စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, August 2, 2023

သာသနာနဲ့ကြုံတုန်း ကြိုးစားအားထုတ်ပါ

လူ့ဘုံ ဆိုတာ တိရစ္ဆာန်ဦးရေနဲ့ 
ယှဉ်လိုက်မယ်ဆိုရင် 
လူဦးရေ အင်မတန် မှ နည်းတယ်  

လူအများစုဟာ
တရားနာနိုင်ခြင်း မရှိဘူး။

ကာမဂုဏ်အာရုံတွေနဲ့ ပျော်ဖို့ကျတော့
အလွန်လွယ်ကူတယ်..

ဒီနေ့ခေတ်မှာ
သာသနာနဲ့ ကြုံတွေ့နေရသော်လည်း

သဒ်ဓါတရားရှိသူဆိုတာ အရေအတွက်အားဖြင့်
နည်းနေသေးတာပဲ။

ဘယ်လိုပဲ တရားပွဲ ကျင်းပ ကျင်းပ..
နာချင်စိတ်ရှိတဲ့သူလည်း နည်းတာပဲ။

တရားနာတယ်ဆိုတာ 
ကိုယ့ျရဲ့သဒ်ဓါစှမျးအားတှေ ပါလို့သာ 
လာပြီးတော့ နာနိုင်ကြတာ။

တရားနာနိုင်တယ်ဆိုတာ
ဆန်တက်တဲ့ သဘောပဲ။

ဘဝတစ်ခုကို အဆင့်မြင့်ဖို့ရာအတွက်.. 
ကိုယ့်ရဲ့အသိဉာဏ်တွေရဖို့

တရားပွဲမှာ တရားလာနာတယ်ဆိုတာ
ဆန်တက် ရတဲ့ လုပ်ငန်းတစ်ခုပဲ ဖြစ်တယ်။

ဒါကြောင့်မို့
လူအများစုဟာ တရားနာနိုင်ခြင်း မရှိဘူး။ 

ကာမဂုဏ်အာရုံတွေနဲ့ ပျော်ဖို့ကျတော့ 
အလွန်လွယ်ကူတယ်။

သဒ်ဓါတရားမရှိတဲ့ ပုဂ္ဂိုလ်တွေက
ပျော်ပွဲရွှင်ပွဲမှာပဲ အချိန်ဖြုန်းကြမှာ။

ပျော်ပွဲရွှင်ပွဲမှာ အချိန်ဖြုန်းတယ်ဆိုတာ
သတ္တဝါတွေ လုပ်နေကျ အလုပ်ကိစ္စသာ ဖြစ်တယ်။

အဲဒီလို ဘဝမှာ..
ဘုရားသာသနာနဲ့ ကြုံသော်လည်းပဲ 

ဓမ္မကို စိတ်ဝင်စားမှုမပြု ဘဲ 
အပျော်နဲ့ပဲ အဆုံးသတ်သွားတဲ့ လူတွေဟာ 

သေသွားတဲ့အခါမှာ အောက်တန်းကျတဲ့ဘဝတွေမှာ 
သွားဖြစ်ကြတယ်။ ။

ဒါကြောင့်မို့ ကြက်တွေလည်းပေါတယ်။
ဝက်တွေလည်း ပေါတယ်။ ငါးတွေလည်းပေါတယ်။

ငရဲဘုံကို ကြည့်လိုက်ရင် 
ဒီထက်ပေါတယ်ပေါ့။

လူ့ဘုံဆိုတာ တိရစ္ဆာန်ဦးရေနဲ့ 
ယှဉ်လိုက်မယ်ဆိုရင် 
လူဦးရေ အင်မတန်မှနည်းတယ်။

ဘာ့ကြောင့် ဦးရေနည်းသလဲဆိုရင် 
တရားကို မြတ်နိုးတဲ့ပုဂ္ဂိုလ်နည်းလို့ပဲဖြစ်တယ်။

ဒါကြောင့်မို့..
သာသနာတော်နဲ့ ကြုံတွေ့နေချိန်မှာ 
တရားဓမ္မကို နာယူပြီး ကြိုးစားကြ၊ အားထုတ်ကြ။

ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
    🙏🙏🙏

No comments:

Post a Comment