စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, February 26, 2023

အမြတ်ဆုံးအရသာခြောက်ပါး

" အမြတ်ဆုံးအရသာ ခြောက်ပါး "

(၁) အမြတ်ဆုံးဖြစ်သော မြင်ရခြင်း
(၂) အမြတ်ဆုံးဖြစ်သော ကြားရခြင်း
(၃) အမြတ်ဆုံးဖြစ်သော လာဘ်ရခြင်း
(၄) အမြတ်ဆုံးဖြစ်သော ဖြည့်ကျင့်ခြင်း
(၅) အမြတ်ဆုံးဖြစ်သော လုပ်ကျွေးပြုစုရခြင်း
(၆) အမြတ်ဆုံးဖြစ်သော ဆင်ခြင်အောက်မေ့ခြင်း ဟူ၍
  အမြတ်ဆုံးအရာခြောက်ပါးရှိကြောင်း မြတ်စွာဘုရားသည်
  ကောင်းစွာ ဟောကြားတော်မူ၏။

 [ မြတ်စွာဘုရားနှင့် ရဟန်းသံဃာတို့ကို ဖူးမြင်ရခြင်းသည်
 အမြတ်ဆုံးဖြစ်သော မြင်ရခြင်းမည်၏။ 

 ရတနာသုံးပါး၏ ဂုဏ်တော်များနှင့် 
 ဘုရားစကားတော်တို့ကိုကြားနာရခြင်းသည် 
 အမြတ်ဆုံးဖြစ်သော ကြားရခြင်းမည်၏။ 

 သူတော်ကောင်းဥစ္စာ ခုနှစ်ပါးကိုရရှိခြင်းသည် 
 အမြတ်ဆုံးဖြစ်သော လာဘ်ရခြင်းမည်၏။

 အဓိသီလသိက္ခာစသော 
 သိက္ခာသုံးပါးကို ဖြည့်ကျင့်ရခြင်းသည် 
 အမြတ်ဆုံးဖြစ်သော ဖြည့်ကျင့်ခြင်းမည်၏။ 

 ရတနာသုံးပါးအား လုပ်ကျွေးပြုစုခြင်းသည်
 အမြတ်ဆုံးလုပ်ကျွေးပြုစုခြင်း မည်၏။ 

 ရတနာသုံးပါး၏ ဂုဏ်တို့ကို အောက်မေ့ခြင်းသည် 
 အမြတ်ဆုံးဖြစ်သော အောက်မေ့ခြင်းမည်၏။ 
 (အဋ္ဌကထာ) ]

(အင်္ဂုတ္တရနိကာယ်၊ အာဟုနေယျဝဂ်၊ အနုတ္တရိယသုတ်)
Dhammapractitioner

Friday, February 24, 2023

ဆွမ်းလှူဒါန်းနည်း

အကျိုးများတဲ့ဆွမ်းလှူဒါန်းနည်း..
******☘🌷☘ ******☘🌷☘*******

ဆွမ်းလှူတဲ့အခါ ကြက်သား၊ ဝက်သား၊ အမဲသား လောင်းလှူတယ်ဆိုတဲ့ အသိ​လောက်ပဲနှင့် လှူရင် နောင်အကျိုး​ပေးတဲ့အခါ ကြက်သား၊ ဝက်သား၊ အမဲသား ဝဝလင်လင် စားရတဲ့သူ​လောက်ပဲပြန်ဖြစ်လိမ့်မယ်။ ဒါ​ကြောင့် ကိုယ်ဆွမ်းလှူရင် ဘဲဥ​လေး တစ်လုံးပဲလှူလှူ ဆွမ်းအကျိုး (၅)ပါးကို အာရုံပြဋ္ဌာန်းပြီးလှူရမယ်။

ငါလှူတဲ့ ဆွမ်း​ကြောင့် အရိယာသံဃာ၊ သမုတိ သဲဃာ​တွေဟာ ..
    
*အာယု (ထမင်း အသက် ခုနစ်ရက် ဆိုတဲ့အတိုင်း နောက် ခုနှစ်ရက် အသက်ပိုရှည်သွားပြီ)

*ဝဏ္ဏ (အစာ​ရေစာမရှိသူဟာရုပ် အဆင်း ယိုယွင်းမှာဖြစ်သလို၊ အစာ​ရေစာပြည့်ဝမှု​ကြောင့် ဆွမ်းအားဖြင့် အဆင်းသွင်ပြင်ကြည်လင်သွားပြီ)  

*သုခ (ဆာ​လောင်မွတ်သိပ်တဲ့ ဒုက္ခက​နေကင်း​ဝေးပြီး သုခချမ်းသာ​တွေ ရသွားပြီ)

*ဗလ (ဆွမ်းစားလိုက်တဲ့အတွက် ခန္ဓာကိုယ်ထဲက ဆဲလ်တစ်ခုချင်းဆီတိုင်​အောင် စွမ်းအင်​တွေပြည့်ပြီးခွန်အားဖြစ်ထွန်းပြီ) 

*ပဋိဘာန ( နိဗ္ဗာန်ကို​ရှေ့ရှုကျင့်ကျံ အားထုတ်ရာမှာ ဒီဆွမ်း​ကြောင့် ဉာဏ်ပညာ​တွေပွင့်လင်းဖို့ အ​ထောက်အပံ့ဖြစ်​စေပြီ/ သုဇာတာ ဃနာနို့ဆွမ်းလို​ပေါ့) 

အခုလို ဆွမ်းအကျိုးငါးပါးကို ဆင်ခြင်ပြီးလှူမှ အကျိုးများတဲ့ ဆွမ်းအလှူဖြစ်နိုင်မယ်။

{ ဗုဒ္ဓေါရသ - ဗောဓိရိပ်ငြိမ်တောရဆရာ​တော်ဘုရားကြီး }

Credit..

Wednesday, February 22, 2023

တုန်လှုပ်မှုမရှိအောင်နေပါ

တုန်လှုပ်မှု့မရှိအောင်နေပါ
******************** 

ဘယ်လိုလောကဓံ လေပြင်းမုန်တိုင်းတွေဘဲ တိုက်တိုက်
လာဘ,​ အလာဘ  လာဘ်ရသည်ဘဲဖြစ်စေ.. မရသည်ဘဲဖြစ်စေ
နည်းနည်းမှ မတုန်လှုပ်ဘူး။ 

စီးပွားဥစ္စာ ရသည်ဖြစ်စေ တုန်လှုပ်မှုမရှိဘူး။
မရသည်ဖြစ်စေ တုန်လှုပ်မှုမရှိဘူး။
မကောင်းဘူးလား။ သိပ်ကောင်းတယ်။

အခြံအရံများသည်ဖြစ်စေ
မများသည်ဖြစ်စေ ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ တုန်လှုပ်မှုမရှိဘူး။ သိပ်ကောင်းတယ်နော်။

သူတစ်ပါးတို့ ကဲ့ရဲ့သည်ဖြစ်စေ
သူတစ်ပါးတို့ ချီးမွမ်းသည်ဖြစ်စေ။

ကဲ့ရဲ့ခြင်းကြောင့်လည်း စိတ်ထဲတုန်လှုပ်ခြင်းမရှိဘူး။
ချီးမွမ်းခြင်းကြောင့်လည်း စိတ်ထဲမှာ တုန်လှုပ်ခြင်း ဝမ်းသာခြင်း ဘယ်တော့မှ မဖြစ်ဘူးတဲ့။ သိပ်ကောင်းတယ်နော်။

ချမ်းသာတဲ့ ဝေဒနာတွေနဲ့တွေ့ရလို့ ဒုက္ခဆင်းရဲတဲ့ ဝေဒနာတွေနဲ့တွေ့ရလို့  စိတ်ထဲ တုန်လှုပ်မှု မဖြစ်ဘူး။

ချမ်းသာတာနဲ့တွေ့ရလို့ စိတ်ထဲစွဲမက်မှုတွေ မဖြစ်ဘူး။ 
ဆင်းရဲတဲ့ ဝေဒနာတွေ တွေ့ရသော်လည်း စိတ်ထားဖောက်ပြန်မှုတွေ နည်းနည်းမှမဖြစ်ဘူး။ သိပ်ကောင်းပါတယ်။

အဲ့ဒီလို လောကဒဏ် လေပြင်းမုန်တိုင်းတွေကြောင့် 
တုန်လှုပ်ခြင်းမရှိဘဲ 
အလည်ခေါင်မှာ စိတ်ကို ငြိမ်ဝပ်စွာထားနိုင်တဲ့ 
စိတ်ထားလေးတစ်ခုကို
“တာဒိဂုဏ်”​လို့ ခေါ်ပါတယ်။ 

အဲ့ဒီ တာဒိဂုဏ်နဲ့ ပြည့်စုံတဲ့ အဆင့်ရောက်အောင် ဘုရားရှင်ရဲ့ ပဋိပတ်တရားတော်က
ရွက်ဆောင်ပေးနိုင်တဲ့ စွမ်းအားရှိပါတယ်။

ဒီလိုဆိုရင် ဒီပဋိပတ် တရားတော်က ဘုရားရှင်ရဲ့ အစ အလယ် အဆုံးဆိုတဲ့
ကောင်းခြင်းဂုဏ်နဲ့ပြည့်စုံတဲ့ တရားတော်လို့ ပြောနိုင်ပါတယ်။ 

ဒါကြောင့် ဒီပဋိပတ် ကျင့်စဉ်တရားတွေက သိပ်အားရဖို့ ကောင်းပါတယ်။

သီလကျင့်စဉ်ကို တကယ် 
လက်တွေ့ ကျင့်တယ်။ 

သမာဓိကျင့်စဉ်ကို တကယ်
လက်တွေ့ကျင့်တယ်။ 

ပညာကျင့်စဉ်ကို တကယ်
လက်တွေ့ကျင့်တယ်။

ကျင့်နေတဲ့ ပုဂ္ဂိုလ်လည်း ချမ်းသာတယ်
တစ်ဖက်သား ပုဂ္ဂိုလ်တွေလည်း ထိခိုက်မှု
နစ်နာမှုရှိသလား။ မရှိဘူး။ သိပ်ကောင်းတယ်နော်။

ဒါကြောင့် ဘုန်းကြီးတို့ ဘုရားရှင်ရဲ့ ပဋိပတ်တရားတော်သည် …

အားလုံးအစွန်းတွေ လွတ်နေအောင်ဟောထားတဲ့ တရားတော်မို့ သွာက္ခာတ ဂုဏ်နဲ့ ပြည့်စုံတဲ့ တရားတွေဖြစ်ပါတယ်။

ဖားအောက်တောရဆရာတော်​ဘုရား​ကြီး 

Credit.

Tuesday, February 21, 2023

စေတနာသုံးတန်နှင့်ကံအကျိုးပေး

.  စေတနာသုံးတန်နှင့်ကံအကျိုးပေး
•┈❀★❀┈••┈❀★❀┈•

     ပုဗ္ဗ၊ မုဉ္စ၊ အပရစေတနာ နှင်. ဒွိဟိတ်၊ တိဟိတ်ကုသိုလ်စိတ်

ပုဗ္ဗစေတနာ
 ❖❖❖❖❖❖
အလှူတစ်မျိုးကို လှူဒါန်းရာ၌ ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာ ဟု ၃ မျိုးရနိုင်၏။ ထိုတွင် အလှူပေးမည်ဟု ကြံစည်ကာ ထိုအလှူနှင်.ဆိုင်သော ပစ္စည်းများကို ရှာဖွေစုဆောင်းနေသောအခါမှစ၍ မလှူမီ ရှေ.အဖို.၌ ဖြစ်သမျှ ကုသိုလ်စေတနာတွေသည် ပုဗ္ဗစေတနာ မည်၏။ ထိုသို. ပုဗ္ဗစေတနာ နယ်အတွင်း၌ ဤအလှူဒါနကို အကြောင်းပြု၍ အလှူ.ဒကာ အလှူ.အမ စသည်ဖြင်. ထင်ရှားကျော်ကြားစေလိုသောစိတ်၊ ကျော်စောလိုသောစိတ်၊ မိမိလှူနိုင်ကြောင်း ကြွားလိုသောစိတ်များ မဖြစ်စေရ။ လှူဖို.ရာ ပစ္စည်းစုခိုက် အိမ်သားအချင်းချင်း အလှူနှင်.စပ်၍ မကျေမနပ် ဒေါသ မာန စသော အကုသိုလ်များ၊ အလှူကို လှူမည်ဟု ကြံခဲ.ပြီးမှ တစ်စုံတစ်ခုအတွက် စိတ်ပျက်ပြီး တွန်.ဆုတ်သော မလှူလိုသော စိတ်များ မဖြစ်စေရ။ ထိုသို. မဖြစ်စေဘဲ ပျော်ရွှင်၀မ်းမြောက်စွာ အရာရာကျေနပ်လျက် လှူဖွယ် အရပ်ရပ်တို.ကို စီမံနိုင်လျှင် ပုဗ္ဗစေတနာတွေ အလွန်စင်ကြယ်စွာဖြစ်နေပြီ ဟု မှတ်ပါ။

မုဉ္စစေတနာ
 ❖❖❖❖❖❖
မုဉ္စ - သဒ္ဓါသည် စွန်.လွှတ်ခြင်း ဟူသော အနက်ကို ဟော၏။ ထို.ကြောင်. စွန်.လွှတ် လှူဒါန်းနေတုန်းအခိုက်၌ ဖြစ်သော စေတနာသည် (ဆွမ်းလှူရာ၌ ဆွမ်းကို အလှူခံပုဂ္ဂိုလ်အား ကပ်လှူနေတုန်းမှာ ဖြစ်သော စေတနာနှင်. ကိုယ်ထိလက်ရောက် မကပ်ဘဲ နှုတ်ဖြင်. လျှောက်ထား၍ လှူရာ၌ လှူပါ၏ ဟု ဆိုခိုက်မှာ ဖြစ်သော စေတနာသည်) မုဉ္စစေတနာ မည်၏။ ဤမုဉ္စစေတနာ အခိုက်လည်း ပြခဲ.သော အကုသိုလ် စိတ်များ မဖြစ်စေဘဲ၊ အလှူခံမည်. ပုဂ္ဂိုလ်ကိုလည်း ကပ်ငြိတွယ်တာသော တဏှာလောဘစိတ် မဖြစ်စေဘဲ ယခု လှူဒါန်းလိုက်သည်.အတွက်ကြောင်. ငါ၏ ကိစ္စကို ကူညီဆောင်ရွက်လိမ်.မည်ဟု တစ်စုံတစ်ခုသော လောကီအကျိုးကို မမျှော်လင်.ဘဲ ရက်ရက်ရောရော လှူဒါန်းနိုင်ပါလျှင် မုဉ္စစေတနာတွေ စင်ကြယ်စွာ ဖြစ်ပြီဟု မှတ်ပါ။

အပရစေတနာ
 ❖❖❖❖❖❖❖❖
အလှူအထမြောက်ပြီးနောက် ထိုကုသိုလ်နှင်. စပ်၍ ဖြစ်သမျှ စေတနာကို အပရစေတနာ ဟုခေါ်၏။ ထို.ကြာင်. ဒါနပြုပြီးနောက် ထိုဒါနကို သတိရတိုင်း အလှူအထမြောက်ပေပြီ၊ ၀မ်းမြောက်ဖွယ် ကောင်းပေသည်။ နောက်ထပ် လှူချင်သေးသည် ဟု ၀မ်းမြောက်၀မ်းသာဖြစ်နေလျှင် အပရ စေတနာနယ်၌လည်း ကုသိုလ်စေတနာတွေ ထပ်မံတိုးပွားပြန်၏။ အလှူပေးပြီးနာက် ပစ္စည်း ပျက်ပြား၍ဖြစ်စေ၊ ကျောင်းဆောက်ကိုးကွယ်ပြီးနောက် ကျောင်းထိုင်ဘုန်းကြီးအပေါ်၌ မကျေနပ်၍ဖြစ်စေ ငါလှူမိတာ မှားလေစွ ဟု အပရစေတနာပျက်လျှင် အလှူနှင်.စပ်၍ မကျေနပ်ဖြင်းဟူသော ဒေါသအကုသိုလ်ပင် ဖြစ်ပါသေးသည်။

#သတိထားဖွယ်

ဒါနပြုရာ၌ ကျောင်းဆောက်မှု၊ ဘုရားတည်မှု၊ အလှူကြီးပေးမှု စသည်တို.ဖြင်. ကြီးကျယ်သော ဒါနလည်းရှိ၏။ ဆွမ်း၊သင်္ကန်း၊ ဆေး အစရှိသည်တို.ဖြင်.လည်းကောင်း၊ မရှိဆင်းရဲသားတို.အား စွန်.ကြဲပေးကမ်းမှု စသည်တို.ဖြင်.လည်းကောင်း အနည်းအပါး ဒါနလည်းရှိ၏။ ထိုတွင် ကြီးကျယ်သော ဒါနတို.၌ အလှူခံပုဂ္ဂိုလ်အတွက်ဖြစ်စေ၊ သူတစ်ပါးတို.လာရောက် နှောင်.ယှေက်သောကြောင်. ဖြစ်စေ စေတနာပျက်ဖွယ်တွေ (စိတ်ထားမတတ်သူ၊ ဥာဏ်မရှိသူမှာ) များလှ၏။ ထို.ကြောင်. ထိုသို. ဒါနအကြီးအကျယ် လှူရာ၌ မိမိကိုယ်တိုင် စွမ်းနိုင်သမျှ စဉ်းစားရုံသာမကဘဲ မိတ်ဆွေကောင်း ဆရာကောင်းတို.နှင်. တိုင်ပင်ကာ ပုဂ္ဂိုလ်ကောင်းများကို ရွေးချယ်၍ ပြုလုပ်ထိုက်ကြပေသည်။ အနည်းငယ်ပြုကြသော ဒါနတို.ကား ခွေး၊ တိရစ္ဆာန်များကို ကျွေးမွေးရခြင်းသည်ပင် အကျိုးများလှပြီ ဖြစ်သောကြောင်. အလှူခံပုဂ္ဂိုလ်ကို မရွေးချယ်သော်လည်း အရေးမကြီးလှ၊ အချို.သံဃိက ဒါနမြောက်အောင် စိတ်ထား၍ အချို.အရာ၀ယ် လှူဖွယ်၀တ္ထုများ၌ မတွယ်တာဘဲ မုတ္တစာဂီဖြစ်အောင် စွန်.လွှတ်ပေးကမ်း လှူဒါန်းကြရမည်။ (မုတ္တ=မတွယ်တာဘဲ လွတ်လွတ်ကျွတ်ကျွတ် ၊ စာဂီ= စွန်.ကြဲပေးကမ်းလေ.ရှိသူ)။ အလှူခံပုဂ္ဂိုလ်၌လည်း မတွယ်တာ၊ လှူဖွယ်ပစ္စည်း၌လည်း မတွယ်တာ၊ နောက်ဘ၀၌ လူနတ်စည်းစိမ်ကိုလည်း မတွယ်တာ မတောင်.တဘဲ နိဗ္ဗာန်ကို ရည်မှန်းလျက် လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းသူ ဟုဆိုလိုသည်။

ဒွိဟိတ်ကုသိုလ်စိတ်
 ❖❖❖❖❖❖❖❖

အလောဘ၊ အဒေါသ ဟိတ် ၂ပါးနှင်. ယှဉ်သော ကုသိုလ်စိတ်သည် ဒွိဟိတ်ကုသိုလ်စိတ်မည်။ သုစရိုက်ဆယ်ပါးတို.တွင် သမ္မာဒိဋ္ဌိသည် ကံ ကံ၏ အကျိုးဧကန်ရှိ၏ ဟု ယုံကြည်သာ ဥာဏ်ပညာတည်း။ ထိုဥာဏ်ကိုပင် ကမ္မသကတာဥာဏ် ဟုခေါ်၏။ ကလေးဖြစ်စေ၊ ကံ ကံ၏ အကျိုးကို နားမလည်သော အရိုင်းအစိုင်းဖြစ်စေ ပစ္စည်း၀တ္ထု တစ်စုံတစ်ခုကို ပေးကမ်းရာ၌ ၀မ်းမြောက်၀မ်းသာကုသိုလ်စိတ်ကား ဖြစ်တတ်ပါ၏။ သို.သော် ယခုပြုသော ကုသိုလ်ကံသည် မိမိသန္တာန်မှာ အဖတ်တင်ရစ်၏။ ထိုကံကြောင်. နောက်နောင်အခါ အကျိုးခံစားရမည် ဟု သိသော သမ္မာဒိဋ္ဌိ(ကမ္မသကတာဥာဏ်) အမောဟမပါ။

 အလောဘ၊ အဒေါသဟိတ် ၂ပါးသာပါ၏။ ထို.ကြောင်. ထိုကုသိုလ်စိတ်မျိုးကို ဒွိဟိတ်ကုသိုလ်စိတ်ဟု ခေါ်ကြရသည်။ ယခုကာလ ဗုဒ္ဓဘာသာ၀င်အချို.လည်း ကံ ကံ၏ အကျိုးကို နားမလည်ကြဘဲ သူများယောင်လို. ရောယောင်ကာ သူများလှူလို. လှူကြရသူတွေ များစွာရှိသည်။ ထိုသူများ၏ ကုသိုလ်စိတ်လည်း ဒွိဟိတ်ကုသိုလ်ပင်တည်း။ ပင်ကိုဥာဏ်ရှိသူ (တတ်သိနားလည်သူ) ဖြစ်သော်လည်း အမှတ်တမဲ. ပေးကမ်းရာ၌ ဒွိဟိတ်ကုသိုလ်စိတ်ပင် ဖြစ်ပေလိမ်.မည်။ အချုပ်မှာ ကုသိုလ်ပြုနေတုန်း၌ ဥာဏ်မပါလျှင် ဒွိဟိတ်ကုသိုလ်ချည်းမှတ်ပါ။

တိဟိတ် ကုသိုလ်စိတ်
 ❖❖❖❖❖❖❖❖
အလောဘ၊ အဒေါသ၊ အမောဟ ဟိတ် ၃ ပါးနှင်.ယှဉ်သောကုသိုလ်စိတ်သည် တိဟတ်ကုသိုလ်စိတ်မည်၏။ ကုသိုလ်ပြုနေတုန်းအခါ ကံကိုလည်းကောင်း၊ ကံ၏အကျိုးကိုလည်းကောင်း နားလည်သော ကမ္မသကတဥာဏ်ပါလျှင် တိဟိတ်ကုသိုလ်စိတ်ဖြစ်သည်။ ယခုကာလ၀ယ် အတော်အတန်ဥာဏ်ရှိသော အမျိုးသား အမျိုးသမီးတို.သည် ဘုရားကိစ္စ၊ တရားကိစ္စ၊ သံဃာကိစ္စ၊ မိဘကိစ္စ၊ လူကြီးသူမတို. ကိစ္စကို စိတ်စေတနာ ဖြူစင်စွာဖြင်. ပြုကြသည်။ ထိုကုသိုလ်စိတ်များ၌ သံသရာ အကျိုးကို နားလည်သော ဥာဏ်ပါရှိရကား တိဟိတ် ကုသိုလ်မျိုးဖြစ်ကြသည်။ 

တစ်စုံတစ်ခု ပစ္စည်းကို ပေးလှူသောအခါ ထိုပစ္စည်းသည် ရုပ်ကလာပ်အစုသာဖြစ်၏၊ ထိုရုပ်ကလာပ်ကား အနိစ္စ၊ ဒုက္ခ၊ အနတ္တပါတကား ဟု ဝိပဿနာတင်၍ လှူတတ်သူအတွက် ဥာဏ်ဓါတ်ပါရှိကြောင်း တိဟိတ် ကုသိုလ်စိတ်ဖြစ်ကြောင်းမှာ အထူးပြောဖွယ် မလိုတော.ပါ။ အလွန်ကောင်းသော တိဟိတ် ကုသိုလ်တည်း။ ထို.ကြောင်. ယခုအခါ ဆရာမိဘတို.က အလှူပေးခါနီး၊ ရေစက်ချခါနီး၌ ကံနှင်. ကံ၏အကျိုးကိုလည်းကောင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တအကြောင်းကိုလည်းကာင်း နားလည်အောင် ပြောသင်.ကြပါသည်။

အရှင်ဇနကာဘိဝံသ 
( မဟာဂန္ဓာရုံဆရာတော်ကြီး)
(ကိုယ်ကျင်.အဘိဓမ္မာမှ)

𝑪𝒓𝒆𝑑𝒊𝒕 𝒕𝒐 𝑶𝒓𝒊𝒈𝒊𝒏𝒂𝒍 𝑾𝒓𝒊𝒕𝒆𝒓.

Saturday, February 18, 2023

ကုသိုလ်အလုပ်ကိုအမြဲပြုပါ

❝ ကုသိုလ်အလုပ်ကို အမြဲပြုပါ ❞
═══ ☘☘🌷🌷🌷☘☘ ═══

မြတ်စွာဘုရားရှင်လက်ထက်တုန်းက ဝေသာလီမြို့မှာ "သီဟာ" ဆိုတဲ့ အမျိုးကောင်းသမီးတစ်ယောက် ရှိဖူးတယ် ။ 

သီဟစစ်သူကြီးရဲ့တူမပါ ။ 
သီဟစစ်သူကြီးက တုန်နေအောင် ချစ်လို့ဦးကြီးရဲ့နာမည် အတိုင်း " သီဟာ" လို့မှည့်ခေါ်ခဲ့ ကြတယ် ။ 

တစ်နေ့ ဦးကြီးရဲ့အိမ် ဆွမ်းအလှူ မှာ မြတ်စွာဘုရား ဟောတဲ့တရား နာကြားပြီး မိဘထံ ခွင့်ပန် ရဟန်းပြုတယ် ။ 

ရဟန်းပြု ပြီး ဝိပဿ    နာတရား ကြိုးစားအားထုတ်ပေမယ့် သမာဓိမရဘဲ ပြင်ပအာရုံတွေပေါ် စိတ်တွေပြေးပြီး ကိလေသာတွေ ဖြစ်ပေါ်တယ် ။ 

အရွယ်ရောက်ခါစ ၁၆ နှစ်သမီးဘဝမှာ သာသနာ့ဘောင် ဝင်လာတာဆိုတော့ သဒ္ဓါတရားနဲ့ သံဝေဂဉာဏ် ဘယ်လောက် ကောင်းကောင်း သွေးသားတက်ကြွနေတဲ့အရွယ်ဆိုတော့ ရာဂကိလေသာ လှည့်စားတဲ့စက်ကွင်းက မလွတ်ဘူး။ 

အရွယ်ကောင်းတုန်း လူပြန်ထွက် ကာမဂုဏ်ခံစားပြီး အသက်ကြီးမှ ရဟန်းပြု တရားအားထုတ်ရင် 
ကောင်းမယ် ဆိုတဲ့ အတွေး ဝင်ရောက်ပေမယ့် နေက္ခမ္မဓာတ်ခံ အားကောင်းနေတော့ လူပြန်မထွက်ချင်တော့ပြန်ဘူး ။ 

ဒီလိုနဲ့ ခုနှစ်နှစ်ပတ်လုံး ရာဂကိလေသာရဲ့ နှိပ်စက်မှု ဒဏ်ကို မခံစားနိုင်တော့တဲ့အဆုံး အဆုံးစီရင်ဖို့ ကြိုးတစ်ချောင်း ယူပြီး လူသူမနီးတဲ့ သစ်ပင်ပေါ် တက်လိုက်တော့တယ် ။ 

တရားအားထုတ်ပေမယ့် ဘာတရားမှမရ ၊ ကာမဂုဏ်ချမ်းသာလည်း ဆုံးရှုံး ၊ တရားချမ်းသာလည်း လက်လွတ် ၊ မဂ်ဖိုလ် မရရင် နေပါဦး ။ အနည်းဆုံး စိတ်ချမ်းသာမှုတော့ ရရမှာပေါ့ ။ ခုတော့ ရာဂကိလေသာ နှိပ်စက်လို့ 
စိတ်ချမ်းသာမှုလေးတောင် မရဘူး ။ 

ဒါကြောင့် ကြိုးတစ်စကို သစ်ပင်မှာချည် ၊ ကြိုးတစ်စကို ကွင်းလျောလုပ်ပြီး လည်ပင်းမှာစွပ် ၊ 
သစ်ပင်ပေါ်က ခုန်ချဖို့ အလုပ်မှာပဲ . . . .
အမြဲအားထုတ်နေကျ သတိပဋ္ဌာန်က စိတ်အစဉ်မှာ ထင်ရှားလာပြီး ဖြစ်ပျက်မြင်တဲ့ ဝိပဿ     နာဉာဏ်တွေ တရိပ်ရိပ် တက်လာတယ် ။ 

အဆင့်ဆင့်တက်သွားလိုက်တာ သစ်ပင်ပေါ်မှာပဲ ပဋိသမ္ဘိဒါ ဉာဏ်လေးပါးနဲ့တကွ 
ရဟန္တာ ဖြစ်သွားပါတယ် 

ရဟန္တာဖြစ်တယ်ဆိုရင်ပဲ သီဟာထေရီမရဲ့လည်ပင်းက ကြိုးကွင်း အလိုလို ပြေလျော့ကျသွားတယ် ။ 

တစ်ခါတစ်ရံ အဆိုးတွေဟာ 
ကောင်းဖို့ ဖြစ်လာတာပါ ။
တစ်ချို့အကောင်းတွေက အဆိုးတွေ လမ်းခင်းပြီးမှ ရောက်လာတတ်ပါတယ် ။ 

သီဟာထေရီ လည်ပင်းက ကြိုးကွင်း စွပ်ပြီးခါမှ 
ဝိပဿ    နာ ရှုဖြစ်သွားတာဟာ ကာမရာဂစိတ်တွေ လွှမ်းမိုးနှိပ်စက်နေတဲ့ကြားက 
မရရအောင် ကြိုးစားကြိတ်မှိတ်ပြီး ရှုမှတ်ပွားများနေခဲ့တဲ့ရှေးရှေးနေ့တွေ ၊ လတွေ ၊ နှစ်တွေက သတိပဋ္ဌာန်အလုပ်က ဉာဏ်ရင့်ချိန် ရောက်သွားတဲ့ ကြိုးကွင်းစွပ်ပြီးချိန်မှာ လာကယ်တင်သွားတာပါပဲ ။ 

ဒါကြောင့် ကုသိုလ်အလုပ် ၊ တရားအလုပ်ဆိုတာပျော်ပျော် မပျော်ပျော် လုပ်နေရမှာပါ ။ 

ကိလေသာဖြစ်နေရင်လည်း ဖြစ်နေတဲ့ကြားကကုသိုလ်လုပ်ပါ ။ တရားအားထုတ်ပါ ။ 

စိတ်ညစ်နေရင်လည်း စိတ်ညစ်နေတဲ့ကြားကကုသိုလ်လုပ်ပါ ။ တရားအားထုတ်ပါ ။ 

ကုသိုလ်အလေ့အကျက် ၊ 
တရားအလေ့အကျက် အားကောင်းနေရင် အခြေအနေဆိုးနဲ့ ကြုံတွေ့နေချိန်မှာတောင် 

အဲဒီ ကုသိုလ် ၊ အဲဒီတရားတွေက ကိုယ့်ကို ကောင်းကျိုး လာပြုပါလိမ့်မယ် . . .။ 

* ဆရာတော် အရှင်ဆန္ဒာဓိက 
( ရွှေပါရမီတောရ )

Credit....

Tuesday, February 14, 2023

ဓမ္မာနုပဿနာရှုပွားနည်း အလုပ်ပေး ရောဂတောဖြင့်ရှုနည်း

ဓမ္မာနုပဿနာရှုပွားနည်း အလုပ်ပေး ရောဂတောဖြင့်ရှုနည်း
🌾🌾🌾🌷☘🌷🌾🌾🌾
       ဒကာ ဒကာမတို့  ဝိပဿနာ ရှုလိုက်လို့ရှိရင် တဏှာသေတယ်၊ တဏှာသေရင်ခန္ဓာကရော ခန္ဓာသေရင် အိုနာသေလာပါအုန်းမလား (မလာပါဘူး ဘုရား)။ ကိုင်းဒါဖြင့် ခန္ဓာငါးပါး ဝိပဿနာ ရှုမှသာလျှင်တဲ့ အဆိပ်ကိုမသောက်ဖြစ်တဲ့ အခြေနေ ရောက်ပါတယ် (မှန်လှပါ ဘုရား)။ 
      ဒါဖြင့် ဒကာ ဒကာမတို့ ဝိပဿာနာ ရှုမယ်ကြံတော့ ဒကာ ဒကာမတွေသင်ပေးရတယ်။ ဘယ်လိုသင်ရပါသလဲလို့ မေးလို့ရှိရင် ဟေ ဝိပဿနာဆိုတာ မသောက်ဖြစ်အောင် လုပ်တာနော် (မှန်လှပါ ဘုရား)။ အရက်နဲ့ရောတာတွေ မသောက်ဖြစ်အောင်လုပ်တာ။ 
      ဒါဖြင့် ဒကာ ဒကာမတို့ ခင်ဗျားတို့သဏ္ဌာန်မှာလည်း စိတ်ကလေး တွေလည်းရှိပါတယ် (ရှိပါတယ် ဘုရား)။ ဝေဒနာလေးတွေကော (ရှိပါတယ် ဘုရား)။ အေး စိတ်တွေလည်းရှုတယ်၊ ဝေဒနာလေးတွေလည်း အကုန်ရှုပြီး သကာလ နေတာကို ဒကာ ဒကာမတွေက ရှေးဦးစွာ ဘာလုပ်ရမတုန်းလို့မေးတာ ဒီဒကာ၊ ဒကာမတွေက ယဉ်ပြီးသား ဖြစ်နေတဲ့အတွက် ပေါ်ရာကို အင်း ဒုက္ခသစ္စာ လေးတွေပါလားလို့ရှုပါ။ 
      ယားရင် ယားတဲ့နေရာတဲ့နေရာ ဘာသစ္စာ ဒုက္ခသစ္စာ၊ နာရင် နာတဲ့နေရာမှာ ဘာသစ္စာ ဒုက္ခသစ္စာ၊ ကောင်းရင်ကောင်းတဲ့နေရာ ဒုက္ခသစ္စာ၊ ဝိပရိဏာမလက္ခဏံ ဒုက္ခသစ္စံ နဲ့ရှုသွား။ အဲဒီတော့ ဝေဒနာလာလည်း ဒုက္ခသစ္စာ၊ စိတ်လာလည်းဒုက္ခသစ္စာ၊ လာချင်ရာလာပေါ့ဗျာ။ လာချင်ရာလာ သစ္စာဓမ္မထဲ အကုန်ဝင် သွားတော့တာပါပဲ (မှန်ပါ့ ဘုရား)

      အင်း သစ္စာဆိုတဲ့ ဓမ္မာနုပဿနာထဲ အကုန်ဝင်သွားတဲ့အတွက် ဝေဒနာလာလည်း ဖြစ်ပျက်ရှု၊ စိတ်လာလည်း ဖြစ်ပျက်ရှု၊ ရုပ်ကလေးတွေလာလည်း ဖြစ်ပျက်ရှု၊ အဲဒီတော့ကိုတဲ့ ဖြစ်ပျက်ရှုဆိုတာ တခြားမဟုတ်ပါဘူး ဒကာ ဒကာမတို့ ဘုန်းကြီးရှင်းပြီးပြောချင်တာက ကွေးတာလဲ ဒကာ ဒကာမတို့ ဖောက်ပြန်တာဘဲ။ ဆန့်တာလဲ ဖောက်ပြန်တာဘဲ။ ကွေးတာဘယ်နှယ်ကြောင့် ဖောက်ပြန်ရတာတုန်း ဘုရားဆိုတော့ ကွေးနေရင်းမတ်တတ်နဲ့ ဆန့်ချင်တာသည်ကား ဆိုရင် ကွေးတဲ့အခါမှာ အင်း ဒကာ ဒကာမတို့ မကွေးချင်တဲ့ သဘောရှိလို့ပေါ့။

      မကွေးချင်တဲ့ဝေဒနာမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။ အင်း မကွေးချင်တဲ့ဝေဒနာပေါ်တာသည် ဒုက္ခသစ္စာ (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။ 
      ကွေးလိုက်ပြန်တော့လည်း ကွေးတဲ့ဝေဒနာမပေါ်ဘူးလား (ပေါ်ပါတယ် ဘုရား)။ ကဲ ဒါဖြင့် မကွေးချင်တော့လည်း ဆန့်ချင်တော့လည်း ဆန့်ဝေဒနာပေါ်တယ် (မှန်လှပါ ဘုရား)။ ကွေးတာလည်း ကွေးဝေဒနာပေါ်တယ်။ ကွေးဝေဒနာလည်း ဒုက္ခသစ္စာ၊ ဆန့်ဝေဒနာလည်း (ဒုက္ခသစ္စာပါ ဘုရား)။ 
      ဒါဖြင့် ဒကာ ဒကာမတို့ သန္တာန်ဟာ ဘယ်ဣရိယာပဲ ပြောင်းပြောင်း ဘယ်သစ္စာတွေ ဘာလိမ့် (ဒုက္ခသစ္စာပါ ဘုရား)။ ဘယ်စိတ်ပေါ်ပေါ် (ဒုက္ခသစ္စာပါ ဘုရား)။ ဘယ်ဝေဒနာပေါ်ပေါ် (ဒုက္ခသစ္စာပါ ဘုရား)။ ဒုက္ခသစ္စာချည်းဘဲ ဆိုတာသေချာ သလား (သေချာပါတယ် ဘုရား)။ 
      ဒါဖြင့် ဒကာ ဒကာမတို့ ဒီခန္ဓာကြီးဟာ အမြဲတမ်း ရောဂတော တစ်လုံးနဲ့ ရှုပါ (မှန်လှပါ ဘုရား)။ ဪ ရောဂါကြီးပါလား။ ကွေးပြန်လည်း အင်းကွေးနေရာကနေ ဆန့်နေပြန်လည်း ရောဂတောဆိုတာ ဟုတ်သားပဲ (မှန်လှပါ ဘုရား)။ ဆန့်နေရာကနေ ကွေးချင်ပြန်တော့ရော (ရောဂတော)။ အင်း ထိုင်နေရာကနေ ရွေ့နေပြန်တော့ရော ရောဂတော ဆိုတာ။ ဟုတ်သားပဲ ရောဂါကြီး ဖြစ်ဖြစ်နေတာပဲ (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)

      ဒါဖြင့် ဒကာ,ဒကာမတို့ ဒီရောဂါဟူသ၍ဘာသစ္စာတုန်း (ဒုက္ခသစ္စာပါ ဘုရား)။ အင်း ရောဂတောနဲ့ချည်း လှည့်နေပါတဲ့။ ဒါဖြင့် ဒကာ ဒကာမတို့ ခန္ဓာကိုယ်ပြောင်းတိုင်း၊ လွှဲတိုင်း၊ ရှူတိုင်း၊ ရှိုက်တိုင်း၊ စိတ်တွေ ပေါ်တိုင်းပေါ်တိုင်း၊ ဝေဒနာတွေပေါ်တိုင်းပေါ်တိုင်း၊ ဘာဖြစ်ကြတာတုန်း မေးရင် ဘယ့်နှယ်ဖြေကြပါ့မလဲ။ ဒုက္ခသစ္စာတွေပဲ (မှန်လှပါ ဘုရား)။ ဒုက္ခသစ္စာဆိုတာ ရောဂါတွေ ချည်းပဲ (မှန်လှပါ ဘုရား)။ ဒုက္ခသစ္စာဆိုတာဘာပါလိမ့် (ရောဂါတွေချည်း ပါ ဘုရား)။ ရောဂါတွေပဲဆိုတာ သေချာပြီလား (သေချာပါပြီ ဘုရား)။ 

      အဲဒါတော့ ကွေးတာလည်းကွေးတုန်း (မှန်လှပါ ဘုရား)။ နာပြန်တော့ရော နာတုန်း၊ ဆန့်ပြန်တော့ရော ဆန့်တုန်း၊ အင်း ထိုင်ပြန်တော့ရော ထိုင်နေတုန်းပါဘုရား။ ထပြန်တော့ရော ထတုန်းပါဘုရား။ အင်း ထပြန်တော့လည်း ထတဲ့ရောဂါနဲ့ထတာဘဲ။ သဘောကျပြီလား (ကျပါပြီ ဘုရား)။ 
      ထပြန်တော့လည်း ဒီနေရာ ဒီရောဂါဖြစ်ပြီး ရောဂါကလည်း ဖြစ်ပျက်။ အလုံးစုံဖြစ်ပျက်မှာ သဗ္ဗေသင်္ခါရာဒုက္ခလို့ မလာဘူးလား (လာပါတယ် ဘုရား)။ 
      အဲဒီသဗ္ဗေသင်္ခါရ ဒုက္ခကြောင့် ဘုရားက အေးဒါတွေဟာ မင်းတို့ခန္ဓာကိုယ်ကြီးကို ရောဂါလို့ရှုလိုက်စမ်းပါဆိုတော့ သောက်ပစ်ချင်ရက်သေးရဲကလား အရက်နဲ့ရောထားတာကြီးကို ရောဂါဖြစ်လိမ့်မယ်ဆိုတော့ သောက်ဖြစ်သေးရဲ့လား (မသောက်ဖြစ်ပါဘူး ဘုရား)။
      အေး မသောက်ဖြစ်လို့ရှိရင်ဖြင့် ဘုန်းကြီးတို့ဒကာ ဒကာမတွေသည် ကားလို့ဆိုရင်ဖြင့် မသောက်ဖြစ်တော့ တဏှာ လာသေးရဲ့လား (မလာပါဘူး ဘုရား)။ 
      တဏှာမလာလို့ရှိရင် နောက်ခန္ဓာကမလာတော့ပါဘူး။ နောက်ခန္ဓာကမလာပဲနဲ့ အိုနာသေပါမှ ဪ ဒါဖြင့် အသေလွတ်ပါလား။ ဘယ်လိုဆိုကြမလဲ (အသေလွတ်ပါလား)။ ဒကာ ဒကာမတို့ ရောဂါလို့ဆိုလို့ရှိရင် ဘာဖြစ်ပါလိမ့်မလဲ(အသေမလွတ်ပါ ဘုရား)။ 
      ဒါကြောင့် ဒီခန္ဓာငါးပါးကြီးကို ဒကာကြွယ်တို့ ဖြစ်ပျက်က ဖြစ်တာချည်းပျက်တာ ချည်းက ဒုက္ခသစ္စာချည်းမှတ်ပါ (မှန်ပါ ဘုရား)

      ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခကြီးပဲ မဟုတ်လား (မှန်လှပါ ဘုရား)။ ဖြစ်တာက ဘာသစ္စာ (ဒုက္ခသစ္စာပါ ဘုရား)။ ပျက်တာလည်း (ဒုက္ခသစ္စာပါ ဘုရား)။
      အေး ဒုက္ခမေဝ ဥပ္ပဇ္ဇမာနံ ဥပ္ပဇ္ဇတိ - ဒုက္ခတည်းဟူသော ခင်ဗျားတို့ သဏ္ဌာန်ထဲမှာ ဒုက္ခသစ္စာရယ် ဒုက္ခချုပ်တာရယ် ဒါမှတစ်ပါး ဘာမှမရှိဘူး ဆိုတော့ သေချာပြီလား (သေချာပါပြီ ဘုရား)။ 
      ဒါဖြင့် ခန္တာကိုယ်ထဲမှာ တစ်ခါတည်း ထိုင်ကြည့်ပြီးစောင့်ကြည့်နေ။ ဘယ်နေရာက ဒုက္ခပေါ်လာလည်း ဘယ်နေရာက တရားထူး ပေါ်လာလည်းကြည့်နေ။ ဟိုနေရာကယားသလို၊ ဒီနေရာကနာသလို၊ ဟိုနေရာက အိုက်သလို၊ ဒီနေရာကတောင့်သလို၊ ဟိုနေရာတင်းသလို လာလို့ရှိရင် ဒါရောဂါတွေပဲ၊ ရောဂါတွေပဲ ရောဂါ ဒုက္ခသစ္စာ တွေပဲ ရောဂါတွေပဲ ရောဂါတွေပဲလို့ မဂ္ဂင်ငါးပါးနဲ့ရှုပေးရတယ်။ (မှန်လှပါ ဘုရား)။

      ရှုလိုက်တဲ့ အခါကျတော့ ရောဂါက ဒုက္ခသစ္စာ၊ ရှုတာက မဂ္ဂသစ္စာ၊ သေတာက သမုဒယသစ္စာပါဘုရား။ အင်းဟိုက ခန္ဓာနဲ့တကွ ဇာတိ၊ ဇရာ ၊ မရဏ မလာတာက နိရောဓသစ္စာပါဘုရား။ 
      အဲဒီလိုသစ္စာဆိုက်အောင် ရှုသွားပြန် တော့လည်း ဒကာ ဒကာမတို့ သံသရာစခန်းသတ်တယ်ဆိုတာ မပေါ်လာ သေးဘူးလား (ပေါ်လာပါတယ် ဘုရား)

      သံသရာစခန်းသတ်၊ သံသရာစခန်းသတ် ဆိုတာ ဒကာသစ် ဘာပါလိမ့်မတုန်းဆို ရောဂါလို့ရှုနိုင်မှ သတ်သည်။ သံသရာစခန်းသတ်ဆိုတာ ဘာပါလိမ့် ရောဂါလို့ရှုနိုင်မှ သတ်သည်။ 
      ဒါဖြင့် ခန္ဓာကိုယ်ထဲမှာလည်းတဲ့ ဘယ်အချိန်မဆို ရောဂတော ဆိုတဲ့အတွက် ဘာလေးပေါ်လာလာ ရောဂါထတာ ချည်းမှတ်။ စားချင်တာလေး ပေါ်လာရင်ကော ရောဂတော ပါဘုရား။ အင်းဒါလည်း ရောဂတောလို့ရှုလိုက်။ အိပ်ချင်တဲ့စိတ်ကလေး ပေါ်လာရင် အိပ်ချင်တဲ့ရောဂါ ထလာတာပဲ (မှန်လှပါ ဘုရား)။ 
      သွားချင်တဲ့ဝေဒနာက သွားချင်တဲ့ သဘောကလေးပေါ်လာရင်ရော (သွားချင်တဲ့ ရောဂါပါ ဘုရား)။ ထိုင်ချင်တဲ့သဘော ကလေးပေါ်လာရင်လည်း (ထိုင်ချင်တဲ့ ရောဂါပါ ဘုရား)။ ကွေးချင်တဲ့သဘော ကလေးပေါ်လာရင်ရော (ကွေးချင်တဲ့ ရောဂါပါ ဘုရား)။ အဲဒီလိုပေါ်ချင်တဲ့ သဘောကလေး စိတ်တွေချည်းလျှောက်ရှု။ သဘောကလေးရှု ရုပ်တွေရှုမနေနဲ့။ စိတ်ကလေး တွေပေါ်လာတဲ့သဘောစိတ် ကလေးတွေချည်း လျှောက်ရှု။ (မှန်လှပါ ဘုရား)။
      အဲဒီကဲ့သို့ လျှောက်ရှုတဲ့ အခါကျတော့ ရောဂါကဘာသစ္စာ (ဒုက္ခသစ္စာ ပါ ဘုရား)။ အင်း ရောဂါရှိမှန်း သိတာက (မဂ္ဂသစ္စာပါ ဘုရား)။ 
      မဂ္ဂသစ္စာ ရတဲ့အခါကျတော့ မဂ်ကိုကိလေသာက သတ်မသတ် (သတ်ပါတယ် ဘုရား)။ ဒါဖြင့်ခုနက အဆိပ်နဲ့ရောထားတဲ့အရက် သောက်မိသေးရဲ့လား။ (မသောက်မိပါ ဘုရား)။ 
      မသောက်မိတော့ တဏှာကချုပ်တာ (မှန်ပါ့ ဘုရား)။ တဏှာချုပ်တော့ (ခန္ဓာကချုပ်ပါ တယ် ဘုရား)။ ခန္ဓာချုပ်တော့ ဇာတိ၊ ဇရာ၊ မရဏကရော (ချုပ်ပါတယ် ဘုရား)။ 

      အဲဒါမသောက်တဲ့ပုဂ္ဂိုလ်မှာတော့ဖြင့် သစ္စာသိလို့ မသောက်တဲ့ပုဂ္ဂိုလ်မှာဖြင့် ဒကာ ဒကာမတို့ သံသရာစခန်း သတ်ပါတယ် (မှန်လှပါ ဘုရား)။ ဒကာကြွယ် ဘာပါလိမ့် (သံသရာစခန်းသတ်ပါတယ် ဘုရား)။ သောက်တဲ့ပုဂ္ဂိုလ်ကြတော့ သံသရာစခန်းသတ်ပါ့မလား (မသတ်ပါ ဘုရား)။ သဘော ပါကြလား (ပါ,ပါတယ် ဘုရား)။

      ဒါဖြင့် ဒကာ,ဒကာမတို့ ဝိပဿနာရှုနည်းကဖြင့် (ရှေးဦးစွာ) ခင်ဗျားတို့ အိမ်ရောက်လို့ရှိရင် ထိုင်လိုက်ကြပေါ့ဗျာ။ ထိုင်လိုက်ကရော၊ ထိုင်ပြီး သကာလ အာနာပါနလုပ်ချင်တဲ့ပုဂ္ဂိုလ်က လုပ်တာပေါ့လေ (မှန်ပါ့ ဘုရား)။ 
      ဟာ မလုပ်ချင်ဘူး တပည့်တော် အာနာပါနကို မူကိုမတည်ချင်ဘူး မူကိုမတည်ချင်တော့ အာနာပါနမမှတ်ပဲနဲ့ တစ်ခါတည်း ခန္ဓာကိုယ်စောင့်ကြည့်သာနေ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဘာလုပ်ရမှာလဲ (ခန္ဓာကိုယ်စောင့်ကြည့်ရမှာပါ ဘုရား)။ ခန္ဓာကိုယ်စောင့်ကြည့်နေတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။ 
      ခန္ဓာကိုယ်စောင့်ကြည့်နေပါ ဆိုတာလည်း မိလိန္ဒပဉှာက လာတာ။ 

      ကျားများသည် သားကောင်ဖမ်းမယ်ဆိုတော့ ပြေးလိုက်တာလား စောင့်ဖမ်းတာလား။ (စောင့်ဖမ်းပါတယ် ဘုရား)။ အေး ယသာတိ ဂီရိကောဏာမလို့ မိလိန္ဒပဉှာက လာပါတယ်။
      ကဲ ဒါဖြင့် အာနာပါန မလုပ်ချင်ပါဘူးဘုရား တပည့်တော် အာနာပါနလုပ်ခဲ့ရတာကြာပါပြီ မလုပ်ပါဘူး ဆိုလို့ရှိရင်ဖြင့် ဒီနေ့နည်းတစ်မျိုးပဲ ဒကာ ဒကာမ တွေပေးလိုက်တယ် စောင့်နေ (မှန်လှပါ ဘုရား)။ တခါတည်းမှန်မှန်လေး ရှုပြီး သကာလ ရူတာလည်း ဂရုမစိုက်နဲ့၊ ရှိုက်တာလည်း ဂရုမစိုက်ပဲနဲ့စောင့်နေ၊ 
      စောင့်နေတဲ့အခါကျတော့ ခန္ဓာကိုယ်က ဟိုနေရာက နာသလိုလို မလာပေဘူးလား (လာပါတယ် ဘုရား)။ အင်းနာတဲ့နေရာ ရောဂတောရှုလိုက် (မှန်ပါ့ ဘုရား)။ ဟိုနေရာကလေးက အောင့်သလိုသလို လာရင်ရော (ရောဂတောလို့ရှုလိုက်) ရောဂတောလို့ရှုလိုက်။ သဘောကျပြီလား (ကျပါပြီ ဘုရား)။

      ဟိုနေရာ စပ်သလိုလို လာရင်ရော ရောဂတောလို့ရှုလိုက်ပါတဲ့။ စိတ်ကူးလေး တစ်မျိုးပေါ်လာရင်ကော (ရောဂတောလို့ရှုလိုက်ပါ) ရောဂတောလို့ ရှုပေးနော်။ 
      အဲဒီကဲ့သို့ နေရာတိုင်း စောင့်ကြည့်တဲ့ အခါကျတော့ ဒကာနဲ့ဒကာ,ဒကာမ တွေသည် ရောဂါတွေ အပြည့်မလာ ပေဘူးလား (လာပါတယ် ဘုရား)။ 
      ကြာတော့တစ်ကိုယ်လုံးကို အပ်သွားကျစရာမရှိအောင် ပဲ ဖျတ်ဖျတ်၊ ဖျတ်ဖျတ်၊ ဖျတ်ဖျတ်နဲ့ နာတာလည်း မဟုတ်ဘူး ကျဉ်တာလည်း မဟုတ်ဘူး ရေပွက်ပမာ ကိုယ်ခန္ဓာကြီး ဖျတ်ဖျတ်နဲ့ မလာပေဘူးလား (လာပါတယ် ဘုရား)။ လာလို့ရှိရင် ဪ ရောဂတောဆိုရင်လည်း ရောဂါတွေ တစ်ခုလုံး ဖြစ်နေပါရော့လားလို့ မသိနိုင်ဘူးလား (သိနိုင်ပါတယ် ဘုရား)။
      အဲဒါရောဂတော ရောဂတောနဲ့သာ ရှုနေတုန်း ရောဂါ ရောဂါ ဒုက္ခသစ္စာလေးပါလားလို့ ရှုပေးပါ။ ဘယ်လိုရှုပေးရမလဲ (ရောဂါ ဒုက္ခသစ္စာလေးပါလားလို့ ရှုပေးရပါမယ် ဘုရား)။ ဒါက စောင့်ကြည့်တဲ့နည်းနော်။ 
      ဒကာ,ဒကာမတို့ ဒါဘယ် နည်းပါလိမ့် (စောင့်ကြည့်တဲ့နည်းပါ ဘုရား)။ စောင့်ကြည့်တဲ့နည်းက ကျားများလို သားကောင်စောင့်ဖမ်းတဲ့နည်းတဲ့ (မှန်လှပါ ဘုရား)။ ကျားများလို သားကောင်ကို (စောင့်ဖမ်းတဲ့နည်းပါ ဘုရား)။ စောင့်ဖမ်းတဲ့နည်းဆိုတာ သေချာပြီလား (သေချာပါတယ် ဘုရား)။
      အဲဒီကဲ့သို့ စောင့်ပြီး သကာလ ဖမ်းတုန်း ဟိုနေရာနာ ဒီနေရာကိုက်၊ ဒီနေရာခဲ၊ ဟိုစိတ်ကလေးပေါ်လာ ဟိုငိုက်ချင်တဲ့စိတ်ကလေး အခုမှအသစ်ပေါ်လာ အသစ်ပေါ်လာတာဟူသ၍စောင့်ဖမ်းရမှာ။ အသစ်ပေါ်လာတာ ဟူသ၍(စောင့်ဖမ်း ရမှာပါ ဘုရား)။ စောင့်နေတာက သတိ၊ ဝိရိယ၊ သမာဓိ (မှန်လှပါ ဘုရား)။ ဖမ်းတာ က သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ ပညာကဖမ်းတာ (မှန်ပါ့ ဘုရား)။

      ဒါဖြင့် သမာဓိနဲ့စောင့်ပြီး ပညာနဲ့ဖမ်းသည်။ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဘာနဲ့စောင့် ဘာနဲ့ဖမ်းမှာတုန်း (သမာဓိဖြင့်စောင့်ပြီး ပညာနဲ့ဖမ်းမှာပါ ဘုရား)။ ဒီနေ့ညလုပ်ကြည့် ဒီနေ့ဖြစ်ကြည့်မယ် (မှန်လှပါ ဘုရား)။ သမာဓိက အစောင့်သမား ပညာက (အဖမ်းသမားပါ ဘုရား)။ 

      ဒါဖြင့် စောင့်ဖမ်းပါ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဘယ်လိုလုပ်ကြမလဲ (စောင့်ဖမ်းရမှာပါ ဘုရား)။ စောင့်ဖမ်းတဲ့ ခန္ဓာကိုယ်ကြီး ရှုမြဲအတိုင်းရှုပြီး ရှိုတ်မြဲအတိုင်းရှိုတ်နေရင် ခန္ဓာကိုယ်ထဲမှာ အထူးပေါ်လာဟူသရွေ့ကို လက်မလွှတ်စေနဲ့ (မှန်လှ ပါ ဘုရား)။ 
      ဝေဒနာပေါ်လည်း လက်မလွတ်စေနဲ့နော် (မှန်လှပါ ဘုရား)။ အင်းဖောက်ပြန် တာတွေပေါ်လာတိုင်း ပေါ်လာတိုင်း လက်မလွှတ်စေတော့ ဒကာသစ်ရေ ဒါဘာလုပ်တဲ့နည်းပါလိမ့် (စောင့်ဖမ်းတဲ့နည်းပါ ဘုရား)။ 
      အင်း စောင့်ဖမ်းတဲ့နည်း ဆိုတော့ ဪ ဒါဖြင့် စောင့်ဖမ်းတော့ ဒီထဲမဂ္ဂင်ငါးပါးနဲ့ စောင့်နေတာကိုး။ (မှန်လှပါ ဘုရား)။ အဲဒီတော့စောင့်နေတော့ အဖမ်းခံရတာက ရောဂါ၊ ဖမ်းတဲ့ဉာဏ်က ပညာ၊ သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဒါဖြင့်ရောဂါကို ပညာနဲ့ကုနေတာ (မှန်လှပါ ဘုရား)။ ရောဂါကိုပညာနဲ့ကုနေတော့ နောက်ရောဂါ တိုးတယ်လို့လာသေးရဲ့လား (မလာပါဘူး ဘုရား)။
      နောက်တဏှာ မလာတာ ရောဂါမတိုးတာ (မှန်ပါ့ ဘုရား)။ တဏှာမလာရင် ခန္ဓာရော လာသေးရဲ့လား (မလာပါဘူး ဘုရား)။ ခန္ဓာမလာလို့ရှိရင် ဒီရောဂါဆိုးကြီးမပျောက်ကင်းဘူးလား (ပျောက်ပါတယ် ဘုရား)။ ခန္ဓာရှိမှ ဇာတိ၊ ဇရာ မရဏ ဗျာဓိ လာမှာကိုးဗျား (မှန်လှပါ ဘုရား)။ အခုလာစရာရှိသေးရဲ့လား (မရှိပါဘူး ဘုရား)။ 
      ဪ ဒါကြောင့် တို့သည် စောင့်ဖမ်းနေတာ ဘာလုပ်တဲ့ အလုပ်ပါလိမ့်ဆို စောင့်တာကသမာဓိ၊ ဖမ်းတာကပညာ၊ (မှန်လှပါ ဘုရား)။ စောင့်တာက သမာဓိပါဘုရား (ဖမ်းတာကပညာပါ ဘုရား)

      ဒါဖြင့် အဲဒီတော့ ကျုပ်တို့က အင်းယုဂနဒ္ဓနည်း သမာဓိနဲ့ပညာတွဲလွတ်တာပါလား ရောဂါရှိတဲ့ဆီကို (မှန်လှပါ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။
      ရောဂါရှိတဲ့ဆီကိုတွဲလွတ်တာ နော်။ သဘောပါသလား (ပါ,ပါတယ် ဘုရား)။ ဒါဖြင့် ဒကာ,ဒကာမတွေ ယနေ့ဘာလုပ်ကြမှာပါလိမ့်။ စောင့်ကြည့်မှာပါဘုရား စောင့်တာကဘာပါလိမ့် (သမာဓိပါ ဘုရား)။ ဖမ်းတာက ပညာပါဘုရား။

      အဲသမာဓိကစောင့်နေရုံပဲတတ်နိုင်တယ် မဖမ်းတော့မဖမ်းနိုင်ဘူး (မှန်လှပါ ဘုရား)။ ပညာကမှ အနိစ္စ၊ ဒုက္ခ၊ အနတ္တကို မိအောင်ဖမ်းနိုင်တာ (မှန်ပါ့ ဘုရား)။ ရောဂါမိအောင် ဖမ်းနိုင်တာတဲ့။ တောလေးဆယ်ထဲက ရောဂါမိအောင် ဖမ်းနိုင်တာကလည်း ပညာ-သမ္မာဒိဋ္ဌိနဲ့ သမ္မာသင်္ကပ္ပကသာ အောင်ဖမ်းနိုင်တာ (မှန်လှပါ ဘုရား)။
      ဒါဖြင့် စောင့်ဖမ်းတဲ့အလုပ်ဟာ ဒကာကြွယ်ရေ လုပ်ကြည့်စမ်း (မှန်လှပါ ဘုရား)။ သေသေချာချာမိမဲ့ အလုပ်ပဲဆိုတာ သဘောကျပြီလား (ကျပါပြီ ဘုရား)။ 
      ဒါဖြင့် ခန္ဓာကိုယ်ထဲမှာစောင့်ပြီး သကာလ နေတော့ လာရင်တော့ မလွတ်တမ်းဖမ်း (မှန်ပါ့ ဘုရား)။ သဘောကျပြီလား (ကျပါပြီ ဘုရား)။ 
      ဒါဖြင့် ဝေဒနာ တွေက ဟိုနေရာက ယားသလို၊ ဟိုနေရာက နာသလို လာလိမ့်မယ်ဗျာ (မှန်လှပါ ဘုရား)။ အဲဒါဒကာသစ်တို့ဘယ့်နှယ် လုပ်ကြမလဲ (စောင့်ဖမ်းရမှာ ပါ ဘုရား)။ စောင့်တာကဘာလဲ (သမာဓိပါ ဘုရား)။ ဖမ်းတာကဘာလဲ (ပညာပါ ဘုရား)။ 
      အဲစောင့်မှမစောင့် လို့ရှိရင်ဖြင့် ဖမ်းဆိုတာမဖြစ်နိုင်ဘူး (မှန်လှပါ ဘုရား)

      ဒါဖြင့် ဝိပဿနာ အလုပ်ဆိုတာ ဘာအလုပ် ပါလိမ့်မတုန်းလို့ မေးတဲ့အခါ စောင့်ဖမ်းတဲ့အလုပ် (မှန်လှပါ ဘုရား)။ 
      ဝေဒနာလာရင် ဖြစ်ပျက်၊ ဝေဒနာလာလာ၊ စိတ်လာလာ လာချင်တာလာ ရောဂါဟူသောအဖြစ်နဲ့သာ စောင့်ဖမ်းရမှာ။ 
      အာ ဒါရောဂါတွေပဲဆိုပြီး ရောဂါလို့သာ သိအောင်လုပ်နေသည် (မှန်လှပါ ဘုရား)။
      သိအောင်လုပ်တော့ ဒကာ,ဒကာမတို့ သိအောင်လုပ်တယ်ဆို တဲ့သဘောသည်ကား လို့ဆိုရင်ဖြင့် ဖြစ်ပျက် မိတာကို (မှန်ပါ့ ဘုရား)။ 

      သိအောင်လုပ်တာသည် (ဖြစ်ပျက်မိအောင်လုပ်တာပါ ဘုရား) ဖြစ်ပျက်မိတာပဲ ဆိုတာရော သဘောကျပြီလား (ကျပါပြီ ဘုရား)။ ဒါဖြင့် ဖြစ်ပျက်က အနိစ္စ မိတာက (မဂ္ဂပါ ဘုရား)။ ဖြစ်ပျက်က (အနိစ္စ) သိတာက (မဂ္ဂပါ ဘုရား)။

**(မိုးကုတ်ဆရာတော်ဘုရားကြီး)

Credit..HtooHtoo 

Monday, February 13, 2023

ဝိပဿနာသြဝါဒ (၁၅) ချက်

💢 ဝေဘူဆရာတော်ဘုရားကြီးရဲ့ 
💢 ဝိပဿနာသြဝါဒ (၁၅) ချက်    
💢💢💢💢💢💢💢💢💢💢💢💢💢💢

(၁) ဝိပဿနာတရားဆိုတာ... 
      ထင်ရှားရှိသောတရားကို မြင်အောင် ရှုရမည်။

(၂) ထင်ရှားရှိသောတရားကို မြင်အောင်
       မရှုနိုင်လျှင် ဝိပဿနာမဖြစ်။

(၃) ထင်ရှားရှိသောတရားဆိုတာ 
      အခြားမှာသွား၍ ရှာမှရတာမျိူးမဟုတ်၊
      ကိုယ့်မှာရှိသောတရား ဖြစ်သည်။

(၄) ကိုယ်မှာရှိသောတရားဆိုတာ
       ထွက်သက် ဝင်သက်ဖြစ်သည်။

(၅) ထွက်သက် ဝင်သက်ဆိုတာ
       အမိဝမ်းမှ မွေးကတည်းက 
       သေသည်အထိ အမြဲမပြတ် 
       တရစပ်ရှိနေသော တရားသဘောဖြစ်သည်။

(၆) ထွက်သက် ဝင်သက်သည်
       အလုပ်လုပ်နေရင်း စကားပြောနေရင်း
       စာရေးနေရင်း စာကျက်နေရင်း
       စဉ်းစားနေရင်းလည်း ရှိသည်၊
       အိပ်ပျော်နေရင်းလည်း ရှိနေတာပဲဖြစ်သည်။

(၇) ထွက်သက် ဝင်သက်သည်
      အမြဲမပြတ်ရှိနေသော်လည်း အမှတ်တမဲ့နေကြ၍
      "သတိမမူ ဂူမမြင်၊ သတိမူလျှင်
      မြူကိုတောင် မြင်ရတယ်" ဆိုတာကိုပဲ 
      ဂရုစိုက်၍ကြည့်မှ ရှိမှန်းသိကြသည်။

(၈) ကြည့်တယ်ဆိုရာ၌ ဝိပဿနာဖြစ်ဖို့ရာမှာ 
       ထွက်သက်လေ ဝင်သက်လေ
       နှာသီးဖျားမှာ ရိပ်ရိပ် ရိပ်ရိပ်နှင့်
       ထိထိသွားတာကိုသိအောင် ကြည့်ရမယ်။

(၉) ထိတာဟာ ပရမတ် ရုပ်သဘောဖြစ်သည်။
       သိတာက နာမ်သဘောဖြစ်သည်။

(၁၀) တရိပ်ရိပ်နှင့် ထိတိုင်း ပျောက်တိုင်း
         ရုပ်နာမ်နှစ်ပါး ဖြစ်မှု ပျက်မှုတွေ
         ဖြစ်ပျက်၍နေခြင်း ဖြစ်သည်။

(၁၁) တရိပ်ရိပ်နှင့် နှာသီးဖျားတွင်
         ထိလိုက်ပျောက်လိုက်နေတာတွေကိုသာ
         တစ်ဆက်တည်းဖြစ်အောင် ကြည့်နေလျှင်
         ကြာလာလျှင် ဝိပဿနာသမာဓိ
         တစ်ဆထက် တစ်ဆ 
         တစ်ခဏထက် တစ်ခဏ တိုးတက်၍
         အားကြီးလာသောအခါ နှာသီးဖျားမှာတွင်မက
         ခန္ဓာကိုယ်မှာလည်း အလိုလို တရိပ်ရိပ်
         တရွရွနှင့်ပင် တွေ့နေရတတ်၏။

(၁၂) တစ်ကိုယ်လုံး၌ တရိပ်ရိပ် တရွရွတွေ
         အစဉ်မပြတ် ဖြစ်ပျက်လျက်နေတာတွေကို
         တွေ့၍လာရသောအခါ ( အနိစ္စ သညိနော
         မေဃိယ အနတ္တသညာ သဏ္ဍတိ)
         ဟူသော ပါဠိအရ 
         အနိစ္စကို ကောင်းစွာမြင်ရသောကြောင့်
         အနတ္တ အလိုလို ထင်၍လာလိမ့်မည်။
         ဝိပဿနာယောဂီ၏အလုပ်သည်
         ထိမှုကို ကြည့်ရှုနေရုံသာ ဖြစ်သည်။
         ကြည့်ရှုနေရင်း သိသင့် သိထိုက်သမျှကိုမူကား
         အလိုလိုသိ၍ လာလိမ့်မည်။

(၁၃) ဤကဲ့သို့ တရိပ်ရိပ်နှင့် ထိမှုတို့ကို
         ကြည့်ရှုနေရင်း မဂ်ဥာဏ် ဖိုလ်ဥာဏ်
         ဖြစ်၍လာသည်ရှိသော် သိသာလှပါ၏...
         အဘယ်သို့ သိရမည်နည်းဟူမူ
         ရေငတ်၍နေသောသူသည်
         ရေကိုသောက်ရသည်ရှိသော်
         ရေငတ်ပြေသွားသကဲ့သို့ ဖြစ်သွားတော့၏။

(၁၄) မဂ်ဥာဏ် ဖိုလ်ဥာဏ်ကိုရပြီး ရောက်ပြီး၍
         ဖလသမာပါတ်ကို ဝင်စားလိုလျှင်
         မိမိလာဖူးသောလမ်းကို ပြန်၍ကြည့်ရ၏။

(၁၅) ဤအတိုင်း ဖြစ်ချင်လျှင်
         တရိပ်ရိပ်နှင့် ထိမှုတို့ကိုသာ ကြည့်ရှု၍နေ
         ထွေလီကာလီတွေကိုလိုက်၍ လုပ်မနေနှင့်။

ဝေဘူဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏
ဓမ္မချစ်မိတ်ဆွေများ အားလုံး..
တရားတွေ့၍ ငြိမ်းအေးကြပါစေ...🌷🌷🌷
Credit 

Thursday, February 9, 2023

မြတ်ဗုဒ္ဓ၏ အဆုံးအမ

မြတ်ဗုဒ္ဓအဆုံးအမ
☘☘☘🌾🌾🌾☘☘☘
     " ချစ်သားရာဟုလာ "

မှားမှန်းသိလျက် 
     မမှန်သောစကားကိုပြောရန်
     ဝန်မလေးသူတွင်
     သူတော်ကောင်းတရားသည်
     ဆိတ်သုဥ်း၏။

မှားမှန်သိလျက်
     မမှန်သောစကားကို ဆိုရန်
     မကြောက်သောသူသည်
     သူမလုပ်ရဲသော၊ မကိုင်ရဲသော
     မကောင်းမှုဟူသည် မရှိတော့၊

ထို့အတွက်ကြောင့်
     ချစ်သား - ရာဟုလာ
     ရယ်မောနောက်ပြောင်သည့်
     သဘောနှင့်ပင်
     မုသားကို မဆိုမိရန်
     သင်သည် ကြိုးပန်းအားထုတ်အပ်၏။

              ရာဟုလာသုတ်
.
Credit..

ရာဟုလာကို မြတ်ဗုဒ္ဓဆုံးမခြင်း

" ရာဟုလာကို မြတ်ဗုဒ္ဓဆုံးမခြင်း "
🍀🍀🍀🌺🌾🌺🍀🍀🍀
၁။ တစ်ခုဆိုတာ ဘာလဲ
၂။ နှစ်ခုဆိုတာ ဘာလဲ
၃။ သုံးခုဆိုတာ ဘာလဲ
၄။ လေးခုဆိုတာ ဘာလဲ
၅။ ငါးခုဆိုတာ ဘာလဲ
၆။ ခြောက်ခုဆိုတာ ဘာလဲ
၇။ ခုနှစ်ခုဆိုတာ ဘာလဲ
၈။ ရှစ်ခုဆိုတာ ဘာလဲ
၉။ ကိုးခုဆိုတာ ဘာလဲ
၁၀။ ဆယ်ခုဆို ဘာလဲ

၁။ ရာဟုလာ တစ်ခုဆိုတာ ဘာလဲ -

ရာဟုလာ ... လူတိုင်းလူတိုင်းဟာ နေ့စဉ်နဲ့အမျှ
ရှောင်လို့မရတဲ့ တစ်ခုဟာ အစာအဟာရပဲ။ 
သတ္တဝါတွေအားလုံးဟာ အစာကြောင့် အသက်ရှင်ရတယ်။ 
အစာစားလို့ အသက်ရှင်ကြတယ်။ 
သတ္တဝါအားလုံးဟာ တညီတည်း အမှီပြုပြီး အသက်ရှင်ကြရတဲ့
နေ့စဉ်နှင့်အမျှ ရှောင်လွှဲလို့ မရအောင်
မှီခိုအားထားနေရတာသည် အဟာရပဲ။ 

၂။ နှစ်ခုဆိုတာ ဘာလဲ -

ရာဟုလာ နှစ်ခုဆိုတာ ရုပ် နဲ့ နာမ် ဖြစ်တယ်။ 
လူတွေရဲ့သန္တာန်မှာ ရုပ်နဲ့နာမ် ဒီနှစ်ခုပဲရှိတယ်။ 

၃။ သုံးခုဆိုတာ ဘာလဲ -

ရာဟုလာ ... သုံးခုဆိုတာတခြားမဟုတ်ဘူး။ 
အာရုံနဲ့တွေ့တဲ့ အချိန်မှာ ခံစားချက် သုံးမျိုးရှိတယ်။ 

ကောင်းတာနဲ့တွေ့ရင် ကြိုက်တယ်ဝမ်းသာတယ်၊
မကောင်းတာနဲ့တွေ့ရင် မကြိုက်ဘူး စိတ်ညစ်တယ်၊ 
ကောင်းမကောင်းမဟုတ်ဘူးဆိုရင်
ပျော်တာလည်းမဟုတ်စိတ်ညစ်တာလည်းမဟုတ်ဆိုတာရှိတယ်။ 

ဒါကြောင့် ခံစားမှုဟာသုံးမျိုးရှိတယ်။ 
သုခဝဒနော၊ ဒုကျခဝဒနော၊ ဥပကျခောဝဒနော။ 

၄။ လေးခုဆိုတာ ဘာလဲ -
 
ရာဟုလာ လေးခုဆိုတာ သစ္စာလေးပါးပဲ။ 
အမှန်တရားလေးမျိုးရှိတယ် ရာဟုလာ။ 

ဒုက္ခရယ်၊ သမုဒယရယ်၊ နိရောဓရယ်၊ မဂ္ဂရယ်။ 

လောကမှာကြည့်လိုက်ရင်
တကယ့်အမှန်တရားဆိုတာ ဒီလေးမျိုးပဲရှိတယ်။ 

၅။ ငါးခုဆိုတာ ဘာလဲ -

ရာဟုလာ .. လူတွေမှာ တဏှတို့
ဒိဋ္ဌိအမြင်နဲ့ စွဲလမ်းတဲ့ ဥပါဒါနက္ခန္ဓာ ငါးမျိုးရှိပါတယ်။ 
ရုပ်၊ ဝေဒနာ၊ သညာ၊ သခါင်္ရ၊ ဝိဥာဏ် ဆိုတဲ့
ဒီခန္ဓာငါးပါးအပေါ်မှာ စွဲလန်းတဲ့ ၊
တဏှာအမြင် ဒိဋ္ဌိအမြင်တွေနဲ့
စွဲလန်းနေတဲ့ ဥပါဒါနက္ခခန္ဓာငါးပါးပဲ။ 

၆။ ခြောက်ခုဆိုတာ ဘာလဲ -

ရာဟုလာ ... ခြောက်ခုဆိုတာ ဘာလဲဆိုတော့
ပြင်ဘက်က အာရုံတွေနဲ့ ဆက်သွယ်ဖို့ရာအတွက်
ခြောက်ခုဆိုတာ ရှိတယ်။ အင်္ဂါရပ်ခြောက်ခုရှိတယ်။

အဲ့တာဘာလဲဆိုတော့
မျက်စိ၊ နား၊ နှခေါင်း၊ လျှာ ၊ ကိုယ်၊ စိတ် ဆိုတဲ့အင်္ဂါခြောက်ခု

ဒါတွေနဲ့ပဲ အာရုံခြောက်မျိုးကို
နေ့စဉ်ဆက်သွယ်နေကြတယ်။ 
အာရုံတွေရဲ့ အခြေခံ၊ စိတ်ပေါ်ရာ ဒီခြောက်ခုရှိတယ်။ 

၇။ ခုနှစ်ခုဆိုတာ ဘာလဲ -

ရာဟုလာ ... ခုနှစ်ခုဆိုတာ အသိဥာဏ်ဖြစ်ဖို့ရာ
အကြောင်းတရားခုနှစ်ခုရှိတယ်။ ဗောဇ္ဈ (၇) ပါးပေါ့။ 
ဗောဓိဆိုတာ အသိဥာဏ်၊ အင်္ဂါဆိုတာ ရရှိခြင်းရဲ့အကြောင်းတရား။ 

အသိဥာဏ်ဖြစ်ဖို့ရာအတွက် ဒီစွမ်းရည်သတ္တိတွေနဲ့ ကိုယ့်သန္တာန်မှာ
အသိဥာဏ်ဖြစ်ပေါ်အောင်လုပ်ရမယ်တဲ့။ 

ဒါတွေကိုလိုက်ကြည့်မယ်ဆိုလို့ ရှိရင်
အဆင့်ဆင့်ကမ္မဋ္ဌာန်းပွားလို့ရလာတဲ့ သဘောတွေကို
မြတ်စွာဘုရားကဟောနေခြင်းဖြစ်တယ်။ 
ကလေးလေးနဲ့ တန်ရုံ ဂဏန်းသဘောတွေကို
မြတ်စွာဘုရားက မှတ်ခိုင်းထားတာ။ 

၈။ ရှစ်ခုဆိုတာ ဘာလဲ -

ရာဟုလာ ... ရှစ်ခုဆိုတာ မဂ္ဂင်ရှစ်ပါးတဲ့။ 
မဂ္ဂဆိုတာ လမ်းကြောင်းပဲ။ 
ဘယ်သွားမယ့်လမ်းကြောင်းဆိုတော့
နိဗ္ဗာန်သွားမယ့်လမ်းကြောင်းဖြစ်တယ်။ 

အဲ့ဒိမဂ္ဂဆိုတာ ရှစ်ခုနဲ့ ဖွဲ့စည်းထားတဲ့အရာဖြစ်တယ်။ 
သမ်မာဝါစာ၊ သမ်မာကမ်မန်န၊ သမ်မာအာဇိဝ၊ 
သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ 
သမမှာဝါယမ၊ သမမှာသတိ၊ သမမှာသမာဓိ၊ 
လို့ ခေါ်တဲ့ မဂ္ဂရှစ်ပါး။ အဲ့ဒီမဂ္ဂရှစ်ပါး ဒီစွမ်းအားတွေ
မိမိတိုသန္တာန်မှာ ပြီဆိုရင် နိဗ္ဗာန်ထိအောင်
ပေါက်မြောက်ပြီးသွားနိုင်တယ်တဲ့။ 
အဲဒါ (၈) ဂဏန်းအနေနဲ့ မြတ်စွာဘုရားကသင်ပေးတာ။ 

၉။ ကိုးခုဆိုတာ ဘာလဲ -

ရာဟုလာ ... သုံးဆယ့် တစ်ဘုံသတ္တာဝါတွေကို
ခြုံငုံပြီးတော့ ကြည့်လိုက်မယ်ဆိုရင် သတ္တာဝါတွေဟာ
ကိုးမျိုးပဲ ရှိနိုင်တယ်။ သတ္တာဝါတွေနေတဲ့ဘုံဟာကိုးမျိုးပဲရှိနိင်တယ်တဲ့။ 
အဲဒါကို သတ္တာဝါသလို့ခေါ်တယ်။ သတ္တာဝါတွေရဲ့
နေထိုင်ရာဘုံလို့ ပြောတယ်။ ကိုးမျိုးဆိုတာ
သဘာဝအားဖြင့် ခွဲခြားပြီးတော့ပြောတယ်။ 

ဆိုပါစို့လူတွေဆိုတာ
မွေးလာတဲ့ စိတ်တွေလည်းကွဲပြားခြားနားကြတယ်၊
ရုပ်တွေလည်းကွဲပြားခြားနားကြတယ်။ လူတွေဟာ ရုပ်ခန္ဓာကြီးကလဲ
အမျိုးမျိုး၊ စိတ်တွေကလည်းအမျိုးမျိုး၊ 
တိရစ္ဆာန်လောကလည်းကြည့်အုန်း၊ ခွေးကတစ်မျိုး၊ ကြောင်ကတစ်မျိုး၊ 
ကြက်ကတစ်မျိုး၊ ကိုယ်ခန္ဓာတွေ ကွဲပြားခြားနားမှုတွေနဲ့
မတူညီကြဘူး။ အဲ့လိုမတူညီတဲ့
သတ္တာဝါတွေရှိတဲ့ ဘုံတွေကိုစုပြီ့တော့ တစ်ခုယူတယ်။ 

ကိုးခုဆိုတာ သတ္တာဝါတွေဖြစ်ရာ ဘုံကိုးမျိုးလို့ ပြောလိုက်တယ်။ 
သတ္တဝါတွေဖြစ်ရာ ဘုံကိုးမျိုးဆိုတာ ရုပ်ခန္ဓာတို့ ၊ ပဋိသန္ဓေစိတ်၊ 
အမှတ်သညာတို့ ကွဲပြား ခြားနားနဲ့ သတ္တဝါတွေတည်ရှိရာ
ဘုံကတစ်မျိုး။ အဲဒါကိုပဲ လှည့်ပတ်ကြည့်လိုက်တဲ့အခါ
ရုပ်ခန္ဓာကွဲပြားပေမယ့်လို့ ပဋိသန္ဓေစိတ် အမှတ်သညာချင်းတူတဲ့
သတ္တဝါတွေရဲ့ နေရာဌာနကတစ်မျိုး။ 

နောက်ပဋိသန္ဓေသညာတူပြီးတော့ ရုပ်ခန္ဓကွဲပြားတဲ့ သတ္တာဝါတွေရဲ့
ဘုံဌာနကတစ်မျိုး။ ပဋိသန္ဓေလည်းတူတယ်၊ 
ရုပ်ခန္ဓာလည်းတူတယ်ဆိုတဲ့ သတ္တဝါတွေရဲ့ ဘုံဌာနကတစ်မျိုး။ 
ပါဠိစာပေနဲ့ ပြောမယ်ဆိုရင် နာနတ္တကာယ၊ နာနတ္တသညီ ဒါက တစ်၊ 
နာနတ်တကာယ ဧကတ်တသညီ ဒါက နှစျ၊ ဧကတ်တသကာယ နာနတ်တသညီ
ဒါက သုံး၊ နံပါတ်လေးကျတော့ ဧကတ္တကာယ ဧကတ္တသညီလို့
ဒီလိုလေးမျိုးရတယ်။ နောက်တစ်ခါ အမှတ်သညာကင်းမဲ့တဲ့
သတ္တဝါဆိုတာ လောကမှာရှိသေးတယ်။ အဲဒါကို
အသညသတ်ဘုံလို့ ပြောတယ်။ အဲဒါက တစ်ဦး။ နောက်တစ်ခါ
နာမ်ချည်းဖြစ်တဲ့ အရူပဘုံဆိုတာ တစ်မျိုး။ 
အားလုံးပေါင်းလိုက်တဲ့ အခါ သတ္တဝါသဘုံးကိုးဝလို့ခေါ်တယ်။ 

သုံးဆယ့် တစ်ဘုံဆိုတာ ငြီးငွေ့စရာချည်းပဲ မငြီးငွေ့လို့
သုံးဆယ့် တစ်ဘုံထဲမှာ ကျင်လည်နေမယ်ဆိုရင်
ဒုက္ခတွေရောက်မှာပဲလို့ ငြီးငွေ့စေခြင်းငှာ ၉ ဂဏန်းကိုထုပ်တယ်။ 

၁၀။ ဆယ်ဆိုတာ ဘာလဲ -

ရာဟုလာ ... ဒီလိုငြီးငွေပြီး တရားအားထုတ်
တရားကျင့်ကြံလိုက်ရင် ရဟန္တာဖြစ်သွားမယ်။ 
အဲဒီရဟန္တာဖြစ်သွားမယ်ဆိုလို့ ရှိရင် ရဟန္တာမှာရှိနိုင်တဲ့
အရည်အချင်းဟာ ဆယ်မျိုးရှိတယ်တဲ့။ 
အဲဒီဆယ်မျိုးကိုရည်ညွှန်းပြီတော့ 
မြတ်စွာဘုရားက ၁၀ ဂဏန်းကိုသင်ပေးတယ်။ 

ဆယ်ခုဆိုတာ ဘာလဲဆိုတော့ ရဟန္တာပုဂ္ဂိုလ်တွေဟာ
အင်္ဂါ ၁၀ ပါးနဲ့ပြည့်စုံတယ်။ တရားဓမ္မကို 
မှန်မှန်ကန်ကန်နဲ့ကျင့်သုံးဆောက်တည်သွားတဲ့ ရဟန္တာပုဂ္ဂိုလ်တွေမှာ
အင်္ဂါရပ်ဆယ်မျိုးရှိတယ်တဲ့။ ဘာတွေလဲဆိုတော့ မဂ္ဂင်ရှစ်ပါး ရယ်
နောက်နှစ်ခုက သမ္မဥာဏနဲ့ သမ္မာဝိမုတ္တိ။ 

( ပါမောက္ခချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ
ဟောကြားတော်မူသော
ရှင်ရာဟုလာ၏ဘဝ နှင့် မြတ်ဗုဒ္ဓ၏အဆုံးအမတရားတော်

သာဓု သာဓု သာဓုပါအရှင်ဘုရား 🙏🙏🙏
ဓမ္မဒါနမျှဝေပါသည်။

credit.. 

Sunday, February 5, 2023

သည်းခံခြင်း၏ အကျိုးများ

သည်းခံခြင်း၏ အကျိုးများ
🌷🌷🌷☘☘☘🌷🌷🌷

၁။ သည်းခံတတ်သူတို့ကို သူတစ်ပါးတို့က
    ချစ်ခင်မြတ်နိုး နေတတ်ကြပေသည်။
၂။ သည်းခံတတ်သူတို့၌ ရန်သူ ရန်ဘက်များ
    မရှိဘဲ ကင်းရှင်းနေတတ်ကြပေသည်။
၃။ သည်းခံတတ်သူတို့၌ အပြစ် ပြဿနာများ
    မရှိဘဲ ကင်းကွာနေတတ်ကြပေသည်။
၄။ သည်းခံတတ်သူတို့သည် သေခါနီးမှာ 
     မတွေဝေဘဲ ကောင်းစွာ သေကြရပေသည်။

၅။ သည်းခံတတ်သူတို့သည် သေပြီးသည့်
     နောက်ကာလ၌ နတ်ပြည်သို့ 
     ရောက်ကြရပေသည်။

#မြတ်ဗုဒ္ဓ
🙏🙏🙏

Credit..
🍃🍃🍃
မေတ္တာဖြင့် 
ရွှင်လန်း ချမ်းမြေ့ကြပါစေ ..

Thursday, February 2, 2023

မကောင်းမှုမလုပ်မိအောင် ကြိုးစားသင့်ကြောင်း

မကောင်းတဲ့အလုပ် လုပ်ချင်တဲ့ ပုဂ္ဂိုလ် အတွက် ဆိတ်ကွယ်ရာဆိုတာ မရှိဘူးတဲ့။

များသောအားဖြင့် လူတွေဟာ ကောင်းတဲ့ အကျင့်တွေကြ လူ့ရှေ့သူ့ရှေ့မှာ ပြသကြတယ်။

မဟုတ်တဲ့အလုပ်၊ မကောင်းတဲ့အလုပ်ဆို ကွယ်ရာမှာ ပုန်းလျှိုး ကွယ်ဝှက် လုပ်လေ့ရှိကြတယ်...

သာမာန် ပုဂ္ဂိုလ်တွေဟာ မကောင်းမှု၊အကုသိုလ် လုပ်တာ ဆိတ်ကွယ်ရာ ရှိတယ်လို့ထင်ပေမယ့်....

ပညာရှိသူတော်ကောင်းတွေကတော့ မကောင်းတဲ့ အလုပ်ကို လုပ်ဖို့ ဆိတ်ကွယ်ရာမရှိပါဘူး..

မကောင်းတာ လုပ်ရင် လူတွေတင် မြင်နိုင်တာမဟုတ်ဘူး..

ကိုယ်လုပ်တာကို မြင်နိုင်တဲ့ နတ်တွေရှိတယ်။မမြင်ရပေမဲ့ ကိုယ့်ကို မြင်နေတယ်။

နောက်ဆုံး ဘယ်သူမှ မရှိရင်တောင် ကိုယ်မဟုတ်တာ လုပ်နေတာကို သိနေတဲ့ သူရှိတယ်....
ကိုယ် ကိုယ်တိုင်ပဲ...

သူများမသိဘူး..ရှိကောင်းရှိမယ်။ ကိုယ်သိနေခြင်းသည် ဆိတ်ကွယ်ရာ မဟုတ်ဘူး။

ကိုယ်ကျင့်တရားကို ကောင်းစွာကျင့်သုံးနေထိုင်ရမယ်။

မြတ်စွာဘုရား မှာ အရဟံ ဂုဏ်တော်ရှိတယ်။

ဆိတ်ကွယ်ရာ မှာတောင် မကောင်းမှု အကုသိုလ် လုံးဝ မလုပ်ဘူး။

ဘုရား၊ရဟန္တာတွေ မကောင်းမှု အကုသိုလ် ကို လုံးဝ မလုပ်ကြဘူး။

မိမိ ကိုယ်ကို ကိုယ်ကျင့်တရား ခိုင်မာဖို့ အတွက် ကြိုးစားသုံးသပ်ရမယ်။

ကိုယ့်ကိုယ် ပြင်မှ... 
သူတော်ကောင်းဖြစ်သွားပြီဆိုရင် ဆိတ်ကွယ်ရာ အရပ်မှာတောင် မကောင်းမူ ကို မလုပ်တော့ ဘူး...

ပုထုဇဥ် တို့အနေနဲ့ ဒီ အဆင့်ရအောင် ကြိုးစားရမယ်။

အကုသိုလ် ကင်းရှင်းအောင်နေပြီး သူတော်ကောင်းအဖြစ်ကို ရယူနိုင်တယ်။

သီလကို ကြိုးစား ဆောက်တည်ကြရမယ်။

ကိုယ်ရဲ့ ကိုယ်ကျင့်တရား ကို ငွေကြေး၊ ရာထူး၊ ကျော်စေမှု တွေနဲ့ မလဲဘူး။

ဘာနဲ့မှ မလဲဘူး။ 

အဲ့လို ခိုင်မာတဲ့ ပုဂ္ဂိုလ်မျိုးဟာ ဓမ္မကိုသာ ရင်ထဲမှာ ခိုင်မှာအောင် ထိန်းသိမ်းစောင့်ရှောက်တယ်တဲ့..

မကောင်းမှုအကုသိုလ်ကို ဆိတ်ကွယ်ရာ မှာတောင် မလုပ်မိအောင် ကြိုးစား ကျင့်ကြံရမယ်။

ရထားတဲ့ ဘဝဟာ ဒုက္ခ ၊ ဘဝကို ဖြစ်စေတာ သမုဒယ၊ 
အဲ့ဒီ ဒုက္ခ အဆုံးသတ်တာ ချုပ်​ငြိမ်းတာ နိဗ္ဗာန်ပဲ...

အဲ့ဒီ ၂ခုလုံး မဖြစ်အောင် မဂ္ဂါင် ၈ပါးကို ကျင့်သုံးရမယ်။

မြတ်စွာဘုရား က ကာမဝိတက်တွေ နဲ့ မကောင်းတဲ့ အတွေးတွေ မတွေးနဲ့တဲ့..

ကိုယ်ကျင့်တရားကို အလေးထား စောင့်ထိန်းကြရမှာဖြစ်တယ်။

မိမိတို့တတွေ ပုထုဇဥ် မို့ ရံဖန်ရံခါ လူ့ရှေ့သူ့ရှေ့မှာ ကောင်းကြသလို...

ကွယ်ရာမှာ ဣသာ၊ မစ္ဆရိယ ဆိုတဲ့ အကုသိုလ် တရားတွေ ဝင်နှောက်တတ်တယ်။

စိတ်ဆိုးခြင်း ဒေါသ၊ မခံချင်တဲ့ ဒေါသ ဝင်မိရင် ကွယ်ရာမှာ ဝစီကံ၊ မနောကံတွေနဲ့ ပြစ်မှားမိတတ်ကြတယ်

သူတော်ကောင်းတွေ ကြတော့ ကြံ့ခိုင်သော စိတ်ဓာတ်ပိုင်ရှင်တွေ ဖြစ်လို့ ဆိတ်ကွယ်ရာ ဆိုတာ မရှိပါဘူး..

တရားချစ်ခင်သူတော်စင်တို့ သည် 
မိမိတို့ ကိုယ်ကျင့်တရား ကို ဘယ်အရာနဲ့မှ မလဲမိအောင် ကြိုးစားနေထိုင်ကြရမှာဖြစ်တယ်လို့...

ကိုယ်စီကိုယ်စီ သိရှိနာယူရ၍ လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း...

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

Credit to original

Wednesday, February 1, 2023

ဖြောင့်မတ်တဲ့မေတ္တာ

ဖြောင့်မတ်တဲ့မေတ္တာ
__________________

ရေမှာ မျက်နှာလိုက်တယ်ဆိုတာ မရှိဘူး။
လူကောင်းကိုပဲ ဖြစ်ဖြစ်၊ လူဆိုးကိုပဲဖြစ်ဖြစ် 
တူညီစွာပဲ အေးစေတယ်။
ဒါ ရေရဲ့သဘာဝပေါ့နော်။
တူညီစွာပဲ အညစ်အကြေးကို
သန့်ရှင်းစေတယ်၊စင်ကြယ်စေတယ်။

ကိုယ့်ကိုယ်ကို ကောင်းစေချင်တဲ့လူ၊ 
ကိုယ့်ကိုယ်ကို မကောင်းစေချင်တဲ့လူ 
လောကကြီးမှာ လူကတော့ အမျိုးမျိုးရှိနိုင်တယ်။
ကိုယ့်အပေါ်မှာ ကောင်းစေချင်တဲ့လူတွေရှိသလို 
မကောင်းစေချင်တဲ့လူတွေ ရှိတာပဲ။
ဒါက ဘယ်လိုမှ တားလို့ရတဲ့ကိစ္စ မဟုတ်ဘူး။
ဒါကလည်းပဲ ကိုယ်ချင်းစာကြည့်ပေါ့လေ။
ကိုယ်လည်းပဲ သူတို့ အကျိုးစီးပွါးကို
လိုလားတဲ့ပုဂ္ဂိုလ်တွေ ရှိသလို
သူတို့ရဲ့ အကျိုးစီးပွါးကို ကိုယ်လည်း
မလိုလားဘူးဆိုတာလည်း ရှိတာပဲ။
လူတိုင်းအပေါ်မှာ ကိုယ်လည်းပဲ
အကျိုးစီးပွါး လိုလားပြီးတော့
နေတာတော့ မဟုတ်ဘူး။
ကိုယ်လည်းပဲ သူတို့ရဲ့အကျိုးစီးပွါးကို
မလိုလားဘူးဆိုတာ ရံဖန်ရံခါ ရှိတတ်တာပဲ။

ဒါကြောင့်---
တစ်ယောက်ကို တစ်ယောက်
အကျိုးစီးပွါး လိုလားတယ်၊ အကျိုးစီးပွါး 
မလိုလားဘူးဆိုတာတွေကတော့ ရှိနေကြမှာပါပဲ။

ဒါကို ကိုယ်က ကျယ်ကျယ်ပြန့်ပြန့်
နားလည်ပြီးတော့ ကိုယ့်အပေါ်
ကောင်းတဲ့စိတ်တွေ ထားထား,
မကောင်းတဲ့စိတ်တွေ ထားထား။
ဒါ သူတို့ရဲ့ အပိုင်းကဏ္ဍ။
ဒါ သူတို့ရဲ့ အနေအထား။

ကိုယ်က မေတ္တာထားရမှာက
ဘာတုန်းဆိုတော့ ကိုယ့်ရဲ့အပိုင်း။
ဒါကို နားလည်ထားဖို့ လိုတာပေါ့။

ရေရဲ့သဘာဝနှင့် မေတ္တာရဲ့သဘာဝကိုထပ်တူထပ်မျှ ထားပြီးတော့ ဥပမာပေးတာ။
တူညီစွာပဲ အေးချမ်းသလို
တူညီစွာပဲ သန့်ရှင်းစင်ကြယ်စေသလို ကိုယ့်ရဲ့မေတ္တာတရားကိုလည်းပဲ ရန်သူပေါ်မှာပဲဖြစ်ဖြစ်၊
မိတ်ဆွေပေါ်မှာဖြစ်ဖြစ်၊
မုန်းတီးတဲ့ လူတွေရဲ့အပေါ်မှာပဲဖြစ်ဖြစ်၊ချစ်ခင်နှစ်သက်တဲ့လူတွေရဲ့ အပေါ်မှာပဲဖြစ်ဖြစ် တူညီစွာထားနိုင်ဖို့ ကြိုးစားကြရမယ်။

အရှင်ဥတ္တမ (သစ္စာရွှေစည်)

မေတ္တာပါရမီတရားတော်မှ ကူးယူ ပူဇော်သည်။