စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, April 25, 2021

သည်းခံခွင့်လွှတ်ခြင်း

တစ်ဦးနဲ့တစ်ဦး သည်းခံခြင်း၊ 
ခွင့်လွှတ်ခြင်း ၊ငြိမ်းချမ်းခြင်းဆိုတဲ့ အဆုံးအမကမြတ်စွာဘုရားရဲ့အဆုံးအမတစ်ခု ဖြစ်တယ်။

ခွင့်လွှတ်နိုင်ရမယ်၊ သည်းခံနိုင်ရမယ်၊ 
ဖျောင်းဖျပြီးတော့ ယဉ်ကျေးအောင် 
ဆုံးမနိုင်စွမ်းရှိရမယ်။ 

“ငါ ခွင့်မလွှတ်ဘူး”ဆိုတာမျိုးတွေက 
တစ်ဦးနဲ့တစ်ဦး ရန်ဘက်နဲ့ 
အတေးအမှတ်တွေသာ ဖြစ်တယ်။ 

ရန်လိုတဲ့သူတွေ အချင်းချင်းဟာ 
စကားသံတွေက သိပ်ပြီးတော့ များပြားလွန်းတယ်။

တစ်ဦးနဲ့တစ်ဦး ပြောပြီဆိုရင် အတောမသတ်နိုင်တဲ့
စကားသံတွေနဲ့ ပွက်လောညံနေအောင် 
ပြောကြတယ်တဲ့။

လူ့ရဲ့သဘောက မတည့်ဘူးဆိုရင် 
လူတွေက အမျိုးမျိုးပြောတာလေ။ 

ရန်လိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်သူကမှ 
“ငါမိုက်တယ်”လို့ မထင်ဘူးတဲ့။

ပဋိပက္ခဖြစ်ပြီဆိုရင် “ငါမိုက်လို့ ဖြစ်ရတယ်”လို့ ဘယ်သူမှ မစဉ်းစားဘူးတဲ့။
ငါတော်တယ်လို့ပဲ ထင်ကြတယ်။ 

အဖွဲ့အစည်းတစ်ခု၊ သံဃာ့အဖွဲ့အစည်းတစ်ခု မတည့်လို့ စိတ်ဝမ်းကွဲကြရင် ဖြစ်လာမယ့် ပြဿ     နာတွေ တခြားပြဿ     နာတွေ ပိုကြီးလာမယ်ဆိုတာ နားမလည်ကြဘူးထည့်သွင်းမစဉ်းစားကြဘူး။

အိမ်မှာ မိသားစုထဲမှာ တစ်ယောက်နဲ့တစ်ယောက် အလျှော့မပေးဘူး။အငြင်းပွားကြတယ်၊
ရန်ဖြစ်လာပြီဆိုရင် အသံတွေဟာ
ကျယ်သထက်ကျယ်လာတယ်။
ရန်ဖြစ်ပြီဆိုရင် အသံကကျယ်လာတာပဲ။ 

“ငါမှားတယ်”လို့ ဘယ်သူမှ မထင်ဘူး။
ငါလုပ်တာ မှန်တယ်။ သူမှားတယ်ပဲ တွက်တယ်။ 
အဲ့ဒီလိုဆိုရင် ပြဿ     နာက ဘယ်တော့မှ မပြေဘူးတဲ့။

ဒီတင်ရပ်မှာ မဟုတ်ဘူးတဲ့။ ပြဿ     နာတွေ နောက်ဆက်တွဲ အများကြီးလာလိမ့်မယ်တဲ့။
မြတ်စွာဘုရားကတော့ ဒီလိုဟောတာ။

ဒါ ကိုယ့်ရဲ့ ဘဝမှာ သတိထားဖို့၊ 
အချင်းများတာတွေ ရှောင်ဖို့ဆိုတာ ဟောတယ်။ 

ဘဝကို မေ့သွားကြတဲ့ပုဂ္ဂိုလ်တွေက 
အလွန်များတယ်တဲ့။

ငါတော်တယ် ငါတတ်တယ်လို့ လူတွေကကိုယ့်ကိုယ်အထင်ကြီးလာတဲ့အခါ 
ကိုယ့်ဘဝအခြေအနေကို မေ့သွားပြီး 
ငါသာလျှင် ပညာရှိလို့ အထင်ရောက်တတ်ကြတယ်။
ပညာရှိယောင် ထင်လာကြတယ်။ 

ငါတော်တယ်၊ ငါတတ်တယ်လို့ ထင်လာရင် ကျန်တဲ့ပုဂ္ဂိုလ်ကို အထင်သေးတဲ့ အမြင်နဲ့ ကြည့်ကြတယ်။

တစ်ဦးနဲ့တစ်ဦး ထိခိုက်မယ့်စကားလုံးတွေကို အနိုင်ယူဖို့၊ အနိုင်ပြောဖို့လောက်ပဲ 
အာရုံစိုက်ကြတယ်။ ကြိုးစားလာကြတယ်။ 

ပါးစပ်ကို ဟချင်သလောက် ဟနေကြတာ။
ချဲ့ချင်သလောက်ချဲ့ပြီးတော့ 
ပြောလေ့ဆိုလေ့ရှိကြတယ်။ နှုတ်ကျွှံကြတယ်။
နှုတ်လွန်ကြတယ်။

ဖြေရှင်းလို့မရအောင် စကားတွေ 
ကျွံလွန်ကြတယ်။

ပြဿ     နာတွေ ဘယ်လိုဖြစ်ပေါ်လာမလဲဆိုတဲ့ အကျိုးဆက်ကို မသိကြဘူး။

ပြောချင်တာတွေ ဇွတ်ပြောတယ်။ 

လူနှစ်ယောက်ရန်ဖြစ်ပြီဆိုရင် 
ပြောချင်တာတွေ ဇွတ်ပြောတာပဲ။

ပြောတယ်ဆိုတဲ့နောက်မှာ မှားတယ်ဆိုတာ လိုက်လာတယ်။ မှားတယ်လို့ သိတာ အတော်ကြာမှ သိတာ။ ဒါ့ကြောင့် 
နှုတ်လွန်အောင် မပြောသင့်ဘူး။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး
  ဒေါက်တာ နန္ဒမာလာဘိဝံသ
  🙏🙏🙏🙏🙏🙏🙏🙏

No comments:

Post a Comment