စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, May 29, 2021

ဘုရားရှိခိုး စိတ်လွင့်သူ မရှိခိုးသူနဲ့တူ မတူ

ဘုရားရှိခိုးစိတ်လွင့်သူ 
      ရှိမခိုးသူနဲ့တူ,မတူ 

   🙏 အရှင်ဘုရား.... တပည့်တော်မသည် ဝန်ထမ်းတစ်ဦး ဖြစ်ပါသည်ဘုရား။ တပည့်တော်မ ည၊ မနက် ဘုရားရှိခိုးလျှင် ဖြစ်စေ၊ အားလပ်သည့် အချိန်၌ ဂုဏ်တော် ကိုးပါးတို့ကို ရွတ်ဆိုနေလျှင် ဖြစ်စေ ပါးစပ်က ရွတ်ဆိုနေပေမယ့် စိတ်ကတော့ အပြင်ထွက် နေပါသည် ဘုရား။ အဲဒါ ရှိမခိုးတဲ့ သူတွေနှင့် တူနေပါသ လားဘုရား။ ဘာမျှ အကျိုးအာနိသင်မရ ဖြစ်နေပါသလား ဘုရား။ ဖြေရှင်းပေးတော်မူပါဘုရား။

 ဥမ္မာကြည်( သံဖြူဇရပ်) 🙏🙏🙏🙏🙏 

   ဘုရားလက်ထက်က မိစ္ဆာဒိဌိသူငယ်ကလေး ခြေထောက်ကို ဘီလူး ဆွဲသဖြင့် အိပ်ရာမှ ယောင်ယမ်း၍ " နမော ဗုဒ္ဓါယ" ဟု ရွတ်ဆိုသဖြင့် ဘီလူး မစားဝံ့ဘဲ စားစရာများ ပူဇော် သွားရပုံ၊ အလမ္ပာယ်ပုဏ္ဏား နဂါးနှင့်တွေ့၍ အဓိပ္ပာယ် မသိ သော်လည်း သူတစ်ပါး ရွတ်ဆိုသံ ကြားဖူး၍ " နမော ဗုဒ္ဓါယ" ရွတ်ဆိုသဖြင့် နဂါးက ရွှေရတနာပန်းခိုင်ဖြင့် ပူဇော်သွားပုံတို့ကို သာဓကပြု၍ ပါးစပ်က ဂုဏ်တော်တို့ကို အသံထုတ်၍ ရွတ်ဆို ပူဇော်နေက ရတနာသုံးပါး၌ စိတ်ညွတ်နေမှု၊ အသံထုတ်၍ ကြည်ညိုပူဇော်နေမှု၊ နေ့စဉ် နိဗဒ္ဓ နိစ္စဓူဝ ပူဇော်နေမှု တို့ကြောင့် ရှိမခိုး၊ ဝတ်မပြုသူတို့ထက် များစွာ သာလွန်နေပါသည်။ 

    သို့သော် စိတ်အပြင်မထွက်အောင် အာရုံပြု၍ ဘုရားရှိခိုးစာတို့ကို မိမိနားလည်သော ( ပါဠိဘာသာဖြစ်က) အနက် ပါဆိုမှု၊ မြန်မာဘာသာ ဘုရားရှိခိုး ဖြင့် ရွတ်ဆိုမှု၊ နေ့စဉ် ဆိုနေကျ အစဉ်ကို ပြောင်း၍ ဆိုမှု၊ စိတ်ပျံ့လွင့်သွားက ထပ်ခါထပ်ခါ ပြန်လည် ရွတ်ဆိုမှု၊ ဖြည်းဖြည်း အသံထုတ်၍ စဉ်းစား ရွတ်ဆိုမှု တို့ကို လေ့ကျင့် ပြုလုပ်က အသံနှင့် စိတ်အာရုံ ညီမျှလာနိုင်ပါသည်။

    ထို့ထက် စိတ်ကို နိုင်နင်းရန် ဝိပဿနာ ဘာဝနာ ပွားမှုကို အလေ့အကျက် ပြုပေးရန် လိုအပ်ပါသည်။ အနည်းဆုံး မည်သည့် ရိပ်သာနည်းဖြင့်မဆို ၁၀ ရက်စခန်းခန့် ဝင်ရောက် ကျင့်သုံးကြည့်လျှင် စိတ်လွင့်မှုများကို ထိန်းသိမ်းနိုင်ပါလိမ့်မည်။ လက်တွေ့ ကျင့်သုံးကြည့်စေလိုပါသည်။ 

ဆရာတော်ဦးတိလောကသာရ 
(ရဝေထွန်း) ၏ဘာသာရေးပြဿနာများ စာအုပ်မှကူးယူ၍ဓမ္မဒါနပြုပါသည်။

credit.... Tin Aung Bo.

No comments:

Post a Comment