(၁) အမြတ်ဆုံးဖြစ်သော မြင်ရခြင်း
(၂) အမြတ်ဆုံးဖြစ်သော ကြားရခြင်း
(၃) အမြတ်ဆုံးဖြစ်သော လာဘ်ရခြင်း
(၄) အမြတ်ဆုံးဖြစ်သော ဖြည့်ကျင့်ခြင်း
(၅) အမြတ်ဆုံးဖြစ်သော လုပ်ကျွေးပြုစုရခြင်း
(၆) အမြတ်ဆုံးဖြစ်သော ဆင်ခြင်အောက်မေ့ခြင်း ဟူ၍
အမြတ်ဆုံးအရာခြောက်ပါးရှိကြောင်း မြတ်စွာဘုရားသည်
ကောင်းစွာ ဟောကြားတော်မူ၏။
[ မြတ်စွာဘုရားနှင့် ရဟန်းသံဃာတို့ကို ဖူးမြင်ရခြင်းသည်
အမြတ်ဆုံးဖြစ်သော မြင်ရခြင်းမည်၏။
ရတနာသုံးပါး၏ ဂုဏ်တော်များနှင့်
ဘုရားစကားတော်တို့ကိုကြားနာရခြင်းသည်
အမြတ်ဆုံးဖြစ်သော ကြားရခြင်းမည်၏။
သူတော်ကောင်းဥစ္စာ ခုနှစ်ပါးကိုရရှိခြင်းသည်
အမြတ်ဆုံးဖြစ်သော လာဘ်ရခြင်းမည်၏။
အဓိသီလသိက္ခာစသော
သိက္ခာသုံးပါးကို ဖြည့်ကျင့်ရခြင်းသည်
အမြတ်ဆုံးဖြစ်သော ဖြည့်ကျင့်ခြင်းမည်၏။
ရတနာသုံးပါးအား လုပ်ကျွေးပြုစုခြင်းသည်
အမြတ်ဆုံးလုပ်ကျွေးပြုစုခြင်း မည်၏။
ရတနာသုံးပါး၏ ဂုဏ်တို့ကို အောက်မေ့ခြင်းသည်
အမြတ်ဆုံးဖြစ်သော အောက်မေ့ခြင်းမည်၏။
(အဋ္ဌကထာ) ]
(အင်္ဂုတ္တရနိကာယ်၊ အာဟုနေယျဝဂ်၊ အနုတ္တရိယသုတ်)
Dhammapractitioner
No comments:
Post a Comment