⭐ ❝ တကယ့်အဖော် ❞ ⭐
💜💜💜💜💜💜💜💜💜💜
⭐ လူတွေဟာ ...
အဖော်ကို အများကြီး ရှာတယ်။
🌍 ကိုယ့်စိတ်ကို သိပြီး
နေနိုင်တဲ့လူဟာ ...
ပြင်ပအဖော်ကို ရှာဖို့ မလိုတော့ဘူး။
🍎 ကိုယ့်စိတ်ထဲမှာပဲ
သတိ၊ သမာဓိ၊ ပညာတွေ
ဖြစ်နေတဲ့လူဟာ ...
အဲဒါလေးကို သိပြီးတော့ ...
အဖော်လုပ်ပြီးတော့ နေလို့ရတယ်။
🎓 ပြင်ပအဖော်ဆိုတာဟာ ...
ကိုယ်နဲ့ အတူတူ
အမြဲတမ်း မပါနိုင်ဘူး။
အပေါ်ယံအဖော်ပဲ ဖြစ်မယ်။
ခဏ အဖော်ပဲ ဖြစ်မယ်။
🔘 တကယ့် တကယ် ...
ဒုက္ခနဲ့တွေ့တဲ့အခါ ...
အခက်အခဲနဲ့ တွေ့တဲ့အခါမှာ ...
အဲဒီ ပြင်ပအဖော်က
ကိုယ့်ကို ဘာမှ ထိထိရောက်ရောက်
အကူအညီ မပေးနိုင်ဘူး။
နဲနဲပါးပါးတော့ ပေးနိုင်မှာပေါ့။
📸 မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊
ဆွေမျိုးတွေက
ကိုယ့်ဒုက္ခရောက်တဲ့အခါမှာ ...
သူတို့တတ်နိုင်သလောက်တော့
အကူအညီ ပေးမယ်ပေါ့။
🔴 ဒါပေမဲ့ ကိုယ့်စိတ်ထဲမှာ
ခံစားနေရတာကို
ပျောက်သွားအောင်တော့ ...
သူတို့ ဘာမှ မလုပ်ပေးနိုင်ဘူး။
👤 ပိုက်ဆံ ပေးချင်ပေးမယ်။
နေမကောင်းတဲ့အခါ
ဆေး၀ါး ပေးမယ်။
စားစရာ သောက်စရာ ပေးမယ်။
မိသားစုဆိုလည်း နှိပ်ပေးမယ်။
တစ်ခုခုပေါ့။
သက်သာအောင် လုပ်ပေးမယ်။
ဒါလောက်ပဲ သူတို့တတ်နိုင်တယ်။
🌓 တကယ် ကိုယ့်စိတ်ထဲမှာ ...
ခံစားနေရတာကိုတော့
ဘယ်သူမှ ကူပြီးတော့ မျှပြီးတော့
အဖော်အဖြစ်
မခံစားပေးနိုင်ဘူး။
🔵 အဆိုးဆုံး အခြေအနေကို
ပြောရမယ်ဆိုရင် ...
သေခါနီးအချိန် ရောက်ပြီဆိုပါတော့။
ပါးစပ်ကလည်း ဘာမှ
မပြောနိုင်တော့ဘူး။
မျက်စိကလည်း ကြည့်လို့
ကောင်းကောင်း မမြင်ရတော့ဘူး၊
မှုန်၀ါးလာပြီ။
💥 နားကလည်း
ကောင်းကောင်း မကြားရတော့ဘူး။
ခန္ဓာကိုယ် ထိတွေ့မှုကလည်းပဲ ...
ကောင်းကောင်း မသိတော့ဘူး။
ထုံကုန်ပြီ ဆိုပါတော့။
🔳 စိတ်ကတော့ သိနေသေးတယ်။
ဘေးက ကြည့်နေတဲ့
သူတွေကတော့ ...
မျောနေပြီလို့ ထင်မှာပဲနော်။
တကယ်တော့ မျောချင်မှ မျောတာ။
🛑 လူတစ်ယောက် သူ့ကိုယ်တွေ့ကို
ပြောပြတာကတော့ ...
သူ့ကို ဘေးက လူတွေက
မျောသွားပြီလို့ ပြောနေကြတယ်။
ဒါပေမယ့် ပြောနေတဲ့အချိန်မှာ ...
အဲဒီပြောသံကို
သူကြားနေရတယ်တဲ့။
🔷 အဲဒီအချိန်မှာ
နားက မချုပ်သေးဘူး။
တကယ်သေတာမှ မဟုတ်ဘဲကိုး။
မျက်စိကတော့ မဖွင့်နိုင်ဘူး။
ပါးစပ်ကလည်း ပြန်မပြောနိုင်ဘူး။
တခြားလည်းပဲ အမူအရာနဲ့
သူဘာမှ လုပ် မပြနိုင်တော့ဘူး။
တစ်ကိုယ်လုံးက ငြိမ်ပြီးတော့
နေတာကိုး။
နားကတော့ ကြားနေသေးတယ်တဲ့။
🔶 ကာယပသာဒ အရင်ချုပ်တယ်။
ပြီးတော့ မျက်စိ ချုပ်တယ်။
နှာခါင်း ချုပ်တယ်။
လျှာထဲမှာဖြစ်တဲ့ အရသာတွေကို
မသိတော့ဘူး။ ချုပ်သွားပြီ။
⚽ ပတ်၀န်းကျင်ကလူတွေက
သူ့ကို မျောနေပြီလို့ ပြောပေမယ့် ...
သူကတော့ သိနေသေးတယ်တဲ့။
သူ မမျောပါဘူးတဲ့။
အဲဒီအချိန်မှာ တစ်ခုခုတော့
ပြန်ပြောချင်တယ်။
ဒါပေမဲ့ ပြောလို့မရဘူးတဲ့။
🔺 အဲဒီတော့ အားငယ်တတ်
ကြောက်တတ်တဲ့သူဆိုရင် ...
အဲလိုအချိန်မှာ
သူ့စိတ်ထဲ ဘယ်လိုနေမလဲ။
တော်တော်ကို အားငယ်နေလိမ့်မယ်။
တော်တော်ကို
ကြောက်နေလိမ့်မယ်နော်။
☎ ကိုယ့်စိတ်ကိုယ် သိသူ၊
တရားကို အားထုတ်ပြီး
နေတဲ့သူဆိုရင် ...
အဲဒီအချိန်မှာ
စိတ္တာနုပဿနာ အားထုတ်ပြီး
နေလို့ရတယ်။
ကိုယ့်စိတ်လေး ကိုယ်သိပြီး
နေလို့ရတယ်။
စိတ်ထဲမှာ ဖြစ်နေတဲ့ ...
လှုပ်ရှားမှုတွေကို
သိပြီး နေလို့ရတယ်။
🔔 အကယ်၍ လှုပ်ရှားမှု
မရှိဘူးဆိုရင်လည်း
အဲဒီ လှုပ်ရှားမှု မရှိတာကိုဘဲ
သိပြီးတော့ နေလို့ရတယ်။
အဖော်မလိုတော့ဘူးနော်။
🔰 နောက်ဆုံးအချိန်မှာ ..
အဖော်မရှိပါဘူး။
နောက်ဆုံးအချိန်မှာ ...
ကိုယ့်စိတ်ကိုယ်
သိနေကျလူဆိုရင်တော့
အဲဒီသိနေတဲ့ ကိုယ့်ရဲ့ ဘာ၀နာလေးက
ကိုယ်ရဲ့ တကယ့်အဖော်
ဖြစ်လိမ့်မယ်နော်။
♥ တကယ်တော့ ...
ဘ၀သံသရာခရီးကို
တစ်ကိုယ်တည်း သွားနေရတာပါ။
အဖော် မရှိပါဘူး၊
ခဏ ဆုံမိကြတာပါ။
💻 ဒီဘ၀မှာ ခဏလာဆုံပြီးတော့ ...
ပြီးရင် လမ်းခွဲပြီး
ကိုယ့်ခရီးကိုယ် ...
ဆက်သွားကြရဦးမှာပါ။
🌕 သံသရာတစ်လျှောက်လုံး လိုက်ပြီး
အဖော်လုပ်ပေးမဲ့သူ မရှိပါဘူး။
🌀 ဆရာတော်ဦးဇောတိက
မဟာမြိုင်တောရ
Credit :
No comments:
Post a Comment