စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, April 9, 2022

သံရှစ်ချက်ဂါထာ

🙏အစွမ်း​ထက် သံရှစ်ချက် ဂါထာ​တော်🙏
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

သံသာရစက်ကဝိဒ်ဓံသံ ၊သံသုဒ်ဓမဿ ဩရသံ။
သံဆိန်နကံ ဘဝေ အာသံ၊သံဃံ အပိ သုမာနသံ။

သံသာရစက္ကဝိဒ္ဓံသံ-သံသရာစက်ကို ချိုး​ဖျက်​တော်မူပြီး​ထ​သော၊​
သံသုဒ္ဓံ-အဝိဇ္ဇာအ​မှောင်ကင်း​သြဖင့်​ဖြူဝင်း​စင်ကြယ်​သောစိတ် ရှိထ​သော၊​
အဿ-ထိုဘုရား​ရှင်၏၊​ဩရသံ-သဒ္ဓမ္မသမ္ဘူတ​ခေါ် ရင်​သွေး​တော်အစစ် ဖြစ်​တော်မူထ​သော၊​
ဘ​ဝေ-သုံး​ဆဲ့​တထပ် ဘဝရပ်၌၊​အာသံ-ခင်မင်တွယ်တာ တဏှာတရား​ကို၊​
သံဆိန္နကံ-​ကောင်း​ကောင်း​ကြီး​တော်လှန်ဖြတ်​တောက်​တော်မူပြီး​ထ​သော၊​
သုမာနသံ-ရွှင်ကြည်​အေး​မြ​ကောင်း​မွန်လှ​သော​ရွှေနှလုံး​တော် ရှိ​တော်မူထ​သော၊​
သံဃံအပိ- အရိယာရှစ်​ဖော် သံဃာ​တော်မြတ်ကိုလည်း​၊​အဟံ-တပည့်​တော် (တပည့်​တော်မ) သည်၊​
ဝန္ဒာမိ-ညွတ်နူး​ကြည်သာ ထိငါး​ဖြာဖြင့်​ကြည်စွာရိုကျိုး​ရှိခိုး​ပါ၏ဘုရား​။

ဤဂါထာသည် မြတ်စွာဘုရား​၏ တရား​ရင်နှစ်ဖြစ်​သော တပည့်​သား​သာဝက အရိယာသံဃာများ​ကို ရှိခိုး​ပူ​ဇော်​သော ဂါထာဖြစ်သည်။ ဝတ်ရွတ်စဉ် စား​အုပ်များ​၌ မိုး​ကြိုး​ကွင်း​ဂါထာ-ဟု ဆိုကြသည်။

ဤဂါထာကို ရွတ်ဖတ်ပူ​ဇော်ခြင်း​ဖြင့်​သရဲ သဘက်များ​အန္တရာယ်မှ ကင်း​သည်။ အြပိုင်အဆိုင်များ​ကို နိုင်သည်။ လာဘ်ရွှင်သည်။ အနည်း​ဆုံး​တ​နေ့​သုံး​ခေါက်ရွတ်လျှင် အလွန်​ကောင်း​သည်။ မိုး​ကြိုး​ကွင်း​သည်ဟု​ရှေး​ဆရာ အစဉ်အဆက်တို့​မှတ်တမ်း​တင်ခဲ့​ကြသည်။

ဤဂါထာသည် အရိယာရှစ်​ဖော် အြမတ်ဆုံး​သံဃာ​တော်၏ ဂုဏ်​တော်ကို ထုတ်​ဖော်ရွတ်ဆို ပူ​ဇော်ခြင်း​ဖြစ်၍ အတိုင်း​မသိ အြမတ်ဆုံး​သော အကျိုး​ကို ရရှိနိုင်သည်။ သို့​ဖြစ်၍ သံဃာ့​ဂုဏ်​တော်ကို အာရုံပြုကာ အြမဲရွတ်ဖတ် ပူ​ဇော်သင့်​ကြသည်။

🌹ပြန်လည်မျှဝေဓမ္မဒါနပြုပါတယ်🌹

No comments:

Post a Comment