#လောကဓံကြံကြံခံဖို့
"အားငယ်နေလား။ အားကိုးရှိတယ်။ ဖြေဆည်ရာရှိတယ်။
ချစ်သား အားမငယ်နဲ့" တဲ့။
အဆင်မပြေမှု့တွေ များလာလို့ ဘုရားရှင်
မျက်နှာတော်ကို စူးစူးစိုက်စိုက် နဲ့ဖူးမြင်လိုက်တယ်ဆိုရင်ပဲ
ဗုဒ္ဓက မိန့်တော်မူတယ်။
#ချစ်သားအားမငယ်နဲ့
ငါဘုရားရှင်လည်း
အဆဲခံရတာပဲ
အစွပ်စွဲခံရတာပဲ
လုပ်ကြံခံရတာပဲ
စားစရာအတွက် အခက်အခဲဖြစ်လို့
တစ်ဝါတွင်းလုံးကို
ဂျုံ ဆွမ်းနဲ့ပဲပြီးခဲ့တာပဲ
ဝတ်စရာ အတွက် အခက်အခဲဖြစ်လို့
အလောင်းက ဝတ်ရုံကိုခွါပြီးဝတ်ခဲ့ရတာပဲ
နေစရာ အတွက် အခက်အခဲဖြစ်လို့
သစ်ပင်အောက်မှာပဲနေခဲ့ရတာပဲ။
အနာရောဂါ နှိပ်စက်လို့
ငါဘုရားရှင်လည်း ခံစားခဲ့ရတာပဲ။
အခြံအရံ မရှိလို့ ပါလိလေယျ တောထဲမှာ
ဆင်ကြီးက ပြုစုလုပ်ကျွေးရ တယ်။
#ချစ်သား
ဒါတွေက လောကဓံတွေပါ ။ ဘယ်သူမှ မလွတ်ပါဘူး။
ဘယ်လို ဘဝမျိုးပဲရောက်ရောက်
ကုသိုလ်ပြုဖို့ တရားရှာဖို့ မမေ့ပါနဲ့။
အကောင်း ၊အဆိုး၊
ဆင်းရဲ ၊ချမ်းသာ၊
အခြွေအရံပေါတာ၊ အခြွေအရံရှားတာ၊
ချီးမွမ်းတာ၊ ကဲ့ရဲ့တာ၊
အဲဒီရှစ်မျိုးဟာ ဘယ်သူနဲ့မှ မကင်းသလို
ခဏလေးပါပဲ ချစ်သား
လူဖြစ်တုန်း သာသနာနဲ့ကြုံ တုန်း သံသရာကလွတ်မြောက်ဖို့သာစဉ်းစားပါ။
#ချစ်သား
ဒုက္ခ ဘယ်လောက် ကြီးလို့လည်း ၊ ချစ်သမီး ပဋာစာရီလောက် ဆိုးနေလို့ လား။
ဒါ့ကြောင့် ဘာဖြစ်ဖြစ်
အားမငယ်ပါနဲ့ချစ်သား
~ ~ ~ ~ ~ ~
ကျွန်တော်တို့က
ကိုယ့်ဒုက္ခက တော်တော်ကြီးတယ်ထင်ပြီးခံစားနေကြတာ
တကယ်တော့
ဘာမှ မဟုတ်သလိုပါပဲ။
ပဋာစာရီ အကြောင်း
ကြားလိုက်တော့မှ
ေဩာ်....
တရားတော်က ခံစားမှုအားလုံးကို
အနိုင်ယူနိုင်တဲ့သတ္တိ ရှိပါလား " ဆိုပြီး
ကျနေတဲ့စိတ်ဓာတ်တွေပြန်တက်လာပါတော့
တယ်။
#အင်း ငါ့ဒုက္ခက ပဋာစာရီ ရဲ့ခြေဖျားတောင်
မမှီပါလားဆိုပြီး နှလုံးသွင်းလိုက်တော့
အပူတွေလျော့သွားသလိုပါပဲ။
အားလုံးကြုံတွေ့လာတဲ့လောကဓံကို ကြံကြံခံပြီး နေတတ်အောင် ကုသိုလ်ပြုကြပါ
မေတ္တာဖြင့်...
#ကိုးကားစာ ရာဟုလာ
No comments:
Post a Comment