စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, March 4, 2017

ကျောင်းလှူရသောအကျိုး ကြီးမားပုံ

ကျောင်းလှူရခြင်းအကျိုး ကြီးမားပုံအကြောင်း
******************************************

သင်္ခစကြာဝတေးမင်းနှင့် မဟာပနာဒမင်း
တို့သည် အတိတ်ဘဝရှေးအခါကကျုထရံသည်
သာအဖနှစ်ယောက် ဖြစ်ခဲ့ဖူးစဉ် ပစ္စေကဗုဒ္ဓါ
အရှင်မြတ်ရှစ်ပါးကို ကျူရိုးသဖန်းသားတို့ဖြင့်
သစ်ရွက်မိုးကျောင်း ဆောက်လုပ်လှူဒါန်းပြီး
ဘုရားတပည့်တော်တို့ သားအဖနှစ်ယောက်
သည် ဘဝဖန်ခါ သံသရာကြီးထဲတွင်ကျင်လည်
ကျက်စား ပြေးလွှားကြသည်ရှိသော် မြင့်မြတ်
သောပုဂ္ဂိုလ်တို့နှင့်သာ ထိုက်တန်သော ဆန်း
ကျယ်သော ဘုံဗိမာန်ကြီးကို ရရှိ၍ အဆုံးဘဝ
နောက်ကာလ၌ မဂ္ဂင်ဖောင်ကြီး ငြိမ့်ငြိမ့်စီး
လျက် ဘေးအတန်တန် အေးငြိမ်းရာအမှန်
နိဗ္ဗာန်အောင်ခန်း မြို့တော်နန်းသို့ ကူးမြောက်
နိုင်သော ပုဂ္ဂိုလ်များ ဖြစ်ရပါစေသား အရှင်မြတ်
ဘုရားဟု ဆုတောင်း၍ ပစ္စည်းလေးပါးဖြင့်
အသက်ထက်ဆုံး ထောက်ပံ့လှူဒါန်းခဲ့ပါသည်။

သားအဖနှစ်ယောက် သေလွန်သောအခါ
နတ်ပြည်တွင် အတူဖြစ်ကြရသည်။အဖသည်
နတ်ပြည်တွင်ကျန်ခဲ့ပြီး သားသည် နတ်ပြည်မှ
စုတေ၍ လူ့ပြည်တွင် သုရုစိမင်း သုမေဓာ၏
သား မဟာပနာဒမင်း ဖြစ်လာခဲ့သည်။အတိတ်
ဘဝက ပစ္စည်းလေးပါးဖြင့် ပစ္စေကဗုဒ္ဓါအရှင်
မြတ် ရှစ်ပါးကို ကျောင်းဆောက်၌ လှူဒါန်းခဲ့
သော ကုသိုလ်ကံကြောင့် သိကြားမင်းကမဟာ
ပနာဒမင်း နေရန်အတွက် အမြင့်(၂၅)ယူဇနာ
အကျယ်(၈)ယူဇနာ ဘုံစဉ်အထပ်(၁၀၀)ရှိသော
ပြာသာဒ်ကို ဝိသကြုံနတ်သားအား ဖန်ဆင်းပေး
ခိုင်းသည်။

မဟာပနာဒမင်း စုတိသောအခါ ပြာသာဒ်
ကြီးသည် ပျက်စီးမသွားဘဲ နတ်ပြည်တွင်ကျန်
ခဲ့သော အဖနတ်သားအတွက် ဂင်္ဂါ မြစ်ထဲတွင်
မြုပ်နေပြီး အရိမေတ္တေယျဘုရားရှင် ပွင့်တော်
မူသောအခါမှ ဂင်္ဂါ မြစ်ထဲမှ ထွက်ပေါ်လာ၍
ကေတုမတီမြို့လယ်၌ သင်္ခစကြဝတေးမင်း
စံမြန်းဖို့ရန်အတွက် ထွက်ပေါ်လာလိမ့်မည်။
ထိုအခါမှ အဖနတ်သားသည် နတ်ပြည်မှ
စုတေ၍ ကေတုမတီပြည်၌သင်္ခစကြဝတေးမင်း
ဖြစ်လျက် အတိတ်ဘဝက သားတော်စပ်ခဲ့ဘူး
သော မဟာပနာဒမင်း စံမြန်းခဲ့သော အထပ်
တစ်ရာရှိသော ပြာသာဒ်ကြီး၌ စံမြန်းလျက်နေ
စဉ် လူ့ဘောင်လောကငြီးငွေ့လာသောအခါ
ရဟန်းမဝတ်မှီမှာပင် ငါ၏ပြာသာဒ်ကြီးသည်
အစိတ်စိတ် အမွှာမွှာဖြစ်ပါစေသတည်းဟု
အဓိဋ္ဌာန်လျက် ထိုပြာသာဒ်တွင် ရဟန်းပုဏ္ဏား
ဆင်းရဲသား အထီးကျန် သူတောင်းစားတို့အား
အလှူပေး၍ ဝိသာခါမိဖုရားနှင့်အတူ အနီးအပါး
ခစားကြကုန်သော ကုဋေကိုးသောင်းကျော်
သော လူအပေါင်းတို့သည် တစ်ယောက်မကျန်
သင်္ခစကြဝတေးမင်းနှင့်အတူ ဧဟိဘိက္ခူရဟန်း
များဖြစ်ကြလိမ့်မည်။

စကြဝတေးမင်းနှင့် အတိတ်ဘဝက သား
တော်စပ်ခဲ့ဖူးသော မဟာပနာဒမင်းသည် လူ့
ပြည် နတ်ပြည်တို့၌သာဖြစ်လျက် ဂေါတမမြတ်
စွာဘုရားရှင် ပွင့်တော်မူသောအခါ ဘဒ္ဒိယမြို့၌
ဘဒ္ဒိယသူဌေးဖြစ်လျက် ပြာသာဒ်သုံးဆောင်ကို
နွေ မိုး ဆောင်း ရာသီတို့၌တလှည့်စီခံစားနေစဉ်
မြတ်စွာဘုရားရှင်၏ တရားတော်ကို နာကြားရ၍
ရဟန္တာဖြစ်လေသည်။

ဘဒ္ဒိယ ရဟန်းဖြစ်သောနေ့မှာပင် ဘဒ္ဒိယ
ရဟန်းဟူသော အမည်ဖြင့် ရဟန္တာဖြစ်လျှက်
မြတ်စွာဘုရားရှင်နှင့်အတူ ရေကြောင်းခရီးကြွ
တော်မူစဉ် မြတ်စွာဘုရားက ဘဒ္ဓိယသည်
ပုထုဇဉ်လော ရဟန္တာလောဟု အခြားသော
ရဟန်းတော်များ သံသယ လွတ်ကင်းစေခြင်း
ငှာ ချစ်သားဘဒ္ဒိယ သင် အတိတ်ဘဝ မဟာ
ပနာဒမင်းဖြစ်ခဲ့စဉ် အခါတုန်းက စံမြန်းခဲ့သော
ပြာသာဒ်ကြီး ဘယ်နားမှာလဲ ဟုမေးလိုက်သော
အခါ ဘဒ္ဒိယရဟန္တာမထေရ်မြတ်သည် ဈာန်
အဘိညာဉ်ဝင်စားပြီး ပြာသာဒ်ကြီး၏ အထွဋ်ကို
ခြေမဖြင့်ညှပ်ယူ၍ မလိုက်သောအခါ ပြာသာဒ်
ကြီးရေပေါ်၌ ယူဇနာနှစ်ဆယ်အမြင့်သို့ရောက်
လေသော် ငါး လိပ် ပုဇွန် နဂါး မိချောင်း စသော
သတ္တဝါများ ပြုတ်ကျလာသောအခါ မြတ်စွာ
ဘုရားက ချစ်သားဘဒ္ဒိယ အတိတ်ဘဝတုန်းက
အတူနေခဲ့ တော်စပ်ခဲ့ဘူးသော မောင်းမမိဿံ
နှင့်တကွ ဆွေမျိုးတွေ ပြာသာဒ်ကြီးကို စွဲလမ်း
ပြီး တိရိစ္ဆာန်များဖြစ်နေကြသည်။ ယခုပြုတ်ကျ
၍ မင်းဆွေမျိုးတွေ ပင်ပန်းကုန်ကြပြီ။ပြန်လွှတ်
ပေးလိုက်ပါတော့ဟု မိန့်ကြားတော်မူသဖြင့်
ပြာသာဒ်ကြီးသည် နေမြဲတိုင်းနေရာဖြစ်သော
မြစ်လယ်ကောင်၌ပင် နစ်မြုပ်သွားလေသည်။

ကျောင်းလှူခဲ့သော ဆင်းရဲသား သားအဖ
နှစ်ယောက်တွင် သားဖြစ်သူသည် ဂေါတမမြတ်
စွာဘုရားထံတွင် ရဟန္တာဖြစ်၍ နိဗ္ဗာန်ကိုရသည်
အဖေဖြစ်သူသည်အရိမေတ္တေယျမြတ်စွာဘုရား
ပွင့်တော်မူသောအခါမှ သင်္ခစကြဝတေးမင်းဖြစ်
လျက် ရဟန္တာဖြစ်၍ နိဗ္ဗာန်ကို ရလိမ့်မည်ဖြစ်ပါ
သတည်း။
အကျိုးကြီးမားလှသော ကျောင်းအလှူ
လှူဖြစ်အောင်သာ လှူ................................။

Credit to Daw Yusandi

ကျောင်းလှူရခြင်းအကျိုး(၇)ပါး
      .....................

နတ်နှင့်လူဝယ်၊ သန္ဓေတည်၍
စိတ်ဝယ်တောင့်တ၊ ဆောက်အုံရ၏။
မထကြက်သီး၊ ကိုယ်လည်းမလှုပ်
ကြောက်ရွံ့မထင်၊ ထိတ်လန့်စင်၏။
ခြင်္သေ့သစ်ကျား၊ သားရဲများနှင့်
ဖမ်းစားကလူ၊ နှိပ်စက်မူသား
တောသူ,ဖုတ်,ပြိတ်၊ အဆိပ်ထန်ပြင်း
မြွေနှင့်ကင်းက၊ အဆင်းဖောက်ပြန်
ကုမ္ဘဏ် ရက္ခိုသ်၊ နတ်မိုက်ရန်ပေါင်း
ဘေးလွတ်ရှောင်း၏။
မကောင်းအိပ်မက်၊ မမြင်မက်ဘူး
ထင်လျှက်သတိ၊ မြဲခိုင်ဘိ၍
ဝိပရိဏံ၊ ဖောက်ပြန်စိတ်ရင်း
ရူးသွပ်ခြင်းမှ၊ ရှင်းရှင်းလွတ်ရှောင်း
ကျိုးဆက်ကောင်း၏။
နောက်နှောင်းဘ၀၊ ပစ္ဆိမ၀ယ်
ဂုဏကဲပို၊ အရဟတ္တဖိုလ်ဟု
ထိုထိုကျေးဇူး၊ လွင့်ပျံ့ကျူးသည်
ဆောက်ဦးလှူကျိုး၊ ခုနှစ်တည်း။

(မင်းကွန်းဆရာတော်ဘုရားကြီး)

ပြန်လည်မျှဝေပါသည်။

No comments:

Post a Comment