________🌷🌾🌷_________
အနာဂါတ်ကိုလည်း မမျှော်လင့်နဲ့။
မတောင့်တနဲ့။ ကိုယ်က ကောင်းအောင်
လုပ်ထားတယ်ဆိုရင် ကောင်းတဲ့
အနာဂါတ်က သေချာပေါက်ရှိပါတယ်။
အခု ဒါယကာ ဒါယိကာမတို့
ဦးဇင်းတို့တစ်တွေ ဘဝမှာ
ဖြစ်နေကြတယ်ဆိုတာ ကိုယ့်စိတ်တိုင်းကျ
ဖြစ်တာလား၊ ဖြစ်စရာရှိတဲ့အတိုင်း
ဖြစ်တာလား၊ ဖြစ်စရာရှိတဲ့အတိုင်း ဖြစ်တာ။
အဲဒါကို ရိုးရိုးလေး သဘောပေါက်ဖို့ လိုတယ်။
ကောင်းတာတွေ ဖြစ်စရာရှိရင်
ဘယ်သူမှ တားလို့မရဘူး။
ကောင်းတာတွေ ဖြစ်မှာပဲ။
မကောင်းတာတွေ ဖြစ်စရာ
ရှိနေသေးတယ်ဆိုရင်လည်းပဲ
ဘယ်သူမှ တားလို့ မရဘူး။
မကောင်းတာတွေ ဖြစ်အုံးမှာပဲ။
ကိုယ်က အနာဂါတ်မှာ ဘယ်လို
ဖြစ်ချင်ပါတယ်၊ မဖြစ်ချင်ပါဘူးဆိုတဲ့
ကိုယ့်ရဲ့စိတ်ဆန္ဒနဲ့ ဘာမှ မဆိုင်ဘူး၊
အနာဂါတ်က။ ဒီတော့ စဥ်းစားနေ အပိုပေါ့။
ကိုယ်စဥ်းစားသည်ဖြစ်စေ၊
ပူပန်သည်ဖြစ်စေ၊ ကြောင့်ကြသည်ဖြစ်စေ။
နေကတော့ ဝင်ချိန်တန် ဝင်သွားမှာပဲ။
ဒီရေကလည်း တက်ချိန်တန် တက်လာမှာပဲ။
အဲတော့ ဒီအနာဂါတ်နဲ့ ပါတ်သတ်ပြီးတော့
အကောင်းဆုံးဖြစ်ချင်တယ်၊ စိတ်ပူပါတယ်
ဆိုရင် တကယ်ပူတယ်ဆိုရင်လည်းပဲ
အဲဒီအနာဂါတ်ကို ကိုယ်က ကြိုပြီးတော့
တစ်စက္ကန့်လေးတောင် သွားနေခွင့်
ရှိတာ မဟုတ်ဘူး။ အနာဂါတ်ကို တကယ်
ကောင်းချင်တယ်ဆိုလို့ရှိရင် ဘာပဲ လုပ်လို့
ရလဲဆိုတော့ အခုပစ္စုပ္ပန် ကောင်းလိုက်ဖို့ပဲ။
ဒါပဲရှိတာ။ ရှေ့ကို နည်းနည်းလေးတောင်
ကြိုနေလို့ မရဘူး။
အဲဒီတော့ အနာဂါတ်အတွက် ပူနေတာသည်
ဘာအဓိပ္ပာယ်မှ မရှိဘူး။
ပူစရာတွေ ဘယ်လောက်ပူပူ
ဖြစ်စရာရှိရင်တော့ ဖြစ်မှာပဲ၊ ဟုတ်လား။
ပူနေတဲ့ အတွက်ကြောင့်ကိုပဲ
ပိုပြီးတော့ ဒေါသကိလေသာတစ်မျိုး
တိုးတဲ့အတွက်ကြောင့် အခြေအနေက
ပိုဆိုးသွားနိုင်တယ်။
အဲဒီတော့ အနာဂါတ်နဲ့ ပတ်သတ်လို့တော့
ဘာမှ ခေါင်းထဲ မထားတာ အကောင်းဆုံးပဲ။
အနာဂါတ်အတွက် ခေါင်းထဲ ထားချင်တယ်
ဆိုရင်လည်းပဲ "အခု ငါ အကောင်းဆုံး
နေတဲ့ နည်းသည်သာလျှင် အနာဂါတ်ကို
အကောင်းဆုံး ပြင်ဆင်တာ"လို့
သဘောပေါက်ပြီးတော့ ပစ္စုပ္ပန်ကို
အကောင်းဆုံးနေလိုက်ဖို့ပဲ။
သစ္စာရွှေစည်ဆရာတော်
No comments:
Post a Comment