စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, March 18, 2017

ရောင်ခြည်တော်ကွန့်မြူးတာ ပဋ္ဌာန်းဒေသနာ

.        ရောင်ခြည်တော် ကွန့်မြူးတာ ပဋ္ဌာန်းဒေသနာ ᠌᠌᠌
    🌟⭐🌟⭐🌟⭐🌟⭐🌟⭐🌟⭐

   ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဘုရားအဖြစ် ရောက်တော်မူပြီးစမှာ သတ္တဌာနဆိုတဲ့ ခုနစ်နေရာ ခုနစ်ဌာနမှ သတ္တာဟ ခုနစ်ရက်စီ စံနေတော်မူခဲ့တယ်။
   စတုတ္ထမြောက် သတ္တာဟကရတနာဃရ ရွှေအိမ်တော်တဲ့..။ ရတနာဃရ ရွှေအိမ်တော်မှာ တရားတော်ကို ဆင်ခြင်နှလုံးသွင်းပြီး ခုနစ်ရက် စံတော်မူတယ်..။

   အဲဒီလို တရားတော်တွေ နှလုံးသွင်းတော်မူနေတဲ့ အချိန်မှာ ဘုရားဖြစ်တော်မူစပဲ ရှိသေးတယ် ။ ဘာတရားမှ မဟောသေးဘူးနော်။ ဓမ္မစက္က ပဝတ္တန သုတ္တန်တောင် မဟောသေးဘူး။ ရတနာဃရမှာ စံတော်မူနေချိန်မှာ အဘိဓမ္မာ ခုနစ်ကျမ်းကို ဆင်ခြင်နှလုံးသွင်းတော်မူတာ။ ရှေ့က အဘိဓမ္မာ ခြောက်ကျမ်းကို ဆင်ခြင်နှလုံးသွင်းတော်မူတော့ ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ အသွေးတော် အသားတော်တွေဟာ ကြက်သီးမွှေးညှင်းမျှမထ ပကတိ ပုံမှန်အတိုင်း ရှိနေတယ်။ ဟောဒီ ခုနစ်ကျမ်းမြောက် ပဋ္ဌာန်းဒေသနာတော်ကြီး ဆင်ခြင်နှလုံးသွင်းတော်မူတဲ့ အခါမှသာ ဘုရားရှင် ကိုယ်တော်မြတ်ရဲ့ ဟဒယဝတ္ထု နှလုံးသွေးတွေ ကြည်လင်တောက်ပပြီးတော့ အသွေးတော် အသားတော်တွေက ကြည်လင်လာပြီး ရောင်ခြည်တော် ခြောက်သွယ်ကွန့်မြူး တက်ကြွတော်မူသတဲ့..။

   ဒါကြောင့် ပဋ္ဌာန်းဒေသနာတော်ကြီးကို အလွန်အင်မတန် တန်ခိုးကြီးတယ်လို့ ဆိုကြတာပေါ့။ တချို့လည်း အန္တရာယ်ကင်း ဘေးရှင်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွတ်ဆိုနေကြတယ်။ ဒီလောက်နဲ့ အားရတင်းတိမ် ကျေနပ်မနေသင့်ဘူးနော်။ ရှင်တော်မြတ်ဗုဒ္ဓ ပဋ္ဌာန်းတရားတော်ကြီး ဟောပေးရတဲ့ ဦးတည်ချက်နဲ့ ရည်ရွယ်ချက်က အန္တရာယ်ကင်းဖို့ထက် ခန္ဓာဥာဏ်ရောက်ဖို့ပါ။ နိဗ္ဗာန်အကျိုးငှါ ရည်ရွယ်ပြီးတော့ ဟောတော်မူခဲ့တာ ဖြစ်ပါတယ်။

   သံဃာဂုဏ်တော် ကိုးပါးထဲမှာ ဥာယပ္ပဋိပန္နော - နိဗ္ဗာန်အကျိုးငှါ ကျင့်ပြီး ကျင့်ဆဲဖြစ်သော အရိယာသံဃာ ရှစ်ပါးအပေါင်းပါတကား.. ဆိုတဲ့အတိုင်း နိဗ္ဗာန်အကျိုး ရည်ရွယ်ပြီးတော့ ကျင့်သုံးရမှာ ဖြစ်ပါတယ်။ ပဋ္ဌာန်းဒေသနာတော်ကို ယုံကြည်တဲ့ နေရာမှာ မဟာယာနက အန္တရာယ်ကင်းဖို့အတွက် ယုံကြည်တယ်။ ထေရဝါဒကတော့ ဘဝငြိမ်းအေးဖို့ရာအတွက် လက်ခံယုံကြည်တယ်။ ယုံကြည်ချက်ခြင်း မတူဘူး။ မဟာယာနက အပေါ်ယံအကာသက်သက် ယုံတာ။ ထေရဝါဒက အနှစ်သာရစစ်စစ်ကို ယုံတာ ဖြစ်ပါတယ် ။

.        
💥💥ဘဒ္ဒန္တအရှင်သုနန္ဒ
ဗုဒ္ဓရည်မှန်း မြတ်ပဋ္ဌာန်း ( စာ ၉၈ - ၁၀၀) မှ ကူးယူဓမ္မဒါနပြုပါသည်။

🌟မြတ်ပါရမီ
ဓမ္မစာပေများ ရေးသားကုသိုလ်ပြုသူများ အဖွဲ့မှ ဓမ္မဒါနကုသိုလ်ပြုပါသည်။
မြတ်ဗုဒ္ဓ၏သာသနာ page.

အမြတ်ဆုံးအလှူ᠌᠌᠌
အလှူဒါန ဟူသမျှတွင်
ဓမ္မအလှူ မြတ်ဆုံးဟူ၍
ဆူဆူ ဗုဒ္ဓ မိန့်မြွက်ဟသည်
ဒါနအမြတ် လှူဖို့တည်း။ ᠌᠌᠌

No comments:

Post a Comment