"တရားထိုင်ခြင်းသည် ရောဂါကုထုံးတခုဖြစ်သည်"
🌷🌷🌷🌷🌷🌿🌿🌿🌿🌿🌷🌷🌷🌷🌷
တရားရှုမှတ်နေစဉ် ဦးဏှောက်ဇီဝကမ္မဖြစ်စဉ်များက လျင်မြန်စွာပြောင်းလဲလာသြလို အာရုံကြောဇီဝကမ္မဖြစ်စဉ်ပြောင်းလဲခြင်း အာရုံကြော ဓာတုဗေဒဆိုင်ရာ ပြောင်းလဲခြင်းများဖြစ်ပေါ်လာသည်ကိုလည်း သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိခဲ့ကြပြီ ဖြစ်သည်။
( က ) တရားထိုင်ခြင်းနှင့် အာရုံကြော ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲခြင်း။
Andrew-Newberg MD၏ လေ့လာချက်ဖြစ်ပြီး
ပန်ဆိုင်ဗေးနီးယား ဆေးပညာစင်တာ တက္ကသိုလ်ရှိ
အာရုံကြောဌာန စိတ်ရောဂါဌာနတို့နှင့် ပူးပေါင်း၍ လေ့လာခဲ့သည်။
တရားထိုင်ခြင်းဖြင့် ဦးဏှောက်တွင်း သွေးစီးဆင်းမှု
အားကောင်းစေခြင်း၊
MRI, EEG,MEG စက်များဖြင့် ဦးဏှောက်ကိုလေ့လာကြည့်ရာ အာရုံကြော ဇီဝကမ္မဖြစ်စဉ်များအပေါ် လွှမ်းမိုး သက်ရောက်မှုရှိကြောင်း တွေ့ရှိခဲ့ရသည်။
တရားထိုင်အလေ့အကျင့်ရှိသော ဗုဒ္ဓဘာသာဝင်များနှင့် ပြင်သစ်နိုင်ငံမှ သီလရှသ်များ၏ ဦးဏှောက်ကို အဆင့်မြင့် နည်းပညာများဖြင့် လေ့လာခဲ့ခြင်းဖြစ်သည်။
အလေးအနက် တွေးခေါ်စဉ်းစားချိန်၌ ဇီဝကမ္မဖြစ်စဉ်များနှင့် အာရုံကြောဆိုင်ရာ အဖြစ်အပျက် အပြောင်းအလဲများ
အားကောင်းလာသည်ကို တွေ့ရှိခဲ့ရသည်။
တရားထိုင်ခြင်းဖြင့် ဦးဏှောက်၏
အ်လ်ဖာ၊ ဘီတာ၊ သီတာလှိုင်းများ တိုးတက်လာသည်၊ ဦးဏှောက်စည်းချက်ညီညီ ဖြစ်ပေါ်မှု အားကောင်းစေသည်။
ထို့ပြင် ဦးဏှောက်ကို အားဖြည့်ပေးသော ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများအပေါ် အကျိုးသက်ရောက်မှုရှိစေနိုင်သော "ဆီရိုတိုနင်"ဟော်မုန်း တိုးပွားလာစေသည်။
ဆီရိုတိုနင် နည်းလျင် စိတ်ကျရောဂါ ခံစားရခြင်း
ညဘက်အိပ်မပျော်ခြင်းများ ဖြစ်ပေါ်စေနိုင်သည်။
သို့ဖြစ်ရာ ယင်းလေ့လာချက်များမှနေ၍ တရားထိုင်ခြင်းသည် ဦးဏှောက်အာရုံကြော လျပ်စစ်ဓာတ်ဖြစ်ပေါ်မှု၊ အာရုံကြောဓာတုဆိုင်ရာ ပြောင်းလဲမှုနှင့် အာရုံကြောဇီဝကမ္မ ဖြစ်စဉ်များအပေါ် သက်ရောက်မှုရှိကြောင်း သက်သေပြနိုင်ခဲ့သည်။
( ခ )တရားထိုင်ခြင်းဖြင့် ဦးဏှောက်အိုခြင်းကို ကာကွယ်ပေးသည်။
"လော့စ်အိန်ဂျလိစ် ကယ်လီဖိုးနီးယားတက္ကသိုလ်မှ
သိပ္ပံပညာရှင်များ၏ လေ့လာချက်- ၂၀၁၅ ခုနှစ်"
"ဟားဗတ်တက္ကသိုလ်မှ သုတေသနပညာရှင်များ၏ လေ့လာချက်-၂၀၁၁ ခုနှစ်"
"ဂျွန်ဟော့ကင်းမှ လေ့လာချက်- ၂၀၁၄ ခုနှစ်"တို့တွင်
တရားထိုင်ခြင်းသည် ဦးဏှောက်ကို နုပျိုစေကြောင်း ရေးသားတင်ပြခဲ့သည်။ တွေ့ရှိချက်များအရ ပျမ်းမျှ အနှစ်-၂၀ တရားထိုင်သူများ၏
မီးခိုးရောင် ဦးဏှောက်အပိုင်း( အသိဉာဏ်၊ စဉ်းစားဉာဏ်၊ တစ်ရှူး )သည် သာမန်လူသားများထက် ထူနေကြောင်း တွေ့ရပြီး တရားထိုင်ခြင်းဖြင့် အသက်ကြီးလာသော်လည်း၎င်းတို့၏ စဉ်းစားဉာဏ်မှာ လျော့ကျမသွားဘဲ ထိန်းထားနိုင်ကြောင်း တွေ့ရသည်။
စိတ်ဖိစီးမှု စိတ်သောကဖြစ်စေသော ဦးဏှောက်၏
ဆဲလ်များထုတ်လွှတ်ခြင်း လျော့နည်းစေသည်ကိုလည်း တွေ့ရသည်။
ဦးဏှောက်ကို လေ့ကျင့်ခန်းလုပ်ပေးနေသကဲ့သို့ဖြစ်၍ ဦးဏှောက်၏ အသိစိတ်ကို တိုးမြှင့်စေပြီး စိတ်ဓာတ်ကျခြင်းသောကရောက်ခြင်း နာကျင်ခြင်းတို့ကို လျော့နည်းလာစေသည်။
( ဂ )တရားထိုင်ခြင်းဖြင့် ဦးဏှောက်ကျုံ့ခြင်းကို တွန်းလှန်ကာကွယ်နိုင်သည်။
တရားထိုင်ခြင်းဖြင့် ဦးဏှောက်ကြွက်သားများ
တောင့်တင်းခိုင်မာစေပြီး ဦးဏှောက်ကျုံ့ခြင်းကို
တွန်းလှန်နိုင်ကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ်
ဦးဏှောက်ဓာတ်မှန်ရိုက် ဓာတ်ခွဲခန်းဌာနမှ
လက်ထောက်ဧည့်ပါမောက္ခ "အီလင်းလူဝါခ်"နှင့်အဖွဲ့သည် ဦးဏှောက်ဓာတ်မှန်ရိုက်နည်း အသစ်တမျိုးဖြင့် ဦးဏှောက်အတွင်း ဖွဲ့စည်းတည်ဆောက်ထားပုံနှင့် ဆက်စပ်နေပုံကို ဓာတ်မှန်ရိုက် လေ့လာခဲ့ရာ တရားထိုင်သူများ၏ ဦးဏှောက်အစိတ်အပိုင်း တခုနှင့်တခုအကြား ဆက်နွယ်မှုသည် ပိုမိုအားကောင်းကြောင်း တွေ့ရှိခဲ့ကြသည်။
ထို့ကြောင့် အသက်ကြီးရင့်၍ မေ့လျော့ခြင်းကို ဖြစ်စေတတ်သော ဦးဏှောက်ကျုံ့ခြင်းကို လျော့ပါးစေကြောင်း တွေ့ရှိခဲ့ကြသည်။
ဆက်သွယ်မှု အားကောင်းသောကြောင့် ဦးဏှောက်အတွင်း အီလက်ထရွန်နစ် အချက်ပြမှုများ ထုတ်လွှတ်နေခြင်းကို တွေ့မြင်ရသည်ဟု ဆိုသည်။
ပျမ်းမျှအသက် ၅၂- နှစ်ရှိ ပုံမှန်တရားထိုင်သူ ၂၇-ဦးနှင့် တရားမထိုင်သူ ၂၇-ဦးတို့ကို နှိုင်းယှဉ်လေ့လာခဲ့ရာမှ အထက်ပါအချက်များကို တွေ့ရှိရခြင်းဖြစ်သည်။
ဒေါက်တာနီလာသိန်း( လင်းရောင်သစ် )တွဲဖက်ပါမောက္ခ/မျက်စိအထူးကုဆရာဝန်ကြီး၏ " သိပ္ပံပညာရှင်များ သုတေသနပြုထားသော ဝိပဿနာနှင့်ကျန်းမာရေး ဆောင်းပါးများ " စာအုပ်မှ ကူးယူ မျှဝေပါသည်။
(လွန်ခဲ့တဲ့ ၂ နှစ်က တစ်ခါတင်ခဲ့ဖူးပါတယ်)
No comments:
Post a Comment