#ဘာဝနာ_ဆိုတာ
တစ်ချိန်က ဗုဒ္ဓကို လူတစ်ယောက်က လျောက်ထား တယ်။
“ဘာဝနာ ဘယ်လို ပြုရပါမလဲ” - ဗုဒ္ဓက ပြန်ဖြေတယ်။
“ ဘယ်အရာကို လုပ်လုပ်၊ လုပ်တိုင်း မပြတ် မလပ်
သိမှတ်နေမှုသာ ဖြစ်ပါတယ်။ အဲ့ဒါကို ဘာဝနာ လို့ ခေါ်ဆိုတယ်။
စင်္ကြန်လျောက်တဲ့ ခဏ၊ သတိ၊ အသိ နဲ့ လျောက်တယ်။
အဲ့ခဏမှာ လျောက်ခြင်း အပြည့်အဝ ရှိတယ်။
စားသောက်တယ်ဆိုတဲ့ ခဏ၊
သတိ၊ အသိ နဲ့ စားတယ်။
အဲ့ခဏမှာ စားခြင်း အပြည့်အဝ ရှိတယ်။
အလားတူ ထ၊ ထိုင်၊ ရပ်သွား
အရာအားလုံးမှာ သိမှု သတိသာ အစဉ်ကပ်လျက် ရှိနေတယ်။
သင့်ရဲ့ စိတ်သန္တာန်ဟာ ဒီပစ္စုပ္ပန် တခဏကနေ တစ်နေရာ တစ်ပါးကို ပြေးမသွားဘဲ၊ခဏချင်းမှာ မြဲမြံနေတယ်။ ပြည့်ဝ ငြိမ်ဆိတ်နေတယ်။ ဒါကို ဘာဝနာလို့ ကျွန်ုပ်ခေါ်ဆို ပါတယ် ”
#သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာpage မှ ပြန်လည်တင်ဆက်သည်။
World of Wisdom မှ ဓမ္မဒါနအဖြစ် ကူးယူဖေါ်ပြသည်။
No comments:
Post a Comment