ပြင်ရခက်တဲ့အမှား
********************
ဝန်ချတောင်းပန်တာဟာ အပြစ်ကြေသွားတာ ဒီလိုပြောတာမဟုတ်ဘူးနော်၊ဒါ Confession လုပ်တာလို့ခေါ်တယ်၊ Confession-လုပ်တာဟာ အပြစ်တွေ ပြေသွားတာ ဒီလိုပြောတာမဟုတ်ဘူး၊ မှားခဲ့တဲ့အမှားက အမှားပဲ၊လုပ်မိပြီးသားက လုပ်မိပြီးသားပဲ။ဒါကိုပြင်တာမဟုတ်ဘူးဆိုတာ သဘောပေါက်ဖို့လိုတယ်။ကိုယ်လုပ်ခဲ့အမှားဟာ ပြင်မရတဲ့အမှားပဲ၊What's done, cannot be undone ဆိုသလိုပေါ့၊ What's done-လုပ်ခဲ့တဲ့အရာတစ်ခုဟာ Cannot be undone- မလုပ်ဘူးလို့ ဖြစ်အောင် လုပ်လို့မှ မရတာ။လုပ်ပြီးသားဟာ လုပ်ပြီးသားလေ ပြင်လို့မရဘူး။ပြင်လို့မရတဲ့အမှား၊ဘယ်အရာပဲ ဖြစ်ဖြစ် လုပ်ပြီးသားဟာ လုပ်ပြီးသားပဲ။သို့သော် သြကာသ ကန်တော့ကျိုးနဲ့ ကန်တော့ပြီးတော့ တောင်းပန်ရင် တစ်ချို့ကပြေတယ်လို့ထင်တယ်၊ဒီအပြစ်တွေ ပျောက်သွားတယ်လို့ထင်တာ။အပြစ်ပျောက်ခြင်းရဲ့ အကြောင်းတရားတော့ဖြစ်တယ်။အရေးကြီးတာဘာလဲဆိုတော့ ဘာကို ကုစားတာလဲဆိုတာသဘောပေါက်ဖို့ လိုတယ်။အဲ့လိုမဟုတ်ရင် ထိပ်-ခေါက်ပြီးမှ တောင်းပန်နေကြမှာပဲလေ။ထိပ်ခေါက်တာခေါက်ပြီးနေပြီလေ။ထိပ်-ခေါက်ပြီး တောင်းပန်လိုက်ကျေတယ်လို့ ဒီလိုထင်နေကြတာမဟုတ်ဘူး၊ အပြစ်က ဖြစ်သွားပြီ။ဖြစ်သွားတဲ့ အပြစ်ကို ပြင်တာလားဆိုတော့ မဟုတ်ဘူး။
အကုသိုလ်က နှစ်ခုရှိတယ်လို့မှတ်၊အာရမ္ဘဇ - လုပ်လို့ဖြစ်တဲ့ အကုသိုလ်ကတစ်ခု၊ အဲဒီ လုပ်ထားတဲ့ အကုသိုလ်ပေါ်မှာ စိတ်ထဲမှာ တပူပူ တနွေးနွေးဖြစ်နေတဲ့စိတ်ဆင်းရဲမှုတွေဖြစ်ပြီး သောကရောက်နေတာဟာ ဝိပ္ပဋိသာရဇ ၊ တောင်းပန်တယ်ဆိုတာက အဲ့ဒီ ဝိပ္ပဋိသာရဇ -ဆိုတဲ့ အကုသိုလ်ကို ဖယ်တာ၊စိတ်ထဲမှာ ကြည်သွားပြီ တောင်းပန်လိုက်ပြီဆိုတဲ့ အခါမှာ အကုသိုလ်က ဆက်မပွားတော့ဘူး၊လုပ်ပြီးသားက ပြင်လို့မရဘူး။နောက်ထပ် ထပ်ဖြစ်နေမယ့်အရာကိုတားတယ်။ဒီသဘောပဲ။အကိုသိုလ်နှစ်ခုရှိတယ်လို့မှတ်ထား။လုပ်လို့ ဖြစ်တဲ့ အကုသိုလ်ကတစ်ခု- အဲ့ဒါကပြင်လို့ မရဘူး၊ဖြစ်ပြီးသားက ဖြစ်ပြီးသားပဲ၊ပြင်တာကဘာလဲဆိုတော့ အဲ့ဒီအပေါ်မှာ စိတ်ပူနေတာကို မပူရအောင်လို့ တောင်းပန်လိုက်တဲ့အခါမှာ လူတွေဟာ စိတ်ထဲမှာ အေးချမ်းသွားတယ်၊အဲဒီအေးချမ်းသွားမှုကို ဖြစ်စေတာကို ဆိုလိုတာဖြစ်တယ်၊အဲဒီတော့ တောင်းပန်ခြင်းက အကျိုးမရှိဘူးလားလို့ မေးလို့ရှိရင် တစ်ပိုင်းကအကျိုးရှိတယ်၊Confession -ဘာတုန်းဆိုတော့ စိတ်မပူတော့ဘူး၊ငါတောင်းပန်ပြီးပြီ၊စိတ်နှလုံးအေးချမ်းသွားပြီ၊အဲဒီတော့ အဲ့ဒီနောက်မှာ ကိုယ်ဆက်လုပ်ရမယ့် အလုပ်တွေ ရှိသေးတယ်၊ဘာတွေလဲဆိုတော့ တောင်းပန်ပြီးတဲ့နောက်မှာ “အာယတိ ံ သံဝရံ အာပဇ္ဇတိ“ နောက်ထပ် မလုပ်တော့ပါဘူးဆိုတဲ့ ဝန်ခံကတိ၊Promise -ပေးရတယ်။ဘယ်တော့မှ ဒီအမှားမျိုးကို မကျူးလွန်တော့ပါဘူးဆိုပြီးတော့၊
ကျူးလွန်ခဲ့တဲ့အမှားကို နောင်တရပြီးတော့ ဒီအမှားကို ပြင်တယ်။ကောင်းတာတွေချည်းပဲ ဆက်လုပ်တယ်။ဆက်လုပ်သည့်အတွက်ကြောင့်ရေများရင် ရေနိုင်၊ မီးများရင် မီးနိုင်လုပ်ခဲ့တဲ့အမှားတစ်ခုကို ထပ်မလုပ်တဲ့အတွက်ကြောင့် အမှားကတော့ အမှားအတိုင်းပဲ ရှိတယ်။သို့သော်ကောင်းတာတွေကို ဆက်လုပ်သည့်အတွက်ကြောင့် အမှားဟာ Isolated ဖြစ်သွားတယ်။သူ့ကို ကောင်းတာတွေနဲ့ ရံပတ်ထားတဲ့အခါ သူ့ကို ဖွင့်မရတော့ဘူးလို့ ဒီလိုပြောတာနော်။ပျောက်သွားတာလို့ ပြောတာမဟုတ်ဘူး။အေး တော်ကြာကြတော့ ဒူးလေးထောက်ပြီးတော့ ခွင့်လွှတ်တော်မူပါဆိုတာနဲ့ အကုန်လုံး ခွင့်လွတ်သွားတယ်မထင်နဲ့။ဒီလိုပြောတာ မဟုတ်ဘူး၊လွတ်သွားတာ ဘာလွတ်သွားတာလဲဆိုတော့ ဒီအတွက် စိတ်ပူပြီးတော့ ဖြစ်နေတဲ့ အကုသိုလ်တွေ လွတ်သွားတာ။နောက်ဆုံးမှာ အာယတိ ံ သံဝရ- နောင်မှာ စောင့်စည်းပါမယ်ဆိုတဲ့ Promise အရတကယ်စောင့်စည်းပြီးမှ နေလို့ ရှိရင် အကုသိုလ်တစ်ပိုင်းကို တားပြီးသားဖြစ်သွားတယ်။တားပြီးသား ဖြစ်တဲ့အတွက်ကြောင့် ကောင်းတာတွေချည်းလုပ်တဲ့အတွက်ကြောင့် ကောင်းတာတွေပဲ၊Chance ရပြီးတော့ မကောင်းတာတွေ Chanceမရဘူးဆိုတဲ့ အဓိပ္ပာယ်၊သူအကျိုးပေးဖို့ အခွင့်သာမှ ကံဆိုတာ အကျိုးပေးလို့ ရတာ။အခွင့်မသာရင် မရတော့ဘူး။ ဒါမျိုးကို ဆိုလိုတယ်လို့၊ တောင်းပန်တယ်ဆိုတာ အဲဒီလို အဓိပ္ပာယ်ရတယ်။
ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဟောကြားတော်မူသောပြင်ရခက်တဲ့အမှား တရားတော်မှ
#AshinNandamalabhivamsa
No comments:
Post a Comment