စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, April 15, 2021

အာနာပါနသတိပဌာန် ရှုမှတ်နည်း

အာနာပါန သတိပဌာန် ရှုမှတ်နည်း
🍁🍁🌷🍁🍁🌷🍁🍁🌷🍁🍁

အာနာပါနဿတိသည်ကာယာနုပဿနာသတိပဌာန်တစ်မျိုးဖြစ်ပါသည်။အာနာပါနသည်ထွက်လေ၀င်လေဆိုသည့် ဝါယောဓါတ်ခါင်းဆောင်သည်ဓါတ်တရားတွေစုပေါင်းထားသောကာယကိုအစိတ်စိတ်အမွှာမွှာကွဲသွားအောင် အဖန်ဖန် အထပ်ထပ် ရှုရသော သတိပဌာန်ကို ခေါ်ပါသည်။
ခန္ဓာကိုယ်ကိုဖာင့်ဖြောင့်ထား၍ တိကို နှာခေါင်းရှည်သောပုဂ္ဂိုလ်ဆိုလျှင် နှာသီး၀၊ နှာခေါင်းတိုလျှင် အထက်နုတ်ခမ်း မှာထားပါ။ ထွက်လေ၀င်လေကို သတိနဲ့ ၀င်၊ ထွက်စေရမည်။
က) မှတ်နည်းမှာ
၁) ထွက်လေ၀င်လေတစ်စုံကို ၁၊ ၂၊ ၃၊ ၄၊ ၅ ဟု မှတ်တဲ့နည်း။
၂) အနုပတ္တာနည်း- နေရာတစ်ခုခုမှာပဲ သတိကိုထားပါ။ ထွက်လေ၀င်လေကို စ၊လယ်၊ဆုံးသိအောင်လုပ်တဲ့နည်း။
၃) ဌာပနာနည်း- ထိတဲ့နေရာမှာ ထိထိနေတာသိအောင်လုပ်တဲ့နည်း။

ခ) ကြာတာ၊ မြန်တာသိအောင်လုပ်ပါ။ တိုတိုလား၊ ရှည်ရှည်လား သိအောင် လုပ်ရမည်။

ဂ) ပြင်းထန်သလား၊ နူးညံ့သလားသိအောင်လုပရမည်။ထွက်လေ၀င်လေသည် စိတ္တဇဝါယောဖြစ်လို့ စိတ်ပေါ်မူတည်သည်။ စိတ်တွေ ကြမ်းလျှင် ထွက်လေ၀င်လေကကြမ်းသည်။ နီ၀ရဏ တရား ၅ ပါး မကင်းလျှင်ပျံ့လွင့်တဲ့စိတ်ကပူလောင်တဲ့သဘောရှိပါသည်။၄င်းကြောင့်ဖစ်တဲ့စိတ်ကကြမ်းပါသည်။ 
နီ၀ရဏဆိုသည်မှာ-
၁) တစ်စုံတစ်ခုကိုလိုချင်တဲ့စိတ်
၂) အလိုမကျတဲ့စိတ်
၃) ငိုက်မျဉ်းတာ
၄) ပျံ့လွင့်တာ၊ ပူပန်တဲ့စိတ်
၅) မဆုံးဖြတ်နိုင်တဲ့စိတ်

ဃ)နီ၀ရဏကင်း၍စိတ်တွေသိမ်မွေ့သွားတဲ့အခါ၀င်လေထွက်လေသည်နူးညံ့လာပါသည်။သိပ်ပြီးသိမ်မွေ့လာရင်ထွက်လေ၀င်လေရှိမှရှိသေးလားလို့ထင်ရတတ်ပါသည်။ အောက်ပါပုဂ္ဂိုလ်များမှသာ ထွက်လေ၀င်လေ ချုပ်ပါသည်။
  ၁) အမိ၀မ်းထဲက ကလေး
၂) သေသွားတဲ့ပုဂ္ဂိုလ်
၃) သေခါနီးမိန်းမျောနေတဲ့သူ
၄) စတုထ္တစျာန်၀င်စားနေသူ
၅) နိရောဓသမာပတ်၀င်စားသူ
၆) ဗြဟ္မပြည်ရောက်နေပုဂ္ဂိုလ်(ဗြဟ္မာ)

င)ဝီရိယစိုက်ပြီးရှုလျှင်သိမ်မွေ့နေသော၀င်လေထွက်လေကိုတွ့လာလိမ့်မည်။စိတ်တွေကြည်လာတတ်သည်။အဖြူရောင် ညစ်ထေးထေးနမိတ်စပေါ်လာမည်။ပ်ါလာကစတွင်၀င်လေထွက်လေကသတ်သတ်နမိတ်ကသတ်သတ်ဖစ်နေတတ်သည်။ယင်းသို့ နမိတ်ပေါ်လာလျှင်စိတ်ကပေါ်လာသောနိမိတ်ပေါ်ရောက်သွားတတ်သည်။နမိတ်ကိုဆက်ရှုရမည်။နမိတ်ပျာက်သွားလျှင်ဘာ၀နာစိတ်ကို၀င်လေထွက်ပေါ်ပြန်တင်ရမည်။ ဘာ၀နာစိတ်အားကောင်းလျှင် နမိတ်နှင့် ၀င်လေထွက်လေတို့ တစ်ထပ်တည်း ကျလာလိမ့်မည်။ ယင်းနောက်မှာခါင်းထဲကလှုပ်ရှားနေသောမီးခိုးတန်းလို၊ဖူဖြူဖွေးဖွေးဝါဂွမ်းဆိုင်လိုအစတွင် ဖြစ်မည်။ ဘာ၀နာစိတ် ခိုင်ခံ့လာသောအခါ ဖြူဖွေး ကြည်လင်တောက်ပသော မီးချောင်းလို ကြည်လို နက္ခတ်လို ပုလဲလုံး ရွဲလုံးလို ပေါ်လာ တတ်သည်။ စျာန်လမ်းသွားချင်လျှင် ပေါ်လာသော နမိတ်ကို မလွတ်တန်းရှုဖို့လိုပါသည်။လှုပ်နေတဲ့နမိတ်က ငြိမ်သွားသည်အထိအာရုံပြုပွါများလျှင် စျာန်စခန်းသို့ ရောက်ပြီ။ ၄င်းစျာန်ကလည်း နီဝါရဏ ၅ ပါးကို လောင်ကျွှမ်း သွားစေပါသည်။  

       နမိတ် ၃ မျိုးမှာ-
၁) မူလ ၀င်လေထွက်လေက ပရိကမ္မနမိတ်
၂) မီးခိုးတန်းလို ဝါဂွမ်းဆိုင်လို အစရှိတဲ့ လှုပ်ရှားပြီးနေတဲ့နမိတ်က ဥဂ္ဂဟနမိတ်
၃) ကြည်လင်တောက်ပပြီး ငြိမ်၍ပေါ်လာတာက ပဋိဘာဂနမိတ်
   
       စျာန် အင်္ဂါ ၅ ပါးမှာ-
၁) စိတ်ကို နမိတ်ပေါ် မရောက်ရောက်အောင် တင်ပေးရတဲ့ ဝိတက်

၂) ထိုနမိတ်ကို အဆက်မပြတ် ဆင်ခြင်နေတဲ့ သုံးသပ်နေတဲ့ ဝိစာရ

၃) ဝိစာရနှင့် နမိတ်ကို ဆင်ခြင်ပါများတော့ ပွတ်ပါများရင် အရောင်တလက်လက်ထွက်လာသော ရွှေပုထိမ်သည်ရဲ့ လက်၀တ်ရတနာများလို လှုပ်ရှားနေတဲ့ နမိတ်က ငြိမ်ပြီး ကြည်လင်လာသည်။ ထိုနမိတ်ကို နှစ်သက်တဲ့ သိမ့်ကနဲ ငြိမ့်ကနဲ ခံစားတတ်တဲ့ ပီတိ

၄) အေးချမ်းတဲ့သဘော ပဿဒ္ဒိ၊ စိတ်တွေလဲ အေးချမ်လို့ ခန္ဓာကိုယ်လဲ အေးချမ်းလာသည်။ ငြောင်းညာကိုက်ခဲခြင်းမရှိ။ ခန္ဓာကိုယ်ကြီးကို
အောက်က မြောက်ပင့်လိုက်သလို ပေါ့နေသလို ခံစားရသည့် လဟုတာ။ အောက်မှာထိနေတယ်လို့ မထင်ရ။ နတ်စည်းစိမ်တမျှဟု ဆိုပါသည်။

၅) နောက်ဆုံး စိတ်က တည်ငြိမ်သွားတဲ့ ဧကဂ္ဂတာ။ သမာဓိရသွားပါပြီ။ ပထမစျာန်ဟု ခေါ်သည်။ စိတ်က နီ၀ရဏလွတ်လို တက်ကြွလန်းဆန်း အေးချမ်းနေပါတယ်။

ဤနေရာတွင် ဝိပဿနာမရှုလိုသေးပါက ဝိတက် ဝိစာရကိုပယ်လျှင် ဒုတိယစျာန်၊ ပီတိကိုပယ်လျှင် တတိယစျာန်၊သုခကိုပယ်လျှင် စတုထ္ထစျာန်အထိ တက်သွားနိုင်သည်။ စျာန်စခန်းသွားရင် ဉာဏ်မလိုသေးပါ။ ရှုရုံပဲရှုနေရင်း တက်သွား ပါသည်။ ပထမစျာန်ရပြီး ၀င်လေထွက်လေဆိုသော တွန်းကန်လှုပ်ရှား တတ်သည့် ဝါယောဓါတ်ဖြစ်သည့်ရူပ်ကိုရှုရင်ကယာနုပဿနာ။ပီတိ၊သုခဆိုသည့် စေတသိတ်များကိုရှုရင် ဝေဒနာနုပဿနာ။ ကြည်လင်နေသည်ကိုသိနေသောစိတ်ကိုရှုရင်စိတ္တာနုပဿနာ။ထိုစိတ်စတသိတ်နှင့်ရုပ်များမမြဲဘူးဆိုသည့်အနိစ္စသဘော၊ ကုန်ပျောက်တတ်သည်ဆိုသည့် ဝိရာဂသဘော (တက်မက်စရာမရှိ)၊ ချုပ်ပျောက်ပျက်စီးတတ်သည်ဆိုသည့် နိရောဓ (ခိုင်မြဲသည်ဟု မယူဆ)၊ စွန့်ပစ်ရမည် ဆိုသည့် ပဋိနိသေကသဘော၊ အချက် ၄ ချက် ပါသော ဓမ္မာနုပဿနာ။

 ယင်းသို့ သုံးသပ်သောဉာဏ်ကသမ္မသနဉာဏ်ရဲ့အစဖြစ်ပါသည်။ ထွက်လေ၀င်လေက ရုပ်၊ ပီတိပဿဒ္ဒိခံစားမှု၀ဒနာသည်စတသိတ်၊ချမ်းသာမှုကိုသိနေသည့်စိတ်သည်ဝိဉာဏ်၊ယင်းစိတ်စေတသိတ်ရုပ်များကို ပိုင်းပိုင်းခြားခြားသိလာခဲ့သောဉာဏ်ကိုနာမရူပပဋိစ္ဆေဒဉာဏ်။သက္ကာယဒိဌိကင်းသွားပါပြီ။ထိုနာမ်ရုပ်နှစ်ပါးသည်အဝိဇ္ဇာ၊တဏှာ၊ကံဆိုသော ဝေးသောအကြောင်းကြောင့် ဖြစ်ရပါသည်။ ထွက်လေ၀င်လေ တည်းဟူသော ဝါယောရုပ်၏ အနီးဆုံးအကြောင်းမှာ စိတ်ဖြစ်ပါသည်။ အကြောင်းနှင့် အကျိုးကို သိမ်းဆည်းတတ်သည့့်ဉာဏ်သည် ပစ္စယပရိဂ္ဂဟဉာဏ် ဖြစ်ပါသည်။

ဤသို့အကြောင်းအကျိုးကြောင့်ဖစ်နေသောရုပ်နာမ်နှစ်ပါး၏အနိစ္စ၊ဒုက္ခ၊အနတ္တကိုဓမ္မာနုပဿနာသတိပဌာန်နှင့်ဝိပဿနာရှုလျှင်သမ္မသနဉာဏ်ဖစ်ပြီ။၄င်းရုပ်နာမ်များ၏ ဖြစ်လာတာပျက်လာတာကိုမြင်သော ဉာဏ်ကဥဒယဗ္ဗယဉာဏဖစ်သည်။ဖစ်လာတာတွေ့လျှင်ဥစ္ဆေဒဒိဌိပြုတ်ပြီးပျက်တာတွေ့လာသော် မြဲသည်ဆိုသော သဿတဒိဌိပုတ်ပါသည်။ဖစ်ခြင်းနှင့်ပျက်ခြင်းတွင်ပျက်ခြင်းကကြာက်စရာကောင်းသည့် သဘောဆောင်လို့ ဉာဏ်က ပျက်သည့်ဘက်ကိုပဲ ဒလစပ်ရှု သွားပါသည်။

 အပျက်ကို သုံးသပ်ခြင်းက ဘင်္ဂဉာဏ် ဖြစ်ပါသည်။ ဝါယောရုပ်ကိုပဲဖစ်ဖြစ်၊၀ဒနာတစ်လုံးကိုဖြစ်ဖြစ်၊ကြည်လင်နေသောစိတ်ကလေးတစ်လုံးကိုဖြစ်ဖြစ် ပျောက်ပျက်သွားနေသည်ကို မြင်သောအခါ ကြောက်စရာဆိုသည့် သံဝေဂဉာဏ်ဘယဉာဏ်ပေါ်လာပါသည်။ထိုပျောက်ပျက်နေသောခန္ဓာကအားကိုးစရာမဟုတ်ဟုသိသောဉာဏ်ဖြစ်သည့် အာဒီန၀ဉာဏ်ဖစ်လာစေပါသည်။ယင်းနောက်တွင်ငီးငွေ့သောနိဗ္ဗိဒါဉာပ်ါပါသည်။ထိုသို့မလိုချင်ပဲရှုမှတ်နေရတာကိုလွတ်ချင်သော မုဉ္စိတုကမျတာဉာဏ် ပေါ်လာပါသည်။သို့သော် ရေနစ်မှာကြောက်၍ခွးသေကောင်ပုပ်ကို အတင်းဖက်တွယ်ထားသူကဲသို့ မလွှတ်ပဲ ဤသင်္ခတကိုပင် အနစ္စ၊ ဒုက္ခ၊ အနတ္တဟု ဘာ၀နာစိတ်ဖြင့် ဖိပြီးရှုမှတ်နေသော ပဋိသင်္ခါဉာဏ် ဆက်ဖြစ် လာပါသည်။ 

ယင်းအခိုက်တွင် သင်္ခတတရားကို သုခ၊ ဒုက္ခသောမနဿမပါသောဥပက္ခာဝေဒနာဖစ်နေပါပြီ။၄င်းဉာဏ်ကိုသင်္ခါရုပက္ခာဉာဏ်ဟု ခေါ်ပါသည်။ထို့နောက်မှာ မဂ်ဖြစ်ပေါ်ရန်ကျးဇူးပြုသည့်အနုလောမဉာဏ်ဖစ်ပေါ်လာပါပြီ။ဆက်လက်၍အထူးကြောင့်ကြမစိုက်ရပဲ ဂေါတြဘုဉာဏ် ပေါ်လာပါသည်။ ထိုဉာဏ်ကသင်္ခတအာရုံကိုမယူတော့ပဲအသင်္ခတကိုမျာ်ကြည့်သည့်ဉာဏ်ဖြစ်ပါသည်။ယင်းနောက်တွင်မဂ်ဉာဏ်၊ဖိုလ်ဉာဏ်အစဉ်အတိုင်း ပေါ်လာပါတော့သည်။ ထိုနောက်ချုပ်ပျာက်ခဲ့ပုံပယ်ပြီးကိလေသများကိုပန်ဆင်ခြင်သည့်ပစ္စ၀က္ခဏာဉာဏ်ပ်ါလာပါသည်။အာနာပါနသတိပဌာန်သည်သတိပဌာန်လေးပါး ပြည့်စုံသည့်အတွက် ဗောဇ္စျင် ရ ပါး ဖြစ်ပါသည်။ 

(ဆရာတော်အရှင်ဉာဏိသာရဟောကြားသောအာနပါနသတိပဌာန်တရားထဲမှ ကောက်နုတ်ဖော်ပြပါသည်။)

credit.....

No comments:

Post a Comment