မသိမိုက်ထက် သိမိုက်က
ပိုပြီးဆိုးတယ်..
ကလေးမိုက်ထက် လူကြီးမိုက်က
ပိုပြီးကြောက်စရာကောင်းတယ်
မိုက်သင့်တဲ့အချိန် မိုက်တာထက်မမိုက်သင့်တဲ့
အချိန် မိုက်မိလျှင်အချိန်မဲ့အမှောင်ဟာ
ရှောင်သူမလွတ်တတ်ဘူးတဲ့..
ဒီလိုဘဝမျိုး အသိမျိုး အမူအကျင့်မျိုးတွေဟာ
ဘုရားသာသနာနဲ့တွေ့တုန်းအခါမှာ မရှိသင့်တော့ဘူး။
ကလေးတွေကမှ
ခြောက်လိုက်ရင် ကြောက်တတ်သေးတယ်
ဟိုနားမှာသရဲကြီးရှိတယ်ဆိုရင်မသွားတော့ဘူး
ဒီနားမှာအရူးဖမ်းလိမ့်မယ်ဆိုလည်းမသွားတော့ဘူး
စကားနားထောင်တယ်..
လူကြီးတွေကတော့
သံသရာဘေးဆိုးကြီးတွေကိုယ်တွေ့ကြုံနေရပါလျက်
ကြောက်ရမှန်းမသိသေးဘူး
အိုဘေး နာဘေး သေဘေး အပါယ်ဘေးဆိုးကြီး
တွေရှိရာ သွားနေတုန်းပဲ..
ဘုန်းကြီးတွေကလည်း
ဒီဘေးဆိုးကြီးတွေက်ိုညွှန်ပြပြီးဟောပေးနေတာပဲ
မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုသလို
သံဝေဂရစရာတွေလည်း တွေ့ကြုံနေကြတာပဲ..
ဓမ္မစာပေတွေကလည်း သံသရာဘေးဆိုးကြီး ကြောက်လန့်စရာကောင်းပုံတွေကို ရေးသား
ဖော်ပြနေပါတယ်..
"ကြုံတွေ့ ဖတ်မှတ် နာကြား ဆင်ခြင်တုန်း"
ခဏတော့ သံဝေဂရသလိုလို ကြောက်သလိုလို
လန့်သလိုလိုတော့ ဖြစ်ပါရဲ့..
နောက်တော့ခွေးမြီးကောက်လိုပြန်ကောက်သွားပြီး
ဇာတိဘေး ဇရာဘေးကြီးတွေထဲ ပြေးဝင်
ကျင်လည်ကြပြန်ရော..
အဲဒီတော့ ဒီနေ့ကြောက်ပုံကြောက်နည်းက
♦️သူများပြောလို့ကြောက်ရတဲ့
အတွေးကြောက်
♦️မိမိကိုယ်တိုင် တွေ့မြင်ခဲ့ရလို့ကြောက်ရတဲ့
အတွေ့ကြောက်
ဒီလောက်ပဲရှိတော့ မလုံလောက်သေးဘူး..
ခန္ဓာကပြနေတဲ့
ဇာတိဘေး ဇရာဘေး မရဏဘေးဆိုးကြီးတွေကို
ဝိပဿနာဉာဏ်စဉ်အားဖြင့် ထွင်းဖောက်
ရှုမြင်နိုင်ပါမှမိမိခန္ဓာကစပြီး
သံသရာဘေးဆိုးကြီးများအဆုံး ကြောက်စရာ
ကောင်းပုံကို နှလုံးသွင်းပြီးဝဋ်ဆင်းရဲက
လွတ်အောင် ရုန်းနိုင်ပေလိမ့်မယ်..
No comments:
Post a Comment