စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, February 21, 2023

စေတနာသုံးတန်နှင့်ကံအကျိုးပေး

.  စေတနာသုံးတန်နှင့်ကံအကျိုးပေး
•┈❀★❀┈••┈❀★❀┈•

     ပုဗ္ဗ၊ မုဉ္စ၊ အပရစေတနာ နှင်. ဒွိဟိတ်၊ တိဟိတ်ကုသိုလ်စိတ်

ပုဗ္ဗစေတနာ
 ❖❖❖❖❖❖
အလှူတစ်မျိုးကို လှူဒါန်းရာ၌ ပုဗ္ဗစေတနာ၊ မုဉ္စစေတနာ၊ အပရစေတနာ ဟု ၃ မျိုးရနိုင်၏။ ထိုတွင် အလှူပေးမည်ဟု ကြံစည်ကာ ထိုအလှူနှင်.ဆိုင်သော ပစ္စည်းများကို ရှာဖွေစုဆောင်းနေသောအခါမှစ၍ မလှူမီ ရှေ.အဖို.၌ ဖြစ်သမျှ ကုသိုလ်စေတနာတွေသည် ပုဗ္ဗစေတနာ မည်၏။ ထိုသို. ပုဗ္ဗစေတနာ နယ်အတွင်း၌ ဤအလှူဒါနကို အကြောင်းပြု၍ အလှူ.ဒကာ အလှူ.အမ စသည်ဖြင်. ထင်ရှားကျော်ကြားစေလိုသောစိတ်၊ ကျော်စောလိုသောစိတ်၊ မိမိလှူနိုင်ကြောင်း ကြွားလိုသောစိတ်များ မဖြစ်စေရ။ လှူဖို.ရာ ပစ္စည်းစုခိုက် အိမ်သားအချင်းချင်း အလှူနှင်.စပ်၍ မကျေမနပ် ဒေါသ မာန စသော အကုသိုလ်များ၊ အလှူကို လှူမည်ဟု ကြံခဲ.ပြီးမှ တစ်စုံတစ်ခုအတွက် စိတ်ပျက်ပြီး တွန်.ဆုတ်သော မလှူလိုသော စိတ်များ မဖြစ်စေရ။ ထိုသို. မဖြစ်စေဘဲ ပျော်ရွှင်၀မ်းမြောက်စွာ အရာရာကျေနပ်လျက် လှူဖွယ် အရပ်ရပ်တို.ကို စီမံနိုင်လျှင် ပုဗ္ဗစေတနာတွေ အလွန်စင်ကြယ်စွာဖြစ်နေပြီ ဟု မှတ်ပါ။

မုဉ္စစေတနာ
 ❖❖❖❖❖❖
မုဉ္စ - သဒ္ဓါသည် စွန်.လွှတ်ခြင်း ဟူသော အနက်ကို ဟော၏။ ထို.ကြောင်. စွန်.လွှတ် လှူဒါန်းနေတုန်းအခိုက်၌ ဖြစ်သော စေတနာသည် (ဆွမ်းလှူရာ၌ ဆွမ်းကို အလှူခံပုဂ္ဂိုလ်အား ကပ်လှူနေတုန်းမှာ ဖြစ်သော စေတနာနှင်. ကိုယ်ထိလက်ရောက် မကပ်ဘဲ နှုတ်ဖြင်. လျှောက်ထား၍ လှူရာ၌ လှူပါ၏ ဟု ဆိုခိုက်မှာ ဖြစ်သော စေတနာသည်) မုဉ္စစေတနာ မည်၏။ ဤမုဉ္စစေတနာ အခိုက်လည်း ပြခဲ.သော အကုသိုလ် စိတ်များ မဖြစ်စေဘဲ၊ အလှူခံမည်. ပုဂ္ဂိုလ်ကိုလည်း ကပ်ငြိတွယ်တာသော တဏှာလောဘစိတ် မဖြစ်စေဘဲ ယခု လှူဒါန်းလိုက်သည်.အတွက်ကြောင်. ငါ၏ ကိစ္စကို ကူညီဆောင်ရွက်လိမ်.မည်ဟု တစ်စုံတစ်ခုသော လောကီအကျိုးကို မမျှော်လင်.ဘဲ ရက်ရက်ရောရော လှူဒါန်းနိုင်ပါလျှင် မုဉ္စစေတနာတွေ စင်ကြယ်စွာ ဖြစ်ပြီဟု မှတ်ပါ။

အပရစေတနာ
 ❖❖❖❖❖❖❖❖
အလှူအထမြောက်ပြီးနောက် ထိုကုသိုလ်နှင်. စပ်၍ ဖြစ်သမျှ စေတနာကို အပရစေတနာ ဟုခေါ်၏။ ထို.ကြာင်. ဒါနပြုပြီးနောက် ထိုဒါနကို သတိရတိုင်း အလှူအထမြောက်ပေပြီ၊ ၀မ်းမြောက်ဖွယ် ကောင်းပေသည်။ နောက်ထပ် လှူချင်သေးသည် ဟု ၀မ်းမြောက်၀မ်းသာဖြစ်နေလျှင် အပရ စေတနာနယ်၌လည်း ကုသိုလ်စေတနာတွေ ထပ်မံတိုးပွားပြန်၏။ အလှူပေးပြီးနာက် ပစ္စည်း ပျက်ပြား၍ဖြစ်စေ၊ ကျောင်းဆောက်ကိုးကွယ်ပြီးနောက် ကျောင်းထိုင်ဘုန်းကြီးအပေါ်၌ မကျေနပ်၍ဖြစ်စေ ငါလှူမိတာ မှားလေစွ ဟု အပရစေတနာပျက်လျှင် အလှူနှင်.စပ်၍ မကျေနပ်ဖြင်းဟူသော ဒေါသအကုသိုလ်ပင် ဖြစ်ပါသေးသည်။

#သတိထားဖွယ်

ဒါနပြုရာ၌ ကျောင်းဆောက်မှု၊ ဘုရားတည်မှု၊ အလှူကြီးပေးမှု စသည်တို.ဖြင်. ကြီးကျယ်သော ဒါနလည်းရှိ၏။ ဆွမ်း၊သင်္ကန်း၊ ဆေး အစရှိသည်တို.ဖြင်.လည်းကောင်း၊ မရှိဆင်းရဲသားတို.အား စွန်.ကြဲပေးကမ်းမှု စသည်တို.ဖြင်.လည်းကောင်း အနည်းအပါး ဒါနလည်းရှိ၏။ ထိုတွင် ကြီးကျယ်သော ဒါနတို.၌ အလှူခံပုဂ္ဂိုလ်အတွက်ဖြစ်စေ၊ သူတစ်ပါးတို.လာရောက် နှောင်.ယှေက်သောကြောင်. ဖြစ်စေ စေတနာပျက်ဖွယ်တွေ (စိတ်ထားမတတ်သူ၊ ဥာဏ်မရှိသူမှာ) များလှ၏။ ထို.ကြောင်. ထိုသို. ဒါနအကြီးအကျယ် လှူရာ၌ မိမိကိုယ်တိုင် စွမ်းနိုင်သမျှ စဉ်းစားရုံသာမကဘဲ မိတ်ဆွေကောင်း ဆရာကောင်းတို.နှင်. တိုင်ပင်ကာ ပုဂ္ဂိုလ်ကောင်းများကို ရွေးချယ်၍ ပြုလုပ်ထိုက်ကြပေသည်။ အနည်းငယ်ပြုကြသော ဒါနတို.ကား ခွေး၊ တိရစ္ဆာန်များကို ကျွေးမွေးရခြင်းသည်ပင် အကျိုးများလှပြီ ဖြစ်သောကြောင်. အလှူခံပုဂ္ဂိုလ်ကို မရွေးချယ်သော်လည်း အရေးမကြီးလှ၊ အချို.သံဃိက ဒါနမြောက်အောင် စိတ်ထား၍ အချို.အရာ၀ယ် လှူဖွယ်၀တ္ထုများ၌ မတွယ်တာဘဲ မုတ္တစာဂီဖြစ်အောင် စွန်.လွှတ်ပေးကမ်း လှူဒါန်းကြရမည်။ (မုတ္တ=မတွယ်တာဘဲ လွတ်လွတ်ကျွတ်ကျွတ် ၊ စာဂီ= စွန်.ကြဲပေးကမ်းလေ.ရှိသူ)။ အလှူခံပုဂ္ဂိုလ်၌လည်း မတွယ်တာ၊ လှူဖွယ်ပစ္စည်း၌လည်း မတွယ်တာ၊ နောက်ဘ၀၌ လူနတ်စည်းစိမ်ကိုလည်း မတွယ်တာ မတောင်.တဘဲ နိဗ္ဗာန်ကို ရည်မှန်းလျက် လွတ်လွတ်ကျွတ်ကျွတ် လှူဒါန်းသူ ဟုဆိုလိုသည်။

ဒွိဟိတ်ကုသိုလ်စိတ်
 ❖❖❖❖❖❖❖❖

အလောဘ၊ အဒေါသ ဟိတ် ၂ပါးနှင်. ယှဉ်သော ကုသိုလ်စိတ်သည် ဒွိဟိတ်ကုသိုလ်စိတ်မည်။ သုစရိုက်ဆယ်ပါးတို.တွင် သမ္မာဒိဋ္ဌိသည် ကံ ကံ၏ အကျိုးဧကန်ရှိ၏ ဟု ယုံကြည်သာ ဥာဏ်ပညာတည်း။ ထိုဥာဏ်ကိုပင် ကမ္မသကတာဥာဏ် ဟုခေါ်၏။ ကလေးဖြစ်စေ၊ ကံ ကံ၏ အကျိုးကို နားမလည်သော အရိုင်းအစိုင်းဖြစ်စေ ပစ္စည်း၀တ္ထု တစ်စုံတစ်ခုကို ပေးကမ်းရာ၌ ၀မ်းမြောက်၀မ်းသာကုသိုလ်စိတ်ကား ဖြစ်တတ်ပါ၏။ သို.သော် ယခုပြုသော ကုသိုလ်ကံသည် မိမိသန္တာန်မှာ အဖတ်တင်ရစ်၏။ ထိုကံကြောင်. နောက်နောင်အခါ အကျိုးခံစားရမည် ဟု သိသော သမ္မာဒိဋ္ဌိ(ကမ္မသကတာဥာဏ်) အမောဟမပါ။

 အလောဘ၊ အဒေါသဟိတ် ၂ပါးသာပါ၏။ ထို.ကြောင်. ထိုကုသိုလ်စိတ်မျိုးကို ဒွိဟိတ်ကုသိုလ်စိတ်ဟု ခေါ်ကြရသည်။ ယခုကာလ ဗုဒ္ဓဘာသာ၀င်အချို.လည်း ကံ ကံ၏ အကျိုးကို နားမလည်ကြဘဲ သူများယောင်လို. ရောယောင်ကာ သူများလှူလို. လှူကြရသူတွေ များစွာရှိသည်။ ထိုသူများ၏ ကုသိုလ်စိတ်လည်း ဒွိဟိတ်ကုသိုလ်ပင်တည်း။ ပင်ကိုဥာဏ်ရှိသူ (တတ်သိနားလည်သူ) ဖြစ်သော်လည်း အမှတ်တမဲ. ပေးကမ်းရာ၌ ဒွိဟိတ်ကုသိုလ်စိတ်ပင် ဖြစ်ပေလိမ်.မည်။ အချုပ်မှာ ကုသိုလ်ပြုနေတုန်း၌ ဥာဏ်မပါလျှင် ဒွိဟိတ်ကုသိုလ်ချည်းမှတ်ပါ။

တိဟိတ် ကုသိုလ်စိတ်
 ❖❖❖❖❖❖❖❖
အလောဘ၊ အဒေါသ၊ အမောဟ ဟိတ် ၃ ပါးနှင်.ယှဉ်သောကုသိုလ်စိတ်သည် တိဟတ်ကုသိုလ်စိတ်မည်၏။ ကုသိုလ်ပြုနေတုန်းအခါ ကံကိုလည်းကောင်း၊ ကံ၏အကျိုးကိုလည်းကောင်း နားလည်သော ကမ္မသကတဥာဏ်ပါလျှင် တိဟိတ်ကုသိုလ်စိတ်ဖြစ်သည်။ ယခုကာလ၀ယ် အတော်အတန်ဥာဏ်ရှိသော အမျိုးသား အမျိုးသမီးတို.သည် ဘုရားကိစ္စ၊ တရားကိစ္စ၊ သံဃာကိစ္စ၊ မိဘကိစ္စ၊ လူကြီးသူမတို. ကိစ္စကို စိတ်စေတနာ ဖြူစင်စွာဖြင်. ပြုကြသည်။ ထိုကုသိုလ်စိတ်များ၌ သံသရာ အကျိုးကို နားလည်သော ဥာဏ်ပါရှိရကား တိဟိတ် ကုသိုလ်မျိုးဖြစ်ကြသည်။ 

တစ်စုံတစ်ခု ပစ္စည်းကို ပေးလှူသောအခါ ထိုပစ္စည်းသည် ရုပ်ကလာပ်အစုသာဖြစ်၏၊ ထိုရုပ်ကလာပ်ကား အနိစ္စ၊ ဒုက္ခ၊ အနတ္တပါတကား ဟု ဝိပဿနာတင်၍ လှူတတ်သူအတွက် ဥာဏ်ဓါတ်ပါရှိကြောင်း တိဟိတ် ကုသိုလ်စိတ်ဖြစ်ကြောင်းမှာ အထူးပြောဖွယ် မလိုတော.ပါ။ အလွန်ကောင်းသော တိဟိတ် ကုသိုလ်တည်း။ ထို.ကြောင်. ယခုအခါ ဆရာမိဘတို.က အလှူပေးခါနီး၊ ရေစက်ချခါနီး၌ ကံနှင်. ကံ၏အကျိုးကိုလည်းကောင်း၊ အနိစ္စ၊ ဒုက္ခ၊ အနတ္တအကြောင်းကိုလည်းကာင်း နားလည်အောင် ပြောသင်.ကြပါသည်။

အရှင်ဇနကာဘိဝံသ 
( မဟာဂန္ဓာရုံဆရာတော်ကြီး)
(ကိုယ်ကျင်.အဘိဓမ္မာမှ)

𝑪𝒓𝒆𝑑𝒊𝒕 𝒕𝒐 𝑶𝒓𝒊𝒈𝒊𝒏𝒂𝒍 𝑾𝒓𝒊𝒕𝒆𝒓.

No comments:

Post a Comment