စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, December 9, 2020

ခန္ဓာရှိသူတိုင်း လောကဓံနဲ့ ကြုံတွေ့ကြရမယ်

"သမုဒ္ဒရာထဲ လှိုင်းဒဏ်လေဒဏ်တွေ ရှိသလို"
"ခန္ဓာရှိသူတိုင်း လောကဓံနဲ့တွေ့ကြရမှာပါပဲ"
"ဘာပဲဖြစ်ဖြစ်ခဏလေးပါ" 
"မကြာခင်ပျောက်ကွယ်သွားမှာပါ"
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

'လောကဓံ'ဆိုတဲ့အရာဝတ္ထုက
အဆင်ပြေတဲ့အခါ ရှိသလို
အဆင်မပြေတဲ့အခါလည်း ရှိတယ်..
ကောင်းတဲ့အခါ ရှိသလို
မကောင်းတဲ့အခါလည်း ရှိတယ်..

ချမ်းသာတဲ့နေ့ ရှိရင်
ဆင်းရဲတဲ့နေ့ ရှိရမယ်..
ပျော်စရာနေ့ ရှိသလို
ပျင်းစရာနေ့ ရှိရမယ်..
ရယ်ရမယ့်ရက်တွေ ရှိသလို
ငိုရမယ့်ရက်လည်း ရှိရမယ်..
အစစအရာရာ အဆင်ပြေသလို
အစစအရာရာ အဆင်မပြေတာလည်း ရှိရမယ်..

ဒီလိုလောကဓံတွေနဲ့ ရင်ဆိုင်လာရသမျှ
သတိရှိရမယ် အသိဝင်ရမယ်..
'ဘာပဲဖြစ်ဖြစ် ခဏတော့ဖြစ်မှာပါ'
'မကြာခင် ပျောက်ကွယ်သွားမှာပါ' ဟု
ရှေ့စိတ်ကို နောင်စိတ်နဲ့ ပြန်လိုက်
'မရှိဘူး မရှိဘူး'ဆိုတာ သိသွားမယ်..
ဧည့်သည်စိတ်ကို အိမ်ရှင်မလုပ်မိပါစေနဲ့..

သမုဒ္ဒရာထဲ လှိုင်းဒဏ်လေဒဏ်တွေရှိသလို
ခန္ဓာရှိသူတိုင်း လောကဓံနဲ့ တွေ့ကြရမှာပါ..
ဘုရားအစရှိသော အရိယာကြီးတွေတောင်
တွေ့ကြရသေးတယ် မဟုတ်လား?
သို့သော် အရိယာသူတော်ကောင်းတွေကတော့
ပြုံးပြုံးလေးနဲ့ ရင်ဆိုင်ကြသလို
သင်သည်လည်း
အရိယာဓာတ်သတ္တိတွေကိန်းအောင် ကြိုးစားထားပါလေ..

           🙏  မြောက်ဦးဆရာတော်ကြီး 🙏

🌺အမှောင်ပျောက်၍ အလင်းရောက်ပါစေ။🌺
Credit....

No comments:

Post a Comment