မြွေနှင့်ယုန် ဘယ်ပုံအသက်မွေးမလဲ
သတ္တဝါရယ်လို့ ဖြစ်လာရင်တော့
အသက်မွေးရတာပေါ့ဗျာ၊
ဒါပေမဲ့ မြွေလို အသက်မွေးမလား
ယုန်လို အသက်မွေးမလား ဆိုတာ
ရွေးချယ်တတ်ရမယ်။
မြွေကိုကြည့်ဗျ၊
သူများအသက် သတ်စားနေတာ။
မြွေရဲ့ထမင်းလုတ်က ဖါးကလေးတွေ
ငါးကလေးတွေပဲမို့လားဗျ။
မြွေတစ်ကောင် အသက်ရှင်ဖို့
သေပေးရတဲ့ ဖါး ငါး တွေက
နည်းသလားဗျ၊ သေတော့ကော
ကျေကျေနပ်နပ် သေရသလားဗျ။
အဲဒီတော့ မြွေရဲ့
အသက်မွေးဝမ်းကြောင်းမှုဆိုတာ
တစ်ဖက်သား မကျေနပ်တဲ့ ဝမ်းစာ၊
ကိုယ်ချင်းစာမှု လုံးလုံးမရှိတဲ့ ဝမ်းစာ။
မြွေက ဖါးတစ်ကောင်မျိုတိုင်း
သံသရာမှာ တစ်ဘဝကျ ပြန်ပြီး
အသေဆိုးနဲ့ သေပေးရလိမ့်မယ်။
မြွေတစ်ကောင်ရဲ့သက်တမ်းမှာ
ဖါးအကောင်တစ်ရာ မြို ပြီးမှ
အသက်ရှင်ရရင်
သံသရာလည်တော့လည်း
ဘဝပေါင်းတစ်ရာ ပြန်အသတ်ခံရပြီး
မရှုမလှ သေရမယ်။
ဒါကြောင့် မြွေရဲ့အသက်မွေးခြင်းဟာ
အပြစ်ကင်းတဲ့ ကြွေးကင်းတဲ့
ထမင်းလုတ် မဟုတ်ဘူး။
ဟော… ယုန်ကလေးတွေကျတော့
ကန်စွန်းရွက်တို့ မြက်တို့ပဲ စားတာဗျ၊
သူဝမ်းဝဖို့ ဘယ်သူ့မှ ဒုက္ခမပေးဘူး။
ဒါဟာ အပြစ်ကင်းတဲ့ အသက်မွေးမှု
အကြွေးမတင် သန့်စင်တဲ့
ဝမ်းစာ ရှာနည်းပဲဗျ။
အဲဒီတော့ တို့တကာကြီးများလဲ
မြွေလို အသက်မွေးမလား
ယုန်လို အသက်မွေးမလား ဆိုတာ
အဖြေရလောက်ပါပြီဗျာ။
ကိုယ်ကျင့်သီလတွေ ဖေါက်ဖျက်ပြီး
ငါကောင်းစား ပြီးစတမ်းဆိုပြီး
ဝမ်းစာစီးပွား ရှာနေပုံမျိုးက
မြွေရဲ့ထမင်းလုတ်မျိူ းနဲ့ အတူတူပဲ။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
No comments:
Post a Comment