⭐ မုသာဝါဒ ⭐
<><><><><>
မြတ်စွာဘုရားက ရာဟုလာကိုခေါ်တယ်၊
ရာဟုလာ ငါနဲ့လိုက်ခဲ့ဆိုပြီး ခေါ်သွားတယ်၊
မြတ်စွာဘုရားက ခြေဆေးတဲ့နေရာမှာထိုင်ပြီး
ခြေဆေးဖို့ခပ်ထားတဲ့ ရေအိုးထဲက ခွက်ကလေးနဲ့
ရေခပ်ယူလိုက်တယ်၊ ခပ်ယူပြီးတဲ့အခါ ရေကလေးကို
တစ်၀က်သွန်ပြီး မြတ်စွာဘုရားက မေးတယ်
💥 "ရာဟုလာတွေ့လား ဟောဒီမှာ ရေခွက်ထဲမှာ
ရေတစ်၀က်ပဲ ရှိတယ် တွေ့လား" ဆိုတော့
🌷 "တွေ့ပါတယ် ဘုရား"
💥 "လောကမှာ လိမ်ပြောတတ်တဲ့လူဆိုတာ
ကိုယ်ကျင့်တရား ပြည့်ပြည့်၀၀ မရှိဘူး"
★ ကိုယ်ကျင့်တရားဟာ မပြည့်၀ဘူး။
💥 "ဒီခွက်ထဲကရေတွေ မပြည့်သလိုပဲ
လိမ်တတ်ပြီဆိုရင် မင်း ကိုယ်ကျင့်တရားတွေ
မပြည့်နိုင်ဘူး" တဲ့။
★ မြတ်စွာဘုရားက ခွက်ထဲကရေတွေကို
သွန်လိုက်တယ်၊
💥 "ရာဟုလာ ဟောဒီခွက်ထဲမှာ ရေတွေရှိသေးလား"
🌷"မရှိတော့ဘူး ဘုရား"
★ ရေတွေ သွန်လိုက်တယ်၊
💥 "အေး အဲဒီလို သွန်လိုက်သလိုပဲ လိမ်ပြောတဲ့
ပုဂ္ဂိုလ်ဟာ ကိုယ်ကျင့်တရားတွေကို အကုန်လုံး
စွန့်ပစ်လိုက်တာနဲ့ အတူတူပဲ" တဲ့။
★ မြတ်စွာဘုရားက ခွက်ကို မှောက်ပြီးတော့
မေးတယ်၊
💥 "ရာဟုလာ တွေ့လား ငါခွက်ကလေးကို
မှောက်ထားတာ၊ အဲဒီ ခွက်ကလေး မှောက်လိုက်
သလိုပဲ လိမ်ပြောတတ်တဲ့ ပုဂ္ဂိုလ်ရဲ့
ကိုယ်ကျင့်တရားတွေဟာ အကုန်လုံးဇောက်ထိုးပဲ၊
ဘာမှမရှိတော့ ဘူးပေါ့၊ ကိုယ်ကျင့်တရားတွေကို
အကုန်လုံးမှောက်ပစ်လိုက်တာနဲ့ အတူတူပဲ" တဲ့။
★ နောက်တခါ မြတ်စွာဘုရားက ခွက်ကလေးကို
ပြန်လှန်လိုက်တယ်၊
💥 "ဟောဒီခွက်ထဲမှာ ဘာရှိလဲ ဘာမှမရှိဘူး၊
အေးခွက်ထဲမှာ ဘာမှမရှိသလိုပဲ လိမ်ပြောတတ်တဲ့
ပုဂ္ဂိုလ်သန္တာန်မှာ ကိုယ်ကျင့်တရားဆိုတာ ဘာမှမရှိဘူး
တဲ့၊ ဒါကြောင့် ရယ်စရာ အနေနဲ့တောင် လိမ်တာဟာ
အင်မတန်အပြစ်ကြီးတယ်"
🌕 မြတ်စွာဘုရားက - လိမ်ပြောတတ်လို့ ရှိရင်တဲ့
ဘာမှ ကိုယ်ကျင့်တရား မရှိတော့ဘူးလို့ ဒီလိုကို
ဟောထားတာ၊ လိမ်မှာ စိုးလို့နော်။
🌕 လိမ်ပြောတတ်တဲ့ပုဂ္ဂိုလ် မလုပ်တဲ့
အကုသိုလ်မရှိဘူး၊
မုသားစကားပြောပြီ ဆိုမှတော့ ကျန်တဲ့
အကုသိုလ်တွေလည်း သူလုပ်မှာဘဲတဲ့၊
ဘာလုပ်လုပ် လိမ်လိုက်ရင် ပြီးသွားတာကိုး။
အဲတော့ လုပ်ဖို့ရာအတွက် ဘာမှ ၀န်မလေးတော့ဘူး
လို့ပြောတာ။
🌕 ဒါကြောင့်မို့ ရာဟုလာကို မြတ်စွာဘုရားက
လိမ်ပြောတဲ့ အပြစ် ဖြစ်မှာစိုးလို့
စိတ်ထဲမှာ စွဲသွားအောင် သင်ကြားပေးတာပါ။
#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
‘ရာဟုလာ၏ဘ၀နှင့် မြတ်ဗုဒ္ဓ၏အဆုံးအမ အပိုင်း(၁)’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
No comments:
Post a Comment