စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, April 25, 2021

မုသာဝါဒ

⭐ မုသာဝါဒ ⭐
<><><><><>

မြတ်စွာဘုရားက ရာဟုလာကိုခေါ်တယ်၊
ရာဟုလာ ငါနဲ့လိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်၊
မြတ်စွာဘုရားက ခြေဆေးတဲ့နေရာမှာထိုင်ပြီး 
ခြေဆေးဖို့ခပ်ထားတဲ့ ရေအိုးထဲက ခွက်ကလေးနဲ့ 
ရေခပ်ယူလိုက်တယ်၊ ခပ်ယူပြီးတဲ့အခါ ရေကလေးကို
တစ်၀က်သွန်ပြီး မြတ်စွာဘုရားက မေးတယ် 

💥 "ရာဟုလာတွေ့လား ဟောဒီမှာ ရေခွက်ထဲမှာ 
ရေတစ်၀က်ပဲ ရှိတယ် တွေ့လား" ဆိုတော့

🌷 "တွေ့ပါတယ် ဘုရား"  

💥 "လောကမှာ လိမ်ပြောတတ်တဲ့လူဆိုတာ 
ကိုယ်ကျင့်တရား ပြည့်ပြည့်၀၀ မရှိဘူး" 

★ ကိုယ်ကျင့်တရားဟာ မပြည့်၀ဘူး။

💥 "ဒီခွက်ထဲကရေတွေ မပြည့်သလိုပဲ 
လိမ်တတ်ပြီဆိုရင် မင်း ကိုယ်ကျင့်တရားတွေ 
မပြည့်နိုင်ဘူး" တဲ့။ 

★ မြတ်စွာဘုရားက ခွက်ထဲကရေတွေကို 
သွန်လိုက်တယ်၊ 

💥 "ရာဟုလာ ဟောဒီခွက်ထဲမှာ ရေတွေရှိသေးလား" 

🌷"မရှိတော့ဘူး ဘုရား" 

★ ရေတွေ သွန်လိုက်တယ်၊ 

💥 "အေး အဲဒီလို သွန်လိုက်သလိုပဲ လိမ်ပြောတဲ့ 
ပုဂ္ဂိုလ်ဟာ ကိုယ်ကျင့်တရားတွေကို အကုန်လုံး 
စွန့်ပစ်လိုက်တာနဲ့ အတူတူပဲ" တဲ့။ 

★ မြတ်စွာဘုရားက ခွက်ကို မှောက်ပြီးတော့ 
မေးတယ်၊ 

💥 "ရာဟုလာ တွေ့လား ငါခွက်ကလေးကို 
မှောက်ထားတာ၊ အဲဒီ ခွက်ကလေး မှောက်လိုက်
သလိုပဲ လိမ်ပြောတတ်တဲ့ ပုဂ္ဂိုလ်ရဲ့
ကိုယ်ကျင့်တရားတွေဟာ အကုန်လုံးဇောက်ထိုးပဲ၊
ဘာမှမရှိတော့ ဘူးပေါ့၊ ကိုယ်ကျင့်တရားတွေကို 
အကုန်လုံးမှောက်ပစ်လိုက်တာနဲ့ အတူတူပဲ" တဲ့။

★ နောက်တခါ မြတ်စွာဘုရားက ခွက်ကလေးကို 
ပြန်လှန်လိုက်တယ်၊

💥 "ဟောဒီခွက်ထဲမှာ ဘာရှိလဲ ဘာမှမရှိဘူး၊ 
အေးခွက်ထဲမှာ ဘာမှမရှိသလိုပဲ လိမ်ပြောတတ်တဲ့ 
ပုဂ္ဂိုလ်သန္တာန်မှာ ကိုယ်ကျင့်တရားဆိုတာ ဘာမှမရှိဘူး
တဲ့၊ ဒါကြောင့် ရယ်စရာ အနေနဲ့တောင် လိမ်တာဟာ
အင်မတန်အပြစ်ကြီးတယ်"

🌕 မြတ်စွာဘုရားက - လိမ်ပြောတတ်လို့ ရှိရင်တဲ့ 
ဘာမှ ကိုယ်ကျင့်တရား မရှိတော့ဘူးလို့ ဒီလိုကို 
ဟောထားတာ၊ လိမ်မှာ စိုးလို့နော်။ 

🌕 လိမ်ပြောတတ်တဲ့ပုဂ္ဂိုလ် မလုပ်တဲ့ 
အကုသိုလ်မရှိဘူး၊ 
မုသားစကားပြောပြီ ဆိုမှတော့ ကျန်တဲ့ 
အကုသိုလ်တွေလည်း သူလုပ်မှာဘဲတဲ့၊ 
ဘာလုပ်လုပ် လိမ်လိုက်ရင် ပြီးသွားတာကိုး။ 
အဲတော့ လုပ်ဖို့ရာအတွက် ဘာမှ ၀န်မလေးတော့ဘူး
လို့ပြောတာ။ 

🌕 ဒါကြောင့်မို့ ရာဟုလာကို မြတ်စွာဘုရားက 
လိမ်ပြောတဲ့ အပြစ် ဖြစ်မှာစိုးလို့ 
စိတ်ထဲမှာ စွဲသွားအောင် သင်ကြားပေးတာပါ။

#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

‘ရာဟုလာ၏ဘ၀နှင့် မြတ်ဗုဒ္ဓ၏အဆုံးအမ အပိုင်း(၁)’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။

Credit -

မသိမိုက်ထက် သိမိုက်ကပိုဆိုး

မသိမိုက်ထက် သိမိုက်က 
ပိုပြီးဆိုးတယ်..

ကလေးမိုက်ထက် လူကြီးမိုက်က 
ပိုပြီးကြောက်စရာကောင်းတယ်
မိုက်သင့်တဲ့အချိန် မိုက်တာထက်မမိုက်သင့်တဲ့
အချိန် မိုက်မိလျှင်အချိန်မဲ့အမှောင်ဟာ 
ရှောင်သူမလွတ်တတ်ဘူးတဲ့..

ဒီလိုဘဝမျိုး အသိမျိုး အမူအကျင့်မျိုးတွေဟာ
ဘုရားသာသနာနဲ့တွေ့တုန်းအခါမှာ မရှိသင့်တော့ဘူး။

ကလေးတွေကမှ 
ခြောက်လိုက်ရင် ကြောက်တတ်သေးတယ်
ဟိုနားမှာသရဲကြီးရှိတယ်ဆိုရင်မသွားတော့ဘူး
ဒီနားမှာအရူးဖမ်းလိမ့်မယ်ဆိုလည်းမသွားတော့ဘူး
စကားနားထောင်တယ်..

လူကြီးတွေကတော့ 
သံသရာဘေးဆိုးကြီးတွေကိုယ်တွေ့ကြုံနေရပါလျက် 
ကြောက်ရမှန်းမသိသေးဘူး
အိုဘေး နာဘေး သေဘေး အပါယ်ဘေးဆိုးကြီး
တွေရှိရာ သွားနေတုန်းပဲ..

ဘုန်းကြီးတွေကလည်း 
ဒီဘေးဆိုးကြီးတွေက်ိုညွှန်ပြပြီးဟောပေးနေတာပဲ
မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုသလို 
သံဝေဂရစရာတွေလည်း တွေ့ကြုံနေကြတာပဲ..

ဓမ္မစာပေတွေကလည်း သံသရာဘေးဆိုးကြီး ကြောက်လန့်စရာကောင်းပုံတွေကို ရေးသား
ဖော်ပြနေပါတယ်..

"ကြုံတွေ့ ဖတ်မှတ် နာကြား ဆင်ခြင်တုန်း"
ခဏတော့ သံဝေဂရသလိုလို ကြောက်သလိုလို 
လန့်သလိုလိုတော့ ဖြစ်ပါရဲ့..
နောက်တော့ခွေးမြီးကောက်လိုပြန်ကောက်သွားပြီး
ဇာတိဘေး ဇရာဘေးကြီးတွေထဲ ပြေးဝင် 
ကျင်လည်ကြပြန်ရော..

အဲဒီတော့ ဒီနေ့ကြောက်ပုံကြောက်နည်းက
♦️သူများပြောလို့ကြောက်ရတဲ့ 
     အတွေးကြောက်
♦️မိမိကိုယ်တိုင် တွေ့မြင်ခဲ့ရလို့ကြောက်ရတဲ့      
     အတွေ့ကြောက်
ဒီလောက်ပဲရှိတော့ မလုံလောက်သေးဘူး..

ခန္ဓာကပြနေတဲ့ 
ဇာတိဘေး ဇရာဘေး မရဏဘေးဆိုးကြီးတွေကို
ဝိပဿနာဉာဏ်စဉ်အားဖြင့် ထွင်းဖောက်
ရှုမြင်နိုင်ပါမှမိမိခန္ဓာကစပြီး 
သံသရာဘေးဆိုးကြီးများအဆုံး ကြောက်စရာ
ကောင်းပုံကို နှလုံးသွင်းပြီးဝဋ်ဆင်းရဲက
လွတ်အောင် ရုန်းနိုင်ပေလိမ့်မယ်..

{မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး}

သည်းခံခွင့်လွှတ်ခြင်း

တစ်ဦးနဲ့တစ်ဦး သည်းခံခြင်း၊ 
ခွင့်လွှတ်ခြင်း ၊ငြိမ်းချမ်းခြင်းဆိုတဲ့ အဆုံးအမကမြတ်စွာဘုရားရဲ့အဆုံးအမတစ်ခု ဖြစ်တယ်။

ခွင့်လွှတ်နိုင်ရမယ်၊ သည်းခံနိုင်ရမယ်၊ 
ဖျောင်းဖျပြီးတော့ ယဉ်ကျေးအောင် 
ဆုံးမနိုင်စွမ်းရှိရမယ်။ 

“ငါ ခွင့်မလွှတ်ဘူး”ဆိုတာမျိုးတွေက 
တစ်ဦးနဲ့တစ်ဦး ရန်ဘက်နဲ့ 
အတေးအမှတ်တွေသာ ဖြစ်တယ်။ 

ရန်လိုတဲ့သူတွေ အချင်းချင်းဟာ 
စကားသံတွေက သိပ်ပြီးတော့ များပြားလွန်းတယ်။

တစ်ဦးနဲ့တစ်ဦး ပြောပြီဆိုရင် အတောမသတ်နိုင်တဲ့
စကားသံတွေနဲ့ ပွက်လောညံနေအောင် 
ပြောကြတယ်တဲ့။

လူ့ရဲ့သဘောက မတည့်ဘူးဆိုရင် 
လူတွေက အမျိုးမျိုးပြောတာလေ။ 

ရန်လိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်သူကမှ 
“ငါမိုက်တယ်”လို့ မထင်ဘူးတဲ့။

ပဋိပက္ခဖြစ်ပြီဆိုရင် “ငါမိုက်လို့ ဖြစ်ရတယ်”လို့ ဘယ်သူမှ မစဉ်းစားဘူးတဲ့။
ငါတော်တယ်လို့ပဲ ထင်ကြတယ်။ 

အဖွဲ့အစည်းတစ်ခု၊ သံဃာ့အဖွဲ့အစည်းတစ်ခု မတည့်လို့ စိတ်ဝမ်းကွဲကြရင် ဖြစ်လာမယ့် ပြဿ     နာတွေ တခြားပြဿ     နာတွေ ပိုကြီးလာမယ်ဆိုတာ နားမလည်ကြဘူးထည့်သွင်းမစဉ်းစားကြဘူး။

အိမ်မှာ မိသားစုထဲမှာ တစ်ယောက်နဲ့တစ်ယောက် အလျှော့မပေးဘူး။အငြင်းပွားကြတယ်၊
ရန်ဖြစ်လာပြီဆိုရင် အသံတွေဟာ
ကျယ်သထက်ကျယ်လာတယ်။
ရန်ဖြစ်ပြီဆိုရင် အသံကကျယ်လာတာပဲ။ 

“ငါမှားတယ်”လို့ ဘယ်သူမှ မထင်ဘူး။
ငါလုပ်တာ မှန်တယ်။ သူမှားတယ်ပဲ တွက်တယ်။ 
အဲ့ဒီလိုဆိုရင် ပြဿ     နာက ဘယ်တော့မှ မပြေဘူးတဲ့။

ဒီတင်ရပ်မှာ မဟုတ်ဘူးတဲ့။ ပြဿ     နာတွေ နောက်ဆက်တွဲ အများကြီးလာလိမ့်မယ်တဲ့။
မြတ်စွာဘုရားကတော့ ဒီလိုဟောတာ။

ဒါ ကိုယ့်ရဲ့ ဘဝမှာ သတိထားဖို့၊ 
အချင်းများတာတွေ ရှောင်ဖို့ဆိုတာ ဟောတယ်။ 

ဘဝကို မေ့သွားကြတဲ့ပုဂ္ဂိုလ်တွေက 
အလွန်များတယ်တဲ့။

ငါတော်တယ် ငါတတ်တယ်လို့ လူတွေကကိုယ့်ကိုယ်အထင်ကြီးလာတဲ့အခါ 
ကိုယ့်ဘဝအခြေအနေကို မေ့သွားပြီး 
ငါသာလျှင် ပညာရှိလို့ အထင်ရောက်တတ်ကြတယ်။
ပညာရှိယောင် ထင်လာကြတယ်။ 

ငါတော်တယ်၊ ငါတတ်တယ်လို့ ထင်လာရင် ကျန်တဲ့ပုဂ္ဂိုလ်ကို အထင်သေးတဲ့ အမြင်နဲ့ ကြည့်ကြတယ်။

တစ်ဦးနဲ့တစ်ဦး ထိခိုက်မယ့်စကားလုံးတွေကို အနိုင်ယူဖို့၊ အနိုင်ပြောဖို့လောက်ပဲ 
အာရုံစိုက်ကြတယ်။ ကြိုးစားလာကြတယ်။ 

ပါးစပ်ကို ဟချင်သလောက် ဟနေကြတာ။
ချဲ့ချင်သလောက်ချဲ့ပြီးတော့ 
ပြောလေ့ဆိုလေ့ရှိကြတယ်။ နှုတ်ကျွှံကြတယ်။
နှုတ်လွန်ကြတယ်။

ဖြေရှင်းလို့မရအောင် စကားတွေ 
ကျွံလွန်ကြတယ်။

ပြဿ     နာတွေ ဘယ်လိုဖြစ်ပေါ်လာမလဲဆိုတဲ့ အကျိုးဆက်ကို မသိကြဘူး။

ပြောချင်တာတွေ ဇွတ်ပြောတယ်။ 

လူနှစ်ယောက်ရန်ဖြစ်ပြီဆိုရင် 
ပြောချင်တာတွေ ဇွတ်ပြောတာပဲ။

ပြောတယ်ဆိုတဲ့နောက်မှာ မှားတယ်ဆိုတာ လိုက်လာတယ်။ မှားတယ်လို့ သိတာ အတော်ကြာမှ သိတာ။ ဒါ့ကြောင့် 
နှုတ်လွန်အောင် မပြောသင့်ဘူး။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
  ဒေါက်တာ နန္ဒမာလာဘိဝံသ
  🙏🙏🙏🙏🙏🙏🙏🙏

Tuesday, April 20, 2021

စိတ်ကောင်းထားဖို့အရေးကြီးသည်

" စိတ်ကောင်းထားဖို့ အရေးကြီးသည် "
   🙏🙏🙏🙏🙏🙏🙏🙏🙏

စိတ်ပုတ် 
နှုတ်ပုတ်
အလုပ်ပုတ်လျှင်
အများမုန်း၍ ဆင်းရဲသည်။

စိတ်ဖြူ 
နှုတ်ဖြူ
အလုပ်ဖြူ လျှင်
အများချစ်၍ ချမ်းသာသည်။

စိတ်ဆိုး
နှုတ်ဆိုး
အလုပ်ဆိုးလျှင်
အများမုန်း၍ ဆင်းရဲသည်။

စိတ်ကောင်း
နှုတ်ကောင်း
အလုပ်ကောင်းလျှင်
အများချစ်၍ ချမ်းသာသည်။ 

(ချမ်းမြေ့ဆရာတော်) ...
🙏🙏🙏🙏🙏

ချမ်းမြေ့ရိပ်သာတွင် နေ့စဉ်
ရွတ်ဆို ပူဇော်ကြရသည်။

credit....

Thursday, April 15, 2021

ကောင်းရာကိုရောက် သေချာပေါက်

"ကောင်းရာကိုရောက် သေချာပေါက်"
~~~~~~~~~~~~~~~~~~

သဒ္ဓါတရားဟာ သံသရာခရီးသွားတွေရဲ့
မိတ်ဆွေကောင်းဖြစ်လို့
လက်မလွတ်တမ်းဆုပ်ကိုင်ထားရမယ့်
တရားဗျ...။

သဒ္ဓါတရားလက်လွန်သွားရင်
လူ့သန္တာန်မှာ
ကုသိုလ်ဝင်ပေါက်ပိတ်သွားတတ်တယ်...။

သံသရာခရီးသည်တွေဖြစ်ကြတဲ့
မိမိတို့ဟာ သံသရာခရီးကို
လျှောက်လှမ်းကြည့်တဲ့အခါ
လိုရာခရီးကိုလွယ်လွယ်ကူကူ
ချောချောမွေ့မွေ့နဲ့ရောက်ချင်တယ်ဆိုရင် -

(၁)သဒ္ဓါတရားဆိုတဲ့
     မိတ်ဆွေကောင်းနဲ့ပေါင်း

(၂)ဒါနရိက်ခာထုပျကို
     လုံလောက်အောင်ယူ

(၃)သီလလမ်းကြောင်းအတိုင်း
     ဖြောင့်ဖြောင့်တန်းတန်းသွား

(၄)သမာဓိအဖော်ကိုခေါ်

(၅)သတိနဲ့စူးစိုက်

(၆)ပညာနဲ့ အကောင်းအဆိုး
     အကြောင်းအကျိုးကိုမြင်အောင်ကြည့်

ဒါဆိုရင် မိမိတို့လိုရာခရီးကို
သေချာပေါက်ရောက်ပြီ...။

🌷တိပိဋကယောဆရာတော်ဘုရားကြီး🌷 

credit...

မကောင်းသူကိုအနိုင်ယူနည်း

မကောင်းသူကို အနိုင်ယူနည်း...
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
“အသာဓု သာဓုနာ ဇိနေ”တဲ့။

လောက လူ တွေဟာ လူတိုင်း အကောင်း ချည့် လုပ်တာ မဟုတ်ဘူး။မ ကောင်းတာလည်း လုပ် ကြ တယ်။ 

ကိုယ့်အပေါ်  မကောင်းဘူး၊သူ့အပေါ် မကောင်း ဘူး၊ဒီလူ ကဖြင့် သူ့အမေ အပေါ် မကောင်းဘူး၊ အဖေ အပေါ် မကောင်းဘူး၊ညီအစ်ကို မောင်နှမ တွေ အပေါ်မှာ မကောင်းဘူး။

မိတ်ဆွေ သင်္ဂဟ တွေ အပေါ်မှာ မကောင်းဘူး။

အဲဒီ မကောင်းတဲ့ အမူအရာတွေနဲ့ဆက်ဆံတယ်။

မကောင်းတာတွေ လုပ်တဲ့ ပုဂ္ဂိုလ် တစ်ယောက်
ကို ကိုယ်က ကောင်းတာ လုပ်ပြီးတော့ နေရမယ်။

သူ မကောင်းတာ လုပ်တာမျိုးကို လိုက်ပြီး မတု ရ ဘူး။

မကောင်းတာကို မကောင်းတာနဲ့ မတုံ့ပြန်ရဘူး။

မကောင်းတာ ကို ကိုယ်ကကောင်းတာနဲ့ တုံ့ပြန် ရ တယ်။

အဲဒီတော့ မကောင်းတာ ကို ကိုယ် က မကောင်း တာနဲ့ တုံ့ပြန်မယ်ဆိုရင် ကိုယ်က အနိုင် မရ ဘူး။ ကိုယ် ပဲ ရှုံးတယ်။

အေး..မကောင်းတာကို ကောင်းတာနဲ့ တုံ့ ပြန်မယ် ဆိုရင် ကိုယ်က အနိုင်ရတယ်လို့ ပြောတာ။

မြတ်စွာဘုရားက “မကောင်းသူ ကို မိမိကိုယ်တိုင် က သူ့အပေါ်မှာ ကောင်းခြင်းဖြင့် ကိုယ်ကအနိုင် ယူပါ” တဲ့။ ။

အေး .. မကောင်းတဲ့ ပုဂ္ဂိုလ်ကို ကိုယ်က ကောင်း လိုက် သဖြင့် အနိုင်ယူတယ်ဆိုတာ....

ကြည့်။မြတ်စွာဘုရားရှင်ဟာ ဒေဝဒတ်နဲ့ ဆက်ဆံ တဲ့ အခါမှာ အမြဲကောင်းတယ်။ ဒေဝဒတ်ကသာ ဘုရား အပေါ် အမြဲတမ်း မကောင်းတာ။

သံသရာ က တည်း က မြတ်စွာဘုရား အပေါ် ကောင်း ခဲ့ တယ်လို့ မရှိဘူး။အမြဲတမ်း ဒုက္ခ ပေး နေ တာ။ 

ဘုရားဖြစ်တဲ့ ဘဝမှာလည်း ဘုရား အပေါ်ကောင်း တာ မရှိဘူး။ မကောင်းတာတွေချည့်ပဲလုပ်တယ်။ 

အဲဒီလို မြတ်စွာဘုရား အပေါ် အမြဲတမ်းမကောင်း ပေမယ့်လို့ ဘုရားက ဒေဝဒတ် အပေါ်မှာ အမြဲ တမ်း ကောင်းခဲ့တယ်မကောင်းတာ ဘယ်တော့မှ မလုပ်ဘူး။ ။

ကြည့်လေ။ဒေဝဒတ် သာသနာ့ ဘောင် ဝင် တယ်
ဆိုရင် သင်္ကန်း ဝတ်ပေးတယ်။

တရားဓမ္မတွေ ဟောပေးတယ်။ သမထ ကျင့်စဉ် တွေ ဟောပေးတယ်။

မြတ်စွာဘုရား ထံမှ သင်ကြားပြီးတော့ ဒေဝဒတ် ဟာ ဈာန် အဘိညာဉ်တွေ ရသည်အထိအောင်မြင် သွားတယ်။

ဘုရားက ဒေဝဒတ်အပေါ် ကောင်းတယ်။ ဆုံးမ စရာ ရှိရင် ဆုံးမတယ်။

ဒေဝဒတ် မကောင်းတာကို မြတ်စွာဘုရား က ကောင်း တဲ့ နည်းနဲ့ ပဲ ဆက်ဆံတယ်။

အဲဒီတော့ ကြည့်လိုက်မယ် ဆိုရင် ဒေဝဒတ် သာသနာ့ ဘောင်ဝင်လာတဲ့ အချိန်ကစပြီးတဖြည်း ဖြည်း နဲ့ မြတ်စွာဘုရားကို ဒုက္ခပေး လာ လိုက် တာ။

ဘုရား က သက်တော် ၇၂နှစ် အရွယ် အကြီး အကျယ် ဒုက္ခပေးတာ။

ဘယ်လောက် ထိအောင် ဒုက္ခပေးသလဲဆိုရင်
အဇာတသတ် နဲ့ ပေါင်းပြီး လက်ဖြောင့်လေးသည် တော် လူသတ်သမား တွေ စေလွှတ်တယ်။

ဘုရားကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားတယ်။ မ အောင်မြင်ခဲ့ဘူး။

နောက်တစ်ခါ နာဠာဂီရိ ဆင်ကြီး ကို အရက်တွေ မူးနေအောင် တိုက်ပြီး ဘုရားကြွလာတဲ့လမ်းမှာ လွှတ်တယ်။

ဆင်ထိုး သတ်ခံ ရ အောင် လုပ်တယ်။
ဒါလဲ မအောင်မြင်ခဲ့ဘူး။

နောက်ဆုံး ဒီလို လုပ်ရပ်တွေ မအောင်တဲ့ အခါ သူ ကိုယ်တိုင် ဂိဇ္ဈကုဋ် တောင်စောင်းကနေ ကျောက် မောင်း ဆင်ပြီး မြတ်စွာဘုရား စင်္ကြန် လျှောက်နေ တဲ့ အချိန် ကျောက်တုံး လှိမ့်ချတာ။

တစ်ခါတည်း လက်စသတ် သေအောင် ကြံတယ်။ 

အဲဒီ အချိန်မှာ အပေါ်က လိမ့်ဆင်းလာတဲ့ အင် မ တန် ကြီးမားတဲ့ ကျောက်တုံးက အလွန် ကြီး မား တဲ့ ကျောက်တုံးတစ်တုံးကို ဝင်တိုက်ပြီးကျောက် ဖတ် ကလေး တစ်ခုဟာ မြတ်စွာဘုရားရဲ့ခြေမကို သွားမှန်တာပေါ့။

အဲဒီအချိန်မှာ မြတ်စွာဘုရားဟာ ကာယိကဒုက္ခ နာကျင်တဲ့ ဆင်းရဲဒုက္ခကို ခံစားရတယ်။

လမ်းမလျှောက်နိုင်ဘူး။ သံဃာတော် အရှင်မြတ် တွေက ရောက်လာကြတယ်။

ထမ်းစင်နဲ့ထမ်းပြီး ဇီဝကရဲ့ သရက်ဥယျာဉ် ကျောင်း ကို ပင့်ခေါ်သွားရတယ်။

အဲဒီ အခြေအနေ မျိုး ရောက်အောင် ဒေဝဒတ်ဟာ မြတ်စွာဘုရား အပေါ်ိုးခဲ့တယ်။

သို့သော် မြတ်စွာဘုရားက ဒေဝဒတ်အပေါ်
အမြဲတမ်းကောင်းခဲ့တယ်။

ဆုံးမစရာရှိရင် ဆုံးမတယ်။သတိပေးစရာရှိရင် သတိပေးတယ်။

နောက်ဆုံး ကျတော့ ဒေဝဒတ်ဟာ သူ့ရဲ့ မှားတာ တွေ ကို သိလာတယ်။

မြတ်စွာဘုရား ရဲ့ ကောင်းတာတွေကို အာရုံပြုပြီး “ငါကသာ ဆိုးတာ။ဘုရားက ငါ့အပေါ် အင်မတန် ကောင်းတယ်။”

နောက်ဆုံး ဒေဝဒတ်ကြီးဟာ မကျန်းမမာ ဖြစ်လာ တယ်။

ဘယ်အခါမှာ မကျန်းမမာဖြစ်လာသလဲ ဆိုတော့ သံဃာ သင်းခွဲပြီး ရဟန်း ၅ဝဝ ခေါ်သွားတယ်။

ခေါ်သွားတဲ့ အခါ မြတ်စွာဘုရားက “ဒီလို ဓမ္မနဲ့မ ကျွမ်းကျင်တဲ့ ကိုယ်တော်လေးတွေ ဒုက္ခ ရောက် လိမ့်မယ်။

ရှင်သာရိပုတ္တရာနဲ့ရှင်မာဂ္ဂလာန်တို့ လိုက်သွားပြီး ဒီ ကိုယ်တော်လေးတွေ ပြောင်းနားချပြီး ပြန်ခေါ် လာ ကြ”လို့ လွှတ်လိုက်တယ်။

ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလာန်တို့ကြွလာ တဲ့ အခါ မှာ ဒေဝဒတ်က ဝမ်းသာတယ်။

“ကြည့်ငါ့လမ်းစဉ်မှန်လို့ ဂေါတမဘုရားရဲ့ တပည့် ကြီး နှစ်ပါးတောင် ငါ့နောက်လိုက်လာပြီ”လို့။

အဲလို ထင်ပြီး ရှင်သာရိပုတ္တရာကို လက်ယာရံက ထား တယ်။

ရှင် မောဂ္ဂလာန်ကို လက်ဝဲဘက် က ထားပြီးတော့ သံဃာ တွေ ကို တရား ဟော တယ်။

ဒေဝဒတ် အနားယူ အိပ်စက်နေတဲ့အချိန် ရှင် သာရိပုတ္တရာ နဲ့ ရှင်မောဂ္ဂလာန်တို့က တရား ဟော ကြ တယ်။

ဟိုကိုယ်တော်လေးတွေ အမှန်တရား သိပြီးနောက် ဆုံးမှာ တရားထူး တရားမြတ် ရကြတယ်။ 

အဲဒီပုဂ္ဂိုလ်တွေကို အကုန်လုံး ပြန်ခေါ် လာခဲ့ ကြ တယ်။

ဒေဝဒတ် တစ်ဦးထဲ ကျန်ရစ်တယ်။

အဲဒီ အချိန် ကျ မှ သူဟာ စိတ်နှလုံး ပူလောင်သွား တယ် သူ့မှာ နောက်လိုက် နောက်ပါ မရှိတော့ဘူး။

စိတ်နှလုံး ပူလောင်သည့်အတွက် နှလုံးထဲက သွေး တွေ ဟာ လျှံပြီး သွေးအန်တဲ့အနေအထား ရောက် သွား တယ်။

အဲဒီလို သွေးအံပြီး မမာမကျန်းဖြစ်တဲ့အခါ သူ စဉ်းစား တယ်။

“အော် မြတ်စွာဘုရားက ငါ့အပေါ် သိပ် ကောင်း တယ်။ လုပ်ခဲ့သမျှ ငါက အဆိုးတွေ ချည့် လုပ်ခဲ့ တာ” လို့ နောင်တ ရလာတယ်။

မြတ်စွာဘုရား ကို ဝန်ချ ချင်တယ်။ နောက်ဆုံး တွေ့ ချင် ပါတယ် ဆိုပြီးတော့ အတင်းအကြပ်ပို့ ခိုင်း လို့ မြတ်စွာဘုရား သီတင်းသုံးတဲ့ ဇေတဝန် ကျောင်းကို ထမ်းစင်ကြီး နဲ့ထမ်းပြီး သူ့ကို ခေါ်
လာခဲ့ ရ တယ်။

နောက်ဆုံး ဇေတဝန် ကျောင်း နား က ဇေတဝန် ရေကန် ကြီး ကို အနီးအနားမှာ ထမ်းစင်ချပြီး
ခဏ အပန်းဖြေဖို့ ခြေထောက်ချ မြေကြီးပေါ် နင်း လိုက်တဲ့ အချိန်မှာ မြေကြီး ကွေ့ပြီးတော့ ဒေဝဒတ် ဟာ မြေမြိုသွားတာ။

ဘာဖြစ်လို့လဲ ဆိုရင် သူလုပ်ထားတဲ့ လုပ်ရပ်တွေ နဲ့ မြတ်စွာဘုရား ကို ပြန်တွေ့ ဖို့ ဆိုတာ မဖြစ် နိုင် တော့ ဘူး။

သို့သော် သူဟာ အဲဒီအချိန်မှာ မိုက်မှားတဲ့နောင်တ ကိုတော့ သူ ရ ထားပြီ။

သူ ဆိုးပေမယ့် ဘုရား က မဆိုးဘူး ဆိုတာ သိ တယ်။

ကဲ ဒီအဖြစ်အပျက် ကြည့် ပထမပိုင်းမှာ ဒေဝဒတ် က အနိုင်ရ နေ သလို ရှိတယ်။

ဘုရားကို ဒုက္ခ အမျိုးမျိုး ပေးနေတယ်။

မြတ်စွာဘုရားက ဒေဝဒတ် ကိုအကောင်း နဲ့ သာ တုံ့ပြန်တယ်။အဆိုးနဲ့ မတုံ့ပြန်ဘူး။

ဒါကြောင့်မို့ လောကအမြင်နဲ့ ကြည့်မယ်ဆိုရင်
မြတ်စွာဘုရား က ရှုံးနေသလိုရှိတယ်။

သို့သော် နောက်ဆုံး မှာ အနိုင် ရလိုက်တာ က မြတ်စွာဘုရား ရှုံးသွားတာ က ဒေဝဒတ်။

နောက်ဆုံးမှာ ဒေဝဒတ် ဟာ သံသရာ မှာ ဘယ် လောက် ထိအောင် ရှုံးသွားသလဲ ဆိုရင် လက်ရှိ ဘဝမှာ မြေမျိုခြင်းဖြင့် အဆုံးသတ်ရတယ်။

အဝီစိငရဲ မှာ မြတ်စွာဘုရားကို စော်ကားခဲ့တဲ့
အပြစ်ဒဏ် တွေကို ခံနေရတာ။

တစ်ကမ္ဘာပတ်လုံး။ဘဒ္ဒကမ္ဘာကုန်ဆုံးသည် အထိ အောင် ငရဲမှာ ခံရမှာ ဖြစ်တယ်။

အဲဒါကြောင့်မို့ ဒေဝဒတ်ဟာ တကယ်ရှုံးသွား တဲ့ ပုဂ္ဂိုလ် တစ်ယောက်ဖြစ်တယ်။

ဒါကြောင့်မို့ မြတ်စွာဘုရား က မကောင်းတဲ့ ပုဂ္ဂိုလ် ကို မကောင်းတာ နဲ့ မတုံ့ပြန်နဲ့ ကောင်းတာ နဲ့ပဲ တုံ့ပြန်ပြီး အနိုင်ယူပါလို့ဒီလိုဟောတာ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

credit....

အာနာပါနသတိပဌာန် ရှုမှတ်နည်း

အာနာပါန သတိပဌာန် ရှုမှတ်နည်း
🍁🍁🌷🍁🍁🌷🍁🍁🌷🍁🍁

အာနာပါနဿတိသည်ကာယာနုပဿနာသတိပဌာန်တစ်မျိုးဖြစ်ပါသည်။အာနာပါနသည်ထွက်လေ၀င်လေဆိုသည့် ဝါယောဓါတ်ခါင်းဆောင်သည်ဓါတ်တရားတွေစုပေါင်းထားသောကာယကိုအစိတ်စိတ်အမွှာမွှာကွဲသွားအောင် အဖန်ဖန် အထပ်ထပ် ရှုရသော သတိပဌာန်ကို ခေါ်ပါသည်။
ခန္ဓာကိုယ်ကိုဖာင့်ဖြောင့်ထား၍ တိကို နှာခေါင်းရှည်သောပုဂ္ဂိုလ်ဆိုလျှင် နှာသီး၀၊ နှာခေါင်းတိုလျှင် အထက်နုတ်ခမ်း မှာထားပါ။ ထွက်လေ၀င်လေကို သတိနဲ့ ၀င်၊ ထွက်စေရမည်။
က) မှတ်နည်းမှာ
၁) ထွက်လေ၀င်လေတစ်စုံကို ၁၊ ၂၊ ၃၊ ၄၊ ၅ ဟု မှတ်တဲ့နည်း။
၂) အနုပတ္တာနည်း- နေရာတစ်ခုခုမှာပဲ သတိကိုထားပါ။ ထွက်လေ၀င်လေကို စ၊လယ်၊ဆုံးသိအောင်လုပ်တဲ့နည်း။
၃) ဌာပနာနည်း- ထိတဲ့နေရာမှာ ထိထိနေတာသိအောင်လုပ်တဲ့နည်း။

ခ) ကြာတာ၊ မြန်တာသိအောင်လုပ်ပါ။ တိုတိုလား၊ ရှည်ရှည်လား သိအောင် လုပ်ရမည်။

ဂ) ပြင်းထန်သလား၊ နူးညံ့သလားသိအောင်လုပရမည်။ထွက်လေ၀င်လေသည် စိတ္တဇဝါယောဖြစ်လို့ စိတ်ပေါ်မူတည်သည်။ စိတ်တွေ ကြမ်းလျှင် ထွက်လေ၀င်လေကကြမ်းသည်။ နီ၀ရဏ တရား ၅ ပါး မကင်းလျှင်ပျံ့လွင့်တဲ့စိတ်ကပူလောင်တဲ့သဘောရှိပါသည်။၄င်းကြောင့်ဖစ်တဲ့စိတ်ကကြမ်းပါသည်။ 
နီ၀ရဏဆိုသည်မှာ-
၁) တစ်စုံတစ်ခုကိုလိုချင်တဲ့စိတ်
၂) အလိုမကျတဲ့စိတ်
၃) ငိုက်မျဉ်းတာ
၄) ပျံ့လွင့်တာ၊ ပူပန်တဲ့စိတ်
၅) မဆုံးဖြတ်နိုင်တဲ့စိတ်

ဃ)နီ၀ရဏကင်း၍စိတ်တွေသိမ်မွေ့သွားတဲ့အခါ၀င်လေထွက်လေသည်နူးညံ့လာပါသည်။သိပ်ပြီးသိမ်မွေ့လာရင်ထွက်လေ၀င်လေရှိမှရှိသေးလားလို့ထင်ရတတ်ပါသည်။ အောက်ပါပုဂ္ဂိုလ်များမှသာ ထွက်လေ၀င်လေ ချုပ်ပါသည်။
  ၁) အမိ၀မ်းထဲက ကလေး
၂) သေသွားတဲ့ပုဂ္ဂိုလ်
၃) သေခါနီးမိန်းမျောနေတဲ့သူ
၄) စတုထ္တစျာန်၀င်စားနေသူ
၅) နိရောဓသမာပတ်၀င်စားသူ
၆) ဗြဟ္မပြည်ရောက်နေပုဂ္ဂိုလ်(ဗြဟ္မာ)

င)ဝီရိယစိုက်ပြီးရှုလျှင်သိမ်မွေ့နေသော၀င်လေထွက်လေကိုတွ့လာလိမ့်မည်။စိတ်တွေကြည်လာတတ်သည်။အဖြူရောင် ညစ်ထေးထေးနမိတ်စပေါ်လာမည်။ပ်ါလာကစတွင်၀င်လေထွက်လေကသတ်သတ်နမိတ်ကသတ်သတ်ဖစ်နေတတ်သည်။ယင်းသို့ နမိတ်ပေါ်လာလျှင်စိတ်ကပေါ်လာသောနိမိတ်ပေါ်ရောက်သွားတတ်သည်။နမိတ်ကိုဆက်ရှုရမည်။နမိတ်ပျာက်သွားလျှင်ဘာ၀နာစိတ်ကို၀င်လေထွက်ပေါ်ပြန်တင်ရမည်။ ဘာ၀နာစိတ်အားကောင်းလျှင် နမိတ်နှင့် ၀င်လေထွက်လေတို့ တစ်ထပ်တည်း ကျလာလိမ့်မည်။ ယင်းနောက်မှာခါင်းထဲကလှုပ်ရှားနေသောမီးခိုးတန်းလို၊ဖူဖြူဖွေးဖွေးဝါဂွမ်းဆိုင်လိုအစတွင် ဖြစ်မည်။ ဘာ၀နာစိတ် ခိုင်ခံ့လာသောအခါ ဖြူဖွေး ကြည်လင်တောက်ပသော မီးချောင်းလို ကြည်လို နက္ခတ်လို ပုလဲလုံး ရွဲလုံးလို ပေါ်လာ တတ်သည်။ စျာန်လမ်းသွားချင်လျှင် ပေါ်လာသော နမိတ်ကို မလွတ်တန်းရှုဖို့လိုပါသည်။လှုပ်နေတဲ့နမိတ်က ငြိမ်သွားသည်အထိအာရုံပြုပွါများလျှင် စျာန်စခန်းသို့ ရောက်ပြီ။ ၄င်းစျာန်ကလည်း နီဝါရဏ ၅ ပါးကို လောင်ကျွှမ်း သွားစေပါသည်။  

       နမိတ် ၃ မျိုးမှာ-
၁) မူလ ၀င်လေထွက်လေက ပရိကမ္မနမိတ်
၂) မီးခိုးတန်းလို ဝါဂွမ်းဆိုင်လို အစရှိတဲ့ လှုပ်ရှားပြီးနေတဲ့နမိတ်က ဥဂ္ဂဟနမိတ်
၃) ကြည်လင်တောက်ပပြီး ငြိမ်၍ပေါ်လာတာက ပဋိဘာဂနမိတ်
   
       စျာန် အင်္ဂါ ၅ ပါးမှာ-
၁) စိတ်ကို နမိတ်ပေါ် မရောက်ရောက်အောင် တင်ပေးရတဲ့ ဝိတက်

၂) ထိုနမိတ်ကို အဆက်မပြတ် ဆင်ခြင်နေတဲ့ သုံးသပ်နေတဲ့ ဝိစာရ

၃) ဝိစာရနှင့် နမိတ်ကို ဆင်ခြင်ပါများတော့ ပွတ်ပါများရင် အရောင်တလက်လက်ထွက်လာသော ရွှေပုထိမ်သည်ရဲ့ လက်၀တ်ရတနာများလို လှုပ်ရှားနေတဲ့ နမိတ်က ငြိမ်ပြီး ကြည်လင်လာသည်။ ထိုနမိတ်ကို နှစ်သက်တဲ့ သိမ့်ကနဲ ငြိမ့်ကနဲ ခံစားတတ်တဲ့ ပီတိ

၄) အေးချမ်းတဲ့သဘော ပဿဒ္ဒိ၊ စိတ်တွေလဲ အေးချမ်လို့ ခန္ဓာကိုယ်လဲ အေးချမ်းလာသည်။ ငြောင်းညာကိုက်ခဲခြင်းမရှိ။ ခန္ဓာကိုယ်ကြီးကို
အောက်က မြောက်ပင့်လိုက်သလို ပေါ့နေသလို ခံစားရသည့် လဟုတာ။ အောက်မှာထိနေတယ်လို့ မထင်ရ။ နတ်စည်းစိမ်တမျှဟု ဆိုပါသည်။

၅) နောက်ဆုံး စိတ်က တည်ငြိမ်သွားတဲ့ ဧကဂ္ဂတာ။ သမာဓိရသွားပါပြီ။ ပထမစျာန်ဟု ခေါ်သည်။ စိတ်က နီ၀ရဏလွတ်လို တက်ကြွလန်းဆန်း အေးချမ်းနေပါတယ်။

ဤနေရာတွင် ဝိပဿနာမရှုလိုသေးပါက ဝိတက် ဝိစာရကိုပယ်လျှင် ဒုတိယစျာန်၊ ပီတိကိုပယ်လျှင် တတိယစျာန်၊သုခကိုပယ်လျှင် စတုထ္ထစျာန်အထိ တက်သွားနိုင်သည်။ စျာန်စခန်းသွားရင် ဉာဏ်မလိုသေးပါ။ ရှုရုံပဲရှုနေရင်း တက်သွား ပါသည်။ ပထမစျာန်ရပြီး ၀င်လေထွက်လေဆိုသော တွန်းကန်လှုပ်ရှား တတ်သည့် ဝါယောဓါတ်ဖြစ်သည့်ရူပ်ကိုရှုရင်ကယာနုပဿနာ။ပီတိ၊သုခဆိုသည့် စေတသိတ်များကိုရှုရင် ဝေဒနာနုပဿနာ။ ကြည်လင်နေသည်ကိုသိနေသောစိတ်ကိုရှုရင်စိတ္တာနုပဿနာ။ထိုစိတ်စတသိတ်နှင့်ရုပ်များမမြဲဘူးဆိုသည့်အနိစ္စသဘော၊ ကုန်ပျောက်တတ်သည်ဆိုသည့် ဝိရာဂသဘော (တက်မက်စရာမရှိ)၊ ချုပ်ပျောက်ပျက်စီးတတ်သည်ဆိုသည့် နိရောဓ (ခိုင်မြဲသည်ဟု မယူဆ)၊ စွန့်ပစ်ရမည် ဆိုသည့် ပဋိနိသေကသဘော၊ အချက် ၄ ချက် ပါသော ဓမ္မာနုပဿနာ။

 ယင်းသို့ သုံးသပ်သောဉာဏ်ကသမ္မသနဉာဏ်ရဲ့အစဖြစ်ပါသည်။ ထွက်လေ၀င်လေက ရုပ်၊ ပီတိပဿဒ္ဒိခံစားမှု၀ဒနာသည်စတသိတ်၊ချမ်းသာမှုကိုသိနေသည့်စိတ်သည်ဝိဉာဏ်၊ယင်းစိတ်စေတသိတ်ရုပ်များကို ပိုင်းပိုင်းခြားခြားသိလာခဲ့သောဉာဏ်ကိုနာမရူပပဋိစ္ဆေဒဉာဏ်။သက္ကာယဒိဌိကင်းသွားပါပြီ။ထိုနာမ်ရုပ်နှစ်ပါးသည်အဝိဇ္ဇာ၊တဏှာ၊ကံဆိုသော ဝေးသောအကြောင်းကြောင့် ဖြစ်ရပါသည်။ ထွက်လေ၀င်လေ တည်းဟူသော ဝါယောရုပ်၏ အနီးဆုံးအကြောင်းမှာ စိတ်ဖြစ်ပါသည်။ အကြောင်းနှင့် အကျိုးကို သိမ်းဆည်းတတ်သည့့်ဉာဏ်သည် ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပါသည်။

ဤသို့အကြောင်းအကျိုးကြောင့်ဖစ်နေသောရုပ်နာမ်နှစ်ပါး၏အနိစ္စ၊ဒုက္ခ၊အနတ္တကိုဓမ္မာနုပဿနာသတိပဌာန်နှင့်ဝိပဿနာရှုလျှင်သမ္မသနဉာဏ်ဖစ်ပြီ။၄င်းရုပ်နာမ်များ၏ ဖြစ်လာတာပျက်လာတာကိုမြင်သော ဉာဏ်ကဥဒယဗ္ဗယဉာဏဖစ်သည်။ဖစ်လာတာတွေ့လျှင်ဥစ္ဆေဒဒိဌိပြုတ်ပြီးပျက်တာတွေ့လာသော် မြဲသည်ဆိုသော သဿတဒိဌိပုတ်ပါသည်။ဖစ်ခြင်းနှင့်ပျက်ခြင်းတွင်ပျက်ခြင်းကကြာက်စရာကောင်းသည့် သဘောဆောင်လို့ ဉာဏ်က ပျက်သည့်ဘက်ကိုပဲ ဒလစပ်ရှု သွားပါသည်။

 အပျက်ကို သုံးသပ်ခြင်းက ဘင်္ဂဉာဏ် ဖြစ်ပါသည်။ ဝါယောရုပ်ကိုပဲဖစ်ဖြစ်၊၀ဒနာတစ်လုံးကိုဖြစ်ဖြစ်၊ကြည်လင်နေသောစိတ်ကလေးတစ်လုံးကိုဖြစ်ဖြစ် ပျောက်ပျက်သွားနေသည်ကို မြင်သောအခါ ကြောက်စရာဆိုသည့် သံဝေဂဉာဏ်ဘယဉာဏ်ပေါ်လာပါသည်။ထိုပျောက်ပျက်နေသောခန္ဓာကအားကိုးစရာမဟုတ်ဟုသိသောဉာဏ်ဖြစ်သည့် အာဒီန၀ဉာဏ်ဖစ်လာစေပါသည်။ယင်းနောက်တွင်ငီးငွေ့သောနိဗ္ဗိဒါဉာပ်ါပါသည်။ထိုသို့မလိုချင်ပဲရှုမှတ်နေရတာကိုလွတ်ချင်သော မုဉ္စိတုကမျတာဉာဏ် ပေါ်လာပါသည်။သို့သော် ရေနစ်မှာကြောက်၍ခွးသေကောင်ပုပ်ကို အတင်းဖက်တွယ်ထားသူကဲသို့ မလွှတ်ပဲ ဤသင်္ခတကိုပင် အနစ္စ၊ ဒုက္ခ၊ အနတ္တဟု ဘာ၀နာစိတ်ဖြင့် ဖိပြီးရှုမှတ်နေသော ပဋိသင်္ခါဉာဏ် ဆက်ဖြစ် လာပါသည်။ 

ယင်းအခိုက်တွင် သင်္ခတတရားကို သုခ၊ ဒုက္ခသောမနဿမပါသောဥပက္ခာဝေဒနာဖစ်နေပါပြီ။၄င်းဉာဏ်ကိုသင်္ခါရုပက္ခာဉာဏ်ဟု ခေါ်ပါသည်။ထို့နောက်မှာ မဂ်ဖြစ်ပေါ်ရန်ကျးဇူးပြုသည့်အနုလောမဉာဏ်ဖစ်ပေါ်လာပါပြီ။ဆက်လက်၍အထူးကြောင့်ကြမစိုက်ရပဲ ဂေါတြဘုဉာဏ် ပေါ်လာပါသည်။ ထိုဉာဏ်ကသင်္ခတအာရုံကိုမယူတော့ပဲအသင်္ခတကိုမျာ်ကြည့်သည့်ဉာဏ်ဖြစ်ပါသည်။ယင်းနောက်တွင်မဂ်ဉာဏ်၊ဖိုလ်ဉာဏ်အစဉ်အတိုင်း ပေါ်လာပါတော့သည်။ ထိုနောက်ချုပ်ပျာက်ခဲ့ပုံပယ်ပြီးကိလေသများကိုပန်ဆင်ခြင်သည့်ပစ္စ၀က္ခဏာဉာဏ်ပ်ါလာပါသည်။အာနာပါနသတိပဌာန်သည်သတိပဌာန်လေးပါး ပြည့်စုံသည့်အတွက် ဗောဇ္စျင် ရ ပါး ဖြစ်ပါသည်။ 

(ဆရာတော်အရှင်ဉာဏိသာရဟောကြားသောအာနပါနသတိပဌာန်တရားထဲမှ ကောက်နုတ်ဖော်ပြပါသည်။)

credit.....

ကိုယ့်လမ်းကိုယ်ရှင်း မပူကင်း

ကိုယ့်လမ်းကိုယ်ရှင်း အပူကင်း
••••••••••••••••••••••••••••••

❀ အသိမပါ မယုံပါ
ထင်ရာ လျှောက်၍လုပ်။ 

❀ ထင်ရာလုပ်က၊ အပါယ်ကျ 
ဘဝနာ၍ အကျိုးယုတ်။

❀ အသိလည်းပါ ယုံကြည်ပါ
ကောင်းစွာ ရှင်း၍လုပ်။

❀ ကောင်းစွာလုပ်က၊ စိတ်အေးရ
ဒုက္ခငြိမ်း၍ အပူချုပ်။

❀ ကိုယ့်လမ်းကိုယ်လျှောက်
 ကောင်းရာရောက် 
မကြောက်ရအောင် စွမ်းအားထုတ်။

❀ ကိုယ့်လမ်းကိုယ်ရှင်း အပူကင်း
 မပျင်းမရိလုပ်။ 

ယောဆရာတော်ဘုရားကြီး။

credit... ဦးနန္ဒိသေန ရေစကြို

Tuesday, April 13, 2021

သေနည်းငါးမျိုး

သေနည်း ငါးမျိုး

၁။ သရဏဂုံ နှင့် ဘဝကူးနည်း 
၂။ ဒါန နှင့် ဘဝကူးနည်း 
၃။ သီလ နှင့် ဘဝကူးနည်း 
၄။ သမထ နှင့် ဘဝကူးနည်း 
၅။ ဝိပဿနာ နှင့် ဘဝကူးနည်း 

-  သရဏဂုံ နှင့် ဘဝ ကူး နည်း ။

သရဏဂုံ တည်ဆောက် ပြီး မကျိုး မပေါက် အောင် စောင့်ထိန်းပါ ။
ဘာ လုပ်လုပ် သရဏဂုံ ရွတ်ဆိုပြီး မှ လုပ်ပါ ။ 
အလေ့ အထ ဖြစ်နေအောင် သရဏဂုံ နှလုံး သွင်းပြီး သရဏဂုံနှင့် နေသွားပါ ။
သေခါ နီးမှာ ဗုဒ္ဒံသရဏံ ဂစ္ဆာမိ ( မြတ်စွာ ဘုရား ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ။
ဓမ္မံ သရဏ ဂစ္ဆာမိ (တရားတော် မြတ်ကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ ။
သံဃံ သရဏံ ဂစ္ဆာမိ ( သံဃာတော် အရှင်မြတ် များကို ကိုးကွယ်ရာ ဟူ၍ ဆည်းကပ်ပါ၏ လို့ အဓိပ္ပာယ် ပါ။ အာရုံ ထင်လာအောင် စိတ်ထဲကနေ နှလုံးသွင်း ပွားများပါ ။ 
သရဏဂုံ နှင့် ဘဝ ကူး ရင် ကောင်းရာ သုဂတိ ရောက်သည် ။

-  ဒါန နှင့် ဘဝ ကူးနည်း

ဘဝ တစ်သက်တာ တွင် မိမိပြုခဲ့တဲ့ ဒါန ကောင်းတွေ ထဲက အနေကျပ်ဆုံး ၊ အကြိုက် အနှစ်သက်ဆုံး၊ ပီတိ အဖြစ်ဆုံး အလှူ ဒါန ကောင်းမှု တစ်ခုခုကို ရွေးပါ ။
ပီတိ အားကောင်းမှ အကျိုးပေး ထက်သန်တာ ဖြစ်လို့ ထို ပီတိ အဖြစ်ဆုံး ဒါန ကောင်းမှု ကို ခုလောလောဆယ် 
လှူ နေရသလို အာရုံ ထင်မြင်ပြီး ကြည်နုး ဝမ်းမြောက် ပီတိ ဖြစ်နေရပါ မည် ။ သေခါ နီး နာ မကျန်း ဖြစ်နေ စဉ် အလှူ ဒါန ပြုပြီး ပြုခဲ့ သော အလှူဒါနကို နှလုံးသွင်း ပီတိ ဖြစ်သည် အထိ အားရုံ ပြု ပွားများ၍ လည်း ရပါသည် ။ မိမိ ပြုခဲ့ သော အလှူဒါန ကို ဝမ်းသာ ပီတိ ဖြစ်အောင် နှလုံးသွင်း ဆင်ခြင် ရပါမည် ။
မိမိ လှူ ထားသော အဆောက် အဦး ၊ လှူဖွယ် ပစ္စည်းကို မစွဲလန်းမိရန် သတိ ပြုရပါမည် ။ မိမိ ပြုခဲ့သော အလှူဒါန ကို ဆင်ခြင် နှလုံး သွင်းပြီး ဒါန ပီတိ စိတ်နှင့်ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက်သည် ။

-   သီလနှင့် ဘဝ ကူးနည်း

နေ့ စဉ် ပုံမှန် ငါးပါး သီလ ခံယူပြီး မကျိုး မပေါက် အောင် စောင့်ထိန်းပါ ။ သေခါ နီး သံယောဇဉ် ဖြတ်ပြီး စိတ်ကို ငြိမ်အောင် ထားပါ ။ မိမိ သီလကို နှလုံးသွင်းပြီး သီလ နုဿတိ ဖြစ်နေ အောင် အထပ်ထပ် အာရုံပြု ဆင်ခြင် ပါ ။ သေခါ နီး တွင် လည်း ဘုရား အာရုံ ပြုပြီး ငါးပါး သီလ ခံယူ ပါ ။ အခု ငါးပါး သီလ ခံယူ ပြီးတဲ့ အချိန်က စပြီး ငါးပါး သီလ လုံခြုံ နေပြီလို့ ဝမ်းသာ ပီတိ ဖြစ်သည် အထိ နှလုံး သွင်း အာရုံ ပြုပါ ။ သီလ ပီတိ စိတ်နှင့် ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက် သည် ။

-   သမထ နှင့် ဘဝ ကူး နည်း

သမထ ဆိုတာ တစ်ခုကိုသာ စူးစိုက်ကာ ရှု ခြင်း ဖြစ်သည် ။ စိတ်ကို ဟို သည် မပျံ့ လွင့် ဘဲ အာရုံ တစ်ခု တည်း အပေါ်မှာ တည် ငြိမ်နေအောင် စူးစိုက်ပြီး မှတ်နေ ခြင်း ဖြစ်သည် ။ သမထ ကျင့်စဉ် လေးဆယ် ရှိသည် ။ သေခါ နီး သူ သည် အများ အပြား မလုပ်နိုင်တော့ သဖြင့် တိုတို နှင့် လွယ်ကူ ရှင်းလင်း သော နည်းကို အာရုံပြု ပွားများ လျှင် လုံလောက်ပါသည် ။ ဘုရား ဂုဏ်တော် နှလုံးသွင်း ပွားများနည်း - အရဟံ= ကိလေသာ ကင်းစင်တော် မူသော မြတ်စွာ ဘုရား၊ လို့ အရဟံ ဂုဏ်တော် ရဲ့ သဘောကို ပေါက်အောင် အာရုံ ထင်လာအောင် စိတ်ထဲကနေ နှလုံး သွင်း ပွားများရပါ မည် ။ မေတ္တာ ဘာဝနာ ပွား များနည်း - သတ္တဝါ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ လို့ စိတ်ထဲကနေ နှလုံးသွင်း ပွားများရ ပါမည် ။
ဘုရား ဂုဏ်တော် နှလုံး သွင်း ပွားများ နည်းနှင့် မေတ္တာ ဘာဝနာ ပွားများနည်း ကို ကြိုက်နှစ်ရာ တစ်ခုကို ပီတိ ဖြစ်သည် အထိ နှလုံး သွင်း အာရုံပြုပါ ။ ကောင်းရာ သုဂတိ ရောက်သည် ။

-   ဝိပဿနာ နှင့် ဘဝ ကူးနည်း

ဝိပဿနာ ဆိုတာ ပေါ်ရာ ပေါ်ရာမှာ ရှု ခြင်းဖြစ်ပါသည် ။ 
ကိုယ် အမှု အရာ ဘာပဲ ပြုပြု - ပြုနေစဉ် ၊ စိတ် အမှု အရာ ဘာပဲ ဖြစ် ဖြစ် - ဖြစ်နေစဉ် ၊ နေ့ စဉ် တိုင်း နေ့ စဉ် တိုင်းမှာ ဖြစ်နေတဲ့ သဘောကို ဖြစ်နေ တဲ့ အတိုင်း သတိ ကပ် ရှု မှတ် သွား ရန် ဖြစ်သည် ။ ရုပ် နာမ် တရား တို့ကို အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ အားဖြင့် အဖန်ဖန် အထပ်ထပ် ရှု မှတ် ပွားများ အားထုတ်ခြင်း ဖြစ်သည် ။ ဝိပဿနာ ဘာဝနာ တစ်ခုခု ကို ဆရာ သမား ကောင်းထံ နည်း နာခံပြီး စနစ် တကျ လေ့ ကျင့် ထားရမည် ။ ရိပ်သာ မကြာ မကြာ ဝင် ပြီး ဝိပဿနာ အားထုတ် ရမည် ။ အိမ် မှာလည်း နေ့ စဉ် မှန် မှန် အားထုတ် ရမည် ။ ဝိ ပဿနာ ကို နှလုံး သွင် ပြီး ဘဝ ကူးရင် ကောင်းရာ သုဂတိ ရောက် သည် ။

မင်းကွန်းဆရာတော်ကြီး

Thursday, April 1, 2021

လောကမှာ ခံနိုင်ရည်ရှိအောင်

လောကမှာ_ခံနိုင်ရည်ရှိအောင် 
🌲🌲🌲🌲🌲🌲🌲

လောကကြီးမှာ ခံနိုင်ရည်ရှိအောင်  ခံနိုင်ရည်ရှိတဲ့  တရားတွေ ကြိုးစားပြီးတော့   ရှာကြရတယ် ။    ကြိုးစားပြီးတော့ စုဆောင်းကြရတယ် ။    
 စိတ်ဓာတ်  ခိုင်မာအောင်  ကြီုးစားကြရတယ်နော် ။ 
 မိမိ လေ့ကျင့်အပ်တဲ့ တရားတွေ  ကြားနာအပ်တဲ့ တရားတွေ   အကြောင်းပြုပြီးတော့  စိတ်ဓာတ်
ဟာ   တဖြေးဖြေး မာလာတတ်တယ် ။  

စိတ်ဓာတ်မာလာတော့ ဘယ်လို ဒုက္ခမျိုးကြုံကြုံ   မဖြုံဘူး  ။ ခံနိုင်ရည် ရှိလာပါတယ် ။
ဒါကြောင့်  လောကမှာ  တရားဆိုတာ  အင်မတန်ကို အရေးကြီးတယ် ။  တရားဆိုတာ အင်မတန် အားထုတ်နိုင်တယ်။
ခန္ဓာကိုယ်ကြီးပျက်စီးပေမဲ့  တရားကမပျက်စီးဘူ ။  ခန္ဓာကုိယ်ကပျက်စီးပေမဲ့  ကိုယ့်တရားက  ကိုယ့်ကိုမပျက်စီးရာရောက်အောင်
ပို့ပေးမှာ ဖြစ်တယ်နော် ။   ထူးခြားတဲ့ ပုဂ္ဂိုလ် ဖြစ်အောင်လည်းဆောင်ရွက်ပေးတယ် ။  
ဒါကြောင့် တရားကို ကြိုးစားပြီး ပွားကြရတယ် ။  အားထုတ်ကြရတယ် ။ ဆည်းပူးကြရတယ်။ စုဆောင်းကြရတယ်နော် ။

တရားသည်  လူ့ဘဝအနှစ်  
*******************
ခန္ဓာသည်လည်း ပျက်စီးတတ်သည် ။  
မိမိတို့ ပစ္စည်းတွေလည်းပျက်စီးတတ်တယ် ။  ပျက်စီးပါစေ ။ သူ့အကြောင်း အားလျော်စွာ
 ပျက်စီးတာ  ဘာမှစိုးရိမ်စရာ မလိုပါဘူး ။  
မိမိတို့ စုိးရိမ်ဖို့က  တရားမပျက်ဖို့ကသာ အရေးကြီးတယ်နော် ။  အဲဒီတရားကသာ    
မပျက်စီးတဲ့ ပုဂ္ဂိုလ်ပဲ ။   ခန္ဓာကိုယ်ကြီး ပျက်စီးပေမဲ့   သူဘယ်တော့မှ  မပျက်စီးဘူး ။ မပျက်စီးတဲ့ ပုဂ္ဂိုလ်  ။  တရားမပျက်သေးရင်  လူမပျက်ဘူး ။  
တရားပျက်ရင် လူပျက်တာပဲ ။  

ဒါကြောင့်  လူ့ဘဝအဖို့  အနှစ်သာရက  တရားပဲ ။
ဒကာဖြစ်တဲ့  ခန္ဓာကိုယ်နဲ့  ပစ္စည်းဥစ္စာတွေ  အကြောင်းပြုပြီးတော့ စိုးရိမ်ခြင်းမဖြစ်ပဲ  တရားပျက်မှာကိုသာ  စိုးရိမ်ကြရတယ် ။  
မပျက်အောင် ကြိုးစားကြရတယ် ။  
တရားတွေ ပွားသထက်ပွား
များသထက်များအောင်  ကြိုးစားကြပါနော် ။

တရားတံခါးလေး   ပိတ်ပေးရတယ်
*************************
မျက်စိ နား နှာ  လျှာ  ကိုယ်  စိတ် သူတို့က အကုသိုလ်တွေလည်း ဖိတ်ခေါ်တယ် ။  
အိမ်သာလာရင်  ဧည့်လာဆိုတဲ့အတိုင်း  အထဲက ဓာတ်ခံကောင်းသူတွေကျတော့
ကောင်းတဲ့တရားတွေ  အဲဒီ ခြောက်ပေါက်က ဝင်လာတယ် ။ကုသိုလ်တရားတွေပေါ့ကွယ် ။  
      
အထဲက ဓာတ်ခံမကောင်းတဲ့  ပုဂ္ဂိုလ်ကြတော့   မကောင်းတဲ့အကုသိုလ်တရား တွေ  အဲဒီတံခါးခြောက်ပေါက်ကနေ  ဝင်လာတယ် ။   အဝင်မခံကြနဲ့   ။    ဒီတိုင်းနေလို့ကတော့ 
ဝင်လာမယ်နော် ။  တာဆီးနိုင်တဲ့ တံခါးလေးတွေ ရှိတယ်နော်ဘာတံခါးလည်း ။    တရားတခါးတဲ့ ။   သတိလေးထားပြီး  တရားတံခါးလေးနဲ့ 
ပိတ်နိုင်ကြပါစေ။  ။  ။  ။

သီတဂှု  ဆရာတော်
ဒေါက်တာ အရှင်ဥာဏိဿရ
🙏🙏🙏🙏🙏
                                         
credit:Khaing Khaing