စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, May 20, 2024

အာဂန္တု ၃ ဦးဆုံရင်ချက်ခြင်းအကျိုးပေးတယ်..

ခင်ဗျားတို့....
ဆွမ်းတွေ ဘယ်လောက်လှူလှူ
ကျုပ်တို့ဗိုက် တစ်မနက်စာလေးပါ ။

ခင်ဗျားတို့အတွက်ကတော့...
ဆွမ်းတစ်ဇွန်းလောင်းလှူရင်လည်း 
လှူတတ်ရင်
ဘဝကောင်းများစွာကို ရစေပါတယ် ။

တို့ ဘုရားလက်ထက်က...
ရှင်မဟာကဿပ ကိုယ်တော်ကြီးနဲ့ လယ်သူမလေး...

ဒို့ လယ်သူမလေးက သူပါလာတဲ့ ပေါက်ပေါက်ပြောင်းဖူးစေ့
လှော်ထားတဲ့ဟာပေါ့ ။
လယ်ထဲမှာ အလုပ်လုပ်ရင်းနဲ့. နားတဲ့အချိန်စားဖို့ပေါ့ ။

အဲ့တော့ ရှင်မဟာကဿပ ကိုယ်တော်ကြီးနဲ့တွေ့တော့
လယ်သူမလေးက အဲ့ဒီ
ပေါက်ပေါက်ပွင့်လေးတွေ...
သူပါလာတာလေး
သူမစားပဲနဲ့. လှူလိုက်သပေါ့ဗျာ ။

အဲ့ဒီ့မှာ...ကြည့်အုန်းဗျ ။
ခင်ဗျားတို့ ကြားဖူးချင်
 ကြားဖူးကြမှာပါ။
အာဂန္တု ( ၃.) ဦးဆုံရင် အချိန်မရွေးချက်ချင်း အကျိုးပေးတယ်လို့
စာမှာဆိုတယ် ။
သိကြသလား ။
အာဂန္တု ( ၃.) ဦး ရုတ်တရက် ကြုံလိုက်တဲ့ဟာကိုပြောတာလေ ။

ရဟန်းကလည်း..ရုတ်တရက်ကြုံရင် သံဃာပဲလေ ။
( ၂.) ခါ ( ၃.) ခါကြုံရင်တော့ ပုဂ္ဂိုလ်စွဲ ရှိ့ပြီလေ ။ အထင်ကြီးခြင်း အထင်သေးခြင်းတွေ ပါပြီလေ ။
ဟုတ်တယ်နော် ။

( ၂.) ခါလောက်ကြုံရင်...
ကိုယ်သဘောကျရင် အထင်ကြီးချင်ကြီးမယ် ။
ကိုယ်သဘောမကျရင် အထင်သေးချင် သေးမှာပေါ့ ။

ရုတ်တရက်တွေ့တာက. ပုဂ္ဂိုလ်စွဲ မရှိဘးနော် ။
ဘယ်သူမှန်း ဘယ်ဝါမှန်းမှ မသိတာ သံဃာပဲ ။
အဲ့ဒါကိုပြောတာ...အဲ့ဒါ " အာဂန္တု ဧည့်သည် " ။

နောက်ပြီး ပစ္စည်းကလည်း လက်ထဲမှာ ရုတ်တရက်ရှိ့တာ 
ရှာထားရင် သောက ပါချင်ပါမှာပေါ့ ။ 
လောဘ ပါချင်ပါမှာပေါ့ ။
ရုတ်တရက် လက်ထဲရှိ့တာဆိုတော့...
လောဘ ပါသေးလား ။
 သောကကော ပါမလား ။

နောက်ပြီး..စေတနာကလည်း အဲ့ဒီ့အချိန် ဒက်ခနဲချက်ချင်းပေါ်
လိုက်တာ ။
သူကလည်း ရုတ်တရက်ပဲလေ ။
ရုတ်တရက်မှာ ရှေ့တိုးဖို့ကော လိုသေးလား ။ နောက်ပြန်ဖို့ကော
လိုသေးလား ။ မလိုဘူးနော် ။

ချက်ချင်းဆိုတာ အဲ့ဒါ
ကိလေသာ ကင်းတာ ။
ရေရှည်ဆိုခဲ့ရင် များနေမလား / နည်းနေမလား ။ ဆိုးများဆိုးမလား
ကောင်းပါ့မလား ။
စိုးရိမ်ပူပင်သောကတွေ အများကြီး ဝင်မှာဗျ ။

အခု...လယ်သူမလေးမှာ ဒါတွေ မဝင်ဘူးဗျ ။
ပေါက်ပေါက်လှူတဲ့ လယ်သူမလေး အဲ့ဒီ့ည ရုတ်တရက်သေတော့
တာဝတီသာမှာ နတ်သမီး သွားဖြစ်တာဗျ ။
ပေါက်ပေါက်ကလေးက. ဘာမှမဟုတ်ဘူးနော် ။

အဲ့ဒီ့ အာဂန္တု ( ၃ )ဦး ဆုံရင်...ချက်ချင်းအကျိုးပေးတယ်လို့
စာမှာ ဆိုတယ် ။
မှတ်ထားကြဗျ ။

ကိုယ့်အိမ်ရှေ့. သပိတ်နဲ့ ဆွမ်းခံလာတယ်...
ဘယ်က ညာကရဟန်းလည်းမသိဘူး...ထမင်းကျန် ဟင်းကျန်ပဲဖြစ်
နေပါစေ. လက်ထဲအဆင်သင့်ရှိတာနဲ့. ချက်ချင်းသာသွားလောင်းလှူ
ချလိုက် ။
အဲ့ဒါက...ဒို့ကို ခုလို တကူးတကလာပြီ လှူကြတာထက် မြတ်တယ်ဗျ
ဟုတ်တယ်နော် ။

အခုလာလှူကြတာ..ဒို့ဆီ ဟုတ်ချင်မှဟုတ်မှာ ။
ပုဂ္ဂိုလ်စွဲပါတယ် ဂုဏ်ရှိတယ် / ဂုဏ်မဲ့တယ်...အဲ့ဒီ့နောက်ကို
လိုက်နေကြတာ များတယ် ။
မစင်ကြယ်ကြဘူး ခင်ဗျားတို့ ။
အာဂန္တု ဧည့်သည်ကို ရုတ်တရက်လောင်းလှူလိုက်ရသလို
မစင်ကြယ်ဘူး ။

အာဂန္တု ( ၃ ) ဦးဆုံရင် ချက်ချင်း အကျိုးပေးတယ် ။
အဲ့ဒါ...မှတ်ထားကြဗျ ။

မဟာဗောဓိမြိုင် ဆရာတော်ဘုရား ကြီး

credit..

No comments:

Post a Comment