ကိုယ့်လမ်းကိုယ်ရှင်း အပူကင်း
••••••••••••••••••••••••••••••
❀ အသိမပါ မယုံပါ
ထင်ရာ လျှောက်၍လုပ်။
❀ ထင်ရာလုပ်က၊ အပါယ်ကျ
ဘဝနာ၍ အကျိုးယုတ်။
❀ အသိလည်းပါ ယုံကြည်ပါ
ကောင်းစွာ ရှင်း၍လုပ်။
❀ ကောင်းစွာလုပ်က၊ စိတ်အေးရ
ဒုက္ခငြိမ်း၍ အပူချုပ်။
❀ ကိုယ့်လမ်းကိုယ်လျှောက်
ကောင်းရာရောက်
မကြောက်ရအောင် စွမ်းအားထုတ်။
❀ ကိုယ့်လမ်းကိုယ်ရှင်း အပူကင်း
မပျင်းမရိလုပ်။
ယောဆရာတော်ဘုရားကြီး။
No comments:
Post a Comment