စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, May 18, 2021

ဒါနဖြင့် မြုပ်နှံရမည့် ဌာနများ

"ဒါနဖြင့် မြှုပ်နှံရမည့် ဌာနများ"
  🙏🙏🙏🙏🙏🙏🙏

❖ ဒါနဆိုတဲ့ မြှုပ်နှံမှု လုပ်ချင်လို့ရှိရင် 
ဘယ်နေရာမှာ မြုပ်မလဲ?

❖ အခု ဒါနဆိုတဲ့ ကုသိုလ်ကောင်းမှုကိုတော့ 
ဘယ်မှာ မြှုပ်မလဲဆိုတော့ မြှုပ်နှံတဲ့နေရာကို 
မြတ်စွာဘုရားက ဟောတယ်။

❖ ဒါနဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုကို လုပ်မယ်ဆိုရင်
ဗုဒ္ဓမြတ်စွာရဲ့ဓာတ်တော် မွေတော်တွေကို 
ထည့်သွင်းပြီးတော့ ပူဇော်ထားတဲ့ 
စေတီ ပုထိုးတွေမှာ မြှုပ်နှံလို့ ရတယ်။

❖ နောက်တစ်ခုက 
သံဃာတွေမှာ မြှုပ်နှံလို့ ရတယ်။ 

သံဃာ့ဂုဏ်ကို အာရုံပြု ၍၊ 
သံဃာတွေကို လှူ ဒါန်းခြင်းဖြင့် 
ဒါနကုသိုလ် ရင်းနှီးမြှုပ်နှံလို့ ရတယ်။

❖ နောက်တစ်ခုက ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ပဲ
ဖြစ်စေ လှူ ဒါန်းပြီး ရင်းနှီးမြှုပ်နှံလို့ ရတယ်။

❖ နောက် ရင်းနှီးမြှုပ်နှံမှုက 
ကိုယ့်အိမ်ရောက်လာတဲ့ ဧည့်သည် (သို့) 
ဖိတ်ထားလို့ ရောက်လာတဲ့ ဧည့်သည်တွေကို 
ကျွေးမွေးဧည့်ခံတာလည်း ရင်းနှီးမြှုပ်နှံမှု တစ်ခုပဲ။

❖ နောက်တစ်ခုက 
မိဘနှစ်ပါးထင်ရှားရှိနေတဲ့ ပုဂ္ဂိုလ်တွေဟာ 
မိဘကို ပြု စုလုပ်ကျွေးတာဟာလည်း 
ရင်းနှီးမြှုပ်နှံနေတာ တစ်ခုပဲ။

မိသားစုထဲမှာ "အစ်ကိုကြီး အဖအရာ၊ 
အစ်မကြီး အမိအရာ" ဆိုတဲ့အတိုင်း 
မိမိရဲ့ မိသားစုထဲမှာ မိဘနှစ်ပါး မရှိတော့ဘူးဆိုရင် 
အစ်ကိုကြီး အစ်မကြီးတွေမှာလည်း 
ရင်းနှီးမြှုပ်နှံပေးလို့ ရတယ်လို့ ဒီလို ဆိုလိုတယ်။

❖  ဒါနကောင်းမှုပြု ပြီးတော့ 
ရင်းနှီးမြှုပ်နှံလိုက်တာဟာ သေချာတဲ့ 
ရင်းနှီးမြှုပ်နှံမှုကြီးတစ်ခု ဖြစ်တယ်လို့
မြတ်စွာဘုရားက ဟောတယ်။

မြတ်စွာဘုရားက ဆက်ပြီးတော့ဟောတယ်။

❖ ကုသိုလ်ကောင်းမှုလုပ်ပြီးတော့ 
စေတီစတဲ့ ဌာနတွေမှာ ရင်းနှီးမြှုပ်နှံထားပြီ 
ဆိုလို့ရှိရင် ...

အဲဒီ ကုသိုလ်ကောင်းမှုတည်းဟူသော 
ရင်းနှီးမြှုပ်နှံထားတဲ့ ဥစ္စာဟာ ဘယ်သူကမှ 
အနိုင်ကျင့်ပြီးတော့ မယူနိုင်ဘူးတဲ့။ 

အနိုင်ကျင့်ပြီး မယူနိုင်ရုံမျှမက ထိုပစ္စည်းဥစ္စာဟာ 
မိမိဘဝ သံသရာ သွားလေရာ နောက်ကပါလာမယ့် 
ပစ္စည်းဥစ္စာမျိုး ဖြစ်တယ်တဲ့။

အနုဂါမိက လို့ခေါ်တယ်။
အနုဂါမိက လို့ဆိုတဲ့ ကုသိုလ်ကျတော့ 

ဒီဘဝမှာလည်း ကိုယ်နဲ့ ထပ်ချပ်မကွာ ရှိတယ်။ 
တမလွန်ဘဝ ရောက်သွားတဲ့အခါမှာလည်း 
သံသရာခရီးမှာ ကိုယ်နဲ့ ထပ်ချပ်မကွာ ရှိနေမယ်။ 

အနုဂါမိကဆိုတာ မျက်ခြေမပြတ် 
အစဉ်လိုက်ပါနေတဲ့ ပစ္စည်းဥစ္စာလို့ ဆိုလိုတယ်။

ဘယ်လောက် အားကိုးထိုက်တုန်းဆိုတော့-

❖ အခုလို ဒါန သီလ ကုသိုလ်ကောင်းမှု
လုပ်ပြီးတော့ ရင်းနှီးမြှုပ်နှံလိုက်တဲ့ ကုသိုလ်ဟာ 
ထားသွားရမယ့် ပစ္စည်းတွေထဲမှာ ယူသွားလို့ရတဲ့ 
ပစ္စည်းမျိုးပါ ။ ကျန်တာတွေကတော့ 
ထားသွားရမယ်ဆိုတာ အားလုံးအသိပဲ။ 
ဘယ်သူမှ ယူမသွားနိုင်ဘူး။

❖ ကုသိုလ်ကောင်းမှုကျတော့ 
ကိုယ်လုပ်တဲ့သူပဲ ပိုင်တယ်။

ကုသိုလ်ကောင်းမှု ဆိုတာ 
ကိုယ်ပိုင်တဲ့ တကယ့်အမွေပဲ။ 

ပါချုပ်ဆရာတော်ဘုရားကြီး 
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏🙏🙏🙏🙏🙏🙏

No comments:

Post a Comment