စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, December 23, 2020

ဘယ်မှာငါဟုရှိအံ့နည်း

ဘယ်မှာ ငါဟု ရှိအံ့နည်း
***********-***********

လောကဇာတ်ခုံl ဤလူ့ဘုံ၌l မျိုးစုံက-ကြ
မာန်မာနနှင့်lငါကရာဇာlငါဟာသူဌေး
ငါ' ပဂေးဟုlငါသွေတက်ကြွlလူ့ဗာလတို့
များလှာဖြာဖြာ. . . .

အဝိဇ္ဇာနှင့်l တဏှာဘီလူးl အမှောင်ပူး၍
ကျူးကျူးကျော်ကျော်l ဂုဏ်ကိုဖော်လျက်
မော်မော်မောက်မောက်l ငါတစ်ယောက်သာ
မိုးအောက်တစ်လွှားl ရွှေကိုယ်လားဟု
ထင်မှားမလွဲlသို့စဉ်စွဲလည်း. . . . .

ဇာတ်ပွဲပြီးကl ပြည်ဖုံးချသော်lသုဘရာဇာ
မြေအောက်မှာပင်lဘာသာလူမျိုး
ချိန်မထိုးပဲl ပုပ်သိုးခန္ဓာl မြှုပ်ရရှာသည်. . .
ဘယ်မှာငါဟု ရှိအံ့နည်း။

Credit.. original writer..

No comments:

Post a Comment