စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, April 15, 2021

ကောင်းရာကိုရောက် သေချာပေါက်

"ကောင်းရာကိုရောက် သေချာပေါက်"
~~~~~~~~~~~~~~~~~~

သဒ္ဓါတရားဟာ သံသရာခရီးသွားတွေရဲ့
မိတ်ဆွေကောင်းဖြစ်လို့
လက်မလွတ်တမ်းဆုပ်ကိုင်ထားရမယ့်
တရားဗျ...။

သဒ္ဓါတရားလက်လွန်သွားရင်
လူ့သန္တာန်မှာ
ကုသိုလ်ဝင်ပေါက်ပိတ်သွားတတ်တယ်...။

သံသရာခရီးသည်တွေဖြစ်ကြတဲ့
မိမိတို့ဟာ သံသရာခရီးကို
လျှောက်လှမ်းကြည့်တဲ့အခါ
လိုရာခရီးကိုလွယ်လွယ်ကူကူ
ချောချောမွေ့မွေ့နဲ့ရောက်ချင်တယ်ဆိုရင် -

(၁)သဒ္ဓါတရားဆိုတဲ့
     မိတ်ဆွေကောင်းနဲ့ပေါင်း

(၂)ဒါနရိက်ခာထုပျကို
     လုံလောက်အောင်ယူ

(၃)သီလလမ်းကြောင်းအတိုင်း
     ဖြောင့်ဖြောင့်တန်းတန်းသွား

(၄)သမာဓိအဖော်ကိုခေါ်

(၅)သတိနဲ့စူးစိုက်

(၆)ပညာနဲ့ အကောင်းအဆိုး
     အကြောင်းအကျိုးကိုမြင်အောင်ကြည့်

ဒါဆိုရင် မိမိတို့လိုရာခရီးကို
သေချာပေါက်ရောက်ပြီ...။

🌷တိပိဋကယောဆရာတော်ဘုရားကြီး🌷 

credit...

No comments:

Post a Comment