စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, May 4, 2024

သေခါနီးစည်းသုံးတန်

"သေခါနီးမှာ
စည်းသုံးတန်
ကျော်ရမှာနော်"

(၁)ပထမစည်းက- " ဝေဒနာပြင်းထန်လာချိန်
ဒီတောင်ကို ကျော်နိုင်ပါ့မလား " ဆိုတာအဲဒီအချိန်မှာ ကိုယ်စောင့် ဘာဝနာတွေ ပွားမထားခဲ့ရင်
ငါသေတော့မယ်ဆိုတဲ့ အတွေးဝင်တော့မယ်။
ကြောက်စိတ်ဝင်တော့မယ်။ဥာဉ်နဲ့သေရင် နောက်ပြန်ရမယ်။နောက်ပြန်တာ ဘာကိုပြောတာလဲ၊အပါယ်လေးဘုံကိုပြောတာ။

( ၂ )ဒုတိယစည်းက - "ငါ့မိသားစုနဲ့ ခွဲရတော့မယ်" ဆိုတဲ့ အသိ ၊ အတွေး။အဲဒီအသိ၊ အဲဒီအတွေးနဲ့သေရင်မိသားစုခင်တွယ်စိတ်ကြောင့် ပြိတ္တာဖြစ်သွား တတ်တယ်။ကိုယ်စောင့်ဘာဝနာပွားထားသူဟာ
အဲဒီစည်းကိုကျော်နိုင်ပြီး ဘဝကောင်းဆီရှေ့ဆက်နိုင်မယ်။

( ၃ ) တတိယစည်းကတော့ -မီးစာကုန် ဆီခမ်းနေချိန်ကိုယ်တွင်းက ဓာတ်လေးပါး ပဋိပက္ခကြားသတိမဝင်ရင် " စွဲရာဘဝဝသွားရတော့မှာနော်။

လယ်တီဆရာတော်ဘုရားကြီး ပြောခဲ့တာက ''ဝိနိပါတိကဘေး''။ထန်းသီးခိုင်ကြီး ချိုင်ပြီးပစ်ချလိုက်သလိုဟိုတစ်လုံး သည်တစ်လုံး ဖွာလန်ကြဲပြီး
ရောက်မိရောက်ရာ ရောက်တော့မယ်နော်။

ကိုယ်စောင့်ဘာဝနာပွားထားသူကတော့ထန်းသီးခိုင်ချိုင်ပြီး ကြိုးနဲ့ချပေးသလို လိုရာရောက် တယ်။ မှန်းရာရောက်တယ်။

ဒါကြောင့် အပါယ်လေးဘုံဆိုတဲ့ နောက်ကြောင်း မပြန်ချင်ရင်လူနတ်ဗြဟ္မာ အရိယာဆိုတဲ့ ဘဝကောင်းတွေဆီ ရှေ့ဆက်သွားချင်ရင် လူသက်ကို စောင့်ရှောက်ရမယ်။ ဘာနဲ့စောင့်ရှောက်ရမှာလဲ။
''ကိုယ်စောင့်ဘာဝနာ တရားနဲ့ပါဘုရား။

သာဓု.. သာဓု .. သာဓု ။

(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)🙏🙏🙏!

No comments:

Post a Comment