စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, May 29, 2021

သတိသာထားလိုကျပါ

❝ သတိသာ ထားလိုကျပါ။ ❞
==================

သတိထားတဲ့အလုပျက...
ရိပ်သာမှာ ပြန်ပြန်ထားခဲ့တာကိုး။

အိမ်မှာလည်း ထားရတယ်။ 
အမြဲတမ်း ထားရတယ်။
သတိလွတ်နေရင် ဘာဖြစ်လဲ ?
အကုသိုလ်ပဲ။
 
လောဘ၊ ဒေါသ၊ မောဟ သုံးခုဟာ
သတိသာလွတ်နေရင် 
သူတို့ချည်းပဲ နေရာယူကြတာ။ 
သတိလွတ်တယ်ဆိုကတည်းက မောဟပဲ။ 
ဒီကြားထဲ လောဘဖြစ်လိုက်၊ ဒေါသဖြစ်လိုက်၊ 
တစ်နေကုန်တစ်နေခန်း။
  
သတိထားလိုက်တော့ 
ကားမောင်းသွားလည်း သတိ၊
စားတာသောက်တာလည်း သတိ၊ 
ချက်တာပြုတ်တာလည်း သတိ၊ 
သတိနဲ့လုပ်တော့...
ချက်ရင်းပြုတ်ရင်းကို တရားရသွားကြတယ်။ 
စားရင်းသောက်ရင်းနဲ့လည်း 
တရားရသွားကြတယ်။
  
သတိကို အတင်းသွားလုပ်ယူလို့တော့ မရဘူး။
အတင်းလုပ်ယူရင် ကျောင်းပြန်ရောက်တယ်။ 
လုပ်မယူရဘူး။ လုပ်ယူရင် လုပ်တဲ့အခိုက်ပဲ။ 
လုပ်တဲ့အခိုက်ပဲ ပညတ် ပေါ်မှာပဲ။
ပညတ် သိပဲ သိလို့ရတယ်။ 
ပရမတ် သဘောတရား မရောက်ဘူး။ 
သူ့ဟာသူ သဘာဝအတိုင်း သိမှ။
  
ရချင်လို့ လုပ်ရင် လောဘ၊ 
လုပ်တိုင်းမရတော့ ဒေါသ၊
ဖြစ်တိုင်းဖြစ်တိုင်း မသိတာက မောဟ။
  
လုပ်ရမှာက...
သတိထားနေတာက ယောဂီအလုပ်။
ကျန်တာက သတိရှိနေရင် 
သတိရဲ့အလုပ်ပဲ။ ဓမ္မ အလုပ်။
 
ဖြစ်ပျက်သမားကလည်း
ဖြစ်ပျက်မြင်အောင် 
အတင်းလိုက်လုပ်နေတယ်။ 
အာရုံကောင်းအောင် လုပ်တယ်။
နာတာကျင်တာတွေ 
ပျောက်အောင် လုပ်တယ်။
ပျောက်တာကို လိုချင်တယ်။ 
မကောင်းတာကို ပျက်အောင် လုပ်တယ်။ 
တရားက အဲဒီကတည်းက လမ်းလွဲနေပြီ။
  
လိုချင်တာနဲ့ မလိုချင်တာကို ပယ်ဖို့ 
တရားအားထုတ်တာ။ 
လိုချင်တာက လောဘပဲ။ 
အနာပျောက်သွားတာလေးကို လိုချင်တယ်။
လိုချင်တာက လောဘ။မလိုချင်တာက ဒေါသ။

သတိသာ ထားလိုက်ပါ။ 
သတိထားရင် သတိက 
သူ့အလုပ်သူ လုပ်သွားမယ်။
သတိက ပယ်သင့်ပယ်ထိုက်တာကို ပယ်မယ်။
သမာဓိက တည်ငြိမ်အောင် လုပ်ပေးနေတယ်။
ပညာက အမှားအမှန် ဝေဖန်ပေးနေတယ်။
အဆုံးအဖြတ်ပေးနေတယ်။ 
ကိုယ်က လိုက်လုပ်စရာ မလိုဘူး။
               
(ရွှေဥမင်တောရ ဆရာတော်ဘုရားကြီး)

📌အမှောင်ပျောက်၍ အလင်းရောက်ပါစေ။📌

credit . .. U Way Phyo

No comments:

Post a Comment