အမှား မကင်းတဲ့ ဘဝမှာ အမှားသိဖို့တော့ ကြိုးစားပါ
••••••••••••••••••••••••••••••••••••••••••••
မှားတာက မင်းအပြစ် မဟုတ်သေးဘူး
မှားတာကို မသိရင်တော့ မင်း အပြစ်ဖြစ်သွားပြီ…!!!
မှားတာက ခွင့်လွှတ်ပေးလို့ ရနိုင်သေးတယ် ဒါပေမယ့်
မှားတာကို မပြင်ဘဲ ဆက်မှားတာကိုတော့ ဘယ်လိုမှ
ခွင့်လွှတ်မပေး နိုင်ပါဘူး……!!!!!
လူဆိုတာ မှားတတ်တယ် ဒါပေမယ့် အကြိမ်ကြိမ် မှားဖို့တော့
ဘယ်သူကမှ ခွင့်ပြု မှာမဟုတ်ဘူး…!!!
မှားသွားတာ အတွက်နှင့် ဘဝအပျက် မခံနှင့် မှားတာကို
ပြင်ဖို့ မကြိုးစားရင်တော့ ဘဝပျက်မှာ သေချာတယ်…!!!!
အမှားဆိုတာ ဘယ်လို အမှားမှ မကောင်းဘူးဆိုတာ
သိထားရမယ် !!
တစ်ခါတစ်လေ ဘာမှမဟုတ်တဲ့ အမှားလေးတစ်ခုအတွက်
ဘဝမှာ အများကြီး ပြန်လည် ပေးဆပ်လိုက်ရတာမျိုးတွေ
ရှိတယ် !!အမှားတွေ မဖြစ်ဖို့ ကြိုးစားရမယ်.…!!!!
အမှား နှင့် အမှန် တွဲယှက်နေတဲ့ လောကမှာ လူတွေက
အမှန်ကိုတော့ မြတ်နိုးကြသား ဒါပေမယ့် လူတော်တော်
များများက မြတ်နိုးပါတယ်ဆိုတဲ့ အမှန်တရားကို ဖင်ခုထိုင်
ထားတတ်ကြတယ်……!!!
အမှား နှင့် အမှန် တွဲယှက်နေတဲ့ လောကမှာ လူတွေက
အမှားကိုတော့ ရွံရှာတတ်ကြတယ် ဒါပေမယ့် လူတော်တော်
များများက ရွံရှာတယ်ဆိုတဲ့ အမှားတွေကို သေသည်ထိ
လုပ်နေတတ်ကြတယ်……!!!!
အမှားလည်း ရှိတယ် အမှန်လည်း ရှိတယ် ဆိုတဲ့ လူတွေကြားမှာ ရပ်တည်ရှင်သန်မယ်ဆိုရင် အမှန် နှင့် အမှား
တွေကြားမှာ အသိ နှင့် သတိကို သေချာ ထိန်းချုပ်ပြီး
ရှင်သန်ပါမှ လှပထည်ဝါတဲ့ ဘဝကို ဖန်တီးလို့ ရမှာပါ……!!!!!
@အသိ သတိ နှင့် အမှား နှင့် အမှန်ကို ထိန်းညှိနိုင်ပါစေ@
No comments:
Post a Comment