စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, August 23, 2023

ရပ်မတွေးနဲ့ ဆက်ဆက်သိ

အနိစ္စကို မြင်ဖို့ဆိုရင် ဖြစ်ဆဲ 
ပစ္စုပ္ပန်သဘာဝလေးအပေါ်မှာ
သတိရှိရမယ်။

"အခုဖြစ်တယ်,အခုဖြစ်တယ်"။

ပစ္စုပ္ပန်ကလည်း အချိန်တိုင်း
ပြောင်းနေတာ ဖြစ်တဲ့အတွက်ကြောင့်
သတိကလည်း အချိန်တိုင်း
ပြောင်းလိုက်နေရမယ်။

ဒါကြောင့်မို့လို့ ရပ်,ရပ် မတွေးနဲ့။
ဆက်ဆက်သိ ပြောတာ။

ရပ်,ရပ် တွေးနေတာ 
ဘုန်းဘုန်းတို့က ဟုတ်လား။

ဘုန်းဘုန်းတို့က ဘာလုပ်ရမှာတုန်း။
ဆက်ဆက်သိ။ အသိစိပ်လေလေ
အသိဉာဏ် မြန်မြန်ရလေ ရမှာ။

သစ္စာရွှေစည်ဆရာတော်

"အကောင်းဆုံး ကုသိုလ်"တရားတော်မှ

No comments:

Post a Comment