~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သူ့ဂုဏ်ကိုနှိမ့် ကိုယ့်ဂုဏ်နိမ့်၏။
သူ့ဂုဏ်ကိုမြောက် ကိုယ့်ဂုဏ်မြောက်၏။
သူကလည်း သူ့ကံအားလျော်စွာ သူ့စီးပွားရေးအခွင့်
အလမ်းတွေဖြောင့်တန်းပြီးတော့ ချမ်းသာနေတယ်။
အဲဒါကို မိမိကထိုင်ပြီးတော့ မကြည်ဖြူ နိုင်ဘူး မနာလိုနိုင်ဘူး။ဟိုလူ့ သွားတို့ ဒီလူ့ သွားတို့ ဟိုနေရာ သွားတိုင်လိုက် ဒီနေရာ သွားတို့လိုက်လုပ်ပြန်တယ်။
တို့လိုက်တဲ့အခါကြတော့ အဲဒီကံလေးတွေကခုလိုဘ၀မှာ လာပြီး အကျိုးပေးတာပဲ။မိမိနားမှာပြု စုမဲ့ ပုဂ္ဂိုလ်တစ်ယောက်မှမရှိဘူး။ အနားကပ်ပြီး နေချင်တဲ့ ပုဂ္ဂိုလ်လည်း တစ်ယောက်မှ မရှိဘူး။
ဘုန်းကံနည်းပါးရခြင်းသည် ဘာကို အခြေခံသလဲ။
ငြူ စူစောင်းမြောင်းတဲ့စိတ်ထားကို အခြေခံတယ်။
ငြူ စူ စောင်းမြောင်းတဲ့စိတ်ထားကိုမွေးမြူ ခြင်းသည် အခြွေအရံ နည်းပါးစေတတ်တယ်တဲ့ကျင့်၀တ်ကို ကျင့်နေခြင်းပဲဖြစ်တယ်ဆိုတာကို သဘောပေါက်ပါ။
သူတစ်ပါးတွေမှာ အခြွေအရံ များပြားနေတာကို
မကြည့်လိုတဲ့ စိတ်ထားက မိမိအခြွေအရံနည်းပါးဖို့ရန် အကြောင်းတစ်ခုဖြစ်တယ်။
သူတစ်ပါး အရိုအသေ အလေးအစားခံရမှုအမြတ်နိုးခံရမှု အပူဇော်ခံရမှုကို မကြည့်လိုတဲ့စိတ်ထားကမိမိကိုလည်း ရိုသေလေးစားမည့်သူမြတ်မြတ်နိုးနိုး ပြု စုလုပ်ကျွေးမည့်သူ မရှိဖို့ရန် အကြောင်းတစ်ခုဖြစ်တယ်။
စိတ်ထား မတတ်လို့ရတဲ့အကျိုးတရားဖြစ်ပါတယ်။သူလည်း သူ့ကံကြောင့် ဘုန်းကံကြီးမားရတယ်။ အခြွေအရံတွေ များပြားရတယ်။ငါလည်း ငါ့ကံကြောင့် အခြွေအရံနည်းပါးရတယ်။ များပြားရတယ်။
ဒီလို ကံကံ၏အကျိုးတရားကို နှလုံးသွင်းတယ်။ ပိုက်ဆံ ဘယ်နှစ်ပြားကုန်သလဲ။ တစ်ပြားမှမကုန်ဘူး။
စိတ်ဓာတ်ကို ပြု ပြင်ပြောင်းလဲလိုက်တဲ့အတွက် ဘ၀
အဆင့်အတန်းတွေ မြင့်မသွားဘူးလား။ မြင့်သွားတယ်။
No comments:
Post a Comment