စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, February 9, 2023

ရာဟုလာကို မြတ်ဗုဒ္ဓဆုံးမခြင်း

" ရာဟုလာကို မြတ်ဗုဒ္ဓဆုံးမခြင်း "
🍀🍀🍀🌺🌾🌺🍀🍀🍀
၁။ တစ်ခုဆိုတာ ဘာလဲ
၂။ နှစ်ခုဆိုတာ ဘာလဲ
၃။ သုံးခုဆိုတာ ဘာလဲ
၄။ လေးခုဆိုတာ ဘာလဲ
၅။ ငါးခုဆိုတာ ဘာလဲ
၆။ ခြောက်ခုဆိုတာ ဘာလဲ
၇။ ခုနှစ်ခုဆိုတာ ဘာလဲ
၈။ ရှစ်ခုဆိုတာ ဘာလဲ
၉။ ကိုးခုဆိုတာ ဘာလဲ
၁၀။ ဆယ်ခုဆို ဘာလဲ

၁။ ရာဟုလာ တစ်ခုဆိုတာ ဘာလဲ -

ရာဟုလာ ... လူတိုင်းလူတိုင်းဟာ နေ့စဉ်နဲ့အမျှ
ရှောင်လို့မရတဲ့ တစ်ခုဟာ အစာအဟာရပဲ။ 
သတ္တဝါတွေအားလုံးဟာ အစာကြောင့် အသက်ရှင်ရတယ်။ 
အစာစားလို့ အသက်ရှင်ကြတယ်။ 
သတ္တဝါအားလုံးဟာ တညီတည်း အမှီပြုပြီး အသက်ရှင်ကြရတဲ့
နေ့စဉ်နှင့်အမျှ ရှောင်လွှဲလို့ မရအောင်
မှီခိုအားထားနေရတာသည် အဟာရပဲ။ 

၂။ နှစ်ခုဆိုတာ ဘာလဲ -

ရာဟုလာ နှစ်ခုဆိုတာ ရုပ် နဲ့ နာမ် ဖြစ်တယ်။ 
လူတွေရဲ့သန္တာန်မှာ ရုပ်နဲ့နာမ် ဒီနှစ်ခုပဲရှိတယ်။ 

၃။ သုံးခုဆိုတာ ဘာလဲ -

ရာဟုလာ ... သုံးခုဆိုတာတခြားမဟုတ်ဘူး။ 
အာရုံနဲ့တွေ့တဲ့ အချိန်မှာ ခံစားချက် သုံးမျိုးရှိတယ်။ 

ကောင်းတာနဲ့တွေ့ရင် ကြိုက်တယ်ဝမ်းသာတယ်၊
မကောင်းတာနဲ့တွေ့ရင် မကြိုက်ဘူး စိတ်ညစ်တယ်၊ 
ကောင်းမကောင်းမဟုတ်ဘူးဆိုရင်
ပျော်တာလည်းမဟုတ်စိတ်ညစ်တာလည်းမဟုတ်ဆိုတာရှိတယ်။ 

ဒါကြောင့် ခံစားမှုဟာသုံးမျိုးရှိတယ်။ 
သုခဝဒနော၊ ဒုကျခဝဒနော၊ ဥပကျခောဝဒနော။ 

၄။ လေးခုဆိုတာ ဘာလဲ -
 
ရာဟုလာ လေးခုဆိုတာ သစ္စာလေးပါးပဲ။ 
အမှန်တရားလေးမျိုးရှိတယ် ရာဟုလာ။ 

ဒုက္ခရယ်၊ သမုဒယရယ်၊ နိရောဓရယ်၊ မဂ္ဂရယ်။ 

လောကမှာကြည့်လိုက်ရင်
တကယ့်အမှန်တရားဆိုတာ ဒီလေးမျိုးပဲရှိတယ်။ 

၅။ ငါးခုဆိုတာ ဘာလဲ -

ရာဟုလာ .. လူတွေမှာ တဏှတို့
ဒိဋ္ဌိအမြင်နဲ့ စွဲလမ်းတဲ့ ဥပါဒါနက္ခန္ဓာ ငါးမျိုးရှိပါတယ်။ 
ရုပ်၊ ဝေဒနာ၊ သညာ၊ သခါင်္ရ၊ ဝိဥာဏ် ဆိုတဲ့
ဒီခန္ဓာငါးပါးအပေါ်မှာ စွဲလန်းတဲ့ ၊
တဏှာအမြင် ဒိဋ္ဌိအမြင်တွေနဲ့
စွဲလန်းနေတဲ့ ဥပါဒါနက္ခခန္ဓာငါးပါးပဲ။ 

၆။ ခြောက်ခုဆိုတာ ဘာလဲ -

ရာဟုလာ ... ခြောက်ခုဆိုတာ ဘာလဲဆိုတော့
ပြင်ဘက်က အာရုံတွေနဲ့ ဆက်သွယ်ဖို့ရာအတွက်
ခြောက်ခုဆိုတာ ရှိတယ်။ အင်္ဂါရပ်ခြောက်ခုရှိတယ်။

အဲ့တာဘာလဲဆိုတော့
မျက်စိ၊ နား၊ နှခေါင်း၊ လျှာ ၊ ကိုယ်၊ စိတ် ဆိုတဲ့အင်္ဂါခြောက်ခု

ဒါတွေနဲ့ပဲ အာရုံခြောက်မျိုးကို
နေ့စဉ်ဆက်သွယ်နေကြတယ်။ 
အာရုံတွေရဲ့ အခြေခံ၊ စိတ်ပေါ်ရာ ဒီခြောက်ခုရှိတယ်။ 

၇။ ခုနှစ်ခုဆိုတာ ဘာလဲ -

ရာဟုလာ ... ခုနှစ်ခုဆိုတာ အသိဥာဏ်ဖြစ်ဖို့ရာ
အကြောင်းတရားခုနှစ်ခုရှိတယ်။ ဗောဇ္ဈ (၇) ပါးပေါ့။ 
ဗောဓိဆိုတာ အသိဥာဏ်၊ အင်္ဂါဆိုတာ ရရှိခြင်းရဲ့အကြောင်းတရား။ 

အသိဥာဏ်ဖြစ်ဖို့ရာအတွက် ဒီစွမ်းရည်သတ္တိတွေနဲ့ ကိုယ့်သန္တာန်မှာ
အသိဥာဏ်ဖြစ်ပေါ်အောင်လုပ်ရမယ်တဲ့။ 

ဒါတွေကိုလိုက်ကြည့်မယ်ဆိုလို့ ရှိရင်
အဆင့်ဆင့်ကမ္မဋ္ဌာန်းပွားလို့ရလာတဲ့ သဘောတွေကို
မြတ်စွာဘုရားကဟောနေခြင်းဖြစ်တယ်။ 
ကလေးလေးနဲ့ တန်ရုံ ဂဏန်းသဘောတွေကို
မြတ်စွာဘုရားက မှတ်ခိုင်းထားတာ။ 

၈။ ရှစ်ခုဆိုတာ ဘာလဲ -

ရာဟုလာ ... ရှစ်ခုဆိုတာ မဂ္ဂင်ရှစ်ပါးတဲ့။ 
မဂ္ဂဆိုတာ လမ်းကြောင်းပဲ။ 
ဘယ်သွားမယ့်လမ်းကြောင်းဆိုတော့
နိဗ္ဗာန်သွားမယ့်လမ်းကြောင်းဖြစ်တယ်။ 

အဲ့ဒိမဂ္ဂဆိုတာ ရှစ်ခုနဲ့ ဖွဲ့စည်းထားတဲ့အရာဖြစ်တယ်။ 
သမ်မာဝါစာ၊ သမ်မာကမ်မန်န၊ သမ်မာအာဇိဝ၊ 
သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ 
သမမှာဝါယမ၊ သမမှာသတိ၊ သမမှာသမာဓိ၊ 
လို့ ခေါ်တဲ့ မဂ္ဂရှစ်ပါး။ အဲ့ဒီမဂ္ဂရှစ်ပါး ဒီစွမ်းအားတွေ
မိမိတိုသန္တာန်မှာ ပြီဆိုရင် နိဗ္ဗာန်ထိအောင်
ပေါက်မြောက်ပြီးသွားနိုင်တယ်တဲ့။ 
အဲဒါ (၈) ဂဏန်းအနေနဲ့ မြတ်စွာဘုရားကသင်ပေးတာ။ 

၉။ ကိုးခုဆိုတာ ဘာလဲ -

ရာဟုလာ ... သုံးဆယ့် တစ်ဘုံသတ္တာဝါတွေကို
ခြုံငုံပြီးတော့ ကြည့်လိုက်မယ်ဆိုရင် သတ္တာဝါတွေဟာ
ကိုးမျိုးပဲ ရှိနိုင်တယ်။ သတ္တာဝါတွေနေတဲ့ဘုံဟာကိုးမျိုးပဲရှိနိင်တယ်တဲ့။ 
အဲဒါကို သတ္တာဝါသလို့ခေါ်တယ်။ သတ္တာဝါတွေရဲ့
နေထိုင်ရာဘုံလို့ ပြောတယ်။ ကိုးမျိုးဆိုတာ
သဘာဝအားဖြင့် ခွဲခြားပြီးတော့ပြောတယ်။ 

ဆိုပါစို့လူတွေဆိုတာ
မွေးလာတဲ့ စိတ်တွေလည်းကွဲပြားခြားနားကြတယ်၊
ရုပ်တွေလည်းကွဲပြားခြားနားကြတယ်။ လူတွေဟာ ရုပ်ခန္ဓာကြီးကလဲ
အမျိုးမျိုး၊ စိတ်တွေကလည်းအမျိုးမျိုး၊ 
တိရစ္ဆာန်လောကလည်းကြည့်အုန်း၊ ခွေးကတစ်မျိုး၊ ကြောင်ကတစ်မျိုး၊ 
ကြက်ကတစ်မျိုး၊ ကိုယ်ခန္ဓာတွေ ကွဲပြားခြားနားမှုတွေနဲ့
မတူညီကြဘူး။ အဲ့လိုမတူညီတဲ့
သတ္တာဝါတွေရှိတဲ့ ဘုံတွေကိုစုပြီ့တော့ တစ်ခုယူတယ်။ 

ကိုးခုဆိုတာ သတ္တာဝါတွေဖြစ်ရာ ဘုံကိုးမျိုးလို့ ပြောလိုက်တယ်။ 
သတ္တဝါတွေဖြစ်ရာ ဘုံကိုးမျိုးဆိုတာ ရုပ်ခန္ဓာတို့ ၊ ပဋိသန္ဓေစိတ်၊ 
အမှတ်သညာတို့ ကွဲပြား ခြားနားနဲ့ သတ္တဝါတွေတည်ရှိရာ
ဘုံကတစ်မျိုး။ အဲဒါကိုပဲ လှည့်ပတ်ကြည့်လိုက်တဲ့အခါ
ရုပ်ခန္ဓာကွဲပြားပေမယ့်လို့ ပဋိသန္ဓေစိတ် အမှတ်သညာချင်းတူတဲ့
သတ္တဝါတွေရဲ့ နေရာဌာနကတစ်မျိုး။ 

နောက်ပဋိသန္ဓေသညာတူပြီးတော့ ရုပ်ခန္ဓကွဲပြားတဲ့ သတ္တာဝါတွေရဲ့
ဘုံဌာနကတစ်မျိုး။ ပဋိသန္ဓေလည်းတူတယ်၊ 
ရုပ်ခန္ဓာလည်းတူတယ်ဆိုတဲ့ သတ္တဝါတွေရဲ့ ဘုံဌာနကတစ်မျိုး။ 
ပါဠိစာပေနဲ့ ပြောမယ်ဆိုရင် နာနတ္တကာယ၊ နာနတ္တသညီ ဒါက တစ်၊ 
နာနတ်တကာယ ဧကတ်တသညီ ဒါက နှစျ၊ ဧကတ်တသကာယ နာနတ်တသညီ
ဒါက သုံး၊ နံပါတ်လေးကျတော့ ဧကတ္တကာယ ဧကတ္တသညီလို့
ဒီလိုလေးမျိုးရတယ်။ နောက်တစ်ခါ အမှတ်သညာကင်းမဲ့တဲ့
သတ္တဝါဆိုတာ လောကမှာရှိသေးတယ်။ အဲဒါကို
အသညသတ်ဘုံလို့ ပြောတယ်။ အဲဒါက တစ်ဦး။ နောက်တစ်ခါ
နာမ်ချည်းဖြစ်တဲ့ အရူပဘုံဆိုတာ တစ်မျိုး။ 
အားလုံးပေါင်းလိုက်တဲ့ အခါ သတ္တဝါသဘုံးကိုးဝလို့ခေါ်တယ်။ 

သုံးဆယ့် တစ်ဘုံဆိုတာ ငြီးငွေ့စရာချည်းပဲ မငြီးငွေ့လို့
သုံးဆယ့် တစ်ဘုံထဲမှာ ကျင်လည်နေမယ်ဆိုရင်
ဒုက္ခတွေရောက်မှာပဲလို့ ငြီးငွေ့စေခြင်းငှာ ၉ ဂဏန်းကိုထုပ်တယ်။ 

၁၀။ ဆယ်ဆိုတာ ဘာလဲ -

ရာဟုလာ ... ဒီလိုငြီးငွေပြီး တရားအားထုတ်
တရားကျင့်ကြံလိုက်ရင် ရဟန္တာဖြစ်သွားမယ်။ 
အဲဒီရဟန္တာဖြစ်သွားမယ်ဆိုလို့ ရှိရင် ရဟန္တာမှာရှိနိုင်တဲ့
အရည်အချင်းဟာ ဆယ်မျိုးရှိတယ်တဲ့။ 
အဲဒီဆယ်မျိုးကိုရည်ညွှန်းပြီတော့ 
မြတ်စွာဘုရားက ၁၀ ဂဏန်းကိုသင်ပေးတယ်။ 

ဆယ်ခုဆိုတာ ဘာလဲဆိုတော့ ရဟန္တာပုဂ္ဂိုလ်တွေဟာ
အင်္ဂါ ၁၀ ပါးနဲ့ပြည့်စုံတယ်။ တရားဓမ္မကို 
မှန်မှန်ကန်ကန်နဲ့ကျင့်သုံးဆောက်တည်သွားတဲ့ ရဟန္တာပုဂ္ဂိုလ်တွေမှာ
အင်္ဂါရပ်ဆယ်မျိုးရှိတယ်တဲ့။ ဘာတွေလဲဆိုတော့ မဂ္ဂင်ရှစ်ပါး ရယ်
နောက်နှစ်ခုက သမ္မဥာဏနဲ့ သမ္မာဝိမုတ္တိ။ 

( ပါမောက္ခချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ
ဟောကြားတော်မူသော
ရှင်ရာဟုလာ၏ဘဝ နှင့် မြတ်ဗုဒ္ဓ၏အဆုံးအမတရားတော်

သာဓု သာဓု သာဓုပါအရှင်ဘုရား 🙏🙏🙏
ဓမ္မဒါနမျှဝေပါသည်။

credit.. 

No comments:

Post a Comment