စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, November 10, 2023

မြတ်ဗုဒ္ဓ၏ နောက်ဆုံးစကားတော်

"အာနန္ဒာ ... ငါဘုရား ပင်ပန်းလှပြီကွယ်။ အင်ကြင်းပင်တွေရဲ့အကြား မြောက်ဘက် ခေါင်းထားပြီး ညောင်စောင်းပြင်ပါ ၊ လျောင်းစက်ဦးမယ်"

ကုသိနာရုံပြည် ၊ မလ္လမင်းတွေရဲ့ 
အင်ကြင်းဥယျာဉ်ထဲမှာ မြတ်စွာဘုရားက 
ရှင်အာနန္ဒာကို မိန့်လိုက်တာပါ။

ရှင်အာနန္ဒာလည်း မြတ်စွာဘုရား 
မိန့်ကြားတဲ့အတိုင်း 
ညောင်စောင်းလို့ခေါ်တဲ့ကုတင်ကို 
မြောက်ဘက် ခေါင်းထားပြီး ပြင်ပေးတယ်၊

မြတ်စွာဘုရားက ရှင်အာနန္ဒာပြင်ပေးတဲ့ ညောင်စောင်းပေါ်မှာ ညာခြေတော်ပေါ်ကို ဘယ်ခြေတော် စင်းလွန်းငယ်လေးတင်ပြီး 
ညာဘက်နံတောင်းနဲ့ လျောင်းစက်တော်မူတယ်။

မြတ်စွာဘုရား ဘယ်လောက်ပင်ပမ်းနွမ်းနယ်ပြီး အားနည်းနေတယ် ဆိုတာ ရှင်အာနန္ဒာအသိဆုံးပါ 
မြို့အဆင့်ဆင့်ကို ခြေလျင်ကြွတော်မူခဲ့တာ ဒကာ စုန္ဒရဲ့ ဝက်သားဆွမ်းစားအပြီးမှာ ဝမ်းသွေးသွန်ရောဂါ ဖြစ်လာတာ၊ 
ဒကာ စုန္ဒ စိတ်မကောင်း ဖြစ်နေမှာစိုးလို့ 

" ဒကာစုန္ဒ သုဇာတာရဲ့ ဃနာနို့ဆွမ်းဟာ မြတ်စွာဘုရားရဲ့ ပထမဆုံးဆွမ်း ဖြစ်သလို၊ 
သင့်ရဲ့ဆွမ်းဟာလည်း မြတ်စွာဘုရား 
ဘုန်းပေးခဲ့တဲ့ဆွမ်းထဲမှာ နောက်ဆုံးဆွမ်းပဲ၊ 
သင်အရတော်တာပဲ ၊ သင်သိပ်ကံကောင်းတာပဲ" လို့ 
မြတ်စွာဘုရား တဆင့်ပြောခိုင်း ခဲ့တာ...။

ပါဝါပြည်နဲ့ကုသိနာရုံပြည် သုံးဂါဝုတ်ပဲ ဝေးတာကို 
လမ်းခရီးမှာ ၁၅ ကြိမ်တိတိ နားခဲ့ရတယ်။ ပင်ပမ်းနွမ်းနယ်နေတဲ့ ကြားကပဲ သုဘဒ္ဒပရိဗိုရ်ကို 
တရားဟောပြီး ရဟန်းပြုပေးခိုင်းလို့ ပြုပေးခဲ့ရတယ်။

ရှင်အာနန္ဒာအနေနဲ့မြတ်စွာဘုရားကို နောက်ထပ် 
ပင်ပမ်းစေမယ့် အပြုအမူမျိုး မလုပ်စေချင်တော့ဘူး။

ရှင်အာနန္ဒာ သူ့နောက်ကို လှည့်ကြည့်လိုက်တော့ 
မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုမယ်ဆိုတာသိလို့ 
ရောက်လာတဲ့ပရိတ်သတ်တွေကို တွေ့လိုက်ရပါတယ်၊ 
ပရိတ်သတ်ထဲမှာ ရဟန်းပရိတ်သတ်၊ လူပရိတ်သတ် 
သာမက နတ်ဗြဟ္မာပရိတ်သတ်တွေပါ တွေ့ရပါတယ်။

ပရိတ်သတ်အားလုံးက မြတ်စွာဘုရားဆီက 
#ဘယ်လိုမိန့်ကြားသံ ထွက်လာမလဲ ဆိုတာ 
စောင့်မျှော်နေကြပါတယ်။ သိပ်မကြာပါဘူး 
တိတ်ဆိတ်မှုတွေကြားက အနှိုင်းမဲ့ အသံတော်တစ်ခု 
ထွက်ပေါ်လာပါတယ်။ 

"ဟန္ဒဒါနိ ဘိက္ခဝေ
အာမန္တယာမိဝေါ
ဝယဓမ္မာသင်္ခါရာ
အပ်ပမာဒနေ၊ သမ်မာဒထေ"

" ရဟန်းတို့ .... သင်တို့ကို ငါဘုရား 
နောက်ဆုံး မှာကြားခဲ့မယ်၊ ရုပ်နာမ်ဓမ္မဆိုတဲ့ သင်္ခါရတရားတွေဟာ ပျက်စီးတတ်တဲ့သဘော 
ရှိကြတယ်၊ မမေ့မလျော့ သတိတရားနဲ့ 
အစစအရာရာ ပြည့်စုံအောင် နေကြကုန်လော့"

မိန့်ကြားသံ အဆုံးမှာ ...
#နောက်ထပ်ဘာအသံမှ ထွက်မလာတော့ပါဘူး...

( ၄၅ ) ဝါ ပတ်လုံး ဟောခဲ့ပြောခဲ့တဲ့ အထဲက နောက်ဆုံးစကားတော်လေးပါပဲ။

ပရိနိဗ္ဗာန်ပြု ခါနီး အချိန်မှာတောင်မှမဟာဂရုဏာတော်ဖြင့် မိန့်ကြားတော်မူခဲ့လေသည်။

* အပ္ပမာ​နေ သမ္မာဒေထ *
မမေ့မလျော့မပေါ့မဆကြပါနဲ့ဆိုတဲ့
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏
အမှာစကားကို အမြဲအမှတ်ရကြပါစေ။🙏

🙏ကြည်ညို မဆုံး နှလုံးအေးမြ မြတ်ဗုဒ္ဓ🙏

(သုတ်မဟာဝါပါဠိတော်၊ မဟာပရိနိဗ္ဗာနသုတ်)

အရှင်ဇဝနဉာဏ သိဒ္ဓိအောင်ကျောင်းတိုက် တောင်ကမ္ဘားကျေးရွာ

Credit....

No comments:

Post a Comment