စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, February 2, 2023

မကောင်းမှုမလုပ်မိအောင် ကြိုးစားသင့်ကြောင်း

မကောင်းတဲ့အလုပ် လုပ်ချင်တဲ့ ပုဂ္ဂိုလ် အတွက် ဆိတ်ကွယ်ရာဆိုတာ မရှိဘူးတဲ့။

များသောအားဖြင့် လူတွေဟာ ကောင်းတဲ့ အကျင့်တွေကြ လူ့ရှေ့သူ့ရှေ့မှာ ပြသကြတယ်။

မဟုတ်တဲ့အလုပ်၊ မကောင်းတဲ့အလုပ်ဆို ကွယ်ရာမှာ ပုန်းလျှိုး ကွယ်ဝှက် လုပ်လေ့ရှိကြတယ်...

သာမာန် ပုဂ္ဂိုလ်တွေဟာ မကောင်းမှု၊အကုသိုလ် လုပ်တာ ဆိတ်ကွယ်ရာ ရှိတယ်လို့ထင်ပေမယ့်....

ပညာရှိသူတော်ကောင်းတွေကတော့ မကောင်းတဲ့ အလုပ်ကို လုပ်ဖို့ ဆိတ်ကွယ်ရာမရှိပါဘူး..

မကောင်းတာ လုပ်ရင် လူတွေတင် မြင်နိုင်တာမဟုတ်ဘူး..

ကိုယ်လုပ်တာကို မြင်နိုင်တဲ့ နတ်တွေရှိတယ်။မမြင်ရပေမဲ့ ကိုယ့်ကို မြင်နေတယ်။

နောက်ဆုံး ဘယ်သူမှ မရှိရင်တောင် ကိုယ်မဟုတ်တာ လုပ်နေတာကို သိနေတဲ့ သူရှိတယ်....
ကိုယ် ကိုယ်တိုင်ပဲ...

သူများမသိဘူး..ရှိကောင်းရှိမယ်။ ကိုယ်သိနေခြင်းသည် ဆိတ်ကွယ်ရာ မဟုတ်ဘူး။

ကိုယ်ကျင့်တရားကို ကောင်းစွာကျင့်သုံးနေထိုင်ရမယ်။

မြတ်စွာဘုရား မှာ အရဟံ ဂုဏ်တော်ရှိတယ်။

ဆိတ်ကွယ်ရာ မှာတောင် မကောင်းမှု အကုသိုလ် လုံးဝ မလုပ်ဘူး။

ဘုရား၊ရဟန္တာတွေ မကောင်းမှု အကုသိုလ် ကို လုံးဝ မလုပ်ကြဘူး။

မိမိ ကိုယ်ကို ကိုယ်ကျင့်တရား ခိုင်မာဖို့ အတွက် ကြိုးစားသုံးသပ်ရမယ်။

ကိုယ့်ကိုယ် ပြင်မှ... 
သူတော်ကောင်းဖြစ်သွားပြီဆိုရင် ဆိတ်ကွယ်ရာ အရပ်မှာတောင် မကောင်းမူ ကို မလုပ်တော့ ဘူး...

ပုထုဇဥ် တို့အနေနဲ့ ဒီ အဆင့်ရအောင် ကြိုးစားရမယ်။

အကုသိုလ် ကင်းရှင်းအောင်နေပြီး သူတော်ကောင်းအဖြစ်ကို ရယူနိုင်တယ်။

သီလကို ကြိုးစား ဆောက်တည်ကြရမယ်။

ကိုယ်ရဲ့ ကိုယ်ကျင့်တရား ကို ငွေကြေး၊ ရာထူး၊ ကျော်စေမှု တွေနဲ့ မလဲဘူး။

ဘာနဲ့မှ မလဲဘူး။ 

အဲ့လို ခိုင်မာတဲ့ ပုဂ္ဂိုလ်မျိုးဟာ ဓမ္မကိုသာ ရင်ထဲမှာ ခိုင်မှာအောင် ထိန်းသိမ်းစောင့်ရှောက်တယ်တဲ့..

မကောင်းမှုအကုသိုလ်ကို ဆိတ်ကွယ်ရာ မှာတောင် မလုပ်မိအောင် ကြိုးစား ကျင့်ကြံရမယ်။

ရထားတဲ့ ဘဝဟာ ဒုက္ခ ၊ ဘဝကို ဖြစ်စေတာ သမုဒယ၊ 
အဲ့ဒီ ဒုက္ခ အဆုံးသတ်တာ ချုပ်​ငြိမ်းတာ နိဗ္ဗာန်ပဲ...

အဲ့ဒီ ၂ခုလုံး မဖြစ်အောင် မဂ္ဂါင် ၈ပါးကို ကျင့်သုံးရမယ်။

မြတ်စွာဘုရား က ကာမဝိတက်တွေ နဲ့ မကောင်းတဲ့ အတွေးတွေ မတွေးနဲ့တဲ့..

ကိုယ်ကျင့်တရားကို အလေးထား စောင့်ထိန်းကြရမှာဖြစ်တယ်။

မိမိတို့တတွေ ပုထုဇဥ် မို့ ရံဖန်ရံခါ လူ့ရှေ့သူ့ရှေ့မှာ ကောင်းကြသလို...

ကွယ်ရာမှာ ဣသာ၊ မစ္ဆရိယ ဆိုတဲ့ အကုသိုလ် တရားတွေ ဝင်နှောက်တတ်တယ်။

စိတ်ဆိုးခြင်း ဒေါသ၊ မခံချင်တဲ့ ဒေါသ ဝင်မိရင် ကွယ်ရာမှာ ဝစီကံ၊ မနောကံတွေနဲ့ ပြစ်မှားမိတတ်ကြတယ်

သူတော်ကောင်းတွေ ကြတော့ ကြံ့ခိုင်သော စိတ်ဓာတ်ပိုင်ရှင်တွေ ဖြစ်လို့ ဆိတ်ကွယ်ရာ ဆိုတာ မရှိပါဘူး..

တရားချစ်ခင်သူတော်စင်တို့ သည် 
မိမိတို့ ကိုယ်ကျင့်တရား ကို ဘယ်အရာနဲ့မှ မလဲမိအောင် ကြိုးစားနေထိုင်ကြရမှာဖြစ်တယ်လို့...

ကိုယ်စီကိုယ်စီ သိရှိနာယူရ၍ လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း...

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

Credit to original

No comments:

Post a Comment