိပ်တာမို့ 'တိရိစ္ဆာန်အိပ်နည်း'..

၄။ ။'ယောဂီအိပ်နည်း'
အိပ်မည်ဆိုကတည်းက
သတိလေးနဲ့ ဂုဏ်တော်တစ်ခုခုပွားတယ် မေတ္တာပွားတယ်
ဘာဝနာတစ်ခုခုကို သတိရပြီးအိပ်တာမို့ 'ယောဂီအိပ်နည်း'..

ကဲ..သူတော်ကောင်းတို့လည်း မိမိတို့နေ့စဉ်အိပ်နေကြတာဟာ
ဘယ်အိပ်နည်းမျိုးနဲ့အိပ်တယ်ဆိုတာ သတိထား အသိပွားကြဖို့ပါပဲ..

                                       အရှင်တေဇိန္ဒ(ဗုဒ္ဓ၏သားတော်)

စေတနာမေတ္တာအရင်းခံဖြင့် မျှဝေပူဇော်ပါသည်..
Credit..                     

Thursday, April 2, 2020

ရေလှူရသောအကျိုး

" ရေအကျိုး (၁၀) ပါး"
  @@@@@@@@@@
 
 သိနေကြပြီးသား ဖြစ်သော်လည်း
 ယခုအချိန်အခါမျိုးမှာ 
 ကျန်းမာရေးအတွက် လက်ဆေးဖို့
 ရေ ပိုလိုအပ်တာ အမှန်ပါ ......
 
     ဇီဝိတဒါန အမြတ်ပန်းများ
       ပွင့်လန်းနိုင်ကြပါစေ
     .....................................
                                

 ၁။ သန့်ရှင်းကြည်လင်ခြင်း
 ၂။ ကျော်ဇောထင်ရှားခြင်း
 ၃။ အခြံအရံ ပေါများခြင်း
 ၄။ လျင်မြန်ဖြတ်လတ် သွက်လက်ပေါ့ပါးခြင်း
 ၅။ ရေငတ်မွတ်မှု ကင်းဝေးခြင်း
 ၆။ အသက်ရှည်ခြင်း
 ၇။ အဆင်းလှခြင်း
 ၈။ ချမ်းသာကြီးပွားခြင်း
 ၉။ ခွန်အားကြီးမားခြင်း
၁၀။ပညာဉာဏ်ကြီးမားခြင်း။

 1. Haste
 2. Fame
 3. Clean
 4. Without
 5. Pair enjoy
 6. Longevity
 7. Beautiful
 8. Strength
 9. Roaring
10. Very rich ....

              
     "တနည်း ရေလှူရသောအကျိုး"
   @@@@@@@@@@@@@@@

 ၁။ နတ်မင်းအပေါင်းထက် မြတ်သော
      နတ်အဖြစ် အကြိမ်များစွာဖြစ်ရခြင်း။

 ၂။ စကြဝတေးမင်းအဖြစ် ...
      အကြိမ်များစွာ ဖြစ်ရခြင်း။

 ၃။ အပယ်လေးပါးသို့ တစ်ကြိမ်တစ်ခါမျှ
      မရောက်ရခြင်း။

 ၄။ ရောက်လေရာအရပ်၌ ရေမရှားခြင်း။

 ၅။ ရောဂါကင်း၍ အဆင်းလှခြင်း

 ၆။ ဆောင်းရာသီ  နွေရာသီများ၌
       လိုအပ်၍ တောင့်တပါလျှင်
       ကြီးစွာသော မိုး ကို ရွာသွန်းစေနိုင်ခြင်း။

 ၇။ ကိလေသာတည်းဟူသော
       မြူတို့ ကင်းခြင်း ။

       စသည့် အကျိုးကျေးဇူးတရားများ
       ရရှိနိုင်ပါသည်။

       သာဓု သာဓု သာဓု
Credit to original uploader. 

ဗုဒ္ဓလေးမျိုး

" ဗုဒၶေလးမ်ိဳး "

လောကမှာ ဗုဒ္ဓဆိုတာဟာ ဘုရားမှာသာရှိသလား၊ 
ဒီလိုတော့လဲ မဟုတ်ဘူး၊ 
နာမည်ဆိုတာကတော့ သူမှည့် ကိုယ်မှည့်ဆိုရင် ရှိကြတာပဲ၊ အဲ-သို့သော်

တကယ့် ဗုဒ္ဓအမည်က ဘုန်းကြီးတို့ ဘုရားမှာသာရှိတယ်။ 

ဗုဒ္ဓလေးမျိုးတဲ့။

(၁) သုတဗုဒ္ဓ၊ (၂) အနုဗုဒ္ဓ၊ (၃) ပစ္စေကဗုဒ္ဓ၊ 
(၄) သမ္မာသမ္ဗုဒ္ဓ။

သုတဗုဒ္ဓ
˚ ˚ ˚ ˚ ˚ ˚ 
သုတဗုဒ္ဓဆိုတာ ဘုန်းကြီးတို့ သာသာနာတော်မှာ ကျမ်းဂန်စာပေတွေ သင်ကြားပို့ချပြီး
တော့ စာပေဗဟုသုတ ရှိကြတဲ့ ဘုရားဟော တရားတော်တွေ အများအပြား မှတ်မိသိရှိ ရထားပြီးတော့ ထိုတရားတော်တွေကိုအားလုံး ရှင်လူအများသိအောင်သင်ကြားဖော်
ထုတ်​ပေးနေတဲ့ ပုဂ္ဂိုလ်တွေ၊ ရဟန်းတော်တွေကို သုတဗုဒ္ဓ၊ အဲဒီသုတဗုဒ္ဓကို ဘုရားရှင်
ကိုယ်တော်မြတ်က အင်မတန်ကျေးဇူးများလို့ မိမိအရာမှာ ထားပြီးတော့ ချီးမြှောက်စား
တာချည်းပဲ၊ ဒါကြောင့်မို့လို့ သုတဗုဒ္ဓဆိုတာဟာလဲ အဲ-သူကလဲ သာမညမဟုတ်ဘူး ဘုရားရှင် ကိုယ်တော်မြတ်က မိမိအရာမှာ ထားပြီး မြှောက်စားချီးကြူးခဲ့တဲ့ ဘုရား
တစ်ဆူ၊ အဲဒါက သာဝကတွေနဲ့ဆိုင်တဲ့ ဘုရားတပည့်တွေ။

အနုဗုဒ္ဓ
˚ ˚ ˚ ˚ ˚ 
အနုဗုဒ္ဓဆိုတာက ဘုရားရှင်ကိုယ်တော်မြတ် သိတော်မူတဲ့ သစ္စာလေးပါးတရားကို ဘုရားရှင်ကိုယ်တော်မြတ် နည်းပေးသောအားဖြင့် သိမြင်ဖောက်ထွင်း၊ သိမြင်နားလည်လို့ မဂ်ဆိုက် ဖိုလ်ဆိုက် ဆိုက်ကြတဲ့ အရိယာသာဝကတွေ၊ အရိယာသာ
ဝကတွေကို အနုဗုဒ္ဓ၊ ဘုရားရှင်ကိုယ်တော်မြတ်သိသလို လိုက်သိကြတဲ့ အနုဗုဒ္ဓ။

ပစ္စေကဗုဒ္ဓ
˚ ˚ ˚ ˚ ˚ ˚ ˚ 
ပစ္စေကဗုဒ္ဓဆိုတာကတော့ ဘုရားရှင်ကိုယ်တော်မြတ်များ မပွင့်သေးသောအခါ သာသနာပမှာဆရာမရှိ၊ ရှေးက မိမိတို့ပြုခဲ့တဲ့ ပါရမီကြောင့် သစ္စာလေးပါးကို ကိုယ်တိုင် ထိုးထွင်းသိကြတဲ့ ဘုရားငယ်လို့ခေါ်ကြတဲ့ ပစ္စေကဗုဒ္ဓပဲ၊ ဘုရားငယ်တွေ။

ပစ္စေကဗုဒ္ဓါဆိုတာလဲ အမှန်အားဖြင့် သစ္စာလေးပါးတရားကို ကိုယ်တိုင်သိကြတာပဲ၊ ဆရာမရှိဘဲ ကိုယ်တိုင်သိကြတာပဲ။ သို့သော်လဲပဲ သူများကို ဟောဖော်ပြသခြင်းငှာ မတတ်နိုင်ဘူး၊ ဘာကြောင့်တုံး ဝေါဟာရပရိယာယ် ကြွယ်ဖို့၊ ဝေါဟာရတွေ 
ထူးထူးခြားခြား နားလည်ဖို့ဆိုတာ သာဝကတို့ရဲ့အရာ မဟုတ်ဘူး၊ ဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့ အရာ။

သမ္မာသမ္ဗုဒ္ဓ
˚ ˚ ˚ ˚ ˚ ˚ ˚ ˚ 
စိတ်ထဲမှာ မိမိတို့ဉာဏ်ထဲမှာသိနေတဲ့ သစ္စာလေးပါးတို့၊ ပဋိစသမုပ္ပါဒ်တို့၊ သစ္စာလေးပါးတို့၊ ပဋ္ဌာန်းတို့ဆိုတာ အဲဒီတရားတွေကို ဒီလိုအမည် အမျိုးမျိုးတပ်ပြီးတော့၊ အမည်အမျိုးမျိုးထွင်ပြီးတော့ အဲဟောဖို့ဆိုတာက သာမန်ပုဂ္ဂိုလ်တွေ အရာမဟုတ်ဘူး၊ တကယ့် အတုမရှိ၊ အဲ-သဗ္ဗညုတဉာဏ်တော်ကြီးရှိတဲ့ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ အရာသာ။

ဒါကြောင့် 

အဲသလိုဟောနိုင်ဖို့ရာ ပစ္စေကဗုဒ္ဓါတို့မှာ မတတ်နိုင်ဘူး၊ 
ဘုရားရှင်ကိုယ်တော်မြတ်သာ တတ်နိုင်တယ်၊ 
သဗ္ဗညုတ ဉာဏ်တော်ကြီးရှိလို့ 
အားလုံးတရားတွေကို အမည်အမျိုးမျိုး တပ်ပြီးတော့၊ 
အဓိပ္ပါယ်အမျိုးမျိုးဖွင့်ပြီးတော့၊ 
နည်းအမျိုးမျိုးခြယ်လှယ်ပြီးတော့ 
ဒီနည်းနဲ့မသိ ဟိုနည်းနဲ့၊ 
ဟိုနည်းနဲ့မသိ နောက်တစ်နည်း နည်းပေါင်းများစွာ၊ 
အဲထွင်ပြီးတော့ ဟောကြားပြသတော်မူတယ်၊ 

အဲဒါကြောင့်မို့လို့ 

သူမတူအောင် ထူးခြားတဲ့ သဗ္ဗညုတဉာဏ်တော်ရှင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို
သမ္မာသမ္ဗုဒ္ဓလို့ ခေါ်တယ်။

သပြေကန်ဆရာတော်(တရားတော်ပေါင်းချုပ်)
ဓမ္မနဒီ

မေတ္တာဖြင့်​ - Aria Piano

Credit..


ဝေဿန္တရာဇာတ်တော်

÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ဝိဓူရဇာတ်တော်
~~~~~~~~~~
မဟာဗုဒ္ဓ၀င် ဇာတ်တော်ကြီးဆယ်ဘွဲ့တွင် တစ်ဘွဲ့ဖြစ်သော ``၀ိဓူရ´´ဇာတ်တော်ကြီးအား ဗုဒ္ဓဘာသာဝင်တိုင်း နီးပါးမျှ သိရှိကြမည်ဖြစ်ပါသည်။

ဝိဓူရဇာတ်တော်ကြီးအား ယခင်က မြန်မာနိုင်ငံ၌ ပထမနှစ် အထူးပြုဘာသာရပ်များအားလုံးတွင် မသင်မနေရ (compulsory) ဖြစ်ပြီး မြန်မာစာဘာသာရပ်၏ ဗဟုသုတ ဖတ်စာအဖြစ် ပြဌာန်း ထားခဲ့ကြောင်းကိုလည်း သိရှိ ရလေသည်။

ဝိဓူရဇာတ်တော်ကြီးတွင် ၀ိဓူရ သုခမိန်သည် တိုင်းသူပြည်သားတို့၏ ကျင့်အပ်ရာစည်းမျဉ်း စည်းကမ်းများ၊ မင်းကျင့်တရားဆယ်ပါးနှင့် ၀န်ထမ်းခေါ် မင်းမှုထမ်းတို့၏ ဆောင်အပ်/ရှောင်အပ်သော ကျင့်ဝတ်များအား ဘောဂ ၀တီ နဂါးပြည်တွင် ဟောကြားခဲ့ကြောင်း သိရှိရလေသည်။

မြန်မာ့ကဗျာလောက၏ ထင်ရှားကျော်ကြားသူ ဆရာဇော်ဂျီကလည်း`` ညီသစ်ဆင်း´´ ကဗျာစုများတွင် ``၀ိဓူရ ဒုက္ခ´´ ဟူသော ကဗျာရှည်ဖြင့် ၀ိဓူရဇာတ်တော်ကြီးအား ရေးဖွဲ့ ခဲ့လေသည်။

ဝိဓူရဇာတ်တော် အကျဉ်းချုပ်မှာ.....

ဝိဓူရ အမတ်ကြီးသည် ကောရဗျမင်းကြီး၏ ပညာရှိအမတ်ကြီးဖြစ်လေသည်။ မင်းနှင့်မိဖုရားသည်လည်း သွေး သားရင်းကဲ့သို့ တန်ဘိုးထားလေသည်။

လူ့ပြည်လူ့ရွာတစ်ခွင်တွင် ထင်ပေါ်ကြော်ကြားလှသော ၀ိဓူရအမတ်ကြီး၏ ဂုဏ်သတင်းသည် ဘောဂ၀တီ နဂါးပြည်သို့တိုင် ထိုးဖောက်ရောက်ရှိလေသည်၊ နဂါးမင်းကြီး၏ မိဖုရားသည် ထိုသတင်းကိုကြားလေသော် ၀ိဓူရ အမတ်ကြီး၏ တရားအား နာယူလိုသဖြင့် အိပ်ယာထက်တွင် လဲလျောင်း၍ အစာမစားဘပဲ ချင်ခြင်းတပ်သကဲ့သို့ ဟန်ဆောင်လေသည်။ နဂါးမင်းကြီးက စိုးရိမ်စွာ မေးမြန်းလေသော် နဂါးမိဖုရားကြီးသည် ကောရဗျပြည် ၀ိဓရ သုခမိန်၏ နှလုံးသည်းပွတ်အား စားသုံးလိုကြောင်း လျှောက်ထားလေသည်။

နဂါးမင်းကြီးလည်း တန်ခိုးဖြင့်သွားရောက်ယူရမည်လော... သို့တည်းမဟုတ် မည်သို့ သွားရောက်ယူဆောင် ရလေသော် သင့်တော်မည်ကို ဝေခွဲမရ ဖြစ်နေလေသည်။ ထိုအခါတွင် နဂါးမင်းကြီး၏ သမီးတော် နဂါးမင်း သမီးလေး ဣရန္ဓတီသည် မိဘတို့၏ ညှိုးနွမ်းနေသော မျက်နှာ များအားမြင်တွေ့လေသော် အကျိုး အကြောင်း မေးမြန်း၍ မိမိရယူပေးမည်ဖြစ်ကြောင်း ကတိပြုကာ ဟိမ၀န္တာတောင်ထွဋ်တွင် ``ဟိမ၀န္တာတွင် ရှိကြကုန်သော နတ်အပေါင်း၊ ဂန္ဓဗ္ဗ ဘီလူး၊ နဂါး၊ ကိန္နရာနှင့် လူပညာရှိ အပေါင်းတို့၊ အကျွန်ုပ် အလိုရှိတိုင်း ၀ိဓုရသုခမိန်၏ နှလုံးသည်းပွတ်ကို တရားသဖြင့် ဆောင်ယူပေးနိုင်သူအား အကျွန်ုပ်၏ ခင်ပွန်းအဖြစ် လက်ဆက်ပါမည်..´´ ဟု သီချင်းဖြင့် ကြေငြာလေသည်။

ထိုအချိန်တွင် ပုဏ္ဏ မည်သော နတ်စစ်သူကြီးသည် ဟိမ၀န္တာတောင် ကာဠတောင်ထိပ်တွင် ကျင်းပသော နတ်သဘင် အစည်းအဝေးသို့ လာရောက်လေရာ မင်းသမီးလေး၏ သီချင်းသံအား ကြားသိရလေသည်။

ထိုအခါတွင် နဂါးမင်းသမီးလေးအား မေတ္တာသက်ဝင် ချစ်ခင်မိလေသော ပုဏ္ဏဘီလူးသည် မင်းသမီးလေး၏ အလိုအတိုင်း ကောရဗျပြည်သို့ သွား၍ ၀ိဓူရသုခမိန်၏ နှလုံသည်းပွတ်အား ရယူပေးမည်ဟု ကတိပြုခဲ့လေသည်။

ထို့နောက် ပုဏ္ဏ နတ်ဘီလူးသည် သိန္ဓောမြင်းကိုစီး၍ ကောင်းကင်ခရီးဖြင့် ကောရဗျပြည်သို့ သွားရောက်ကာ ကြွေအံကစားရာတွင် ၀ါသနာထုံလှသော ကောရဗျဘုရင်အား ကြွေအံကစားရန် ချိန်းဆိုခြင်းပြုလေသည်။

ကြွေအန်လောင်းကြေးအဖြစ် ပုဏ္ဏ နတ်ဘီလူးရှုံးလေသော် သိန္ဓောမြင်းနှင့် အဖိုး အနဂ္ဂ ထိုက်သည့် ပတ္တမြားအား ပေးမည်ဖြစ်ပြီး နိုင်ခဲ့သော် ကောရဗျဘုရင်မှ ၀ိဓူရသုခမိန်အား ၄င်းထံ ပေးရန် လောင်းကြေး ထပ်လေသည်။

ဘုရင်လည်း ၀ိဓူရသုခမိန်အား နှလုံးသည်ပွတ်တမျှ အားကိုးမြတ်နိုးသည့်တိုင် နတ်ဘီလူး၏ သိန္ဓောမြင်းနှင့် အဖိုးအနဂ္ဂထိုက်သည့် ပတ္တမြားတို့အား လိုချင်သည်ကတစ်ကြောင်း၊ ကြွေအံ ကစားရာတွင် ယခင်ဘ၀က မိခင်တော်စပ်ဘူးသူ ထီးချက်စောင့် နတ်သမီး၏ စောင့်ရှောက်မှု ရှိသည်ကတစ်ကြောင်းတို့ ကြောင့် ရဲရဲ တင်းတင်းပင် လောင်းကြေးထပ်လေသည်။

ကြွေအံကစားသည့်နေ့တွင် ထီးချက်စောင့် နတ်သမီးသည် ပုဏ္ဏနတ်ဘီလူး၏ တန်ခိုးအား ကြောက်လန့်ကာ ခန်းဆောင်မှ ဖယ်ခွါသွားလေသော် ကောရဗျဘုရင်သည် ကြွေအံ ရှုံးနိမ့်ကာ ``၀ိဓူရ´´ သုခမိန်အား ပုဏ္ဏ နတ်ဘီးလူးထံ ပေးအပ်ခဲ့ရလေတော့သည်။

ပုဏ္ဏကဘီလူးလည်း ``၀ိဓူရ´´ သုခမိန်အား သိန္ဓောမြင်း၏ မြင်းမြီးကို ဆွဲစေ လျှက် ကောင်းကင်မှပင် ဘောဂ၀တီ နဂါးပြည်သို့ ထွက်ခွါလေသည်၊ ထိုသို့ ထွက်ခွါရာတွင်လည်း သုခမိန်အား အမျိုးမျိုး ပင်ပန်းဆင်းရဲစေလျှက် သေလု သည့်တိုင် နှိပ်စက်၍ ခေါ်ဆောင် သွားခြင်းဖြစ်လေသည်။

ဝိဓူရသုခမိန်သည် ဘီလူး၏ နှိပ်စက်ခြင်းဖြင့် မသေလိုသည်ကတစ်ကြောင်း မည်သည့်အတွက် ဤသို့ပြုနေ သည်ကို သိရှိလိုသည်ကတစ်ကြောင်းတို့ကြောင့် အကျိုးအကြောင်းမေးလေသော် အလုံးစုံသိရှိရသည့်သဖြင့် ဘီလူးအား ``သာဓုရနတရား´´အား ဟောကြားလေသည်။

(၁) မိမိနှင့် သိမကျွမ်းစေကာမူ မိမိအား နေရာပေးခြင်း၊ စားသောက်ဖွယ်ရာတို့အား ကျွေးမွေးခြင်း စသည်ဖြင့် ကျေးဇူးပြုသူကို ကျေးဇူးတုံ့ ပြန်၍ (ကျေးဇူးဆပ်၍) ကျင့်ခြင်းဟူသော "ယာတာနုယာယီ"တရား။

(၂) ခေတ္တမျှတည်းခိုဖူးခြင်း၊ တစ်စုံတစ်ခုသော ပစ္စည်းကို ရယူဖူးခြင်း ပြုဘူးသူတို့အား စိတ်ဖြင့်ပင် ပြစ်မှားခြင်း မပြုရဆိုတဲ့ "အလ္လဉ္စပါဏိ ပရိဝဇ္ဖယ"ဟူသော စိုသောလက်ကို မခြောက်သွေ့စေရဆိုသောတရား။

(၃) ခဏမျှ အရိပ်၌ ခိုနားဘူးခြင်းရှိသည့် သစ်ပင်သည်ပင် မိမိအတွက်ကောင်းကျိုးပြုဘူးသည်ဖြစ်၍ ထိုအပင်၏ အကိုင်းအခက်တို့ကို မဖျက်ဆီး၊ မချိုးဖဲ့ရသကဲ့သို့ မိမိအားကောင်းကျိုးပြုဖူးသူ အဆွေခင်ပွန်းတို့ကို မပြစ်မှား ရခြင်းဟူသော "မိတ္တအဒုဗ္ဘိ"တရား။

(၄) မိန်းမတို့ အလိုရှိတိုင်း မိန်းမအလိုသို့လိုက်၍ မကောင်းမှုကို မပြုရခြင်းဟူသော "အသတီနံနာနိဂစ္ဆ" တရား။

ထိုသို့ ဟောကြေားလေသော် ပုဏ္ဏန်ဘီလူးသည် ကျေနပ်သည်ဖြစ်၍ သုခမိန်အား ဘောဂ၀တီ နဂါး ပြည်သို့ ကောင်းမွန်စွာ ခေါ်ဆောင်သွားလေသည်။

ဘာဂ၀တီ နဂါးပြည်သို့ ရောက်လေသော် နဂါးမိဖုရားကြီးမှ သုခမိန်၏ နှလုံးသည်းပွတ်အား အမှန်တကယ် စားသုံးလိုခြင်းမရှိပါပဲ... လူ့ပြည်လူ့ရွာတွင် တစ်ဦးတည်းသော တုနှိုင်းမဲ့သည့် ပညာရှိ မဂ်ဥာဏ်ရှင်ဖြစ်သဖြင့် သုခမိန်၏ တရားတို့အား နာကြားလိုခြင်းသာ ဖြစ်ကြောင်း ပြောကြား၍ ရေချိုးသန့်စင်ကာ ၀တ်ကောင်းစားလှများ ၀တ်ဆင်စေလျှက် နန်းရင်ပြင် ပလ္လင်ထက်တွင် တင့်တယ်စွာ စံနေစေပြီးလျှင် တရားတို့အား ဟောကြားစေလျှက် ကြားနာ မှတ်သားခဲ့ခြင်း ဖြစ်လေသည်။

ထိုသို့ ၀ိဓူရသုခမိန်၏ ဟောကြားချက်များတွင် ပြည်သူပြည်သားတို့၏တာဝန်၊ မင်းမှုထမ်းတို့၏တာဝန်နှင့် မင်းတို့ ကျင့်ကြံအပ်သော မင်းကျင့်တရားဆယ်ပါးတို့အား အကျယ်အားဖြင့် ဟောကြားခဲ့လေသည်။

ထိုတရားတို့အား မြတ်စွာဘုရားရှင်သည် ၀ိဓူရဇာတ်တော်တွင် ပြန်လည်ဟောကြားတော် မူခဲ့လေသည်...။

ပြည်သူပြည်သားများနှင့် ၀န်ထမ်းများ၊ တိုင်းပြည်အုပ်ချုပ်သူများအနေဖြင့် ဘုရား အလောင်းတော် ၀ိဓူရ သုခမိန်၏ အဆုံးအမများနှင့် အညီနေထိုင်နိုင်ကြပါစေကြောင်း ဆန္ဒပြုလျှက်....



ဝိဒူရဇာတ်တော်

÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ဝိဓူရဇာတ်တော်
~~~~~~~~~~
မဟာဗုဒ္ဓ၀င် ဇာတ်တော်ကြီးဆယ်ဘွဲ့တွင် တစ်ဘွဲ့ဖြစ်သော ``၀ိဓူရ´´ဇာတ်တော်ကြီးအား ဗုဒ္ဓဘာသာဝင်တိုင်း နီးပါးမျှ သိရှိကြမည်ဖြစ်ပါသည်။

ဝိဓူရဇာတ်တော်ကြီးအား ယခင်က မြန်မာနိုင်ငံ၌ ပထမနှစ် အထူးပြုဘာသာရပ်များအားလုံးတွင် မသင်မနေရ (compulsory) ဖြစ်ပြီး မြန်မာစာဘာသာရပ်၏ ဗဟုသုတ ဖတ်စာအဖြစ် ပြဌာန်း ထားခဲ့ကြောင်းကိုလည်း သိရှိ ရလေသည်။

ဝိဓူရဇာတ်တော်ကြီးတွင် ၀ိဓူရ သုခမိန်သည် တိုင်းသူပြည်သားတို့၏ ကျင့်အပ်ရာစည်းမျဉ်း စည်းကမ်းများ၊ မင်းကျင့်တရားဆယ်ပါးနှင့် ၀န်ထမ်းခေါ် မင်းမှုထမ်းတို့၏ ဆောင်အပ်/ရှောင်အပ်သော ကျင့်ဝတ်များအား ဘောဂ ၀တီ နဂါးပြည်တွင် ဟောကြားခဲ့ကြောင်း သိရှိရလေသည်။

မြန်မာ့ကဗျာလောက၏ ထင်ရှားကျော်ကြားသူ ဆရာဇော်ဂျီကလည်း`` ညီသစ်ဆင်း´´ ကဗျာစုများတွင် ``၀ိဓူရ ဒုက္ခ´´ ဟူသော ကဗျာရှည်ဖြင့် ၀ိဓူရဇာတ်တော်ကြီးအား ရေးဖွဲ့ ခဲ့လေသည်။

ဝိဓူရဇာတ်တော် အကျဉ်းချုပ်မှာ.....

ဝိဓူရ အမတ်ကြီးသည် ကောရဗျမင်းကြီး၏ ပညာရှိအမတ်ကြီးဖြစ်လေသည်။ မင်းနှင့်မိဖုရားသည်လည်း သွေး သားရင်းကဲ့သို့ တန်ဘိုးထားလေသည်။

လူ့ပြည်လူ့ရွာတစ်ခွင်တွင် ထင်ပေါ်ကြော်ကြားလှသော ၀ိဓူရအမတ်ကြီး၏ ဂုဏ်သတင်းသည် ဘောဂ၀တီ နဂါးပြည်သို့တိုင် ထိုးဖောက်ရောက်ရှိလေသည်၊ နဂါးမင်းကြီး၏ မိဖုရားသည် ထိုသတင်းကိုကြားလေသော် ၀ိဓူရ အမတ်ကြီး၏ တရားအား နာယူလိုသဖြင့် အိပ်ယာထက်တွင် လဲလျောင်း၍ အစာမစားဘပဲ ချင်ခြင်းတပ်သကဲ့သို့ ဟန်ဆောင်လေသည်။ နဂါးမင်းကြီးက စိုးရိမ်စွာ မေးမြန်းလေသော် နဂါးမိဖုရားကြီးသည် ကောရဗျပြည် ၀ိဓရ သုခမိန်၏ နှလုံးသည်းပွတ်အား စားသုံးလိုကြောင်း လျှောက်ထားလေသည်။

နဂါးမင်းကြီးလည်း တန်ခိုးဖြင့်သွားရောက်ယူရမည်လော... သို့တည်းမဟုတ် မည်သို့ သွားရောက်ယူဆောင် ရလေသော် သင့်တော်မည်ကို ဝေခွဲမရ ဖြစ်နေလေသည်။ ထိုအခါတွင် နဂါးမင်းကြီး၏ သမီးတော် နဂါးမင်း သမီးလေး ဣရန္ဓတီသည် မိဘတို့၏ ညှိုးနွမ်းနေသော မျက်နှာ များအားမြင်တွေ့လေသော် အကျိုး အကြောင်း မေးမြန်း၍ မိမိရယူပေးမည်ဖြစ်ကြောင်း ကတိပြုကာ ဟိမ၀န္တာတောင်ထွဋ်တွင် ``ဟိမ၀န္တာတွင် ရှိကြကုန်သော နတ်အပေါင်း၊ ဂန္ဓဗ္ဗ ဘီလူး၊ နဂါး၊ ကိန္နရာနှင့် လူပညာရှိ အပေါင်းတို့၊ အကျွန်ုပ် အလိုရှိတိုင်း ၀ိဓုရသုခမိန်၏ နှလုံးသည်းပွတ်ကို တရားသဖြင့် ဆောင်ယူပေးနိုင်သူအား အကျွန်ုပ်၏ ခင်ပွန်းအဖြစ် လက်ဆက်ပါမည်..´´ ဟု သီချင်းဖြင့် ကြေငြာလေသည်။

ထိုအချိန်တွင် ပုဏ္ဏ မည်သော နတ်စစ်သူကြီးသည် ဟိမ၀န္တာတောင် ကာဠတောင်ထိပ်တွင် ကျင်းပသော နတ်သဘင် အစည်းအဝေးသို့ လာရောက်လေရာ မင်းသမီးလေး၏ သီချင်းသံအား ကြားသိရလေသည်။

ထိုအခါတွင် နဂါးမင်းသမီးလေးအား မေတ္တာသက်ဝင် ချစ်ခင်မိလေသော ပုဏ္ဏဘီလူးသည် မင်းသမီးလေး၏ အလိုအတိုင်း ကောရဗျပြည်သို့ သွား၍ ၀ိဓူရသုခမိန်၏ နှလုံသည်းပွတ်အား ရယူပေးမည်ဟု ကတိပြုခဲ့လေသည်။

ထို့နောက် ပုဏ္ဏ နတ်ဘီလူးသည် သိန္ဓောမြင်းကိုစီး၍ ကောင်းကင်ခရီးဖြင့် ကောရဗျပြည်သို့ သွားရောက်ကာ ကြွေအံကစားရာတွင် ၀ါသနာထုံလှသော ကောရဗျဘုရင်အား ကြွေအံကစားရန် ချိန်းဆိုခြင်းပြုလေသည်။

ကြွေအန်လောင်းကြေးအဖြစ် ပုဏ္ဏ နတ်ဘီလူးရှုံးလေသော် သိန္ဓောမြင်းနှင့် အဖိုး အနဂ္ဂ ထိုက်သည့် ပတ္တမြားအား ပေးမည်ဖြစ်ပြီး နိုင်ခဲ့သော် ကောရဗျဘုရင်မှ ၀ိဓူရသုခမိန်အား ၄င်းထံ ပေးရန် လောင်းကြေး ထပ်လေသည်။

ဘုရင်လည်း ၀ိဓူရသုခမိန်အား နှလုံးသည်ပွတ်တမျှ အားကိုးမြတ်နိုးသည့်တိုင် နတ်ဘီလူး၏ သိန္ဓောမြင်းနှင့် အဖိုးအနဂ္ဂထိုက်သည့် ပတ္တမြားတို့အား လိုချင်သည်ကတစ်ကြောင်း၊ ကြွေအံ ကစားရာတွင် ယခင်ဘ၀က မိခင်တော်စပ်ဘူးသူ ထီးချက်စောင့် နတ်သမီး၏ စောင့်ရှောက်မှု ရှိသည်ကတစ်ကြောင်းတို့ ကြောင့် ရဲရဲ တင်းတင်းပင် လောင်းကြေးထပ်လေသည်။

ကြွေအံကစားသည့်နေ့တွင် ထီးချက်စောင့် နတ်သမီးသည် ပုဏ္ဏနတ်ဘီလူး၏ တန်ခိုးအား ကြောက်လန့်ကာ ခန်းဆောင်မှ ဖယ်ခွါသွားလေသော် ကောရဗျဘုရင်သည် ကြွေအံ ရှုံးနိမ့်ကာ ``၀ိဓူရ´´ သုခမိန်အား ပုဏ္ဏ နတ်ဘီးလူးထံ ပေးအပ်ခဲ့ရလေတော့သည်။

ပုဏ္ဏကဘီလူးလည်း ``၀ိဓူရ´´ သုခမိန်အား သိန္ဓောမြင်း၏ မြင်းမြီးကို ဆွဲစေ လျှက် ကောင်းကင်မှပင် ဘောဂ၀တီ နဂါးပြည်သို့ ထွက်ခွါလေသည်၊ ထိုသို့ ထွက်ခွါရာတွင်လည်း သုခမိန်အား အမျိုးမျိုး ပင်ပန်းဆင်းရဲစေလျှက် သေလု သည့်တိုင် နှိပ်စက်၍ ခေါ်ဆောင် သွားခြင်းဖြစ်လေသည်။

ဝိဓူရသုခမိန်သည် ဘီလူး၏ နှိပ်စက်ခြင်းဖြင့် မသေလိုသည်ကတစ်ကြောင်း မည်သည့်အတွက် ဤသို့ပြုနေ သည်ကို သိရှိလိုသည်ကတစ်ကြောင်းတို့ကြောင့် အကျိုးအကြောင်းမေးလေသော် အလုံးစုံသိရှိရသည့်သဖြင့် ဘီလူးအား ``သာဓုရနတရား´´အား ဟောကြားလေသည်။

(၁) မိမိနှင့် သိမကျွမ်းစေကာမူ မိမိအား နေရာပေးခြင်း၊ စားသောက်ဖွယ်ရာတို့အား ကျွေးမွေးခြင်း စသည်ဖြင့် ကျေးဇူးပြုသူကို ကျေးဇူးတုံ့ ပြန်၍ (ကျေးဇူးဆပ်၍) ကျင့်ခြင်းဟူသော "ယာတာနုယာယီ"တရား။

(၂) ခေတ္တမျှတည်းခိုဖူးခြင်း၊ တစ်စုံတစ်ခုသော ပစ္စည်းကို ရယူဖူးခြင်း ပြုဘူးသူတို့အား စိတ်ဖြင့်ပင် ပြစ်မှားခြင်း မပြုရဆိုတဲ့ "အလ္လဉ္စပါဏိ ပရိဝဇ္ဖယ"ဟူသော စိုသောလက်ကို မခြောက်သွေ့စေရဆိုသောတရား။

(၃) ခဏမျှ အရိပ်၌ ခိုနားဘူးခြင်းရှိသည့် သစ်ပင်သည်ပင် မိမိအတွက်ကောင်းကျိုးပြုဘူးသည်ဖြစ်၍ ထိုအပင်၏ အကိုင်းအခက်တို့ကို မဖျက်ဆီး၊ မချိုးဖဲ့ရသကဲ့သို့ မိမိအားကောင်းကျိုးပြုဖူးသူ အဆွေခင်ပွန်းတို့ကို မပြစ်မှား ရခြင်းဟူသော "မိတ္တအဒုဗ္ဘိ"တရား။

(၄) မိန်းမတို့ အလိုရှိတိုင်း မိန်းမအလိုသို့လိုက်၍ မကောင်းမှုကို မပြုရခြင်းဟူသော "အသတီနံနာနိဂစ္ဆ" တရား။

ထိုသို့ ဟောကြေားလေသော် ပုဏ္ဏန်ဘီလူးသည် ကျေနပ်သည်ဖြစ်၍ သုခမိန်အား ဘောဂ၀တီ နဂါး ပြည်သို့ ကောင်းမွန်စွာ ခေါ်ဆောင်သွားလေသည်။

ဘာဂ၀တီ နဂါးပြည်သို့ ရောက်လေသော် နဂါးမိဖုရားကြီးမှ သုခမိန်၏ နှလုံးသည်းပွတ်အား အမှန်တကယ် စားသုံးလိုခြင်းမရှိပါပဲ... လူ့ပြည်လူ့ရွာတွင် တစ်ဦးတည်းသော တုနှိုင်းမဲ့သည့် ပညာရှိ မဂ်ဥာဏ်ရှင်ဖြစ်သဖြင့် သုခမိန်၏ တရားတို့အား နာကြားလိုခြင်းသာ ဖြစ်ကြောင်း ပြောကြား၍ ရေချိုးသန့်စင်ကာ ၀တ်ကောင်းစားလှများ ၀တ်ဆင်စေလျှက် နန်းရင်ပြင် ပလ္လင်ထက်တွင် တင့်တယ်စွာ စံနေစေပြီးလျှင် တရားတို့အား ဟောကြားစေလျှက် ကြားနာ မှတ်သားခဲ့ခြင်း ဖြစ်လေသည်။

ထိုသို့ ၀ိဓူရသုခမိန်၏ ဟောကြားချက်များတွင် ပြည်သူပြည်သားတို့၏တာဝန်၊ မင်းမှုထမ်းတို့၏တာဝန်နှင့် မင်းတို့ ကျင့်ကြံအပ်သော မင်းကျင့်တရားဆယ်ပါးတို့အား အကျယ်အားဖြင့် ဟောကြားခဲ့လေသည်။

ထိုတရားတို့အား မြတ်စွာဘုရားရှင်သည် ၀ိဓူရဇာတ်တော်တွင် ပြန်လည်ဟောကြားတော် မူခဲ့လေသည်...။

ပြည်သူပြည်သားများနှင့် ၀န်ထမ်းများ၊ တိုင်းပြည်အုပ်ချုပ်သူများအနေဖြင့် ဘုရား အလောင်းတော် ၀ိဓူရ သုခမိန်၏ အဆုံးအမများနှင့် အညီနေထိုင်နိုင်ကြပါစေကြောင်း ဆန္ဒပြုလျှက်....



နာရဒဇာတ်တော်

လိုအပ်မယ်ထင်ရင် ရှယ်ယူထားပါ
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
"  နာရဒဇာတ်တော် "
~~~~~~~~~~~~~~~
နာရဒဇာတ်တော်သည် ဇာတ်ကြီးဆယ်ဘွဲ့တွင် ရှစ်ခုမြောက် ဇာတ်တော်ဖြစ်သည်။ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည်အနီး နွယ်ချိုတောတွင် သီတင်းသုံးတော်မူစဉ် ဥရုဝေလတောတွင်း၌ ဥရုဝေလကဿပ၊ နဒီကဿပ၊ ဂယာကဿပ တည်းဟူသော ရသေ့ညီနောင် သုံးဦးနှင့်တကွ တပည့်များအား မိစ္ဆာဒိဋ္ဌိအယူမှ ချွတ်သည်ကို အကြောင်းပြု၍ နာရဒဇာတ်တော်ကို ဟောကြားတော်မူသည်။ ထိုဇာတ်တော်ကား အောက်ပါအတိုင်း ဖြစ်သည်။

ရှေးလွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း မိထိလာပြည်၌ အင်္ဂတိအမည်ရှိသော မင်းသည် မင်းပြုသည်။ ထိုမင်းသည် မင်းကျင့်တရား ဆယ်ပါးနှင့် ပြည့်စုံသည်။ တရားကိုလည်း စောင့်သည်။ ထိုမင်းတွင် အလွန်အဆင်းလှသော ရုဇာအမည်ရှိ သမီးတော်တစ်ပါးတည်းသာ ထွန်းကားသည်။ ထိုသမီးတော်အား အလှူပေးစိမ့်သောငှာ ဥစ္စာတစ်ထောင်ကို လခွဲတစ်ကြိမ် ပေးတော်မူသည်။ ထိုမင်းကြီး၏ အမတ်ကြီး ၃ ပါးမှာ ဝိဇယ၊ သုနာမ၊ အလာတတို့ဖြစ်ကြသည်။

တစ်ခုသော တန်ဆောင်မုန်းလပြည့်နေ့ ကြတ္တိကာ နက္ခတ်သဘင်အခါတွင် မင်းကြီးသည် နန်းပြသာဒ်ထက်မှ ဖြူစင်စွာ ထွန်းတောက်သော လပြည့်ဝန်းကိုမြင်၌ အထူးစိတ်ကြည်နူးမိသည်။ ထိုညဉ့်မျိုးတွင် အဘယ်ကဲ့သို့ မွေ့လျော်ရသော် ကောင်းအံ့ည်းဟု အကြံဖြစ်၍ အမတ်တို့အား နှစ်သက်ရာကို တင်လျှောက်စေသည်။ ထိုအခါ စစ်သူကြီးဖြစ်သော အလာတ အမတ်က စစ်ပြုရန် လျှောက်သည်။ သုနာမ အမတ်က ကာမဂုဏ်တို့၌ မွေ့လျော်ရန် လျှောက်သည်။ ဝိဇယ အမတ်က အကြားအမြင်နှင့် ပြည့်စုံသော ရဟန်းပုဏ္ဏားတို့ထံ ဆည်းကပ်လျက် ယုံမှားခြင်းတို့ကို ပယ်ဖျောက်ရန် လျှောက်သည်။ မင်းကြီးလည်း ဝိဇယအမတ်၏ စကားကို နှစ်သက်သဖြင့် အာလာတ အမတ် ညွှန်ကြားရာ မိဂဒါဝုန်တောရှိ ကဿပ တက္ကတွန်းတို့ထံ ဗိုလ်ပါများနှင့် သွားရောက်လေသည်။

ရောက်လျှင် မင်းကြီးက မိဖ၊ ဆရာ၊ သားမယား၊ သက်ကြီးရွယ်အို၊ ရဟန်းပုဏ္ဏား၊ မှူးမတ်ဗိုလ်ပါ၊ ပြည်ရွာအပေါ်တွင် ကျင့်ရမည့်တရားနှင့် နတ်ရွာရောက်ကြောင်း ငရဲလွတ်ကြောင်းတရားတို့ကို မေးလေသည်။ ကဿပ တက္ကတွန်းကား မေးနှင့်လျော်သော အဖြေကို မသိနားမလည်၍ မဖြေချေ။ ကောင်းကျိုး မကောင်းကျိုး၊ တမလွန် လောက၊ မိဖ၊ ဆရာဟူ၍မရှိ။ အလှူပေးခြင်းဖြင့် အကျိုးမရှိ။ မီး၊ မြေ၊ ရေ၊ လေ၊ ချမ်းသာ၊ ဆင်းရဲ၊ အသက် ဤခုနစ်ပါးသည် မြဲကုန်သည်။ သတ္တဝါတို့သည် ၈၄ ကမ္ဘာစေ့မှ စင်ကြယ်မည်။ ထိုအတွင်း ကောင်းမှုပြုသော်လည်း မစင်ကြယ်နိုင်၊ မကောင်းမှုပြုသော်လည်း ထိုခဏကို မလွန်နိုင်ကုန်ဟု ဟောကြားလေသည်။

အလာတ အမတ်ကလည်း မိမိရှေးဘဝက မကောင်းမှု ပြုခဲ့သော်လည်း ယခုအခါ ကောင်းကျိုးကိုသာ ခံစားရပုံကို ပြောပြလျက် ထိုစကားကို ထောက်ခ့၏။ ကဿပ တက္ကတွန်းထံတွင် ဆည်းကပ်နေသော မိထိလာပြည်သား ဗီဇက သူဆင်းရဲကလည်း မိမိသည် အတိတ်ဘဝက သူဌေးအဖြစ်ဖြင့် အလှူကောင်းမှုပြုပါသော်လည်း ယခုဘဝတွင် သူဆင်းရဲဖြစ်လာကြောင်းကို တင်ပြသောအားဖြင့် အလာတ အမတ်၏ စကားကို ထောက်ခံလေသည်။ ထိုအခါမှစ၍ မင်းကြီးသည် ပြည်ထဲရေးကို အမတ်တို့အား လွှဲပြီးသော် ကာမဂုဏ်စည်းစိမ်ကိုသာ ခံစားလေတော့သည်။ အလှူဇရပ်တို့ကိုလည်း ဖျက်စေသည်။ ပြည့်ရှင်မင်းကြီး အယူမှားသည်ကို တပြည်လုံး အုတ်အုတ်ကျက်ကျက် ပြောဆိုကြလေသည်။ ထိုအကြောင်းကို ရုဇာမင်းသမီးကြားလတ်သော် ခမည်းတော်၏ အယူမှားကို ပယ်ရှားအံ့ဟု အခွင့်ကို စောင့်လင့်၏။ ရုဇာမင်းသမီးကား ရှေ့ဘဝနှင့် နောက်ဘဝတို့ကို သိမြင်နိုင်သောသူတည်း။ အချိန်ကျရောက်လတ်သော် မင်းကြီးထံသို့ အခစားဝင်၍ အလှူပြုရန် ရမြဲရိက္ခာကို တောင်းလေသည်။ ထိုအခါ မင်းကြီးက အလှူကို မယုံကြည်တော့၍ အပြစ်ပြကာ တားမြစ်သည်။ သမီးတော်က ခမည်းတော် အယူမှားနေပုံ၊ တက္ကတွန်းတို့ အပြောနှင့် အကျင့်မညီပုံများ၊ မိမိ၏ အတိတ်နှင့် အနာဂတ်ဘဝ အကြောင်းများကို ရှင်းလင်း ပြောပြလေသည်။ သို့သော် မင်းကြီးကား မိစ္ဆာအယူကို မစွန့်ချေ။ ထိုအခါ မင်းသမီးက နတ်ဗြဟ္မာများအား ကူညီရန် သစ္စာအဓိဋ္ဌာန်ပြုသည်။ ထိုသို့ပြုလတ်သော် နာရဒဗြဟ္မာကြီးသည် မင်းကြိးကို ချွတ်အံ့ဟု ရဟန်းအသွင်ဖြင့် ရောက်လာသည်။

မင်းကြီးလည်း ဗြဟ္မာကြီးအား တန်ခိုးရှိခြင်း၏ အကြောင်းရင်းကို မေးသည်။ ကုသိုလ်ကောင်းမှုသာ အကြောင်းရင်းဖြစ်သည်ဟု ဗြဟ္မာကြီးက ဖြေသည်။ မင်းကြီးက သိလို၍ မေးသမျှသော ပြဿနာတိုင်းကိုလည်း မင်းကြီးစိတ်ကျေနပ်အောင် ဥပမာ သာဓကများစွာဖြင့် ဖြေဆိုသည်။ ထိုနောက် ငရဲအကြောင်း၊ ရှေးမင်းမြတ်တို့ ကျင့်စဉ်အကြောင်း စသည်တို့ကို ဟောကြားလေသည်။ ဤသို့ အယူမှားကို ပယ်ရှားစေရန် ဟောကြားပြီးနောက် မင်းကြီးအား သီလ၌ တည်စေသည်။ ရုဇာမင်းသမီးကိုလည်း များစွာသော အကြောင်းတို့ဖြင့် ချီးမွမ်းသည်။ မင်း၊ မိဖုရား၊ မောင်မမိဿံတို့ကိုလည်း အဆုံးအမ ပေးသည်။ ထိုနောက် ပရိသတ်တို့ မြင်စဉ်ပင်လျှင် နာရဒဗြဟ္မာကြီးသည် ဗြဟ္မာပြည်သို့ ပြန်သွားလေသည်။

ဓမ္မမိတ်ဆွေများအားလုံး နိဗ္ဗာန်၏
အထောက်အပံ့ဖြစ်ကြပါစေ...။

မျိုးဆက်သစ်အရှင်(ဖိုလေးလုံး)စုစည်း၍ဓမ္မဒါနပြုပါသည် ။