စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, March 1, 2017

စကားဝါတို့ရဲ့မြေ

စကားဝါတို့ရဲ့မြေ(သို့မဟုတ်) တောင်တော် ရွှေပုပ္ပါး
================================

ပူပြင်းခြောက်သွေ့တဲ့အညာရပ်ဝန်းရဲ့ အိုအေစစ်လို့ တင်စားရမယ့် စိမ်းစိုအေးမြတဲ့ တောအုပ်ကြီးအလယ်မှာ သဘာဝအလှတရားနဲ့ ကိုးကွယ်ယုံကြည်မှုတို့ ပေါင်းစပ်ထားတဲ့ ပုပ္ပါးတောင်ကလပ်ကြီး ရှိပါတယ်။

မန္တလေးတိုင်း၊ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်က ပုပ္ပါးတောင်ကြီးဟာ နတ်တွေနဲ့သူတော်စင်ဝိဇ္ဇာ တို့ ပျော်မွေ့ရာနေရာထူးကြီးအဖြစ် မြန်မာပြည် အနှံ့က ယုံကြည်လက်ခံထားကြတဲ့ တောင်ကြီး ဖြစ်ပါတယ်။ ပုပ္ပါးတောင်ဟာ တစ်ချိန်က မီးတောင်တစ်လုံးဖြစ်ခဲ့တယ်။ ဘီစီ(၄၂၂)ခုနှစ်မှာ ပေါက်ကွဲခဲ့ဖူးတယ်လို့ပညာရှင်တွေက ခန့်မှန်းခဲ့ ကြတာလည်း မှတ်သားဖူးပါတယ်။

ပုပ္ပါးတောင်ကလပ်ကို မြင်းခြံ - ကျောက်ပန်းတောင်းသွား မော်တော်ကားလမ်း ဆုံက သွားမယ်ဆိုရင် (၂)မိုင်ခရီးနဲ့ ရောက်နိုင် ပါတယ်။အမြင့်ပေ (၂၄၁၇)ပေရှိတဲ့ ပုပ္ပါးတောင် တော်ပေါ်တက်မယ်ဆိုရင် အစာတောင်းနေတဲ့ မျောက်ကလေးတွေနဲ့ မျောက်စာရောင်းနေသူ တွေကိုလည်း သတိထားမိကြမှာပါ။

သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ page ပြန်လည်တင်ဆက်သည်
cd:ဒေါင်းလူ

No comments:

Post a Comment