စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, May 10, 2024

တှကျခွကေိုကျရဲ့လား

တှကျခွကေိုကျရဲ့လား
______🌹🌾🌹__________

လူ့ဘဝရဲ့အစဟာ ဇာတိပဲ။ ဇာတိဆိုတာ မွေးဖွားခြင်းပဲ။ ဇာတိက အမေ့ဝမ်းထဲ ပို့လိုက်တော့ မနေချင်ဘဲ နေရပြန်တယ်။ သူထားတဲ့နေရာ နေရတာပဲလေ။ ဇာတိဆိုတာ မိခငျဝမျးကွာတျုကျထဲ ပဋိသန္ဓေနေခြင်းပါပဲ။

ဇရာက သုသာန်ကို ဆွဲခေါ်တော့ မလိုက်ချင်ဘဲ လိုက်ရပြန်တယ်။ သူခေါ်ရင် လိုက်ရတာပဲလေ။ ဇရာဆိုတာ အိုမင်းရင့်ရော်ခြင်းပါပဲ။

ဗျာဓိက မတရားနှိပ်စက်တော့ အော်ဟစ်ငြီးငြူရပြန်တယ်။ သူပြုသမျှ နုရတာပဲလေ။ ဗျာဓိဆိုတာ နာကျင်ကိုက်ခဲခြင်းပါပဲ။

မရဏက အသေသတ်တော့ လည်စင်းပြီး ခံလိုက်ရပြန်တယ်။ သူပေးတဲ့ သေဒဏ် ခံရတာပဲလေ။ မရဏဆိုတာ သေဆုံးခြင်းပါပဲ။

ဒါကြောင့် လူ့ဘုံကို သုခဘုံလို့ မထင်လိုက်ပါနဲ့။ ဆေးရုံကို သွားကြည့်လိုက်ပါ။ ဒုက္ခိတတွေ ဒုနဲ့ဒေးပဲ။ 

ဒါကြောင့် ဘဝဆိုတာ ဓမ္မအမြင်နှင့် ကြည့်လိုက်တော့ ဒုက္ခပါပဲ။ ဒုက္ခလို့ သိရင် ရုန်းထွက်ရမယ်။ ရုန်းထွက်နိုင်ပါလျက် မရုန်းထွက်ဘူးဆိုရင် ကိုယ့်အခွင့်အရေးဟာ သဲထဲရေသွန်သလို ဖြစ်သွားမယ်။

တပိုင်တနိုင်လုပ်ကြ
-------------------

ဒီတော့ ကိုယ့်ဘဝကို ပြန်ကြည့်လိုက်ပါ။ မိကောင်းဘကောင်းနှင့် တွေ့ရတယ်။ ဆရာကောင်း သမားကောင်းနှင့် တွေ့ရတယ်။ ဘယ်လောက် ကံကောင်းလဲ။ ဒါကြောင့် ဘယ်လိုအကြောင်းကြောင့်မျှ မတရားမှုတွေ မလုပ်သင့်တော့ပါဘူး။ 

သေရင် ထားခဲ့ရမည့် ဒီခန္ဓာကို ဖက်တွယ်မနေဘဲ ကောင်းမှုများ ပြုတပိုင်တနိုင် လုပ်ရမယ်။ ရတဲ့အချိန်လေးမှာ ကောင်းမှုတွေကို တပိုင်တနိုင် လုပ်နေခြင်းဟာ ကိုယ့်အတွက် တွက်ခြေအကိုက်ဆုံးပါပဲ။

ကိုယ်ကျင့်သီလ
--------------------

အခြေခံအကျဆုံးက ကိုယ်ကျင့်တရားပါပဲ။ ကိုယ်ကျင့်တရားဆိုတာ သီလပဲပေါ့။ သီလဆိုတာ ဒုစရိုက် မလုပ်ဖြစ်ဖို့အတွက်  ထိန်းကျောင်းပေးရတဲ့ ကျင့်စဉ်ပါ။ ဒါကြောင့် သီလရှိတဲ့သူဟာ မဟုတ်တာ မလုပ်ဘူး၊ မဟုတ်တာ မပြောဘူး။ ဒါဆိုရင် အခြေခံ လုံလောက်သွားပြီ။

ဒါပေမဲ့ သီလတစ်ခုထဲနှင့် ဘဝဟာ မပြည့်စုံသေးဘူး။ ဒါကြောင့် ဗုဒ်ဓါနုူတိနှငျ့ ဝိပဿနာကိုလည်း ရတဲ့အချိန်လေးမှာ ပွားများရမယ်။

ဗုဒ်ဓါနုူတိက သဒ်ဓါဖွဈစဖေို့၊ ဝိပဿနာက ပညာဖြစ်စေဖို့ပါ။ သဒ်ဓါနှငျ့ ပညာ ပြည့်စုံမှ အနာဂတ်ဘဝခရီးက ဖြောင့်ဖြူးတယ်။

ဗုဒ်ဓါနုူတိ
-----------

ဂုဏ်တော်ပွားများတာကို "ဗုဒ်ဓါနုူတိ" လို့ ခေါ်တယ်။ ဂုဏ်တော်ပွားများပါ များရင် ကိုယ့်နား "ဘုရားရောက်နေတယ်" လို့ ဒီလိုတောင် ဖြစ်လာတယ်။ ဒီတော့ သဒ်ဓါတရား ပိုအားကောင်းလာတယ်။

ဂုဏ်တော်ပွားများတဲ့အခါ မျက်လုံးကို မှိတ်ထားရမယ်။ ကိုယ့်ရှေ့မှာ ဘုရားထိုင်နေတဲ့ပုံလေးကို မြင်အောင် ကြည့်ရမယ်။ 

အရဟံဂုဏ်တော်ကို ပွားများမယ်ဆိုရင် "အရဟံ -ကိလေသာခပ်သိမ်း ကင်းငြိမ်းတော်မူသော မြတ်စွာဘုရား" လို့ စိတ်ထဲမှာ အာရုံပြုပြီး ကြိမ်ဖန်များစွာ ပွားများရတယ်။

ဂုဏ်တော်ပွားများလို့ ရရှိလာတဲ့ အကျိုးတရားတွေက အများကြီးပဲ။ အဲဒီထဲက တစ်ခုသောအကျိုး၊  "ပီတိပါမောဇ္ဇဗဟုလော ဟောတိ" တဲ့။ စိမ့်ကနဲ သိမ့်ကနဲနှင့် ပီတိ ဖြစ်ရတယ်တဲ့။

တချို့လူတွေ အားလပ်ရက်မှာ ဘုရားသွားကြတယ်။ ဘုရားရောက်တော့ ရှုတ်နေတဲ့ စိတ်ဟာ ကြည်သွားတယ်။ ဒကာကြီးတစ်ယောက် ပြောဖူးတယ်။ " တပည့်တော် စိတ်ရှုတ်ရင် ရွှေတိဂုံဘုရားကို သွားလိုက်တယ်၊ ဘုရားရောက်ရင် စိတ်က အလိုလို ကြည်နူးသွားတယ်ဘုရား" တဲ့။

ဒါကြောင့် သူဟာ စိတ်တွေ မကြည်မလင် ဖြစ်နေရင် ဘုရားကို အာရုံပြုလိုက်တယ်၊ ဒါဆိုရင် ပူလောင်နေတဲ့ စိတ်ဟာ ငြိမ်းအေးသွားတယ်တဲ့။ ဒါ ဗုဒ်ဓါနုူတိရဲ့ အကျိုးပါပဲ။

ဝိပဿနာ
--------

ဝိပဿနာဆိုတာ ခန္ဓာကို ဉာဏ်နဲ့ကြည့်တဲ့ အလုပ်ပါ။ ဝိပဿနာ အားထုတ်တဲ့အခါ ရှေးဦးစွာ စိတ်လေးငြိမ်အောင် ကြိုးစားရတယ်။ 

စိတ်ငြိမ်လေ သမာဓိအားကောင်းလေ၊ သမာဓိအားကောင်းလေ ဉာဏ် ထက်မြက်လေပါပဲ။ ဉာဏ်ထက်မြက်ရင် စိတ်ဓာတ်  ရင့်ကျက်လာတယ်။ စိတ်ဓာတ်ရင့်ကျက်မှတော့ တရားကိန်းပြီပေါ့။ တရားကိန်းရင်တော့ တကယ့်ငြိမ်းအေးတဲ့ ဘဝပါပဲ။

ဟိုတနေ့က စာတဆောင် ဖတ်လိုက်ရတယ်။ အမျိုးသမီးတစ်ယောက် အကြောင်း။ တကယ့် လူ့ချမ်းသာပဲ။ သူပြောတဲ့စကားတစ်ခွန်း။ "ဝိပဿနာ အားထုတ်မှ သူ့ဘဝဟာ ပြည့်စုံသွားတယ်" တဲ့။

"နဂိုတုံးက အဆင်မပြေဘူးဆိုရင် ထစ်ကနဲရှိ စိတ်ဆိုးတယ်၊ ထစ်ကနဲရှိ  ပေါက်ကွဲတယ်၊ အခုတော့ မဖြစ်တော့ဘူး၊ ဘာကြောင့်လဲဆိုတော့ ဝိပဿနာ အားထုတ်လို့"တဲ့။

"ဝိပဿနာ အားထုတ်လိုက်သည့်အတွက် သတိ ပညာ အားကောင်းလာတယ်၊ သတိ ပညာ အားကောင်းလာတော့ လောဘ ဒေါသတွေ နည်းသွားတယ်၊ လောဘဒေါသတွေ နည်းသွားတော့ သောကတွေ ငြိမ်းသွားတယ်၊ ဒါကြောင့် ဝိပဿနာတရားကို ပုံမှန် အားထုတ်ပါတယ်"တဲ့။ ဒါ ဝိပဿနာရဲ့ အကျိုးပါပဲ။ 

ပဲ့ကိုင်ပါတဲ့လှေဟာ လမ်းခရီး ဖြောင့်ဖြူးသလို တရားရှိတဲ့ သူရဲ့ ဘဝဟာလည်း ဘဝခရီး ဖြောင့်ဖြူးတယ်။ ဒါကြောင့် ရတဲ့အချိန်လေးမှာ ဗုဒ်ဓါနုူတိနှငျ့ ဝိပဿနာတရားကို စွမ်းနိုင်သမျှ ကြိုးစားပြီး အားထုတ်ရမယ်။ ဒါမှ ဘဝခရီး ဖြောင့်ဖြူးပြီး နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြုနိုင်မှာ ဖြစ်ပါတယ်။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
___________________
#အင်ကြင်းမြိုင်ဆရာတော်
#အရှင်ဒေဝိန္ဒာဘိဝံသ

No comments:

Post a Comment