လောကမှာ_ခံနိုင်ရည်ရှိအောင်
🌲🌲🌲🌲🌲🌲🌲
လောကကြီးမှာ ခံနိုင်ရည်ရှိအောင် ခံနိုင်ရည်ရှိတဲ့ တရားတွေ ကြိုးစားပြီးတော့ ရှာကြရတယ် ။ ကြိုးစားပြီးတော့ စုဆောင်းကြရတယ် ။
စိတ်ဓာတ် ခိုင်မာအောင် ကြီုးစားကြရတယ်နော် ။
မိမိ လေ့ကျင့်အပ်တဲ့ တရားတွေ ကြားနာအပ်တဲ့ တရားတွေ အကြောင်းပြုပြီးတော့ စိတ်ဓာတ်
ဟာ တဖြေးဖြေး မာလာတတ်တယ် ။
စိတ်ဓာတ်မာလာတော့ ဘယ်လို ဒုက္ခမျိုးကြုံကြုံ မဖြုံဘူး ။ ခံနိုင်ရည် ရှိလာပါတယ် ။
ဒါကြောင့် လောကမှာ တရားဆိုတာ အင်မတန်ကို အရေးကြီးတယ် ။ တရားဆိုတာ အင်မတန် အားထုတ်နိုင်တယ်။
ခန္ဓာကိုယ်ကြီးပျက်စီးပေမဲ့ တရားကမပျက်စီးဘူ ။ ခန္ဓာကုိယ်ကပျက်စီးပေမဲ့ ကိုယ့်တရားက ကိုယ့်ကိုမပျက်စီးရာရောက်အောင်
ပို့ပေးမှာ ဖြစ်တယ်နော် ။ ထူးခြားတဲ့ ပုဂ္ဂိုလ် ဖြစ်အောင်လည်းဆောင်ရွက်ပေးတယ် ။
ဒါကြောင့် တရားကို ကြိုးစားပြီး ပွားကြရတယ် ။ အားထုတ်ကြရတယ် ။ ဆည်းပူးကြရတယ်။ စုဆောင်းကြရတယ်နော် ။
တရားသည် လူ့ဘဝအနှစ်
*******************
ခန္ဓာသည်လည်း ပျက်စီးတတ်သည် ။
မိမိတို့ ပစ္စည်းတွေလည်းပျက်စီးတတ်တယ် ။ ပျက်စီးပါစေ ။ သူ့အကြောင်း အားလျော်စွာ
ပျက်စီးတာ ဘာမှစိုးရိမ်စရာ မလိုပါဘူး ။
မိမိတို့ စုိးရိမ်ဖို့က တရားမပျက်ဖို့ကသာ အရေးကြီးတယ်နော် ။ အဲဒီတရားကသာ
မပျက်စီးတဲ့ ပုဂ္ဂိုလ်ပဲ ။ ခန္ဓာကိုယ်ကြီး ပျက်စီးပေမဲ့ သူဘယ်တော့မှ မပျက်စီးဘူး ။ မပျက်စီးတဲ့ ပုဂ္ဂိုလ် ။ တရားမပျက်သေးရင် လူမပျက်ဘူး ။
တရားပျက်ရင် လူပျက်တာပဲ ။
ဒါကြောင့် လူ့ဘဝအဖို့ အနှစ်သာရက တရားပဲ ။
ဒကာဖြစ်တဲ့ ခန္ဓာကိုယ်နဲ့ ပစ္စည်းဥစ္စာတွေ အကြောင်းပြုပြီးတော့ စိုးရိမ်ခြင်းမဖြစ်ပဲ တရားပျက်မှာကိုသာ စိုးရိမ်ကြရတယ် ။
မပျက်အောင် ကြိုးစားကြရတယ် ။
တရားတွေ ပွားသထက်ပွား
များသထက်များအောင် ကြိုးစားကြပါနော် ။
တရားတံခါးလေး ပိတ်ပေးရတယ်
*************************
မျက်စိ နား နှာ လျှာ ကိုယ် စိတ် သူတို့က အကုသိုလ်တွေလည်း ဖိတ်ခေါ်တယ် ။
အိမ်သာလာရင် ဧည့်လာဆိုတဲ့အတိုင်း အထဲက ဓာတ်ခံကောင်းသူတွေကျတော့
ကောင်းတဲ့တရားတွေ အဲဒီ ခြောက်ပေါက်က ဝင်လာတယ် ။ကုသိုလ်တရားတွေပေါ့ကွယ် ။
အထဲက ဓာတ်ခံမကောင်းတဲ့ ပုဂ္ဂိုလ်ကြတော့ မကောင်းတဲ့အကုသိုလ်တရား တွေ အဲဒီတံခါးခြောက်ပေါက်ကနေ ဝင်လာတယ် ။ အဝင်မခံကြနဲ့ ။ ဒီတိုင်းနေလို့ကတော့
ဝင်လာမယ်နော် ။ တာဆီးနိုင်တဲ့ တံခါးလေးတွေ ရှိတယ်နော်ဘာတံခါးလည်း ။ တရားတခါးတဲ့ ။ သတိလေးထားပြီး တရားတံခါးလေးနဲ့
ပိတ်နိုင်ကြပါစေ။ ။ ။ ။
သီတဂှု ဆရာတော်
ဒေါက်တာ အရှင်ဥာဏိဿရ
🙏🙏🙏🙏🙏
No comments:
Post a Comment